ဗိုလ်မှူး ဘရှင်၉ရနှစ်မြောက်မွေးနေ့ဆုတောင်းပွဲ

htet wayDecember 25, 20111min732

ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင်ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်(၁၉၁၄-၁၉၇၀)၏၉ရနှစ်မြောက်မွေးနေ့ဆုတောင်းပွဲကို ယနေံ25.12.2011နေံလည်၂နာရီမှာ
ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါဆုတောင်းပွဲကို ကျင်းပရာတွင် ဒေါက်တာလှမြင့် ဒေါက်တာခင်မောင်ဦးနှင့်
ဦးတင်ဦး(တင်ငြိမ်းဦး)တို့က ဦးဆောင်၍ရာပြည့် အကြိုအဖြစ်ကျင်းပခြင်းဖြစ်ပြီး
မအူပင်တက္ကသိုလ်မြန်မာစာဋ္ဌာနမှဒေါက်တာသန်းဝင်း(တွဲပါမောက္ခ)ကအခမ်းနားမှူးအဖြစ်
ဆောင်ရွက်ခဲ့ပါသည်။
သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်မွေးနေ့ဆုတောင်းအခမ်းအနားသို့စာရေးဆရာ ၊ကဗျာဆရာ
များတက်ရောက်ကြသည်ကိုတွေ့ရပါသည်။အစ္စလာမ်အလင်း အယ်ဒီတာချုပ်ဦးမောင်ကိုဂဖာရီ
မောင်သဲနီ၊ဝါးခယ်မမောင်မင်းနိုင်၊ ကဗျာဆရာမောင်ရင်ဆုနှင့် အခြားစာပေပညာရှင်များး၊
ဂုဏ်သရေရှိလူကြီးလူကောင်းများတက်ရောက်ခဲ့ကြပါသည်။
သမိုင်းပညာရှင်ဗိုလ်မှူးဘရှင်ကို ချစ်မြတ်နိုးကြသော ပညာရှင် များတက်ရောက်ကြပြီး
နာမည်ကျော် ကဗျာဆရာကြီးအံ့မောင်က “ပြည်သူ့အတွက်သမိုင်းရေးသူ”ဟူသောကဗျာကို ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။စာရေးဆရာမကြီးခင်ဆွေဦးကအမှတ်တရစကားပြောကြားရာတွင်
ဗိုလိမှူးဘရှင်၏ဆောင်ရွက်ချက်များ အမှတ်ရဖွယ်များကိုပြောကြားခဲ့ပါသည်။
၎င်းနောက် အမျိုးသားစာပေဆုရဆရာကြီးမောင်သန်းဆွေ(ထားဝယ်)က ဗိုလ်မှူး၏သမိုင်းအပေါ်အားထုတ်လုပ်ဆောင်ချက်များနှင့်သူအားကုန်ဘောင်သမိုင်းကိုပြုစုခိုင်း
ကြောင်းကျေးဇူးရှိသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့ပါသည်။
အမျိုးသားစာပေဆု တသက်တာစာပေဆုရဆရာဦးဋ္ဌေးမောင်ကလည်းသမိုင်းဆိုင်ရာနှင့် ဗိုလိမှူး၏ကြိုးစားမူကိုပြောခဲ့ပါသည်။
အမှတ်တရ စာအုပ်ဝေငှပေးပြီး ၎င်းစာအုပ်တွင်ကမာ္ဘသိသမိုင်းပညာရှင်ဇေယျကျော်ထင်
ဗိုလ်မှူးဘရှင်ဟုရေးထားပြီး ဗိုလိမှူး၏ပံ ုတူပန်းချီပါရှိပါသည်။နောက်ကျောဖုံးတွင် ….
“အချင်းချင်းနားလည်ကြမှ သိကြမှထောက်ထားညာတာမူဆိုတာပေါ်လာမယ်
ထောက်ထားညှာတာမှဘာသာတိုင်းရဲ့ချစ်ကြည်ရင်းနှီးမူဆိုတာ ရလာမယ်
ရလာမှကျွှန်တော်တို့ရဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတာရလာမယ်”
ဟူ၍၁၉၉၆ခုနှစ်အင်းစိန်ဂျီတီအိုင် ကျောင်းသားများသို့ အမှာစကားမှဟုဖေါ်ပြပါရှိပါသည်။
အခမ်းအနားတွင် ပြောယဆိုသည့်ထဲမှ မှတ်မိသော၊ကြိုက်သော စကားမှာ….
ရှေးက ဘုရင် အကြောင်းတွေေရေးတာရာဇဝံသ ရာဇဝင်ဖြစ်ပြီးသမိုင်းမဟုတ်ပါ
သမိုင်းဟာနိုင်ငံရေးရဲ့ စုစည်းမူတခုပါနိုင်ငံရေးမပါတဲ့သမိုင်းဟာဝိညာဉ်မရှိတဲ့သမိုင်း
ဖြစ်ပြီးဗိုလ်မှူးဘရှင်ဟာသမိုင်းကိုဝိညာဉ်ရှိအောင်ဆောင်ရွက်သူဖြစ်ကြောင်း….
အစစ်အမှန်မဟုတ်သော၊ အဖြစ်အပျက်ကိုထိမ်ချန်ထားသောသမိုင်းစာသည်
သမိုင်းမဟုတ်။
အဆိုပါ အခမ်းအနားကသိမ်ဖြူလမ်းရှိဟာဂျီမဒေါ်စောရွှေခန်းမ၌ကျင်းပပြုပ်ခဲ့ ကြကြောင်း
သတင်းရရှိခဲ့ပါသည်။
မှတ်ချက်။ ။၎င်းအခန်းအနားသို့ မည်သူမှမဖိတ်ဘဲအိမ်မဲမှစာရေးဆရာ အစုတ်ကလေး
ခပ်ကုတ်ကုတ်ရောက်ရှိပြီ၊ဆရာဦးစိန်ဝင်းနှင့်အတူထိုင်ပြီး၎င်းခေါ်ဆိုမူဖြင့်သာသတင်းတပုဒ်ရ
ခဲ့ကြောင်းဒုတိယမန်နေဂျာ ဆရာဦးစိန်ဝင်းကိုကျေးဇူးတင်ပါကြောင်း၊။စာရေးဆရာ ဝါးခယ်မမောင်မင်းနိုင် ။ဆရာမောင်သဲနီတို့ လက်တို့ပြီးသတင်းပေး၍သိခဲ့ရခြင်း
ကိုမှတ်တမ်းတင်ကြောင်းပါခင်ဗျား။

2 comments

  • comegyi

    December 25, 2011 at 11:21 pm

    ဝင်ရောက်ဖတ်ရှုသွားပါတယ်
    ကိုထက်ခင်ဗျား
    ခင်ဗျားဆေးခန်းကို တစ်ရက်
    လာခဲ့ပါဦးမယ်
    တီးထိုင်ကြတာပေါ့ဗျာ……

  • htet way

    December 26, 2011 at 7:06 pm

    လာမယ်တနင်္ဂနွေကို ဖုန်းဆက်ပါ ကိုကမ်းဝေး
    ကျွှန်တော်တို့တွေ့ကြမယ်
    သတိရပါတယ် အရမ်းဆုံချင်ပါတယ်
    မနောဖြူလေးကိုလည်းခေါ်ချင်ကခေါ်နိုင်ပါကြောင်း သူငယ်ချင်းတွေ
    တွေ့ဆုံကြတာပေါ့

Leave a Reply