“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”

1 ရွှေကြက်ကျဘုရားပေါ်က မြင်ရတာလေးပါ

2 ဘုရားအုတ်ခုံပေါ်က ပိုင်ရှင်မဲ့ပန်းကလေး

3 အနောက်ဘက်လှေခါးအတက်မြင်ကွင်းလေး

4 အောက်ဖက်ကတော့ ရေချိုးဆိပ် သင်္ကြန်မိုးတုံးက လှေခါးလေး

5 ဒါကတော့ ဂီဂီပြောသလို အညွန့်တလူလူလေးပေါ့

6 အညွန့်ပုံကတော့ တူတယ် ဒါပေမယ့် အရောင်ကွာပါတယ်။

7 သူကတော့ အညွန့်တွေပိုပြီးလူတယ်နော်

8 အပင်တွေကြားမှာ စမ်းရိုက်ထားတာ ဆန်းမလားလို့

9 လှေခါးတော့ လေ၊ှခါး ဒါပေမယ့် အခုပိတ်ထားတယ်

 

လှေခါးအဆင်းက မန်းကျည်းပင် အုတ်တိုင်ကြားမှာညှပ်နေတာပါ။

 

 

“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”

 

ရွှေကြက်ယက်ဆိပ်ကမ်းကိုနေ့လည်ပိုင်းရောက်ရောက်ချင်းဘုရားပေါ်တက်လို့မရသေးပါဘူး။

အလုပ်အရင်လုပ်ရတာကိုး။

လေးနာရီထိုးခါနီးလောက်မှအလုပ်ပြိးပါတယ်။

အဲတော့ ဘုရားအောက်ခြေအရင်ရိုက်ရပါတယ်။

ဒီရွှေကြက်ယက်ကို အဝေးကဘဲလှမ်းဖူးနေရတာနှစ်အတော်ကြာပါပြီ။

လာရင်ဖြစ်ရင်လဲ တောင်ဘက်စောင်းတန်းကဘဲတက် ပြီးပြန်တာများပါတယ်။

အခုတစ်ခါတော့ မြောက်ဘက်လှေခါးကနေတက်ဖြစ်ပါတယ်။

အရင်မြေသာနေရာမှာအုတ်ဖိနပ်လုပ်ထားတော့ ရေတိုက်စားတာကိုခံနိုင်ပါတယ်။

 

ရွှေကြက်ယက်ဆိုတာကို မန်းလေးအနီးတဝိုက်ကလူ သိပေမယ့် အဝေးကလူကတော့ သိမယ်မထင်ပါဘူး။

မန်းလေးကန်ပါတ်လမ်းအတိုင်းလာရင် ရွှေကြက်ယက်ဘုရားကိုရောက်ပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာပါ။

ရွှေကြက်ယက် ရွှေကြက်ကျက ညီနောင်ဘုရားပါ။

နန်းတော်ရှေ့ဆရာတင်ရေးတဲ့ “စစ်ကိုင်းတံတား”သီချင်းထဲမှာ

(ရွှေကြက်ယက်ဘုရားဖူးပြီးတော့ စစ်ကိုင်းတံတားကူးတော့မည်)လို့ဆိုထားပါတယ်။

မြစ်ရူခင်းကို လှပစွာခံစားနိုင်သော နေရာလေးဖြစ်ပါတယ်။

အခုပုံတွေကတော့ ဘုရားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးတွေပါ။

 

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(25-12-2011)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။