အင်းလျား အလှ ခရစ္စမတ် နံနက်ခင်း

black chawDecember 25, 20117min19631

ဒီနေ့ ခရစ္စမတ်နေ့ မနက် ၆ နာရီလောက် အင်းလျားဘက်သို့ထွက်လာခဲ့ပါသည်။
သူများတွေ ခရစ္စမတ်လက်ဆောင်လေးတွေ ပေးကြတာ
ဘလက်လည်း ပေးချင်စိတ်ပေါ်လာသဖြင့် အဝေးရောက်နေကြသူများ အတွက်
အလွမ်းပြေကြပါစေ ဆိုတဲ့ စိတ်ကောင်းနှလုံးကောင်းလေး
သွင်းပြီး သကာလ ဓါတ်ပုံလေးများ ရိုက်ဖြစ်ပါသည်။ အင်းလျား အလှ ခရစ္စမတ် နံနက်ခင်း လို့ ခေါင်းစဉ်တတ်ပေးလိုက်ပါသည်။
စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့
သိုးမည်းဟောင်းကြီး ဘလက်က ဆုတောင်းပေးလိုက်ပါသည်။

ဒီပုံလေးက သူကြီးတို့ မိသားစုအတွက်ပါ။ နိုင်ငံခြားသား လင်မယားနှစ်ယောက် မြန်မာဝတ်စုံကို စမတ်ကျစွာ ဝတ်လာတာလေး ရိုက်ထားဖြစ်တာလေးပါ။ ဖီလင်လေးတစ်မျိုးတော့ ရမယ်ထင်ပါတယ် သူကြီးရေ။
ဆရာမကြီး TTNU အတွက် ပန်းလက်ဆောင်ပါ။
ကိုပေါက်အတွက်။ ကိုပေါက်ရေ။ ရန်ကုန်သူားတွေက ပိုဆိုးတယ်ဆိုတာ အင်းလျားက အုန်းပင်တွေကိုလိုက်ကြည့်ရင်တောင်သိနိုင်တယ်ဗျို့။
ကိုဖက်တီးအတွက်။ အင်းလျားကန်စောင်းတစ်နေရာ။
မပဒုမ္မာ အတွက် ။ ပိတောက်ပန်းလက်ဆောင်ပေးခဲ့လို့ ပန်းဝါဝါလေးတွေ ပြန်ပေးတာပါ ခင်ဗျာ။
ကိုသစ်မင်း အတွက်ပါ။ ကိုသစ်ရေ ဒီနေ့ မနက်ခင်း အင်းလျား အလှပါဗျာ။ အလွမ်းပြေပါစေ။
မရှိမဖြစ် ကြောင်ကြီး အတွက်။
အဘ ဖေါ အတွက် ။
ကိုနေဝန်းနီ အတွက် အင်းလျား နံနက်ခင်း ကဗျာလေးတစ်ပုဒ်ပါ။
မဝေဝေ အတွက် ။
ညီငယ် အင်ဇာဂီ အတွက်။ ဒီပုံလေးက ဂီဂီ ရဲ့ ရိုက်ချက် ကို အတုခိုးပြီး ရီုက်ထားတာပါ။
နန်းမတော် မယ် Pooch အတွက်ပါဗျာ။
ကိုပါလေရာ၊ ကိုနေးချား၊ အဘဆွေ၊ ကိုဘကြီး၊ မောင်သန်းထွဋ်ဦး၊ ကိုထက်ဝေး၊ ကိုအလင်းဆက်၊ shwe tike soe တို့အတွက်ပါ။ တစ်ယောက်တစ်ပုံစီ မပါလို့ စိတ်မဆိုးပါနဲ့ဗျာ။
ရေခြားမြေခြားနေ မမှီ အတွက်ပါဗျာ။
ကိုပေ၊ ပေါက်ဖေါ်၊ ကိုရင်စည်သူ၊ ဘီလူးကြီး၊ မှော်ဆရာ၊ ကို နီဂိမိ တို့ အတွက်ပါ။
ရွာတော်ရှင် ဘွားဆူး အတွက်ပါဗျာ။
ကိုရင် မိုက်ကယ်ဂျော်နီအောင်ပု၊ ကိုလင်းဝေကျော်၊ ကိုနိုဇိုးမိ၊ ကိုအမတ်မင်း၊ ကိုဆန်နီ တို့အတွက်။
မြန်မာ့မီးရထား မမ အတွက်ပါဗျာ။
မနောဖြူလေး၊ ဇိုး၊ ချာတူးလန်၊ ကြေးမုံ၊ မီးလေး၊ Mandalarthu ၊ စုံစုံ၊ မခင်လတ် တို့ အတွက်
aye.kk ၊ We R onE ၊ lone ၊ Shanma TUmdy တို့အတွက်
ကိုစိန်သော့၊ ကိုအောင်၊ M - Lulin ၊ charm boy ၊ ရွှေမင်းသား နှင့် မေ့ကျန်ခဲ့သူ ဓါတ်ပုံ ဆရာများ။
မိုးစက်၊ ပန်ပန်၊ နီကိတာ၊ whowho နှင့် ရွာသူ အားလုံးအတွက်

31 comments

  • thit min

    December 25, 2011 at 4:17 pm

    ကျေးဇူးပါဗျို့။အားလုံးဝမ်းသာကြမှာပါကိုဘလက်ရေ။
    ကျနော်လက်ဆောင်လေးကိုယူသွားပါတယ်ဗျာ။လှလိုက်တဲ့ ပုံတွေပါဘဲ။
    သတိတရ ပေးဖော်ရတဲ့ ကိုဘလက်ကိုကျေးဇူးအထူးလို့ထပ်ပြောပါရစေ။

  • manawphyulay

    December 25, 2011 at 4:43 pm

    ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် အကုန်ယူသွားမယ်။ တစ်ပုံထဲယူပေးတာကို အားမရဘူး။ ခရစ်စမတ်အတွက် ပေးတာတွေ အကုန်သယ်သွားပြီ။

  • koyinmaung

    December 25, 2011 at 4:55 pm

    ကိုဘလက်ချောရေ အင်းလျားကန်ရဲ့အလှ အလွမ်းပြေပေါ့ဗျာ
    နိုင်ငံခြားသားဇနီးမောင်နှံ ခုလိုမြန်မာလိုဝတ်ထားတော့လဲကြည့်လို့အကောင်းသားဗျ…
    ကိုဘလက်ချောနဲ့တကွရွာသူရွာသားအားလုံးပျော်ရွင်တဲ့ခရစ္စမတ်ဖြစ်ပါစေ လို့
    ဆုတောင်းလိုက်ပါတယ်…..

  • ကိုရင်စည်သူ

    December 25, 2011 at 5:05 pm

    ကိုရင်ဘလက် ခုတလော လက်ဆောင်တွေအတွက်
    ကြိုးစားပမ်းစားရေးနေတာ တွေ့ရလို့ မုဒိတာပွားမိပါတယ်ဗျာ…
    ဘေးမှာ ထိုင်နေတဲ့ မဒမ်နီကီတာကလည်း ကိုဘလက်ပေးတဲ့
    ပန်းလက်ဆောင်အားလုံးကို ရုံးအထိ ယူသွားမယ်တဲ့…
    ကျေးဇူးတင်တယ်နော့…. 🙂 🙂 🙂

  • ငပေါက်ဖော်

    December 25, 2011 at 5:16 pm

    ဟိုက်ရှားဘား..
    ပုံတိုင်း.ပုံတိုင်း ဗဲဒီးဂွတ်ပဲဗျာ..
    အကုန်လုံး မိုက်ဒယ်….
    ဟက်ပီး..ခဒစ်စမတ် !

  • koaung

    December 25, 2011 at 6:11 pm

    ပုံတွေကလန်းတယ်ဗျိုး ကင်မရာသာလဲလိုက်ရင်ပွဲပြီးသွားမယ်(အယူအဆများကောင်းလှ၏)

  • “ဘီလူးကြီး”ogre

    December 25, 2011 at 6:22 pm

    ကိုပေ၊ ပေါက်ဖေါ်၊ ကိုရင်စည်သူ၊ ဘီလူးကြီး၊ မှော်ဆရာ၊ ကို နီဂိမိ အတွက်
    ပို့ ပေးတဲ့ ပုံကတော့ အလန်းပဲဂျာ
    ကျုပ် ကတော့ကြိုက်တယ်…ဂျာ… 🙂 😛

  • ကိုချော
    အမောကိုပြောသွားတာဘဲ။
    ရန်ကုန်ရောက်မနက် အင်းလျားကန်ဘက်မှာ အသားကုန်ရိုက်မယ်ဗျာ။
    ညနေမှာအသားကုန်ဆွဲမယ်ဗျာ။

  • မှော်ဆရာ

    December 25, 2011 at 6:43 pm

    မေ့ကျန်ခဲ့သူ ဓါတ်ပုံဆရာများအတွက်နဲ့ နေဝန်းနီအတွက် ပုံနှစ်ပုံ ကြိုက်တယ်ဗျာ
    နေဝန်းနီပုံက ခရောပင်း ထပ်ချလိုက်ရင် ပိုကောင်းသွားမယ် ထင်တယ် .

  • MaMa

    December 25, 2011 at 6:53 pm

    ကိုဘလက်ရဲ့-
    လက်ဆောင်ကို ဘိုင်နိမ်းနဲ့ ပေးတော့ မလုရတော့ဘူးပေ့ါ။
    သဂျီးဆီကလိုလည်း မဲမနှိုက်ရတော့လို့ ကျေးဇူးကမ္ဘာပါ။

  • windtalker

    December 25, 2011 at 7:29 pm

    ကျုပ် တို ့၊ ကိုလူး တို ့ပေါက်ကြီးတို ့ကို လက်ဆောင်ပေးတဲ့ ပုံထဲမှာဗျာ
    အချိန်က မနက် ၆နာရီ ရှိလို ့တော်သေးတယ် လို ့
    ဝိရိယ တွေ ကောင်းပုံများ…နော… ဟွင်းဟွင်း

  • pooch

    December 25, 2011 at 8:36 pm

    ကိုဘလက်ရေ စိတ်ကူးလေးက ကောင်းလိုက်တာ ….
    ဝမ်းသာအားရ ယူသွားပါတယ် လက်ဆောင်ပုံတွေကို ….
    ပန်းလေးတွေကို ကြွနေအောင် ရိုက်ထားတာလေးက လှလိုက်တာ ….

    ကလေးလေး တယောက်ထဲ ပုံက တမျိုးပဲ ကြည့်ပြီး ဝမ်းနည်းတာလိုလို ဘာလိုလို သနားစိတ်ဝင်မိတယ်….

    မအားတဲ့ကြားက ရွာကလူတွေကို သတိတရနဲ့ အလုပ်ရှုပ်ခံ အချိန်ကုန်ခံ လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…..

  • weiwei

    December 25, 2011 at 8:50 pm

    ဒီနေ့အချိန်မှီကြည့်လိုက်မိလို့ တော်သေးတယ် …
    ကိုယ့်လက်ဆောင်ကို သူများမဦးသွားခင် အမြန်ယူသွားလိုက်တယ် …
    ကျေးဇူးအရမ်းတင်ပါတယ် …
    အင်းယျားကို မနက်စောစောတစ်ခေါက်လောက် လမ်းထလျှောက်ချင်စိတ်ပေါ်သွားတယ် …
    အိမ်မက်ထဲမှာပဲ ထလျှောက်နေမိတာ အကြိမ်ကြိမ် … 🙂

  • TTNU

    December 25, 2011 at 9:04 pm

    ီDear Ko Black Chaw and Mrs. Black Chaw,

    Merry Christmas!
    Have yourself a merry Christmas,
    Let your heart be light
    From now on, I wish your troubles will be out of sight!

    Thank you so much for that amazing flower.
    With love,
    TTNU.

  • ကိုဘလက် ရိုက်ချက်
    ရွာသူားများအတွက်
    ကျနော်ကတော့
    မက်မက်စက်စက်နှစ်သက်
    အားလုံးအတွက်
    အားလုံးရဲ့ကိုဘလက်။

  • zay

    December 26, 2011 at 10:03 am

    ကျေးဇူးပါ ကိုဘလက်ရေ တချိန်က အင်းလျားကို အလွမ်းပြေစေပါတယ် ကြုံရင်ကန်တော်ကြီးလဲရိုက်ပေးပါအုံး

  • ဆူး

    December 26, 2011 at 10:25 am

    လက်ဆောင်ဆိုတော့ ယူလိုက်တယ်နော်။
    ကျေးဇူးတင်ပါတယ်။

  • Shwe Tike Soe

    December 26, 2011 at 10:28 am

    ကျေးဇူးတင်ပါတယ် ကိုဘလက်ရေ ကျွန်တော်လဲ အင်ယားကိုမရောက်တာ ၈လေလောက်ရှိပြီဗျာ.. ရင်နင့်စရာဇာတ်လမ်းတွေ ပြန်အစမဖော်ချင်တော့လို.ပါ…… ဟိဟိ :D…
    ရှုထောင့်စုံကနေ ဓာတ်ပုံရိုက်ထားတယ်နော် .. ကြိုက်တယ်ဗျာ..

  • KING

    December 26, 2011 at 1:10 pm

    ကိုကြောင်ကြီးအတွက် ဘချောက လက်ဆောင်ပေးတယ်ဆိုပေမယ့်
    ………… နောက်မှာ ဘော်ဒီဂတ် သုံးယောက်တောင်ပါနေပါ့လား
    ဒါပေမယ့်လည်းကိစ္စမရှိလောက်ပါဘူး ကိုကြောင်ကြီးက … ဆင်ပြောင်ကြီးလောက် အားကြီးရှိတော့ …….. 😀

  • inz@ghi

    December 27, 2011 at 4:15 pm

    တခါးစောင့်ကြီးပေးတဲ့လက်ဆောင်ကို ယူရင်း
    တခါးစောင့်ကြီးအတွက် လည်းလက်ဆောင်ယူလာခဲ့ပါပြီဗျာ….
    ကျနော် low-angle ရိုက်နည်းလေးတွေ နည်းနည်း
    တို့ဆိတ်ထားတာပါ …
    ကျနော့်ရဲ့ အမှတ်တရ-စိုင် ဆိုတဲ့ပိုစ့်လေးကို အားပေးပါဦးနော…

    မေ့ကျန်ခဲ့သော ဒါ့ပုံဆြာများအတွက် ကန်းဒစ်လေးကတော့ …
    ပြန်မရနိုင်မယ့် လျှပ်တပြတ်ရိုက်ချက်လေးမို့
    အနှစ်သက်ဆုံးပါ လို့ ……

  • fatty

    December 28, 2011 at 2:36 pm

    ကိုဘလက်ရေ … ဓာတ်ပုံတွေကြည့်ရတာ ဘဝအမောတွေ ပြေသွားစေပါတယ်ဗျာ …။
    အင်ဂယ်တွေကလည်း ဆန်းသစ်ပါတယ်ဗျာ ….။
    နှစ်သစ်ကူးလက်ဆောင်အတွက်တယောက်ယာက်ကများ ပေးအုံးမလားလို့ …။

  • E.T

    December 28, 2011 at 2:47 pm

    လူဂျိုးကြီး ဦးဘလက် တားတားအတွက်မပါ ပါလား။

  • etone

    December 28, 2011 at 3:35 pm

    ကိုချောကလက်ကြီး မျက်နှာလိုက်လှချည်လား … တော်ဘီ ခေါ်ဝူး 😆

  • 123

    December 28, 2011 at 4:20 pm

    အနော်လည်းပါဖူး 🙁

  • စုံ စုံ

    December 28, 2011 at 4:56 pm

    ဦးဘလက်ရေ ပုံတွေအားလုံးအရမ်းလှတယ်
    အရမ်းလဲကြိုက်တယ်နော်
    အခုလိုသတိတရနဲ့လက်ဆောင်ပေးတာကိုလဲ
    ကျေးဇူးအထူးပါ
    နောက်လဲလက်ဆောင်များများထပ်ပေးနိုင်ပါစေ
    ဦးဘလက် နှင့်တကွ ရွာသူားအားလုံးနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ

    • Khin Latt

      December 29, 2011 at 5:47 am

      စုံစုံ ရဲ့ ဆုတောင်းကိုဘဲ မျှယူလိုက်ပါရစေ။ သူ ဆုတောင်းသလိုပါဘဲ နော်။

  • Khin Latt

    December 29, 2011 at 5:44 am

    ကိုဘလက် ရေ – ပန်းခင်းလေးက အတော်လှတာပါဘဲ။ ကျေးဇူးပါနော်။
    အဲဒီနေရာလေး မှာ ရွာသူ ညီမ/အစ်မ တွေ နဲ့အတူ ပျော်ပွဲစား ထွက်ပါမယ်။ 🙂
    ခင်မင်စွာဖြင့်

    PS- ပုံနံပါတ်(၁) ကိုကြည့်ရတာ ကျက်သရေ ရှိလိုက်ပါဘိ။ တစ်ခြားပုံတွေကိုလဲ သဘောကျပါ၏။

  • aye.kk

    December 29, 2011 at 6:11 am

    ကျေးဇူးပါကိုဘလက်..
    တာချီလိတ်ရောက်ရင်လာလယ်ဘို့ဖိတ်ခေါ်ပါတယ်..
    ဘုရင်မပန်းခြံလိုက်ပို့ပါ့မယ်..။

  • blackchaw

    December 29, 2011 at 10:55 am

    ကျွန်တော် ဒီနေ့မနက်မှ ဒီပို့စ်ကိုပြန်ဖွင့်ကြည့်မိတယ်ဗျာ။
    အင်းလျားက အင်းလျားနဲ့တောင် မတူတော့ဘူးဗျ နော်။
    ပန်းခြံထဲရောက်နေရသလိုပဲ။
    အဲလိုမြင်မိတယ်ဗျာ။

  • padonmar

    December 30, 2011 at 1:40 am

    ကိုဘလက် ခရစ်စမတ်လက်ဆောင်ကို နှစ်သစ်ကူးနဲ့ ပေါင်းယူသွားပါသည်။
    မြန်မာဝတ်စုံပြည့်နဲ့ နိုင်ငံခြားသားစုံတွဲပုံ လည်းကြိုက်ပါသည်။
    ကလေးလေး ပုံလည်းကြိုက်ပါသည်။

  • M-Lulin

    December 30, 2011 at 12:00 pm

    ကျွန်တော့ အတွက် လက်ဆောင် လေးကို တကယ် ကြိုက်တယ် ဗျို ့ ….. ရှယ်ပဲ ..

Leave a Reply