ဂေဇက်ဆီမီနာ (၂) တဦးချင်း၏ပြုပြင်ပြောင်းလဲရေးအကောင်းလေးတွေ တွေးလို့ဒီနေ့ဘဲလုပ်ရအောင်။

thit minDecember 25, 20111min48584

အားလုံးသိပြီးသားများကိုပြန်လည်ပြောပြခြင်းသာဖြစ်ပါသည်။ ဝိုင်းဝန်းဆွေးနွေးပေးပါလို့မေတ္တာဖြင့်။

တဦးချင်းပြုပြင်ရန်လိုအပ်ချက်များကိုလည်းဖြည့်စွက်ဆွေးနွေးနိုင်ပါကြောင်း နှင့် ပို့စ်တခုသီးသန့်တင်၍ဆွေးနွေးလျှင်
လည်း ပါဝင်ဆွေးနွေးပါမည် ဆိုသည်ကိုပါအသိပေးအပ်ပါသည်ခင်ဗျား။

ကျနော်ကိုယ်တိုင်အပါအဝင် တဦးချင်းကိုဘယ်လိုပြင်မယ်…….. ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပါ့မယ်။

ဒီဆီမီနာဟာဘာလဲဆိုတော့………….

အားလုံးမိမိတို့ရဲ့ အမြင်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တဲ့ အိုးပင်းဆီမီနာပါ။

ကျနော် တယောက်ထဲကဆွေးနွေးတာမျိုးမဟုတ်ဘဲ ဂေဇက်ကြွလာမိတ်သဟာ ဂေဇက်ဝင်မိသားစုများပါ

ပါဝင်ဆွေးနွေးတာမျိုးပါ။

 

ဒီ ဆီမီနာရဲ့ ရည်ရွယ်ချက်ကတော့……….

 

၁။ မိမိတို့၏ ငုတ်လျှိုးနေသော ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ပြပေးရန်နှင့်အများနဲ့ညှိနှိုင်းပြီးအတည်

ပြုချက်ရယူရန်။

~~~~~~~ဥပမာ။ ။ကိုပေါက်(မန္တလေး)ရေးသောအတွေးပါးပါးစာများ။

 

၂။အကြောက်တရားများ၊အားကိုးရာရှာစိတ်ဓာတ်များကြောင့်”ကျ”ဆင်းနေသောကိုယ့်ကိုကိုယ်ယုံကြည်မှုများ

ကိုပြန်လည်ဖော်ထုတ်လာစေရန်။

 

၃။အူမ မတောင့်ခဲ့၍ သီလ မစောင့်နိုင်ခဲ့သော ဝန်ထမ်းဘဝမှ ဘဝ၏စိတ်ဖိအားများကိုထွက်ပေါက်ရှာရန်အတွက်

ဘီယာဖိုးကေတီဗီဖိုး  မာဆတ်ဖိုး စသည်တို့အတွက် လာဘ်စားသောဝန်ထမ်းဘဝသို့ ရောက်နေခြင်းအတွက်

အမှားပြင် အမှန်ရောက် နည်းလမ်းများ ရှာဖွေနိုင်ရန်။

~~~~~~ဥပမာ။  ။ကိုကြောင်လတ်၏ဂေဇက်ဆီမီနာ-1ဆွေးနွေးမှုမှ။

 

၄။ဟိုလူ့လက်ညှိုးထိုး၊ သည်လူ့လက်ညှိုးထိုးအကျင့်ပါနေသော ဘဝများတွင် မိမိ၏လိုအပ်ချက် ဘာလဲ

ဟူသော ကိုယ့်ကိုကိုပြန်လည်လက်ညှိုးထိုးဝေဖန်တတ်သော အသိတရား ပေါ်ပေါက်စေရန်။

 

၅။ အလုပ်ရှင်ရှိလျှင်တမျိုး မရှိလျှင်တမျိုးလုပ်တတ်ပြီး၊ ဓာတ်ဆီခိုးရောင်းတတ်သော ကားဒရိုင်ဘာ၊

ဆိုင်ပိုင်ရှင်မသိအောင်ခိုးစားတတ် ခိုးယူတတ်သော စားသောက်ဆိုင်ဝန်ထမ်း၊အစ ရှိသဖြင့် မျက်နှာလွဲ၍

မရသော လက်အောက်ငယ်သား ဘဝဖြင့်အရိပ်နေနေ အခက်ချိုးချိုး တိုးတတ်မှုထက် လက်တွေ့ခိုးစားရေး

ဦးတည်အကျင့်ပျက်နေသော စိတ်ဓာတ်များကိုပြုပြင်နိုင်ရန်။

 

၆။ဘတ်စ်ကားပေါ်တွင် သက်ကြီးရွယ်အိုများအား နေရာဖယ်ပေးခြင်းမှသည်၊ လိုအပ်နေသူကိုတတ်နိုင်

သလောက် အကူအညီပေးခြင်းဟူသော လူလူချင်းထားရှိအပ်သည့်စေတနာစိတ်၊အကြင်နာစိတ်များ

တိုးတက်ဖြစ်ပေါ်လာအောင်ပြုပြင်နိုင်ရန်။

 

၇။ မိမိကြောင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်အောင်နေထိုင်လုပ်ကိုင်ခြင်းမှသည် သူတပါးကို

လှီးမှ၊ခုတ်မှ၊ ကျော်မှ၊နင်းမှ ခွမှ၊ အကွက်ကျော်မှ၊ဒိုင်ဗင်ထိုးမှ၊ ကလိန်ကကျစ်ကျမှ၊ ဖိုးတွမ်တိမှ စားရသည်

ဟူသော စိတ်ဓာတ်များ ကိုပြုပြင်နိုင်ရန်။

 

၈။စာရိတ္တနှင့် မိမိ၏ဂုဏ်သိက္ခာကို ပိုက်ဆံနှင့်လဲနေရသော လူ့သိက္ခာ မဲ့ ဘဝများကို ရုန်းထွက်နိုင်ခွင့်၊

ရုန်းထွက်နိုင်ရေး ကာယကံရှင်ရော၊ ဖေးမနိုင်သူများကပါ မည်သို့လုပ်နိုင်မည်များကိုဆွေးနွေးရန်။

 

၉။ မိမိဘဝတိုးတက်ရေးကိုကောင်းသောနေထိုင်လုပ်ကိုင်မှုဖြင့်နေခြင်းကိုယ်ကျင့်တရားကောင်းအောင်နေထိုင်ခြင်း၊

မိမိပါတ်ဝန်းကျင်ကိုရနိုင်သလောက်ကောင်းအောင်ပြုပြင်ပေးတတ်ခြင်း၊ကိုယ်ကိုကိုယ် လူ့လောကတွင်”အသုံးကျ

တန်ဖိုးရှိသူ” အဖြစ်ပြောင်းလဲနေထိုင်ရန်။

 

၁၀။ မကောင်းသောပါတ်ဝန်းကျင်နှင့် နေသားကျနေသော ဘဝများကြောင့် ကောင်းသောလုပ်ရပ်တခုခုကို

လုပ်သင့်သည်ကိုသိနေပါလျှက်နဲ့လုပ်ရမှာကိုရှက်နေတတ်သော စိတ်ဓာတ်များကိုပြုပြင်လာစေရန်။

တာဝန်ရှိသောနေရာတွင်မိမိတာဝန်ကျေတတ်စေရန်။

 

၁၁။ အထက်ကတင်ပြသလို”စတင် ဦးဆောင်” လုပ်ကိုင်ခြင်းကို မဝံ့ရဲသောစိတ်ဓာတ်ငါလုပ်ရင်ဖြစ်ပါ့မလား

ဟူသောမိမိကိုယ်ကိုယုံကြည်မှုကင်းသောစိတ်ဓာတ်များ၊ ကိုယ်ကိုကိုယ်ဘောင်ခတ်ကာ ငါတော့ဒါမျိုး

မလုပ်နိုင်ပါဘူးဟုစွဲမြဲသတ်မှတ်ထားသော “ကိုယ့်စိတ်ကိုယ်ခြံစည်းရိုးခတ်၊ ကိုယ့်အရည်အချင်းကိုပိုင်နက်

သတ်မှတ်”နေသောစိတ်ဓာတ်များပြုပြင်နိုင်ရန်။

 

၁၂။ မိမိလေးစားသော မိမိချစ်မြတ်နိုးသောသူကပြောလျှင် 100% မှန်သည်ဟု စဉ်းစားတတ်ပြီး၊

မိမိမုန်းသဘောမကျသောမလေးစားသူကပြောရင် 100% လက်မခံနိုင်တော့သော ဘက်လိုက်စိတ်

ဓာတ်များကို ဖယ်ပြီး (အဂတိတရားကိုဖယ်ပြီး)ပကတိအချက်အလက်ပေါ်တွင်စဉ်းစားတတ်သော

စိတ်ဓာတ် အလေ့အကျင့်များ ပြုပြင်ရန်။

~~~~~~~~~~ဥပမာ။  ။သူကြီးဦးခိုင်၏ဆွေးနွေးချက်များ။ကိုကြောင်ကြီး၏ဆွေးနွေးချက်များ။

 

၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက်

(တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ်

မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။

 

၁၄။လူတယောက်ထံမှ တခုခုရလျှင် ကိုယ်ကတခုခုပြန်လည်ပေးရမည်ဆိုသော လူလူချင်းတုန့်ပြန်မေတ္တာ

ထားတတ်ရန်။ဆိုလိုသည်မှာ “ယူ” ခြင်းကိုသာမစဉ်းစားဘဲ ငါဘာပြန်ပေးနိုင်မည်လဲဟုစဉ်းစားတတ်သောစိတ်။

ငွေရေးကြေးရေးအတိုင်းအတာအဓိကမဟုတ်ဘဲအမှတ်တရပြုလုပ်ပေးလိုက်နိုင်မှုသာအဓိကဖြစ်ကြောင်းနှင့်

“ရုပ်ဝထ္ထူမှတန်ဖိုးရှိသည်”ဟူသောအယူအဆများမဟုတ်ကြောင်းနားလည်းလာစေပြီး

“လူကိုလူလိုတန်ဖိုးထားသောစိတ်ဓာတ်များ” ပိုရရှိလာစေရန်။

 

၁၅။ မှန်သော၊ကောင်းသောလုပ်ရပ်များ၊လေ့လာသင့်သည်များ ကို ကိုယ်၏နောက်လိုက်မိသားစုဝင်

အပေါင်းအသင်းများကြားတွင် သိရှိလာစေရန်ကိုယ်ကိုတိုင် “လုပ်ပြ”နိုင်ရန်၊ မိမိကိုယ်ကိုအရည်အချင်း

(မနေ့ကထက်ဒီနေ့ပို)ရှိလာစေရန်။

 

၁၆။ သိမ်ငယ်စိတ်၊အားငယ်စိတ်များထက် စိန်ခေါ်ပြီးလုပ်သောစိတ်၊လွယ်လွယ်အရှုံးမပေးတတ်သော

စိတ်ဓာတ်များရှိလာစေရန်။ရှိလာအောင်လည်းမိမိကိုယ်ကိုအားပေးတတ်ရန်အချင်းချင်းလည်းအားပေးကူညီကြရန်။

ဆွေးနွေးပေးစေချင်ပါသည်။

ကျနော်တို့တွေ ကောင်းလာတော့ အခြေအနေတွေရဲ့ အောက်မှာ “အဆင့်သင့်”ဖြစ်ရအောင်လားဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားစွာဖြင့်

(^^)မောင်သစ်မင်း

———————————————————————————————–

Additional highlights

Ko Paut……

သူများကို ပြောနိုင်ဘို့အတွက် ကိုယ် ကိုယ်တိုင်က တာလုံအောင် အရင်နေပြဘို့လိုပါမယ်။
ဒါက ကျနော်တို့လူ လူကြီးတွေစောင့်ထိန်းရမယ့် လုပ်ကိုလုပ်ရမယ် သေချာပေါက်လိုက်နာရမယ့်
အမှန်တရားလို့ ယုံကြည်ပါတယ်။

Ko Black Cahw…

ပြောရရင်တော့ ကောင်းရောင်းကောင်းဝယ် တကယ်လုပ်စားချင်တဲ့လူတွေကိုဒုက္ခပေးတဲ့ ဥပဒေ
အသုံးချ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ထင်ပါတယ်ဗျို့။

TTNU……..

မကောင်းသောပါတ်ဝန်းကျင်ကတော့ မဟုတ်ပါဘူး။ အဆုံးအမ
ကြဲပါးတဲ့ မိဘ ဆွေမျိုး အသိုင်းအဝိုင်း နှင့်နေသားကျနေတဲ့ ကလေးတွေ၊ကောင်းတဲ့
လုပ်ရပ်ကိုလုပ်ရမှာ ရှက်နေတဲ့ စိတ်ဓာတ်ကိုပြုပြင်ဖို့ လိုအပ်ကြောင်းလေးပါ။

Ko Aung…….

နေရာတခုအစိတ်အပိုင်းတခုပဲဖြစ်ဖြစ် ဦးဆောင်တော့မယ်ဆိုရင်တော့ အမြဲဆောင်သင့်တဲ့ကျင့်ဝတ်ပဲပေါ့ဗျာ..
၁ စနစ်……. မှာကတော့ နည်းပညာအတတ်ပညာများ
(မသိရင်သိအောင်လုဎ်၊သိပြီးတတ်ပြီးရင်လဲ တိုးတက်ပြန့်ပွါးအောင်လုဎ်)
၂ အသိ  …….  အမှားအမှန် အဆိုးအကောင်း ကိုခွဲခြားတတ်ခြင်း (မှန်ကန်မှု ဖြင့်
ရပ်တည်ရှင်သန်ခြင်း)
၃ သတိ ……လုဎ်နေတဲ့အလုဎ် လျှောက်နေတဲ့လမ်း မှားနေ၊မှန်နေတာကိုသိဖို့ (မှားတာသိရင်ပြင်ဖို့
မှန်နေရင်အမှန်အတိုင်းရေရှည်ဆက်လှမ်းနိုင်ဖို့)
အဲဒါတွေ လေ့လာခဲ့မိပါတယ် ဗျာ
(တက်သစ်စလူငယ် များအား ဝေငှပါ၏)

84 comments

  • kai

    January 7, 2012 at 5:32 pm

    ဆြာသစ်ရဲ့ စီမီနာကို ..အစအဆုံးလိုက်ဖတ်ရင်း.. ပြောချင်တာလေးတွေပေါ်လာလို့ပါ..။
    စီမီနားရဲ့ ရည်ရွယ်ချက်မှာ..လူတဦးချင်းစီက.. သူများလက်ညိုးမထိုးပဲ. ကိုယ်နှိုက်က.. ရည်ရွယ်ချက်ရှိရှိတဲ့.. .ပြောင်းကြစေလိုတယ်လို့.. ဦးတည်ထားတယ် မြင်မိပါတယ်..။

    ဆိုတော့..အဖြေရှာကြည့်တာပေါ့…။
    မြန်မာတွေက.. အငုံ့စိတ်ဖြစ်နေကြတာများသွားတယ်လို့ယူဆမိတယ်..။
    … မြန်မာတဦးချင်းစီမှာ.. ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ် လျှော့နည်းနေတာလို့ ပြောချင်တာပါ..။
    ဥပမာ.. ဘတ်စ်ကားပေါ်မှာ .. ခန္တာမစွမ်းသန်သူတက်လာရင် ထပေးနေရာပေးတယ် ဆိုတာမျိုးက… ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်ထင်တဲ့ သူမှလုပ်မှာကိုး…
    လူတွေတန်းစီနေရင်.. ရှေ့ဖြတ်ချ..နေရာခိုးယူတာမျိုးကို.. ကိုယ်နှိုက်က ရှက်တတ်လာမှာကိုး..။
    ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် လူပုံလည် မြှင့်တင်စေချင်သလည်း ဆိုတော့ကာ… ကိုယ်က ရည်မှန်းချက်.. မြင့်မြင့်ထားမှဖြစ်မှာကိုး..။

    ဒီလိုဖြစ်အောင်.. ယူအက်စ်လိုနိုင်ငံမှာတော့ အိပ်မက်ရည်မှန်းချက်… ( Dream)တွေဖွင့်ပေးထားတယ်လို့ ယူဆမိပါတယ်..။
    အောင်မြင်တဲ့.. ဆယ်ရီဘရိတ်တီ၊ စီးပွားရေးသမား၊ နိုင်ငံရေးသမားဖြစ်ချင်သူဟာ.. (ကိုယ်က ..သိသိမသိသိ)လူုကြားထဲတတ်နိုင်သမျှကောင်းအောင် ပေါ်ပြူလာဖြစ်အောင် … သူများတွေထက်မတူအောင် နေပြချင်စိတ်ရှိလာကြတယ်..။
    ဒီဓလေေ့လ့အကျင့်ကို.. အလယ်တန်း..အထက်တန်းကျောင်းတွေမှာတင်.. တွေ့နေရပြီလေ..။
    ဒါကနေ..ကိုယ်က.. မွန်မြတ်ကောင်းမွန်မယ်ထင်တာတွေ။လူအများက.. ကောင်းတယ်မြင်မဲ့ အလုပ်တွေရွေးလုပ်တော့တာပဲ..။
    ပေါ်ပြူလာဖြစ်ချင်လာတာလည်း ပါတယ်ပေါ့..။

    အရင်ဆယ်စုနှစ်တွေကများ.. မြန်မာပြည်က..သာမန်လူတဦးနိုင်ငံသားတယောက်ဟာ.. နိုင်ငံရေးအရလည်း.. ရှေ့မှာဘာတက်လမ်းမှမရှိခဲ့.. စီးပွားရေးအရလည်း..အာဏာရှိသူနဲ့.. အမျိူးတော်ပတ်သက်တာနဲ့ ဖြတ်တက်နိုင်တဲ့.. တခြားဖြတ်လမ်းတွေရှိနေတော့ကာ… သာမန်လူတဦးချင်းစီက..ကိုယ့်ကိုယ်ကိုယ်.. မြင့်မြတ်တန်ဖိုးထားတာတွေလျှော့နည်းရတယ်လို့ တွေးမိတာပါ..။

    အခုနောက်ပိုင်းနှစ်တွေမှာတော့.. မြန်မာပြည်သားတွေဟာ..
    လူတဦးချင်းစီဟာ.. လွှတ်တော်အမတ်ဖြစ်နိုင်သလို.. သမဂ္ဂခေါင်းဆောင်လည်းဖြစ်နိုင်တာပဲ..။
    သမ္မတလည်း တက်ဖြစ်နိုင်တာပဲလေ..။
    အဲဒီ အိပ်မက်မျှော်မှန်းချက်ကလေး ပွင့်ပေးလာ..ရှိလာတာက.. လူတဦးချင်းစီရဲ့စိတ်တွေ သိသိသာသာ ပြောင်းလာမယ်မြင်မိပါတယ်..။

    စံနစ်လုပ်ထုံးတွေအရတော့.. အသက်အာမခံလို.. အကြွေးစာရင်းလို.. အကြွေးသမိုင်း(credit history)လိုတွေ ဦးစားပေးထပ်ဖြည့်ထည့်ရမယ် မြင်မိတယ်..။
    အဲဒီကနေ.. အဆင့်အမှတ်တွေနဲ့..သတ်မှတ်ရင်.. လူတွေနံပါတ်တပ်ပေးဖို့လိုတယ် ထင်မိတယ်..။
    ယူအက်စ်မှာ..နိုင်ငံသားတွေတဦင်္းချင်းစီမှာ Credit Score သေသေချာချာ သတ်မှတ်တာပါ..။ အသေးစိတ်ကို.. ကြုံရင်ရေးပေးပါမယ်.။
    အိမ်ဝယ်..ကားဝယ်ဆို.. အဲဒါကိုကြည့်ဆုံးဖြတ်တာပေါ့..။
    စကိုးလ် ၆၀ဝအောက်ဆို..ဘယ်သူမှ အယုံမကြည်မရှိကြတေ့ာဘူးပေါ့..။ ၈၀ဝ ဝန်းကျင်ဆို.. ကားရောင်းအိမ်ရောင်းချင်သူတွေ ပေါတယ်ပေါ့..။
    http://en.wikipedia.org/wiki/Credit_score

    အဲဒါတွေကနေ.. ကမ္ဘာက.. ဘာကိုအခြေခံတွေးလာကြ..လုပ်လာကြသလည်းဆိုတေ့ာ.. ခရီးသွားနေတဲ့လေယာဉ်တွေက.. ခရီးသည်မှာ.. ဘယ်နိုင်ငံသားပါလည်း သတိထားကြတာပါ..။
    အမေရိကန်ပါလား..။ ဂျာမန်ပါလား၊ ဂျပန်ပါလား၊ စသဖြင့်ပေါ့.။
    ဘာလို့လည်းဆိုတော့ ..နိုင်ငံသားတဦးစီရဲ့ တန်ဖိုးပေါ့..။
    တိတိကျကျဥပမာထုတ်ပြောရရင်.. လေယဉ်ပျက်ကျရင် ..လျှော်ရမဲ့ကြေးပါ..။
    အဲဒါနဲ့.. လူတွေတန်ဖိုးတိုင်းတာကိုး..

    ရှည်လှပြီ.. ဆြာသစ်စိမီနာတက်ပြီး.. ပြောစရာအကြွေးတွေ ဆပ်တယ်ပဲမှတ်ပါ..။
    ချုပ်ရရင်…
    မမှတ်မိတော့တဲ့..စာအုပ်တအုပ်မှာဖတ်ဖူးတယ်.။
    (ဒေးကာနယ်ဂျီထင်တာပဲ..။)
    “မိမိကိုယ်ထဲတွင်..မြင့်မြတ်သောယောက်ျားတဦးရှိသည်” လို့ အမြဲသဘောထားပါတဲ့..။

    • thit min

      January 7, 2012 at 6:43 pm

      Special Reply-13

      ကျေးဇူးပါဆရာခိုင်ရေ့။
      အလွန်အရေးကြီးသောအချက်ပါဘဲ။
      လောကီစွဲဆောင်မှုလို့ကျနော်နာမည်တပ်လိုက်ပါ့မယ်။
      အဲဒီလိုဆိုတော့……………………
      အပိုင်းနှစ်ပိုင်းလှမ်းမြင်လိုက်ပါတယ် ဆရာဦးခိုင်ခင်ဗျား
      ပထမပိုင်းက————————–(^^)
      လောကုတ္တရာစွဲဆောင်မှု = ဘာသာရေးစွဲဆောင် မှု = Incentives for next existence
      မြန်မာနိုင်ငံရဲ့ လက်ရှိ လွန်စွာအသုံးပြုလျှက်ရှိသော စွဲဆောင်မှုပါ။
      ဘာသာရေးဆိုတဲ့ စွဲဆောင်မှု (တခါတရံမှာချောက်လှန့်မှုသဘောဆောင်) တယ်ပေါ့နော။
      လောကုတ္တရာ စွဲဆောင်မှုနဲ့ ကောင်းမှုကိုလုပ်စေတဲ့ ပုံစံကို ကျနော် 100% လက်မခံနိုင်တဲ့သူပါ။
      နောက်ဘဝကျမှ(နောက်နောင်ကျမှ-လက်ငင်းမဟုတ်) ဆိုတဲ့ အကျိုးခံစားရမှာလို့သိထားတဲ့စိတ်ဟာ လတ်တလောအကျိုးရှိမှလုပ်ချင်သူတွေအတက်ကျတော့အသုံးမတဲ့လို့ပါဘဲ။
      အဲဒီလိုပြောလို့ ဘာသာရေးအားနည်းသူလို့တော့မထင်ပါနဲ့ ဘာသာရေးတခုထဲကိုဘဲအားကိုးပြီး
      သေနိုင်တဲ့လမ်းမှာစီးပွါးရှာခဲ့တာတွေ ရှိခဲ့ပါတယ်။ မှန်ကန်သောလမ်းညွန်ဖလော်ဆော်ဖီကိုပေးနိုင်တဲ့
      မြတ်စွာဘုရားကို ကျနော်ယုံကြည်ခဲ့သူပါ။
      သူ့လမ်းညွန်မှုအရကျနော်လုပ်ကိုင်နေထိုင်ခဲ့လို့ လက်တွေ့အကျိုးတွေရဘူးပါတယ်။
      “လုပ်ကိုင်နေထိုင်”လို့ ကျနော်သုံးပါတယ်။
      ထိုင်ဆုတောင်းခြင်းမျိုးနဲ့ သာ အလုပ်မကြိုးစားဘဲ နေသူများကို မထောက်ခံပါ။
      သူဌေးဖြစ်အောင်လှူသူများနဲ့ကျနော်အယူအဆမတူပါ။ လိုအပ်သူကိုလိုအပ်ချိန်မှာ
      ပေးခြင်းသာအလှုရဲအနှစ်ပါလို့ကျနော်မြင်ကြောင်းအကြိမ်ကြိမ်ပြောဘူးပါသည်။
      ဒါက ဘာသာရေး စွဲဆောင်မှုအပိုင်းပါ။
      လက်တွေ့မဆန်တတ်ပါဘူး။ အားနဲလွန်းပါတယ်။
      ——————————
      ဒုတိယပိုင်းကတော့
      ဆရာဦးခိုင်ပြောသော ယခု
      လောကီစွဲဆောင်မှု = ရာထူး ၊နာမည်ကောင်း ၊လူ့တန်ဖိုးအသိအမှတ်ပြုမှုဒီဂရီ= Incentives for current existence
      မြန်မာနိုင်ငံမှာ မရှိသေးသောပုံစံပါ။
      (မိတ်ဆွေကြီးကိုဘလက်ရေ ခင်ဗျားစကားလေးတွေ သုံးမယ်ဗျို့)
      Personal Power=ပါစင်နယ်ပါဝါရှိသူ(အရည်အချင်း၊ ကိုယ်ကျင့်တရား၊အနစ်နာခံစိတ်၊ပရစိတ်ဓာတ်ပိုင်ရှင်)
      တွေ Positional Power=ပိုဇစ်ရှင်နယ်ပါဝါ(နေရာ၊ရာထူး၊အာဏာ)ရနိုင်တဲ့ အခွင့်အလမ်း ရှိလာတာနဲ့
      အဲဒီ လို ပါစင်နယ်ပါဝါ အရင်းအနှီးတွေက အရေးပါလာတယ်ပေါ့ဗျာ။
      (ဒါကသူကြီးရဲ့ဆိုလိုရင်းကို ….ကျနော် တမျိုးပြန်ပြောင်းပြောလိုက်တာပါ)
      ………………
      အဲ ဆက်ရရင်တော့—————
      အဲဒီလမ်းက ရှောက်ရင်း ရှောက်ရင်း လွဲတတ်လွန်းလို့ဗျ။
      သူတို့က သူတို့ကို သူတို့ ပါစင်နယ်ပါဝါတက်အောင်လုပ်ရတော့ တော်လဲလာရော
      သူများပြောတာ နားမဝင်၊ “နားမထောင်တတ်”တဲ့ ကျနော်တို့လူမျိုးကို ကျနော် တအားစိုးရိမ်နေတာသူကြီးရေ့။
      ဒီမှာ ဆီမီနာတွေလုပ်ရင်
      ထားပါတော့ဗျာ ဥပမာ။ ။နယူတန်သီအိုရီကို ကွမ်တန်နဲ့ ပြန်ကစ်မယ်။
      ပြီးတော့ ဘာတခုမှသုံးစားလို့မရဘူးလို့ ပြောတဲ့ကောင်ကလဲပြောမယ်။
      ဟိုးပဝေသဏီက မှန်တယ်ဆိုတာတွေကိုတလွဲတွေ ထောက်ပြပြီး
      “ရန်ဖြစ်ခမန်း ဆွေးနွေးကြတာ” သူကြီးကြားဘူးမှာပါ။
      ပြီးတော့မှ နောက်ဆုံး ထွက်လာတဲ့အဖြေကိုအားလုံးကတလေးတစားလက်ခံကြတယ်။

      အဲဒီ အကျင့်က “ငါမှန်တယ် လို့အမြဲစွဲတတ်တဲ့ ကျနော်တို့သွေးသားတွေ”
      “ငါနဲ့မတူငါ့ရန်သူလို့ သတ်မှတ်တတ်တဲ့ကျနော်တို့ညီအကိုမောင်နှမတွေ”
      “ဗူးဆိုရင်ဖရုံမသီးဘူး၊ မင်းသားမလုပ်ရရင် ပါတ်မကြီးထိုးခွဲပလိုက်မယ်ဆိုတဲ့ကျနော်တို့မိသားစုနိုင်ငံသားတွေ”
      သူများ စကားလေးများ “မာနကင်းကင်း ၊ အစွဲအလန်းကင်းကင်း၊ ငါအနစ်နာခံထားတာကွ၊ငါလုပ်ထားတာကွဆိုတဲ့
      အတ္တစိတ်ရှင်းရှင်း” လေးနဲ့ နားထောင်ပေးတတ်၊ ပြောခွင့်ပေးတတ်၊ ဆွေးနွေးပေးတတ်ဖို့လေး လိုတယ်လို့ကျနော်
      ထင်မိပါတယ်။ (သူကြီးရဲ့ စိတ်ကူးနဲ့တူပါလိမ့်မယ်ထင်ပါရဲ့)
      ~~~~~~~~~~~~~~~~~~~~~~~~~
      အဲဒီလို စိတ်မျိုးတွေ ဒီလိုနေရာမျိုးလေးတွေကနေ လေ့ကျင့်ပေးနိုင်မယ်လို့ “ရေးရေးလေးစဉ်းစားမိလို့ပါ”။
      မည်သူမဆို ဦးဆောင်နိုင်ပါတယ်နော်။ ကျနော် ဦးဆောင်နေတယ်လို့လဲမတွေးစေချင်ပါဘူး။
      ဒီနေရာမှာ ဆရာလဲမရှိ တပည့်လဲမရှိပါဘူး၊။ကိုယ့်အယူအဆနဲ့ဘယ်လောက်ဘဲ ဆန့်ကျင်နေပါစေ
      အပြန်အလှန် လေးစားမှုကတော့ အရမ်းကို “ရှိ” ရပါမယ်။
      ~~~~~~~~~~~~~~~~~~~~~~~~~
      ကျနော်ပြောဘူးတာကိုပြန်ပြောရရင် တောင်းတာကြာခဲ့ရတော့ ကျနော်တို့တတွေ
      “ယူ-ဒီမိုကရေစီ” ဆိုတာကိုဘဲနားလည်ပါတော့တယ်။
      ကိုယ်ကသူများကိုလည်း ပေးရမဲ့ “ပေး-ဒီမိုကရေစီ” လေးကို နားလည်ဘို့
      ဒီလိုဆီမီနာတွေ လုပ်စေချင်တာမျိုးပါ။
      ကိုယ့်ကိုကိုယ်ကောင်းကောင်း မမြင်နိုင် သေးသရွေ့ကတော့
      သူများကိုလည်းမကြည့်နိုင်သေးပါဘူး။
      ကျနော်ကိုယ်တိုင်လည်းပြုပြင်စရာတွေ နေ့စဉ်ရှိနေတာပါ။
      ဒီမှာ တင်ပြထားတဲ့အချက်တွေကလည်း မလုံလောက်သေးဘူးလို့လဲ ထင်ပါတယ်။
      ထပ်ဖြည့်ပေးကြရန်ဖိတ်ခေါ်လျှက်ပါ။
      ————————
      လေးစားလျှက်
      မောင်သစ်မင်း
      —————————–
      kai says:
      “”ယူအက်စ်မှာ..နိုင်ငံသားတွေတဦင်္းချင်းစီမှာ Credit Score သေသေချာချာ သတ်မှတ်တာပါ..။ အသေးစိတ်ကို.. ကြုံရင်ရေးပေးပါမယ်.။””
      ~~~~~~
      မြန်မြန်ကြုံနော်သူကြီးရေ။(^^)

      • kai

        January 9, 2012 at 10:19 am

        အဟင်း..
        တကယ်တော့.. အကိုကြီးမိုးညိုက..Credit Score နဲ့ပါတ်သက်ပြီး လက်တွေ့လုပ်ငန်းနဲ့ဆက်စပ်နေသူဆိုတော့… ပိုပြောနိုင်မယ်ထင်ပါတယ်..။

        မြန်မာတွေကို.. နံပါတ်တွေနဲ့.. အဆင့်တွေခွဲပေးတာမျိုးအထူးလိုနေတယ်ထင်လို့ပါ..။
        တာဝန်လွှဲလို့ရမလားခင်ဗျ…။ 🙂

  • maungmoenyo

    January 9, 2012 at 7:55 am

    အင်း ဆရာသစ်မင်းရင်းရဲ့ နှစ်သစ်လမ်းညွှန်ချက်ကိုဖတ်ရတာ…နိဗ္ဗာန်ရောက်ကြောင်း လမ်းခင်းပေးတဲ့ မဂ္ဂင်ဆိုက်ရေးလုပ်ငန်းကြီး(၈)ခု လုပ်ခိုင်းနေတဲ့ လမ်းညွှန်ချက်ကြီးဖြစ်နေပါပေါ့လား…kidding! (မြင်၊ကြံ၊ဆို၊ပြု၊သက်မွေးမှု၊ အားထုတ်၊အောက်မေ့၊တည်ကြည်မွေ့။)
    မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့တွေးခေါ်မြှော်မြင်ရေးသဘောတရားစာတမ်းကြီးရဲ့ စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မဲ့ရလာဒ်အထွတ်အထိပ် ဖြစ်တဲ့ အူမတောင့်ရေးလမ်းစဉ်ပေါ်ရောက်ရှိရေးမှာ သီလစောင့်သူတွေက လက်တွဲခေါ်ကြဘို့ တိုက်တွန်းပါတယ်။ အူမတောင့်မှသီလစောင့်နိုင်မယ်လို့ ဆင်ခြေတက်ကြသူတွေ ကို သီလစောင့်နိုင်ကြသူလို့ ကိုယ့်ကိုယ်ကိုတင်စားနေကြတဲ့ ပါတီဗဟိုကော်မတီကအစ၊ ဒေသပါတီ နဲ့ ပါတီယူနစ်ဝင်တွေက နိုင်ငံတော်ရဲ့အသီးအပွင့်တွေကိုအလျံပယ်ခံစားစံစားရင်း ခတ်တည်တည်နဲ့ သူတော်ကောင်းရောင်ဆောင်ပြောကြဆိုကြ၊ မိန့်ခွန်းတွေချွေကြတော့ ဒေါသထွက်ကြသူတွေကတပြည်လုံးပါ။ အဲ့ဒီလို ဂျအေးသူအမေရိုက် သူ့ကြောင့်ငါ့ကြောင့်ပါလို့ လက်ညှိုးထိုးကြရင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကိုရောက်မှန်းမသိရောက်သွား ရတာသမိုင်းကပြခဲ့ပါတယ်။
    တကယ်တော့ တိုင်းပြည်အုပ်ချုပ်မှုအပါအဝင် ခက်မကြီး (၅)ဖြာက စနစ်တကျ တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းတဲ့စနစ်ကိုတည်ဆောက်နိုင်၊ ထိမ်းသိမ်းနိုင်မှ ဒီလို အူမလဲတောင့်၊ သီလလဲစောင့်တဲ့ဘဝကို ပြည်သူတရပ်လုံး (တရပ်လုံးကိုဆိုလိုတာနော်) ရောက်ကြမှာပါ။
    အရေးကြီးတာကတော့ဒီဘဝရောက်ရေး ရှင်အဇ္ဖဂေါန လဲမကယ်နိုင်ပါဘူး၊ တရုတ်ပြည်မကြီးကကြွချီလာတဲ့ molar tooth” တော်”ကလဲ မစွမ်းဆောင်နိုင်ပါဘူး။ အစိုးရကလဲ ငါတကောမကောဘဲ၊ လူထုကလဲ စိတ်ပါလက်ပါလူးပေါင်းနိုင်မှ ဖြစ်မှာပါ။
    ဆရာသစ်ပြောတဲ့ တဦးချင်းပြုပြင်ပြောင်းလဲရေးတွေကို လူထုအများစုက အဲ့ဒိတော့မှစပြီး ယုံယုံကြည်ကြည် လိုက်နာလာကြပါလိမ့်မယ်။ ရွှေပြည်တော် မျှော်တိုင်းမဝေးစေချင်တော့တာ..မြန်မာတိုင်းပါ ဆြာရေ့။

    • thit min

      January 9, 2012 at 10:02 am

      Reply -15
      မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ ဆရာမိုးညိုခင်ဗျား။
      ဆရာဟာကျနော်လေးစားရသော စကော်လာတယောက်ဖြစ်ကြောင်းပဏာမပြောကြားလိုပါတယ်။
      ကျနော့စာနဲ့ ပါတ်သက်လို့ဆရာရဲ့ကော်မန့်အတွက်လွန်စွာဝမ်းသာရပါတယ်ခင်ဗျာ။
      ဒါပေမဲ့ ကျနော်အထင်ပေါ့နော် ဆရာကျနော့စာတပုဒ်လုံးနဲ့ ကော်မန့်အားလုံး(များနေတော့)
      မဖတ်နိုင်လိုက်ဘဲ ကော်မန့်ကောက်ရေးလိုက်ပုံပါဘဲ။ကျနော့အထင်ပါခင်ဗျာ။
      ဘာလို့လဲဆိုတော့ကျနော့ ရည်ရွယ်ချက်နဲ့တော်တော်ဝေးဝေးရောက်နေတဲ့ကော်မန့်မလို့ပါဘဲခင်ဗျ။
      ကျနော်ကပြင်ပ ပယောဂမပါသောမိမိကိုယ်တွင်းပြုပြင်ရေး၊တနည်းအားဖြင့်မိမိကိုယ်ရည်ကိုယ်
      သွေးမြှင့်တင်ရေးပါခင်ဗျာ။
      အစိုးရကလုပ်ပေးမှရမဲ့အပိုင်းတွေရှိတယ်ဆိုတာလက်ခံပါတယ်။
      ဒါပေမဲ့ကိုယ်ဟာကိုယ်လဲလုပ်ရမှာတွေမေ့နေလို့သတိပေးတဲ့သဘောပါ။
      အချိန်မရတဲ့ဆရာအတွက်အကျဉ်းချုပ်ပြန်ဖော်ပြပေးပါ့မယ်။
      အူမမတောင့်လို့သီလ မစောင့်နိုင်သူများကို လာဘ်စားနိုင်တယ်လို့ကျနော်ရေးပေးထားပါတယ်။
      ဒါပေမဲ့ မာဆတ်သွားဘို့အတွက်လာဘ်စားပြီး အစိုးရမကောင်းလို့ပါလို့အော်နေသူများကို
      တော့ကျနော်ကန့်ကွက်ပါတယ်။
      ပြီးတော့နေရာကျလိုချင်တယ်၊ ထမင်းကျ ဝ ချင်တယ်၊ ဘာတတ်လဲဆိုတော့မတတ်ဘူး၊
      ကြိုးစားလားဆိုတော့မကြိုးစားဘူး၊ ရိုးသားလားဆိုတော့ ဆရာတက္ကစီငှါးစီးဘူးရင်သိပါလိမ့်မယ်။
      ဟာ ခေတ်ကလုပ်လို့မှမရတာလို့ ဆရာပြောချင်ပါသလား။
      ကျနော်လုံးဝညင်းပါတယ်။
      ကျနော့သူငယ်ချင်းတယောက်ကားတိုက်ခံရတယ်။ခြေထောက်တချောင်းသွင်သွင်ကျိုးပါတယ်။
      ဒါပေမဲ့ သူအဲယားကွန်းပြင်တဲ့ပညာကိုရအောင်ကြိုးစားပြီးသင်ယူလို့ အခုအေးအေးဆေးဆေး
      နေနိုင်စားနိုင်တဲ့ ဘဝပါ။
      ဘယ်သူ့ကြောင့်လဲ လို့ စဉ်းစားတိုင်း “ငါကိုယ်ငါ” ထဲ့မစဉ်းစားမိလို့ ခုလောက်အခက်အခဲ
      တွေတွေ့နေရတာပါ။ လုပ်လို့မရဘူးဆိုတာ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့လက်ညှိုးထိုးရင်း
      ကိုယ်ကောဘယ်လောက်မှားနေလဲ၊ အဲဒါလေးပြင်ရအောင်ပါဆိုတာမျိုးပါ။
      ဆရာပြောတဲ့ ကိတ်စမျိုးကတော့ (obvious case)ဩဗီးရပ်စ်ကြီးပါခင်ဗျာ။လူတကာအဲဒီလို
      လက်ခံထားတာပါ။အပေါ်ကမကောင်းလို့တဲ့။ဟုတ်ကဲ့ ကောင်းတယ်လို့မပြောလိုပါဘူး။
      ကျနော်တို့ကိုယ်တိုင်ရောလို့ “ပြန်ပြီးကိုယ်ဟာကိုစိစစ်ခြင်း” ဟာ Individual reform ပါလို့ကျနော်အကြံပြုထားခြင်းဖြစ်ပါသည့်အကြောင်းဆရာကိုလေးစားစွာပြန်လည်ဖြေကြားအပ်ပါသည်။
      ခင်မင်လေးစားလျှက်
      မောင်သစ်မင်း

      • maungmoenyo

        January 9, 2012 at 11:25 am

        ဒီလ ိုအသေးစိတ်ဝေဖန်သုံးသပ်နိုင်လို့ လဲ ဆြာသစ်ကိုလေးစားမိတာအမှန်ပါ။ ှဆရာ့စာများကိုအထူးသတိထားဖတ်ပါတယ်။ မှန်ပါတယ်ခင်ဗျား။ တဦးချင်းပေါင်းမှအများဖြစ်ကြပါတယ်။ စနစ်တခုမှာအုပ်ချုပ်သူနဲ့အအုပ်ချုပ်ခံဆိုတဲ့နှစ်ပိုင်းရှိပေမဲ့ တကယ်တော့ သူတဦးချင်းကပေါင်းထားတဲ့ အစိုးရအဖွဲ့နဲ့ခက်မ(၃)ဖြာဆိုတာာတွေပေါ်ထွန်းပါတယ်။ လူထုဆိုတာလဲတစ်ဦးချင်းပါ။ အစိုးရထဲမှာ (ပြီးခဲ့တဲ့စစ်အစိုးရဗိုလ်ချုပ်တချို့ဆိုရင် အနောက်နိုင်ငံတွေရဲ့ဖြစ်ပေါ်တိုးတက်မှုတွေ ဟန်မဆောင်နိုင်အောင်ချီးမွန်းကြသူမျိုးတွေအများကြီးတွေ့ဖူးပါတယ်။ လုပ်ဖက်ချင်း contemporary ဗိုလ်ချုပ်တွေရဲ့လုပ်ပုံတွေကိုကြည့်ပြီး (“ကိုယ့်လူတွေလုပ်ပုံက တခြားနိုင်ငံသားတွေရှေ့မှာ ရှက်ဖို့ကောင်းလိုက်တာဗျာ” လို့ ကြူးရင့်ကြသူတွေရှိပါတယ်။) ဒါပေမဲ့မျက်ချေမပြတ်ဘို့ကိစ္စက ပြည်သူနဲ့ နိုင်ငံတကာက အမြင်မှာ အစိုးရဆိုတဲ့ solitary view ဆိုတဲ့ တခုတည်းသောအဖွဲံအနေနဲ့မြင်တဲ့ အမြင်ဘဲရှိပါတယ်။ လက်ရှိအစိုးရအဖွဲ့ထဲမှာဆိုရင်လဲ ကိုယ်ကျင့်တရားနဲ့ပါတ်သက်ပြီးဒေါင်ဒေါင်မြည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေပါပါတယ် ဆိုတဲ့သတင်းကောင်းပါးပါရစေ။ (သူလဲဘာသားနဲ့ထုထားတာမို့လဲ လို့ ထမင်းစားပွဲတခုမှာ လက်လွတ်စပယ်ပြောတတ်သူတွေလဲတွေ့ဘူးပါတယ်။) တဦးတယောက်အမြင်ဆိုတာမရှိပါဘူး။ ကောင်းတာလုပ်လို့ကောင်းတာဖြစ်ရင်အစိုးရအဖွဲ့အကြီးအကဲလုပ်သူ ကခရက်ဒစ်ရသလို့ သူ့အောက်က၊ သူမသိတဲ့ director general ကလုပ်တာလေးတခုကြောင့်လဲ၊ ခံစားရသူတွေက သမ္မတကိုနံမယ်တပ်ကော်ဆဲတတ်ပါတယ်။ ဒါကောင်းသလားဆိုတော့မကောင်းပါဘူး။ not fair ပါ။ ဒါပေမဲ့ဖြစ်နေတာတွေကတော့အမှန်ပါ။ နိုင်ငံတနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ အစိုးရသာမက လူထုရဲ့ပါဝင်ပူးပေါင်းနိုင်မှုဟာ အရေးပါကြောင်းမူအားဖြင့်နားလည်ထားကြသူတွေရှိပေမဲ့၊ တကယ်လက်တွေ့မှာတော့ မျက်ခြေပြတ်ပြီး အစိုးရမှာဘဲတာဝန်ရှိတယ်လို့လုံးချကြသူတွေများပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲ။ အာဏာရှိ နဲ့ အာဏာမဲ့ဆိုတဲ့ဝေါဟာရတွေကြားက အာဏာဆိုတဲ့ မဟာ အုတ်တတိုင်းကြီးကခြားထားလို့ပါ။ နှယ်နှယ်ရရမဟုတ်ပါဘူး။
        ဘာတဲ့- ဒေါ်စုပြောတဲ့ သမ္မတသိန်းစိန်အပေါ်ယုံကြည်မှုရှိပေမဲ့ အစိုးရဆိုတာအများနဲ့ဖွဲ့ထားတာမို့ တယောက်ထဲရဲ့လွှမ်းမိုးမှုနဲ့လုပ်ချင်တိုင်းလုပ်လို့ချက်ချင်းမရပါဘူး။ ဆရာသစ်ပြောသလို ပြည်သူလူထုတဦးချင်းက လဲတဦးချင်းစီလိုက်နာကြဘို့သဘောပေါက်ကြဘို့ သိပ်ပြီးအရေးကြီးပါတယ်။ အစိုးရတခုတည်းနဲ့မပြီးပါဘူး။ ဒါပေမဲ့ အစိုးရပေါ်ပြည်သူရဲ့ယုံကြည်ကိုးစားမှုဟာ အခရာ ကျလာပါတယ်။ အဲ့ဒီ.ယုံကြည်ကိုးစားမှုဆိုတဲ့ လမ်းဆုံကို ကျှန်တောိတို့ရောက်နေပါပြီ။ ဥိးဆာင်သူရဲ့ ဥိးဆောင်နိုင်မှုအရည်အသွေး၊ နောက်လိုက်သူတွေရဲ့ယုံကြည်ကိုးစားမှုအတိုင်းအတာတွေဟာ အားပြိုင်လွန်ဆွဲတဲ့အချိန်ရောက်ပါပြီ။
        ဆရာသစ်ရဲ့ ဒီဆောင်းပါးဟာ အင်အားကြီးမားတဲ့ MG အင်အာစုကြီးကနေတဆင့်တပ်လှန့်ခေါ်သံ လို့မြင်ပါတယ်။ ကျွန်တော်ကြိုဆိုပါတယ်။

        • thit min

          January 9, 2012 at 1:16 pm

          Reply-16
          maungmoenyo says:
          အစိုးရပေါ်ပြည်သူရဲ့ယုံကြည်ကိုးစားမှုဟာ အခရာ ကျလာပါတယ်။ ။
          ———————
          ဆရာမိုးညိုခင်ဗျား
          ကျနော်နားလည်ထားတာ (အခြေခံထားတာ)က ဤသုံးမျိုးဆိုတဲ့
          ” Awareness ” ရယ်။
          ” Energy ” ရယ်၊ ”
          Aspiration ” ရယ်ပါ။
          ကျနော်အခုသွားနေတာက “Individual Awareness ” ကိုစပေးနေတာပေါ့ခင်ဗျ။
          ကိုယ့်ရှိသမျှ Individual energy =အင်အားလေးနဲ့ နိုင်သလောက်
          Individual Aspiration =ရည်မှန်းချက်လေးဆီအရောက်သွားရေးပေါ့ခင်ဗျာ။
          ———————————–
          ဆရာပေးလိုက်တာက ” Public Awareness “ပါ။
          ” Public Aspirtion ” ရည်မှန်းချက် ကို ရောက်အောင်သွားနိုင်သော
          အစိုးရပေါ်ပြည်သူရဲ့ယုံကြည်ကိုးစားမှုဟာ ကြီးမားတဲ့မောင်းနှင်အားကြီး =Energy (propeller engine)
          လို့မြင်ပါတယ်။
          ပြောရရင် ဒီ Individual အဆင့်ကျော်သွားရင်
          ……….ဆရာပြောသလို တဦးချင်းပေါင်းတော့အများဆိုသလိုပါဘဲ………..
          မလွဲမသွေအဲဒီအဆင့်ရောက်မှာမို့ အဲဒီအပေါ်အဆင့်အတွက် ဆီမီနာကိုဆရာ
          ဦးဆောင်ပေးနိုင်ရင် ပေးပါလို့ ရင်းနှီးစွာ ပြောကြားလိုပါတယ်။
          ကျနော်လဲ နောက်ကလိုက်ပြီးဆွေးနွေးမှာပါဆရာ။
          ကျနော်တို့ ဘယ်လိုပြုမူသောအစိုးရကိုဘယ်လောက်ထိယုံပြီး ဘာတွေလုပ်လို့ရနိုင်လဲပေါ့ဆရာ။
          ရသလောက် တိုးကြည့်ချင်တာပေါ့ခင်ဗျာ။
          ကျေးဇူးပါ။
          လေးစားစွာ

  • အာ ချောင်

    January 9, 2012 at 5:39 pm

    I agree with all of you.
    I’ld like to add that
    * အရာအရာကိုအကောင်းမြင်ဝါဒဖြင့်ကြည့်မြင်နိုင်ပါစေ
    အကောင်းမြင်ပေးခြင်း (positive point of view) ဟာ ကြည့်တဲ့သူအတွက်ရော အကြည့်ခံရတဲ့သူအတွက်ရောကောင်းပါတယ်

  • မိုးနတ်သားလေး

    January 9, 2012 at 9:22 pm

    ဆရာသစ်ရေမြန်မာပြည်တနိုင်ငံလုံးဒီမိုကရေစီစနစ်စတင်
    ကျင့်သုံးနေပြီးအစိုးရရာထူးအကြီးပိုင်းကအစ
    အောက်ခြေလူတန်းစားအာလုံးဒီမိုကရေစီရဲ့အနှစ်သာရက
    ကိုကောင်းကောင်းနားမလည်ကြဘူးဖြစ်နေတယ်
    တရုတ်ပြည်ဆိုရင်လည်းကွန်မြူနစ်စနစ်ကိုအခြေခံထားပင်မဲ့သူစည်းမျဉ်းသူဘောင်သူအုပ်ချုပ်ရေးဟာ
    နိုင်ငံအတွက်ထက်ပြည်သူတွေအတွက်အကျိုးကျေးဇူးများပါတယ်
    အနောက်နိုင်ငံတွေမှာလည်းသူနိုင်ငံသူယဉ်ကျေးမူကိုလိုက်ပြီး
    တနိုင်ငံနဲ့တနိုင်ငံဒီမိုကရေစီကျင့်သုံးပုံချင်းမတူပါဘူးနတ်သားလေးတို့
    မြန်မာပြည်မှာဒီမိုကရေစီစနစ်ဟာ
    တကယ်သက်ရောက်မှုရှိနိုင်မလား
    ဘယ်လိုအကျိုးရှိနိုင်မလဲဆိုတာဘယ်လိုခန်းမှန်းလိုမရနိုင်ဘူး
    သက်ရာက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာရှိစမြဲလေ
    ဒီမိုကရေစီစနစ်ကြောင့်ကောင်းကျိုးတွေရှိသလိုဆိုးကျိုးလည်းရှိလာနိုင်တာဘဲလေ
    ကောင်းကျိုးကြတောသူတို့စံပြီးဆိုးကျိုးပြည်သူတွေမခံစေချင်တောဘူးဗျာ
    ဆရာသစ်ရောဘယ်လိုမြင်လဲပြီးဆရာသစ်

    • thit min

      January 10, 2012 at 8:48 am

      Reply (17) to ————————————->မိုးနတ်သားလေး
      ဒီမိုကရေစီဆိုတာ ကျင့်စဉ်ပါ။
      အစိုးရတခုထဲက ကျင့်သုံးရတဲ့ ကျင့်စဉ်လဲမဟုတ်ပါဘူး။
      သာမန်လူအချင်းချင်းကြားမှာလဲကျင့်သုံးရတဲ့ကျင့်စဉ်မျိုးပါ။
      တခွန်းထဲပြောပါဆိုရင်တော့ တရားမျှတသော အခွင့်အရေးညီမျှမှုပါဘဲ။
      အစိုးရရော သာမန်လူရောကျင့်ရမဲ့ကျင့်စဉ်ဆိုပေမဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ပါတ်သက်ရင်
      နိုင်ငံရဲ့စီမံခန့်ခွဲရေးဆိုင်ရာနဲ့ပါတ်သက်ရင်တော့ အစိုးရရဲ့ ဒီမိုကရေစီကျင့်စဉ်ပေါ့။
      သာမန်လူတယောက်အတွက်တော့သူ့အိမ်မှာသူဒီမိုကရေစီကျင့်လို့ရတယ်၊
      ဥပမာ…..ဒီမန်းဂေဇက်လိုနေရာမျိုးပါ..
      အဲဒီတော့ ဒီမိုကရေစီကျင့်စဉ်နဲ့သွားလို့ရတယ်ဆိုတာကတော့ တဦးချင်း၊တဖွဲ့ချင်းရဲ့ ကျင့်စဉ်တွေလို့
      လဲသဘောပေါက်ရပါတယ်။
      အဲ …အစိုးရပိုင်းကတော့ သာမန်လူတွေနဲ့တနည်းမဟုတ်တနည်းပါတ်သက်လို့နေလေတော့ တရားမျှတသော
      အခွင့်အရေးများမညီမျှမှုရှိတဲ့ နိုင်ငံတွေမှာ ၁၉၈ဝ ခုနှစ် ပါတ်ဝန်းကျင်လောက်ကစပြီး တရားမျှတသောအခွင့်အရေး
      များတောင်းဆိုပွဲ (သို့) ဒီမိုကရေစီရေးလှုပ်ရှားမှုတွေပေါ်ပေါက်လာရပါတယ်။
      အဲဒီမှာ အစိုးရရဲ့ဒီမိုကရေစီဆိုင်ရာကျင့်စဉ် ၄ ခု ရှိတယ်လို့ မှတ်သားဖူးပါတယ်။

      ၁။ A political system for choosing and replacing the government through free and fair elections.
      လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ(များ)မှရွေးချယ်ခန့်အပ်မှုနှင့်တည်ဆောက်ထားသော နိုင်ငံရေးစံနစ် ။

      ၂။ The active participation of the people, as citizens, in politics and civic life.
      နိုင်ငံရေးနှင့်ပြည်တွင်းရေးရာများတွင် နိုင်ငံသားပြည်သူပြည်သားတို့၏ တတ်ကြွစွာပါဝင်လုပ်ဆောင်နိုင်ခြင်း။

      ၃။ Protection of the human rights of all citizens.
      နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးများကို ကာကွယ်ပေးခြင်း။

      ၄။ A rule of law, in which the laws and procedures apply equally to all citizens.
      နိုင်ငံသားတိုင်းအပေါ် တန်းတူညီမျှသောဥပဒေကိုကိုင်တွယ်သုံးစွဲရမည်ဆိုသော စည်းမျဉ်း၊စည်းကမ်း။

      ဆိုပြီးရှိပါတယ်တဲ့။အနှစ်ချုပ်ဆိုရရင်ဒီမိုကရေစီမှာ အာဏာဟာတိုင်းသူပြည်သားဆီကဘဲလာပါတယ်တဲ့။
      အများဆုံးဖြတ်ချက်ဆိုတာကိုဆိုလိုတာပေါ့နော်။
      ဒါဆိုရင် ခုနကဆွေးနွေးထားတဲ့စကားလေးတွေကိုကြည့်ရအောင်နော်။
      ————–
      Q::မိုးနတ်သားလေး says:
      မြန်မာပြည်တနိုင်ငံလုံးဒီမိုကရေစီစနစ်စတင်ကျင့်သုံးနေပြီးအစိုးရရာထူးအကြီးပိုင်းကအစ
      အောက်ခြေလူတန်းစားအာလုံးဒီမိုကရေစီရဲ့အနှစ်သာရကိုကောင်းကောင်းနားမလည်ကြဘူးဖြစ်နေတယ်
      A::
      အများနဲ့ပါတ်သက်ပြီး သူတပါးဆန္န၊အများဆန္နပေါ့လေ၊ထဲ့သွင်းစဉ်းစားတတ်တဲ့အလေ့အကျင့်မရှိခဲ့လို့ပါ။
      လုပ်ငန်းခွင်မှာ ကိုယ့်လက်အောက်ငယ်သားများရဲ့ အကြံပေးစကားကိုလေးလေးနက်နက်နားထောင်တတ်တဲ့
      အရာရှိမျိုး တော်တော်ရှားပါလိမ့်မယ်နော်။ အဲဒီဟာက ဒီမိုကရေစီကိုမသိတာပါဘဲ။
      (ကျနော့ရဲ့ “ဘာကိုအမြတ်နိုးဆုံးလဲ” ဆောင်းပါးလေးကိုဖတ်ကြည့်ပါနော်)။
      ကိုယ်မကြိုက်လို့လက်ညိုးထိုးထားတဲ့သူတွေရဲ့ အမူအကျင့်တွေ ကိုယ့်ဆီမှာရှိနေတာမျိုး မဟုတ်ပါလား။
      ဒါ့ကြောင့် ဒီဆီမီနာကိုလုပ်ပါတယ်။ တကယ်ကကိုယ်တွေမှာလဲ လိုအပ်ချက်ရှိတာမြင်စေချင်တာပါ။

      Q::မိုးနတ်သားလေး says:
      နတ်သားလေးတို့မြန်မာပြည်မှာဒီမိုကရေစီစနစ်ဟာတကယ်သက်ရောက်မှုရှိနိုင်မလာ။
      ဘယ်လိုအကျိုးရှိနိုင်မလဲဆိုတာဘယ်လိုခန်းမှန်းလိုမရနိုင်ဘူး
      A::
      လူတိုင်းကျင့်သုံးရမဲ့ ကျင့်စဉ်လို့ပြောပြီးပြီနော်။ ဆိုလိုတာက ကိုယ်တွေရဲ့လုပ်ပိုင်ခွင့်တွေအရင်ကထက်
      ပွင့်လန်းလာမယ်။ဂွင်ကျယ်လာမယ်။ အဲဒီအပေါ်မှာအခွင့်အရေး “မတရားသဖြင့်”ယူရင် အဲဒီဟာက
      မကောင်းသောအကျိုးသက်ရောက်မှုဖြစ်ပြီပေါ့။ဒီမိုကရေစီရပြီဆိုပြီး လုပ်ချင်ရာလုပ်လို့ရတယ်ကွ ဆိုပြီး
      သူတပါးစိတ် အနှောင့်အယှက် ဖြစ်စေတာမျိုးလုပ်ခြင်းဟာ ဒီမိုကရေစီကိုအလွဲသုံးခြင်းပေါ့ဗျာ။
      ကိုယ့်မှာ အခွင့်အရေးရှိသလို တပါးသူမှာလဲ အခွင့်အရေးရှိတာမလို့ သူတပါးရဲ့ အခွင့်အရေးကို
      မနှောင့်ယှက်မှ ဒီမိုကရေစီရဲ့ အကျိုးကိုပြည့်ပြည့်ဝဝ ခံစားရမှာပါ။ “သာတူညီမျှ”ဖြစ်ရေးကို ကိုယ်လိုချင်ရင်
      သူများကိုလည်းပေးရပါတယ်။ ကိုယ်မှာ “ပေး” ရမဲ့တာဝန်ရှိတယ်ဆိုတာ မမေ့ဘို့လိုတာပေါ့ခင်ဗျာ။
      အလွယ်ဆုံးပြောရရင် ကိုယ်ချင်းစာစိတ်ပါဘဲ။ “ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ” ဆိုတဲ့
      ရှင်မဟာရဌသာရ ဆုံးမစာဟာ ဒီမိုကရေစီရဲ့ အဓိက ရေသောက်မြစ်ပါဘဲ။

      Q::မိုးနတ်သားလေး says:
      ဒီမိုကရေစီစနစ်ကြောင့်ကောင်းကျိုးတွေရှိသလိုဆိုးကျိုးလည်းရှိလာနိုင်တာဘဲလေ
      ကောင်းကျိုးကြတောသူတို့စံပြီးဆိုးကျိုးပြည်သူတွေမခံစေချင်တောဘူးဗျာ
      A::
      ဒီမိုကရေစီ လုပ်ချင်ယောင် ဆောင်နေတာဆိုရင်တော့ အဲဒီလိုဖြစ်နိုင်ပါတယ်။
      တကဲ့ ဒီမိုကရေစီအစစ်မှာ အဲဒီလိုဖြစ်လို့ကိုမရပါဘူး။
      တရားမျှတမှုှုမရှိတာဟာဒီမိုကရေစီမဟုတ်လေတော့ ဒီမိုကရေစီသာ စစ်ပါစေ။ အဲဒီဟာမျိုးမရှိပါဘူး။

      လေးစားစွာ
      မောင်သစ်မင်း

  • maungmoenyo

    January 10, 2012 at 11:16 am

    မောင်မိုးညိုတယောက် ကိုယ်ဇာတ်ကိုယ်မနိုင်တဲ့ ဘဝရောက်နေပါတယ်။ ဘယ်သူရယ်တော့မပြောပါဘူး။ အထက်ကဆွေးနွေးကြသူတွေ ထဲက တယောက်နှစ်ယောက်က ကွန်မင့်လုပ်သွားတဲ့ကိစ္စ မှာအာရုံးများသွားပြီး၊ ခေတ်နောက်ဘက်ပြန်ဆုတ်ရင်း လမ်းစဉ်ပါတီခေတ်ရဲ့ကျိုးကြောင်းဆက်နွယ်မှုကို သွားဆွေးနွေးမိသွားတယ်ဗျို့။
    ဆရာသစ်က တကယ်တော့ individualistic approach နဲ့ နှစ်ဦး resolution ကို ကျွန်တောင် မောင်မိုးညိုက မဆီမဆိုင်ဝင်ပြီး နိုင်ငံနဲ့ချီ ဇယားဝင်ရျုတ်မိတော့ ကိုယ့်ချီကိုငင်တာပါဘဲ ဗျို့။
    အိပ်ရာပေါ်ခေါင်းချခါနီးမှ…ဟိုက်ရျလဘတ်….လွန်သွားတာသိမိတယ်။
    ခုတ်ရာတခြားထစ်ရာတမျိုးပေါ့။
    ကဲ-ဆွေးနွေးမယ်နော်—ဒီဆောင်းပါးမူရင်းနဲ့ဆိုင်လို့တော့..စိတ်မခုကြပါနဲ့….ကြီးကြီးကျယ်ကျယ် ပြောရတာဝါသနာထုံလို့လို့ဘဲ ထင်ကြပါ…..
    (၁) ဒီမိုကရေစီ စနစ်ကို ဟာမိုနီကျကျ practice လုပ်တဲ့အမေရိကားရဲ့ ဒီမိုကရေစီပေတံဟာ ဒီမဟာပထဝီမြေကြီးမှာ တခုတည်းသော စံအနေနဲ့ လှုပ်ရှားလည်ပါတ်နေတာပါ။ အာရှရဲ့ဒီမိုကရေစီကျားလို့ခေါ်တဲ့ India နဲ့ ဥရောပနိုင်ငံတွေကခေါင်းမော်ကြည့်ရတဲ့ Great Britain တောင် ဒီလိုစနစ်ကို မသုံးပါဘူး။ (မသုံးဘူးလို့ဆိုတယ်နော်။ မသုံးနိုင်သေးဘူး။ မဖြစ်ထွန်သေးဘူးလို့မဆိုလိုဘူးဆိုတာသတိချပ်ပါ။) လေ့လာလေစိတ်ဝင်စားစရာကောင်းလေပါဘဲ။
    (၂) သွားလေသူသမ္မတဟောင်းဂျရယ်လ်ဖိုဒ် ရဲ့ ဆိုရင်းဖြစ်တဲ့စကားကိုပြန်ကောက်ရအောင်။ “အမေရိကသမ္မတရာထူးဟာကမ္ဘာမှာအာဏာအရှိဆုံးရာထူးဖြစ်တယ်လို့ဆိုနိုင်ပေမဲ့ တပြိုင်နက်တည်းမှာဘဲ အာဏာလုပ်ပိုင်ခွင့်အကျဉ်းကျပ်ဆုံး ရာထူးတခုပါ” လို့ မှတ်ချက်ပြုခဲ့တာလေးပါ။ အဲ့ဒီအတွက် အမေရိကဟာ ကမ္ဘာမှာအင်အားအကြီးမားဆုံးတခုဖြစ်တဲ့အတိုင်းဘဲ၊ အဲ့ဒီအင်အားကိုအသုံးပြုခွင့်အတိုင်းအတာကိုကြည့်ရင် လုပ်ပိုင်ခွင့်အင်မတန်အနဲဆုံးဖြစ်ကြောင်းသွားတွေ့ရပါလိမ့်မယ်။ အဲ့ဒိအတွက်ကြောင့် လဲကမ္ဘာမှာ geopolitical paradigm ဟာတည်ဆဲရှင်သန်ဆဲပါ။
    (၃) individualism ပေါ်မှာအခြေခံတဲ့ ဒီကျင့်စဉ်ကို ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံကြီးငယ်တိုင်းက “က”ကြီးရေကကနေပြန် – ပြန်စ,နေကြရသေးတဲ့ ချားရဟတ်ကမရပ်သေးပါဘူး။ ပြီးခဲ့တဲ့ ပြည်သူုလွှတ်တော် ဒုတိယအစည်းအဝေးကြီးပထမနေ့မှာ ဥက္ကဌ ဗိုလ်ရွှေမန်း ရဲ့မှတ်ချက် သတင်းစာမျက်နှာဖုံးမှာပါလာတာ…မောင်မိုးညို ဘဝသက်တမ်းမှာ ပထမဆုံးတွေ့ရတော့ ထ, ခုန်မိမတတ် ဝမ်းသာမိသွားပါတယ်။ ဘာတဲ့- လူတစ်ဥိးချင်းကိုအခြေခံတဲ့ ဒီမိုကရေစီကျင့်စဉ်ကို စည်းကမ်းတကျ တဆင့်ပြီးတဆင့်ပြောင်းယူရမယ်…ဆိုတာကိုလေ။ (မှတ်ချက်-စည်းကမ်းကျတဲ့ဒီမိုကရေစီ ဆိုတဲ့..စကားအသုံကိုတော့ ခွင့်လွှတ်ကြပါကွယ်တို့။ ဝါသနာကမတားနိုင်လို့..လို့ဘဲ ရောယောင်လိုက်ပါရစေ။) တကယ်တော့ စည်းကမ်းကျသော ဒိမိုကရေစီဆိုတဲ့ terminology ဟာ ကမ္ဘာ့ ဒီမိုကရေစီကျမ်းမှာဘယ်သောအခါကမှမရှိပါဘူးဗျာတို့။ ဒီမိုကရေစီဆိုတဲ့ကျင့်စဉ်ဟာ သူ့အရေအသွေး သူ့အင်္ဂါနဲ့သူအပြည့်ပါပြီးသားပါဗျာတို့။ ထပ်ကွန့်စရာ နာမဝိသေဝန လုံးဝ (လုံးဝ)မလိုပါဘူး။
    (၄) နောက်တခုက ဒီမိုကရေစီဆိုတာ ပေးရသောအရာ၊ ရယူရသောအရာမဟုတ်ဆိုတာကိုလဲ သတိထားကြရပါလိမ့်မယ်။
    (၅) တခါ rule of law ဆိုတာကို” ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏အခြေခံဖြစ်သည်” ဆိုပြီး ဘာသာပြန်ခဲ့တဲ့အတွက် လမ်းစဉ်ပါတီ (၂၆)နှစ်တာသက်တမ်းဟာ နိုင်ငံချွတ်ခြုံ ကျရေးဘဝကိုဆိုက်ခဲ့ရပါတယ်။ ဒါ ပါတီဗဟိုကော်မီတီဌာနချုပ်ရဲ့ အတွင်းရေးမှူးအဖွဲကိုတင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်ရဲ့ page-flag မှာမှတ်ချက်ပြုထားတာပါ။ ဒီအမှားကို ဥိးရေ (၂၅၀)သော ပါတီဗဟိုကော်မီဝင်များနဲ့ (၃)ကြိမ်(၃)ခါလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှင်းလင်းပွဲအဆင့်ဆင့်တွေ မှာ ဘယ်ဥပဒေပညာရှင် ဘယ်နိုင်ငံသား (သန်း ၄ဝ လောက်သော လူဦးရေလောက်ရှိမယ်ထင်ပါတယ်။) ကမှ အမှားမထောက်ပြနိုင်ခဲ့ပါဘူး။ အံ့ဩစရာ ဆိုပေမဲ့ တကယ်ဖြစ်ခဲ့တာပါ။ သိကြသတိထားမိတဲ့အချိန်ကျတော့ အတော်လွန်သွားပြီလေ..(၁၉၈၈) ကျမှ ဥိးဒိန်ရတန်တို့လို ကော်မရှင်ဥက္ကဌ လုပ်တဲ့သူတွေက ပွင့်အံထွက်လာကြတာ။
    (၆) ဥပမာနောက်တခု- “ဆိုရှယ်လစ်ဒီမိုကရေစီ” တို့ “ဒီမိုကရေစီဗဟိုဦးစီးစနစ်” ဆိုတဲ့ ဝေါဟာရတွေ ကလောကမှာမရှိသောအရာတွေပါ။ ထွင်တဲ့သူကထွင်တော့ ဘောင်းတော်ငြိမ့်ကြသူတွေသည်းချေခိုက်ဖြစ်ရတာပေါ့။ တရုတ်ကြီးကလည်းထလုပ်လိုက်ပါသေးတယ်..ဘာတဲ့ အမေရိက ရဲ့ဒီမိုကရေစီဟာ Hagemonism ဗိုလ်ကျစိုးမိုးရေး ဝါဒ ဆိုဘဲ။
    (၇) ဒီမိုကရေစီဟာ အမေရိကပိုင်စနစ် လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ တကယ်တော့ အမေရိက ဟာ ဒီမိုကရေစီကျင့်စဉ် ကို ခိုးယူလိုက်တဲ့ သူခိုးကြီးသက်သက်သာဖြစ်ပါတယ်။ အဲ့ဒီ ဒီမိုကရေစီစနစ်ကို တကယ် ဖြစ်ထွန်းစေချင်တဲ့ ကနဦးနိုင်ငံတွေ က India, Yugoslavia စတဲ့ နိုင်ငံတွေပါ။ စစ်ကြီး(၂) ခုပြီးတော့ အင်အားကြီးချိန်ခွင်လျှာလောင်းရိပ်ကိုဒဏ်မခံနိုင်တော့တဲ့ အတွက် အင်အားစုတခု ဖန်တီးလိုကြပါတယ်။ ကမ္ဘာကုလသမဂ္ဂ ဆိုတာကလဲ neutral ဖြစ်ရမှာမို့ သူ့ကိုလဲအသွင်ပြောင်းလို့မရပါဘူး။ ဒီတော့ အဖွဲ့တခုဖြစ်ဘို့ ဒီနိုင်ငံတွေကစိတ်ကူးယဉ်ကြပါတယ်။နောင်ပေါ်ထွက်လာမဲ့ “ဘက်မလိုက်အဖွဲ့ကြီး” ပါ။ မူလကရည်ရွယ်ချက်အလွန်ကောင်းပါတယ်။ မြန်မာနိုင်ငံက ဖဆပလ-ဦးကျော်ငြိမ်းတို့ ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေက အာရှ နဲ့ဥရောပမှာ လူရိုသေရှင်ရိုသေတွေပေါ့။ သူတို့အတွေးအခေါ်တွေက အခရာပေါ့။ ဒါပေမဲ့ ကိုယ်ပြည်တွင်းရေးကမငြိမ်းတော့၊ အဲ့ဒီအကြံကို ကျုဘားလိုနိုင်ငံတွေက လက်ဝါးကြီးအုပ်လိုက်ပါတယ်။ သွားရော……။ တိုတိုပြောရရင် အမေရိက ကမောင်ပိုင်သိမ်းလိုက်ချင်းခံရတဲ့ ဒီမိုကရေစီကျင့်စဉ်ပါ။ ဒါ့ကြောင့် အမေရိကမှာ ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရဟာ လွှတ်တော်လိုနေရာမျိုးမှာ ချိန်ထိုးသုံးရတဲ့ ဝေါဟာရ မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ စနစ်မှာ automatic ကျင့်စဉ်ဖြစ်နေပြီးသားမို့ပါ။
    အချုပ်ပြောရရင်-ဒီမိုကရေစီစကားများများပြောရတဲ့နိုင်ငံဆိုရင်…ဒီမိုကရေစီအားချည့်နဲ့တဲ့နိုင်ငံ..လို့ သွယ်ဝိုက်သောနည်းအားဖြင့်မြင်လို့ရကြောင်းပါ…။

    ဆိုတော့- ဒေမို နဲ့ကရာစီရာစာလုံနှစ်ခုပေါင်းစပ်ထားတဲ့ ဒီမိုကရေစီရေး ဟာ စ,လုံးရေစလို့မဆုံးနိုင်တဲ့ မြန်မာ လိုနိုင်ငံ တခုတည်းသာမဟုတ်ဘဲ ေျမွးချင်းပေါက်ဖေါ်တွေ ကမ္ဘာမှ အများကြီးဖြစ်လာပါတယ်။

    • thit min

      January 10, 2012 at 11:44 am

      ဆရာမိုးညိုရေကျေးဇူးပါ။
      ကျနော်အနေနဲ့ ဆရာ့ကိုတောင်းပန်ရပါအုန်းမယ်။
      ဆရာ့စာဖတ်ပြီး ဆရာတော့ အကုန်မဖတ်မိဘဲ လွဲသွားတယ်လို့ပြောလိုက်မိပါတယ်။
      တကယ်တော့ ဘယ်သူ့အမြင် ဘယ်ရှုထောင့်မဆို ဆုံမှတ်တခု ကိုဘဲ ရောက်သွားမှာကိုကျနော်တို့သိ
      နေပြီးသားဘဲနော် ဆရာရယ်။အဲဒီတော့ ဆရာလွဲတာလည်းကျနော် ပတ်ဘလစ်ရှ်ဆိုဒ်
      ကိုကြည့်တဲ့အခါ သင်ခန်းစာအနေနဲ့ယူစရာပါဘဲ။ ကျနော့အမှားရှိရင်ခွင့်လွှတ်ပါခင်ဗျာ။
      ——————–
      ဆရာရေ
      ရီစရာတခုပြောရအုန်းမယ်ဗျ။
      အဲဒီ ဒီမိုကရေစီအကြောင်းကို ကျနော် ဆယ်ကျော်သက်အရွယ်က “သူတို့”သင်ပေးလို့ စ ကြားဘူး၊သိခဲ့ရတာပါ။
      အဲဒီ မဆလ ဗဟိုကော်မတီဝင်တွေ ပို့ချတဲ့ သင်တန်းမှာ ပြောသွားခဲ့တဲ့ ဒီမိုကရေစီအကြောင်းအရာတွေဟာ
      ဒီကနေ့ လက်တွေ့ဖြစ်နေပါတယ်။ ပြောလိုတာက (မဆလတံဆိပ်ခတ်ထားပေမဲ့)ခပ်တည်တည်နဲ့ အမှန်အကန်
      တွေ သင်ပေးသွားတဲ့ အဲဒီလိုလူမျိုးတွေ မဆလ ခေတ်က ကျနော် တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ဘူးတယ်ဆိုတာပါ။
      သိရက်နဲ့မလုပ်နိုင်တော့လည်း ပြောလို့ရသလောက်ပြောသွားတဲ့သဘောထင်ပါရဲ့ခင်ဗျာ။

  • Zayar kyaw

    January 12, 2012 at 1:18 am

    ခွန်အားသစ်တွေ တိုးပွားလာတာတော့ အမှန်ဘဲဗျာ၊၊ ပိုစ့်တင်ပို ့တဲ့ အစ်ကိုကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျား၊၊

  • ba gyi

    January 12, 2012 at 11:05 am

    ကိုသစ်ကြီးရေ၊ရွာနှင့်ဝေးနေတာအတော်ကြာသွားခဲ့လို့ ၊ခုမှပြန်ဆုံရတော့တယ်ဗျာ။
    အလွန်တန်ဘိုးရှိသော စီမီနာ တွေဖန်တီးပေးလို့ အရမ်းကိုကျေးဇူးကြီးလှပါတယ်၊လေးစားရပါတယ်။
    လူ့ကျင့်ဝတ် ဆိုတာလေးကိုကျနော်သည်လို တွေးမိပါတယ် –
    အကျင့် တွေကို ဝတ်ဆင် ထားတာပါလို့ ပေါ့ ၊ သည်တော့ ကျနော်တို့ အဝတ် ဝတ်ဆင်တာဟာ လုံခြုံဘို့
    အရှက်တရားမဖြစ်ဘို့၊ တစ်ပါးသူကိုယ့်အရှက်ကိုမြင်ပြီး အရှက်ကိုမခံစားရဘို့၊ ရာသီဥတုဒါဏ်ခံနိုင်ဘို့၊ ပိုးမွှားဒါဏ်ခံနိုင်ဘို့ပါပဲ။
    သည်တော့ ကျင့်ဝတ်အပိုင်းမှာ အဓိက အခြေခံ အဲလိုတွေးပြီး ခံယူကာ၊ ကောင်း တဲ့ရည်ရွယ် ချက် ခိုင်မြဲအောင်ထားပြီး၊အဝတ်လိုပဲ အမြဲတန်းကိုယ်ပေါ် နဲ့ နှလုံးအိမ်မှာ ထားရှိဝတ်ဆင်ကြရင် အခြေခံကောင်း တဲ့ လူတွေဖြစ်မှာပါ၊ တစ်ဦးမှ အများအဲလို ခံယူလာရင် ကောင်း တဲ့လူ့အဖွဲ့အ စည်းဖြစ် မှာပါပဲ ခင်ဗျား။ လေးစားစွာဖြင့်။

  • ko Kyaing

    January 12, 2012 at 8:14 pm

    အလုပ်ရှင်ရှိလျှင်တမျိုး မရှိလျှင်တမျိုးလုပ်တတ်ပြီး၊ ဓာတ်ဆီခိုးရောင်းတတ်သော ကားဒရိုင်ဘာ၊

    ဆိုင်ပိုင်ရှင်မသိအောင်ခိုးစားတတ် ခိုးယူတတ်သော စားသောက်ဆိုင်ဝန်ထမ်း၊အစ ရှိသဖြင့် မျက်နှာလွဲ၍

    မရသော လက်အောက်ငယ်သား ဘဝဖြင့်အရိပ်နေနေ အခက်ချိုးချိုး တိုးတတ်မှုထက် လက်တွေ့ခိုးစားရေး ဦးတည်အကျင့်ပျက်နေသော စိတ်ဓာတ်များကိုပြုပြင်နိုင်ရန်။
    မင်္ဂလာပါ အလွန်တန်ဘိုးရှိသောအကြောင်းအရာစီမီနာပါ ကျွန်တော်တို့တွေအတွေးအခေါ်အယူအဆပြောင်းလဲပေးနိုင်တဲ့ဆွေးနွေးချက်တွေပါ ခွန်အားတွေရပါတယ်။ကျွန်တော်ကစားသောက်ဆိုင်မန်နေဂျာပါ ယခုဝန်ထမ်း 60 ကျော်ရှိပါတယ် ယခင်က 100 ကျော်ရှိပါတယ် ကျွန်တော်ဝန်ထမ်းများကိုအလွယ်ဆုံးနဲ့နားလည်အောင်အမြဲပြောပြပေးနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားလိုက်နာနေတဲ့အလုပ်နှင့်ပက်သက်သောခံယူချက်လေးတစ်ခုပါ
    ပထမ -ကျွန်တော်တို့ဟာကျွန်တော်တို့အတွက်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတာပါ မိမိ၏ပုံရိပ်ကောင်းအောင်တည်ဆောက်ရပါမယ် ပိုင်ရှင်အတွက်ဆိုတာ ဒုတိယပါ ဥပမာ Chef တစ်ယောက်ကသူ့ဟင်းပွဲကိုအမြဲကောင်းအောင်ကြိုးစားနေရင်သူ့ကိုအလုပ်ပေးချင်သူတွေများမှာပါ သူလိုချင်သောလစာလည်းရမှာပါ ဒါပေမဲ့ကျွန်တော်တို့တွေက အကြောင်းပြချက်ပေါင်းများစွာနဲ့ (လစာနည်းလို့ ရာထူးမတိုးလို့ ————– ) မိမိတို့တိုးတက်လမ်းကိုမိမိတို့ဖာသာဖျက်စီးနေမိကြတယ် အရင်းရှင် အလုပ်သမားဆိုတဲ့အသုံးမတည့်တော့တဲ့အတွေးအခေါ်လောင်းရိပ်ဟောင်းမှရုန်ထွက်ကြရပါမယ်
    အမှားပါရင်နားလည်ပေးကြပါ

  • လင်းဝေ

    January 13, 2012 at 4:59 pm

    ကိုသစ်ရေ,
    ဒီပွဲတော့ လစ်မိလိုက်တယ်ဗျာ။
    အားလုံးဝင်ဖတ်ပြီး လက်ခုပ်တော့ တီးပေးလိုက်ပါတယ်။
    အဓိက ကတော့ မြန်မာများ အငုံ့စိတ်ကင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက် မြင့်လာပြီး မိမိကိုယ်ကိုတန်ဖိုးထားမှု ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အလေးထားမှု၊ လူသားဆန်မှုနဲ့အတူ စစ်မှန်တဲ့ မြင့်မြတ်မှုတွေ ရလာအောင် လုပ်ပေးနေတာကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

  • Foreign Resident

    January 15, 2012 at 4:06 am

    ဒီ Comment လေးဟာ ဒီ Post နှင့်လည်း နဲနဲ ဆိုင်မယ်ထင်လို့ ဝင်မန့်လိုက်တာပါ ။

    တိုးတက်တဲ့ Caucasian နိုင်ငံတွေက ပြည်သူ တွေဟာ ၊
    ပြင်းထန်တဲ့ မဟုတ် မခံ သမား တွေ နှင့် ဖွဲ့စည်းထားပါတယ် ။

    မျက်စိရှေ့မှာ မတရားတာတွေ့ရင်
    ကိုယ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင်
    ဝင်ရောက် ပြောဆို ကာကွယ်တတ်ပါတယ် ။

    အဲလို အဖြစ်အပျက်တွေ များလာတော့လည်း ၊
    ဒီလို သူရဲကောင်း ပြည်သူများ အတွက် ၊
    သူနှင့် ထိုက်တန်တဲ့ နိုင်ငံရေး စံနစ်ကောင်းကြီး ပေါ်လာရတာပေါ့ ။

    ရှင်းရှင်းလေးပါ လူညံ့ ပြည်သူ ပြည်သားများ အတွက် စနစ်ညံ့ နှင့်
    လူတော် ပြည်သူ ပြည်သားများ အတွက် စနစ်ကောင်း ၊
    ဒါပါပဲ ။

    Quote
    အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
    လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။

    မှန်တာပြောရရင်
    တရားမျှတမှု ကိုတောင်းဆိုတာ ဆိုတဲ့ အနက် အဓိပ္ပါယ် အပြင်
    အရမ်းလေးနက်တဲ့အနက် အဓိပ္ပါယ် တွေလည်းရှိပါသေးတယ် ။

    လူသား အသိုင်းအဝိုင်းကြီး မှာ လူတစ်ဦးချင်းစီမှာ အချင်းချင်း ယုံကြည်မှုရအောင် ၊
    လူသား အသိုင်းအဝိုင်းကြီး ပေါ်ကိုလည်း ယုံကြည်မှုရအောင် ၊
    လွယ်လွယ်ပြောရရင်
    မတရားမှုတွေကို နောက် ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲအောင် ၊
    လူ့ အသိုင်းအဝိုင်းကြီး မပြိုကွဲအောင် ၊
    ထိန်းညှိပေးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ် ။

    အနှစ်ချုပ်ပြောရရင်
    အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
    ဖြစ်သင့် ဖြစ်ထိုက်တဲ့ ၊ မရှိမဖြစ် လိုအပ်တဲ့ ၊ လုပ်ကို လုပ်သင့်တဲ့ ၊
    ရေရှည်ကိုထည့်သွင်းစဉ်းစားတဲ့ တောင်းဆိုမှု တစ်ခုဖြစ်ပါတယ် ။
    ( အချိန် နှင့် အင်အား ကိုတော့ စောင့်ရမှာပေါ့လေ )

    ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်ဆိုတဲ့ ” သည်းခံ ” ဆိုတဲ့ စကား နှင့် ပါတ်သက်လို့ကတော့ ၊
    တိုင်းပြည် တစ်ခုကို တိုးတက်အောင် တည်ဆောက်တဲ့အခါမှာ ၊
    ” မဟုတ် မခံ ” ဆိုတဲ့ စိတ်ဓါတ် နှင့် စနစ်က
    ” သည်းခံ ” ဆိုတဲ့ စနစ် ထက် ပို အကျိုးပြုပါတယ် ။
    Unquote

  • thit min

    January 15, 2012 at 7:25 am

    Reply (18) to —————————————>

    Zayar kyaw says:
    ခွန်အားသစ်တွေ တိုးပွားလာတာတော့ အမှန်ဘဲဗျာ၊၊
    —————–
    တိုးပွါးလာတဲ့ခွန်အားသစ်တွေကို တိုးသထက်တိုးပါစေကိုဇေယျာရေ။ အောင်မြင်ပါစေ။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ba gyi says:
    လူ့ကျင့်ဝတ် ဆိုတာလေးကိုကျနော်သည်လို တွေးမိပါတယ် –
    အကျင့် တွေကို ဝတ်ဆင် ထားတာပါလို့ ပေါ့ ၊ သည်တော့ ကျနော်တို့ အဝတ် ဝတ်ဆင်တာဟာ လုံခြုံဘို့
    အရှက်တရားမဖြစ်ဘို့၊ တစ်ပါးသူကိုယ့်အရှက်ကိုမြင်ပြီး အရှက်ကိုမခံစားရဘို့၊ ရာသီဥတုဒါဏ်ခံနိုင်ဘို့၊ ပိုးမွှားဒါဏ်ခံနိုင်ဘို့ပါပဲ။
    —————–
    မကောင်းမှုကိုလုပ်ရသည်ကို ရှက်ခြင်း၊ကြောက်ခြင်း၊ဆိုတဲ့ ဟီရိဩတ္တပ္ပတရားကို ရိုးရိုးလေးပုံဖော်လိုက်တာ လှတယ်ဗျာ။
    ကျနော် စကားပြောကြည့်ချင်သူများထဲ ကိုဘကြီးကထိပ်ဆုံးပါ။ခင်မင်လေးစားပါတယ်ခင်ဗျာ။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ko Kyaing says:
    ကျွန်တော်ဝန်ထမ်းများကိုအလွယ်ဆုံးနဲ့နားလည်အောင်အမြဲပြောပြပေးနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားလိုက်နာနေတဲ့အလုပ်နှင့်ပက်သက်သောခံယူချက်လေးတစ်ခုပါ
    ပထမ -ကျွန်တော်တို့ဟာကျွန်တော်တို့အတွက်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတာပါ မိမိ၏ပုံရိပ်ကောင်းအောင်တည်ဆောက်ရပါမယ် ပိုင်ရှင်အတွက်ဆိုတာ ဒုတိယပါ ဥပမာ Chef တစ်ယောက်ကသူ့ဟင်းပွဲကိုအမြဲကောင်းအောင်ကြိုးစားနေရင်သူ့ကိုအလုပ်ပေးချင်သူတွေများမှာပါ သူလိုချင်သောလစာလည်းရမှာပါ ဒါပေမဲ့ကျွန်တော်တို့တွေက အကြောင်းပြချက်ပေါင်းများစွာနဲ့ (လစာနည်းလို့ ရာထူးမတိုးလို့ ————– ) မိမိတို့တိုးတက်လမ်းကိုမိမိတို့ဖာသာဖျက်စီးနေမိကြတယ် အရင်းရှင် အလုပ်သမားဆိုတဲ့အသုံးမတည့်တော့တဲ့အတွေးအခေါ်လောင်းရိပ်ဟောင်းမှရုန်ထွက်ကြရပါမယ်
    ————————-
    ကိုကြိုင်ရေ လေးစားစွာကြိုဆိုပါတယ်။
    လက်တွေ့လုပ်ငန်းလုပ်ကိုင်နေသူတယောက်ရဲ့ ဆွေးနွေးမှုကအရမ်းကိုအဖိုးတန်လို့ကျေးဇူးလွန်စွာတင်ပါတယ်။
    ကောင်းမွန်သော စိတ်ဓာတ်ပိုင်ရှင်တယောက်အနေနဲ့ ကောင်းမွန်သောဘဝတခုကိုပိုင်ဆိုင်ဖို့အတွက်လက်တွေ့ကျ
    တဲ့ လမ်းညွန်မှုအတွက်ကိုကြိုင်ရဲ့ကော်မန့်ကများစွာမီးမောင်းထိုးပြပါတယ်။ကျနော်တို့စကားပြောဖြစ်ချင်ပါတယ်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    လင်းဝေ says:
    အဓိက ကတော့ မြန်မာများ အငုံ့စိတ်ကင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက် မြင့်လာပြီး မိမိကိုယ်ကိုတန်ဖိုးထားမှု ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အလေးထားမှု၊ လူသားဆန်မှုနဲ့အတူ စစ်မှန်တဲ့ မြင့်မြတ်မှုတွေ ရလာအောင် လုပ်ပေးနေတာကို ကျေးဇူးတင်ပါတယ် ခင်ဗျား။
    ———————–
    မိတ်ဆွေကြီးကိုလင်းဝေရေ
    လူသားဆန်တဲ့စိတ်ဓာတ်ပိုင်ရှင်ခင်ဗျားရဲ့ ကော်မန့်နဲ့ လေယာဉ်ပို့စ်ကတော့
    ကောင်းတယ်ဗျို့။ နောက်ထပ် နောက်ထပ်တွေလဲ ဆွဲထုတ်ဆွေးနွေးမှုတွေဖတ်ရအုန်းမယ်လို့မျှော်လင့်တယ်ဗျာ။
    ကျေးဇူးပါနော်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    Foreign Resident says:
    တိုးတက်တဲ့ Caucasian နိုင်ငံတွေက ပြည်သူ တွေဟာ ၊
    မျက်စိရှေ့မှာ မတရားတာတွေ့ရင်
    ကိုယ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင်
    ဝင်ရောက် ပြောဆို ကာကွယ်တတ်ပါတယ် ။
    Quote
    အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
    လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။
    လူသား အသိုင်းအဝိုင်းကြီး မှာ လူတစ်ဦးချင်းစီမှာ အချင်းချင်း ယုံကြည်မှုရအောင် ၊
    လူသား အသိုင်းအဝိုင်းကြီး ပေါ်ကိုလည်း ယုံကြည်မှုရအောင် ၊
    လွယ်လွယ်ပြောရရင်
    မတရားမှုတွေကို နောက် ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲအောင် ၊
    လူ့ အသိုင်းအဝိုင်းကြီး မပြိုကွဲအောင် ၊
    ထိန်းညှိပေးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ် ။
    ————————————–

    ဘရားသား F R ရေ
    တာဝန်ယူတတ်တဲ့ စိတ်ဓာတ်၊
    အမှန်တရားကိုစောင့်ရှောက်အပ်တဲ့ လောကပါလတရား၊
    သီးခံစိတ်ရဲ့အသုံးပြုလွဲမှု၊
    မဟုတ်မခံတတ်တဲ့စိတ်ရဲ့မှန်ကန်တဲ့အသုံးချမှုတွေ
    ကို ခုလိုရှင်းပြပေးတာကျေးဇူးပါခင်ဗျ။

    မဟုတ်မခံစိတ်ကို ဆရာဦးအောင်သင်းကပြောဘူးပါတယ်။ဟုတ်နေရင်ကောခံမှာလားတဲ့။
    ဟုတ်မနေဖို့လိုပါတယ်။ ဟုတ်နေရင်တော့ပြန်မပြောသာခံရပါလိမ့်မယ်။
    အားလုံး မှန်အောင်နေတတ်ဖို့ အပြန်အလှန်ထိန်းညှိရမဲ့အချိန်ကိုရောက်လို့နေပါပြီ။
    ကျနော် တော်တော် စောစောကတည်းကပြောခဲ့ဘူးပါတယ်။
    အစိုးရမပြောင်းမှာ မကြောက်ပါဘူး။ ပြည်သူပြည်သားတွေအဆင့်သင့်မဖြစ်မှာကိုစိုးရိမ်တာလို့။

    သူများကို အပြစ်မတင်ခင်ကိုယ့်ကိုကိုယ် ဆန်းစစ်တတ်တဲ့အကျင့်လေးကစပြီး
    ဘရားသားဆွေးနွေးပေးခဲ့တဲ့ အကျင့်တရားတွေကို တည်ဆောက်သွားရမှာပါ။
    ကျေးဇူးပါ။

  • kai

    January 15, 2012 at 7:33 am

    ဒီပို့စ်ကို.. ရှော့ကပ် (လွယ်လွယ်ရှာချင်ရင်..Category > Mandalay Gazette > Editor’s Choice မှာရှာနိုင်ကြောင်း..)

Leave a Reply