251211N+ ၂၁ရာစုဆန္ဒန်ဆင်မင်း နှင့် သောနုတ္ထို ဇာတ်

natureDecember 25, 20111min19514

ကျွန်တော်တို့ မြန်မာပြည်သားများဟာ ဆန္ဒန်ဆင်မင်း ဇတ်ကိုတော်တော်များများ သိကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အကျီစားသန်ရန်များဆိုတဲ့အတိုင်း ချစ်ခင်သောစိတ်နဲ့ သူရဲ့ မိဘုရာကြီးကို ခါချဉ်ထုတ်နဲ့ စနောက်လိုက်မိတဲ့ ဆန္ဒန်ဆင်မင်းကြီးဟာ အညိုးကြီးလှတဲ့မိဘုရားကြီးရဲ့ နောက်ဘဝမှာ ကလဲ့စားခြေတာကိုပြန်ခံလိုက်ရတဲ့အကြောင်းလေးပါ။ မိဘုရားကြီးဟာလည်းဆင်မင်းရဲ့အစွယ်လည်းရရော ရင်ကွဲနာကျပြီးသေတယ်လို့ဆိုပါတယ်။

နောက်ဘဝမှာ တိုင်းပြည်တပြည်က မိဘုရားဖြစ်သွားတဲ့ ဆန္ဒန်ဆင်မင်းရဲ့မိဘုရားဟာ ဆင်မင်းကို ကလဲ့စာခြေဖို့အတွက် ဆင်မင်းရဲ့အစွယ်ကို လိုချင်ကြောင်းဘုရင်ကြီးကို မရမက အတင်းပူဆာတော့ ဘုရင်ကြီးက ဆင်မင်းရဲ့အစွယ်ကိုယူဖို့အတွက် သောနုတ္ထို အမည်ရှိသော ကျွမ်းကျင်လိမ္မာသောမုဆိုးကိုလွှတ်ပါတယ်။ တကယ်တန်းယှဉ်ပြိုင်ရင်ဆင်မင်းရဲ့ အင်အားကို မယှဉ်နိုင်တာကြောင့် ဆင်မင်းရဲ့အားနည်းချက်ဖြစ်တဲ့ သံဃာတော်များကို ကြည်ညိုလေးစားပြီးသတ်ဖြတ်ခြင်းမပြုတဲ့ ဘုရားအလောင်းဆင်မင်းရဲ့ ကြီးမားတဲ့ခန္တီပါရမီကို အခွင့်ကောင်းယူပြီး အသုံးချခဲ့ပါတယ်။ ဘုရားအလောင်းဆင်မင်းဟာ သူရဲ့ရန်သူကို သတ်ရန်ကြည့်လိုက်သောအခါ သူယုတ်မာမှန်းသိသော်လည်း မြင့်မြတ်သော သင်္ကန်းကို ဝတ်ရုံထားသောကြောင့် ၎င်း အရင်ဘဝက သူအားအညိုးကြီးခဲ့သောသူချစ်သော မိဘုရားကြီးစိတ်ပြေစေရန်အတွက်၎င်း ခန္တီပါရမီပြည့်သူဖြစ်သဖြင့် မိမိအသက်ကိုစတေးခါ မိမိ၏ အစွယ်ကို အလွယ်တကူပေးခဲ့လေသည်။ သို့သော်…..

ကျွန်တော်စဉ်းစားမိသည်မှာ  အကယ်၍ သောနုတ္ထို သွားဖြတ်သောဆင်စွယ်သည် ဘုရားအလောင်းဆင်းမင်းမဟုတ်ပဲ ပုထုဇဉ်ဆင်မင်း၏ အစွယ်ကို သွားဖြတ်ခဲ့သော်……..

ဖြစ်ပေါ်လာသောအကျိုးဆက်ပေါ်တွင်-

ပုထုဇဉ်ဆင်မင်း၏ အပြစ်ပိုကြီးပါသလော..

သောနုတ္ထို၏ အပြစ်က ပိုကြီးပါသလော..

မည်သူတွင်အပြစ်ရှိလေသနည်း။

 

 

https://myanmargazette.net/50763/creative-writing/my-thinking-different

14 comments

  • ငပေါက်ဖော်

    December 25, 2011 at 5:43 pm

    ပုထုဇဉ် ဆင်မင်းဆိုလျင်တော့..ငြိမ်မခံဘူးလေ..
    မုဆိုမိန်းမ မုဆိုးမ ဖြစ်သွားလိမ့်မယ် ခင်ည
    😆

  • windtalker

    December 25, 2011 at 7:28 pm

    “သာနုတ္ထို သွားဖြတ်သောဆင်စွယ်သည် ဘုရားအလောင်းဆင်းမင်းမဟုတ်ပဲ ပုထုဇဉ်ဆင်မင်း၏ အစွယ်ကို သွားဖြတ်ခဲ့သော်……..”
    ပုထုဇဉ် ဆင်မင်း သည် သေရုံသာ ရှိမည်
    သောနုတ္ထို တွင် ပါဏာတိပါတာ ကံ ထိုက်မည် ။
    ထို ့ပြင် ဆင်စွယ်များ ကို မှောင်ခို ဝယ်ယူဖောက်ကားနေသူ ငမြောက်ကျော် မှာ မူ လွန်စွာချမ်းသာသွားလေသတည်း ။

  • MaMa

    December 25, 2011 at 7:28 pm

    ပုထုဇဉ်ဆင်မင်းဆိုလျှင်တော့ မုဆိုးဆင်နင်းခံရလေသတည်းပေ့ါ။

  • thit min

    December 25, 2011 at 9:05 pm

    ကျနော် စဉ်းစားတာကတမျိုးဗျ။
    အစွယ်ဖြတ်ခံ(ကိုယ်ဟာကိုလွှယူပြီးဖြတ်တာလို့စာအုပ်မှာဖတ်ဖူးတာဘဲ)ပြီးသေတာသိပ်လက်မခံချင်ဘူး။
    လွှနဲ့ချော်ထိုးမိတာလဲပါပေမဲ့ မသေလောက်ဘူးပေါ့နော်။ ရင်ကွဲနာကျပြီးသေတယ်ဆိုတော့ Heart-attack
    အဲဒီလိုဖြစ် မယ် ထင်ရဲ့ဗျာ။

    • Sai Mya Too Gyar

      December 26, 2011 at 10:54 am

      အစွယ်ဖြတ်ခံရတာ တမျိုးတည်းကြောင့် ဆုံးတာမဟုတ်ပါဘူး။ ဒီ့အရင်မှာ မုဆိုးက ဂလိုင်ဖောက်ပြီး အောက်ကနေပြီး မြှားနဲ့ခွင်းလို့ ချက်ကနေဝင်ပြီး ကျောကနေထုတ်ခြင်းဖောက်တဲ့ဒဏ်က အဓိကပါ။ အဲဒီမှာကိုက အတွင်းကလီစာတွေ ထိသွားပါပြီ။

  • ကျနော်စဉ်းစားမိတာတော့ သွေးလွန်သေတာဖြစ်မယ်ထင်တယ်။
    အလောင်းတော်ဆင်မင်းမဟုတ်ဘဲ သာမန်ဆင်နဲ့သာတွေ့မယ်ဆိုရင်
    သေချာတာတစ်ခုက ဆဒ္ဒါန်ဆင်မင်းဇာတ်ကျနော်တို့ မဖတ်ရတော့ဘူးဗျာ

  • Shwe Tike Soe

    December 26, 2011 at 10:33 am

    ဆင်လဲ မမှားဘူး… မုဆိုးလဲမမှားဘူး.. အညှိုးကြီးတဲ့ မိဘုရား နဲ. မိန်းမကြောက်တဲ့ ဘုရင်မှားတာ..
    အကျိုးအကြောင်းမစဉ်းစားပဲ မိဘုရားလိုချင်တာ ရအောင်ယူပေးမယ်ဆိုတာကို က မှားနေတာ ….

  • ဆူး

    December 26, 2011 at 11:12 am

    သာမာန် ဆင်သာ ဆိုလျှင်တော့ အနားတောင် ကပ်လို့ ရပါ့မလား..
    ဆင်တွေက အနံနိုင်တဲ့ စနစ်သူတို့မှာ ရှိတယ်။
    ကြားဖူးတာတော့ မဟာမြိုင်တောထဲမှာ ဆင်ရိုင်း ၁၃ကောင် ရှိတယ် အုပ်စုဖွဲ့ပြီး သွားနေတာ.. တောလမ်းမှာလည်း ကြည့်လိုက်ရင် ဘေးတဖက် တချက်က ဆင်နင်းထားလို့ ကျိုးကြေ နေတာပဲ..
    သစ်စခန်းမှာ အလုပ်လုပ်တဲ့ ဆင်ယဉ် တွေရောက်လာတော့ ဆင်ရိုင်း အုပ်စုက ဒေါတွေကန်ပြီး တရှူးရှူးနဲ့ နှာတွေ မှုတ်လို့ ဆင်ယဉ်တွေ ကြောက်လန့်တဲ့ အမူအရာပြတယ်လို့ ပြောတာ ကြားဖူးတယ်။
    လူတွေ လာတယ် ဆိုရင် လူနံ့ရလို့ သိတယ် ပြောတယ်။

    • KING

      December 26, 2011 at 11:25 am

      ကျိန်းသေတာကတော့
      ခေတ်သစ် မုဆိုးတွေက
      မမ ဆူး ဆီက သေနတ်ငှားပြီး
      အခုခေတ် ဆင်တွေ ဆီ ချီတက်ကြမယ်
      ပြီးရင် ကိုပေကနေတဆင့် ကိုကြောင်ကြီး ပိုးနေတဲ့ ကောင်မလေးရဲ့ တိုင်းပြည်ဆီ ပို့ပေးပါလိမ့်မယ်
      အဲဒီအခါကျမှ နယ်ခံ မ wei wei ဆီက အကူအညီရယူပြီး မောင် ဂီလေးရဲ့ မာကတ်တင်းနည်းပညာနဲ့ သူဂျီးရဲ့ စွမ်းဆောင်မှုပါ အပါယူပြီး Ebay ကနေတစ်ဆင့် ရောင်းချလိမ့်မယ် ….
      အဲဒီအခါမှာ ကိုကိုသစ်က မြန်မာပြည်မတိုးတက်တဲ့အကြောင်းထောက်ပြလို့ ဦးကြောင်၊ ဦးဘဇင်း ကိုပု၊ ဦးဦးချော၊ ကိုကိုပေါက်၊ ကိုနိုမီ၊ ကို natue အစရှိသဖြင့် လူတွေက ဝိုင်းဝန်းထောက်ပြလို့ ….. မရေးတတ်တော့ဘူးဗျာ …. 😀
      ကျိန်းသတာကတော့ ဘဘဖော်က ငါ့ပုလင်း ဘယ်သူမှ ရိုက်မခွဲရင်ပြီးရောဆိုပြီး …. ရွာရိုးကိုးပေါက်လျှောက်ကာ ဂလု နေပါတော့တယ် ……. 🙂
      (ဘာတွေမှန်းကို မသိပါဘူး … ပို့စ်ကပေးချင်တဲ့ အကြောင်းအရာနဲ့ လွဲချော်သွားတဲ့အတွက် တောင်းပန်ပါတယ် ကို Natue ရေ)

  • Onyx

    December 26, 2011 at 2:38 pm

    သေစေလိုတဲ့ ဆန္ဒ ပါတဲ့သူက အပြစ်ပိုကြီးပါတယ် ။ ဟိုကတော့ သူ့အသက်ကို ရန်ရှာလို့ ကာကွယ်တဲ့ အနေနဲ့ လုပ်တာဆိုတော့ အရင်စတဲ့သူလောက်တော့ အပြစ်ရှိရင်တောင် မကြီးလောက်ဘူးပေါ့ဗျာ ။
    ကျွန်တော် တို့ငယ်ငယ်က ရန်ဖြစ်ရင် အရိုက်ခံရသလို နေမှာပါ ။ နှစ်ယောက်လုံးမှာတော့ အပြစ်ရိုတယ် ဒါပေမဲ့ အရင်ရန်စ သူကတော့ ပိုအရိုက်ခံရတာလိုမျိုးဖြစ်မယ် ထင်ပါတယ် ။

  • char too lan

    December 26, 2011 at 2:55 pm

    ပုထုဇဉ်ဆင်မင်း၏ အစွယ်ကို သွားဖြတ်ခဲ့သော်……..
    မိဖုရားမနပ်လို့အချောင်သေရင်သေ မသေရင် မုဆိုးသေမှာ
    မိဖုရားကသူ့ကိုအင်ဂျီးလာအချဉ်ထဲ့တယ် ဆိုပီး ဆွဲစေ့လိုက်မှာပဲ 😉

    • nature

      December 26, 2011 at 4:07 pm

      အင်ဂျီးကို အပြင်မှာ ဘယ်သူမှတန်ဘိုးမထားပေမဲ့ ရွာထဲက အင်ဂျီးကတော့ လူချစ်လူခင် အတော်ပေါတယ်နော့။ (အင်ဂျီး= အင်ဇာဂီ) 🙂

  • နီကီတာ

    December 26, 2011 at 3:17 pm

    ဪ. ဟိုက ဆန္ဒန်ဆင်မင်းကြီး အစွယ်ကိုမှ လိုချင်ပါတယ်ဆိုမှ

    ဒါနဲ့ စကားမစပ်
    ငယ်ငယ်တုန်းက တွေးမိတယ်
    လင်္ကာဒီပ သူရဲကောင်းစာအုပ်ကို ဖတ်ပြီးတော့
    “အဲမယ်သီတာများ ရာမ မယူဘဲ ဒဿဂီရိယူလိုက်ပြီးရော
    ဟိုက ဒီလောက်ချစ်တတ်တာကိုလို့”

    အခုမှ ဒီပို့စ်ကို ဖတ်မိပြီး ငါ့လို ပြောင်းပြန်တွေးတတ်သူရှိပါသေးလားလို့….. 😀

  • Sai Mya Too Gyar

    December 27, 2011 at 8:14 am

    ပုထုဇဉ်ဆင်လို့ ပြောရင် ဘုရားအလောင်းဆင်မင်းလဲ ပါပါတယ်။ ဘုရားအလောင်းဆင်မင်းလဲ ပုထုဇဉ်ပဲလေ။

Leave a Reply