မြန်မာနိုင်ငံတော်သီချင်းဆိုသောအခါ ကမ္ဘာမကြေဟူသောစကားလုံးပါသည်ကိုမြန်မာပြည်သူားတိုင်းသတိထားမိမည်ဖြစ်ပါသည်။ ထိုကမ္ဘာမကြေ  ဟူသောစကားလုံးသည် ပညတ်သွားရာဓါက်သက်ပါဆိုသကဲ့သို့ တကမ္ဘာလုံး မကျေမနပ်ဖြစ်နေမည်ဟုထင်မြင်ယူဆမိသဖြင့် မနှစ်သက်မိချေ။ မည်သို့မည်ပုံ ထိုစကားလုံးပါလာသည်ကိုတော့မသိပါ။ ကာရန်မိရန်ထည့်လိုက်ရပုံရပါသည်။ ကာရန်မိရန်ထည့်လိုက်သည်ဆိုကလည်း …သာသနာမြေ ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးပေ …ဟုဆိုက ဗုဒ္ဓသာသနာသည်မြန်မာပြည်သူားများ၏  အမွေအနှစ် ဖြစ်သည်ဟူသော အဓိပါယ်ဖြင့် ပိုမိုသင့်လျှော်မည်ဟုထင်မိပါသည်။

NLD ပါတီစတင်တည်ထောင်ခါစက ခမောက်ပုံကိုပါတီတံဆိပ်အဖြစ်ရွေးသောအခါ  ကျွန်တော်သည်ရိုးရှင်းသောခမောက်ပုံကိုရွေး သဖြင့်ရိုးရှင်းလွန်းသည်ဟုအပြစ်တင်မိပါသည်။ သို့သော် သူတို့ဖွင့်သောအဓိပါယ်ကို သိသောအခါတွင် ချီးကြူးမိလေသည်။ ခမောက်သည် လူတို့၏ထိတ်ဆုံးမှ နေ၍ အရိပ်ပေးပြီးအေးချမ်းစေသည်ဟုသိရသောအခါတွင် ချီကြူးမိလေသည်။ ယခုအခါခွပ်ဒေါင်းကိုရွေးမည်ဟု သိရပါသည်။ ခွပ်ဒေါင်းတံဆိပ်သည် ၈၈ အရေးအခင်းတွင်ကျောင်းသားများသုံးစွဲခဲ့သောတံဆိပ်ဖြစ်ပါသည်။ အဓိပါယ်က မည်သို့ရှိပါလေသနည်း။

ခွပ်ခြင်းဟူသည် ရန်ဖြစ်ခြင်း ၊ ဆတ်ဆတ်ထိမခံခြင်း ၊ ရန်လိုခြင်းသဘောများလားဟုတွေးတောမိပါသည်။ ခွပ်ခြင်း ရန်ဖြစ်ခြင်းသည် နိုင်ငံတော်သီချင်းတွင် ပါဝင်နေသောကမ္ဘာမကြေဟူသော အချက်နှင့်လည်း  ကိုက်ညီနေပေသည်။

ဒေါင်း ဟူ သည် ပိုကာဒေါင်းလိုပွဲပြီးခြင်းပေလော ၊ down ဟူသောကျဆုံးခြင်း ကံဆိုးခြင်းပေလာ။

ခွပ်ဒေါင်းဟူသည် ခွပ်လိုက်တိုင်း down သွားသော တိုက်ပွဲတိုင်းကျဆုံးသော အဓိပါယ်ဖြစ်မည်ကို စိုးရိမ်မိပါသည်။

ကျွန်တော်တို့ငယ်စဉ်က ဈေးထဲတွင် ကြက်သားဝယ်လျှင် ကြက်သားဘယ်ဈေးလည်း ။မွေမြူရေးကြက်ဘယ်ဈေးလဲ မေးလေ့ရှိပါသည်။ ယခုအခါတွင်မူ မြန်မာကြက်နှင့် စီပီကြက်ဟူ၍ ခေါ်ဝေါ်သုံးစွဲလာကြပါသည်။ မြန်မာကြက် မြန်မာကြက်နှင့် ပညတ်သွားရာ ဓါက်သက်ပါဆိုသကဲ့သို့ မြန်မာတွေ ကြက်ဖြစ်ကုန်မည်ကို စိုးရိမ်မိပါသည်။ မိန်းခလေးတွေကို” စော် ” ဟု ဘန်းစကားဖြင့်ခေါ်သည်မှာလည်းအချက်တချက်ဖြစ်ပါသည်။

ပစ္စည်းတခုခုဝယ်လို့ဈေးသက်သာရင် ဈေးပေါတယ်လို့ ပြောကြတဲ့သူများပါတယ်။ ပေါတယ်ဆိုတာထက်ဈေးချိုတယ်လို့ ပြောရင်ပိုပြီးအဆင်ပြေမယ်လို့  ထင်မိပါတယ်။

ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်းသောမြန်မာပြည်တွင် ပညတ်သွားရာဓါက်သက်ပါတတ်သဖြင့် လူသားများ အနေဖြင့် ကောင်းမွန်သောစိတ်ဓါက်ဖြင့် ကောင်းမွန်သောစကားလုံးများကို သုံးစွဲကြပြီး ကောင်းမွန်သောအလုပ်များကိုလုပ်ကြသော် ကောင်းလေစွတကား။

 

http://myanmargazette.net/50763/creative-writing/my-thinking-different

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)