ကိုရီးယား ရေညှိဟင်းရည် easy cook

weiweiDecember 25, 20111min22620

ကျွန်မကတော့ ထမင်းစားရင် ဟင်းရည်တစ်မျိုးမျိုးပါမှ စားတတ်ပါတယ်။ ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေကို ဟင်းရည်ချက်သောက်လေ့ရှိပြီး တစ်ခါတစ်ရံဘာမှအလွယ်တကူမရှိတဲ့အခါမျိုးမှာ ရေညှိဟင်းရည်လုပ်သောက်ပါတယ်။ ရေညှိတွေကို ဝယ်ဆောင်ထားတာမို့ အရမ်းလွယ်ကူလျှင်မြန်စွာချက်စားလို့ရပါတယ်။
city mart ကနေ ဟင်းချိုချက်သောက်တဲ့ရေညှိဝယ်လို့ရပါတယ်။ ကြက်ဥနဲ့ နှမ်းဆီမွှေးရှိရင်ချက်လို့ရပါပြီ။

ဒီလိုပုံပါတဲ့ရေညှိအထုပ်ဝယ်ရမယ်
အဝိုင်းတစ်ဝိုင်းရဲ့လေးပုံတစ်ပုံနဲ့ ကြက်ဥတစ်လုံး
သောက်လို့ရပြီ

အိုးသေးတစ်အိုးစာအတွက် ရေညှိအဝိုင်းတစ်ဝိုင်းရဲ့လေးပုံတစ်ပုံကိုညှပ်ထုတ်ပြီး ရေခဏစိမ်ရပါတယ်။ ရေမစိမ်ရင် သဲအနည်းငယ်ပါတတ်သဖြင့် ရေစိမ်ပြီးမှထည့်တာပိုကောင်းပါတယ်။ ကြက်ဥတစ်လုံးခေါက်ထားတယ်။ ရေနွေးဆူပွက်ချိန်မှာ စိမ်ထားတဲ့ရေညှိ၊ ကြက်ဥနဲ့ ဆားထည့်ပြီး တစ်မိနစ်လောက်တည်ရမယ်။ ပြီးရင် နှမ်းဆီမွှေးဖြန်းလိုက်ရင် စားလို့ရပါတယ် …

လုပ်နည်းမှန်မမှန်တော့ မသိဘူးနော် … တရုတ်ပြည်မှာ စားခဲ့တဲ့အရသာနဲ့တစ်ထပ်ထဲတူပါတယ် … ကိုရီးယားမှာနေတဲ့သူတွေ ဟုတ်မဟုတ် ကွန်မန့်ပေးကြပါအုန်း …

20 comments

  • MaMa

    December 25, 2011 at 8:12 pm

    လွယ်လိုက်တာနော်။ စားလို့လည်း ကောင်းမယ့်ပုံပဲ။
    ဒါပေမယ့် စာရေးသူကို တောင်းဆိုရဦးမယ်။ easy cook ကို စနေနေ့မှာ တင်ပေးပါလို့။
    အလုပ်က တနင်္ဂနွေတစ်ရက်ပဲ ပိတ်တာမို့ စနေနေ့တင်ရင် တနင်္ဂနွေမှာ ချက်စား အိုကေပဲ။ 🙂

    • weiwei

      December 25, 2011 at 8:18 pm

      ဒီနည်းကသိပ်လွယ်တယ်မမ … ရေညှိဖတ်ဝယ်ရတာတစ်ခုပဲခက်တယ် …
      တစ်ထုပ်ကို အဝိုင်း ၂ ချပ်ပါတယ် … တစ်ထုပ်ကို ၈ ခါ ချက်စားလို့ရတယ် … တစ်ထုပ် ၁၈၀ဝ ကျပ်လောက်ပေးရတယ် … မြန်မာအကြိုက်မဟုတ်ပေမယ့် တစ်ခါတစ်လေ အပြောင်းအလဲပေါ့ … အသားကြိုက်ရင် အသားပြုတ်ရည်ထဲထည့်ချက်ရင် ပိုကောင်းပါတယ် …

  • တညင်သား

    December 25, 2011 at 8:38 pm

    ခိုယီးရား မှာတော့ ဟင်းချိုလုပ်သောက်တဲ့ ရေညှိ သတ်သတ် ရှိပါတယ် အစိမ်းပါ ဒီလောက်လဲမပါးဘူး တော်တော်ထူပါတယ်.. သူက ဘာမှအရသာမရှိတော့ ဂဏန်း(သို) ခရု နဲ့ချက်ပါတယ် ပွင့် ပေါင်လုံးလောက်ရှိတဲ့ မုန်လာဥ နဲ့လည်းချက်ပါတယ်.. ဆီမပါ အချိုမှုန့်မပါ ပြီးမှ နှမ်းဆီ အနည်းငယ် (သို့) နှမ်းစေ့အနှည်းငယ် ထည့်ပါတယ်…ပုံ ကြည့်ရတာ သောက်လို့ကောင်းမယ့်ပုံပါပဲ ..ဝေဝေ စတိုင်ပေါ့….:)

  • windtalker

    December 25, 2011 at 8:51 pm

    အားပါး ရှလူး ရှလွတ်
    မြင်ရုံနဲ ့တင်
    စားချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပြီး
    သွားရည်ယို မိတာမို ့
    ဟင်းချက်နည်း ကို
    မှတ်သားသွားကြောင်းရယ်ပါလေ

  • thit min

    December 25, 2011 at 8:57 pm

    ဒီမှာတော့အကုန်ရောပြီးသား ရေနွေးထဲ့ သောက်ရုံဘဲ။
    ပြန်လာရင် တယောက်တခါသောက် အထုတ်ကလေးတွေ”ဝေ” ပေးမယ် သောက်ကြမလား။
    ခင်မင်စွာ (^^)

    • weiwei

      December 25, 2011 at 9:11 pm

      ပိုလွယ်လေ ပိုကြိုက်လေပဲ … 😛
      အလွယ်ဆုံးနည်းလမ်းတွေကိုပဲ အမြဲစဉ်းစားနေတာမို့ ကိုသစ်မင်းပြောတဲ့နည်းလမ်းကို အကြိုက်ဆုံးပါပဲ … 🙂

  • ငပေါက်ဖော်

    December 25, 2011 at 9:06 pm

    ဂလု..ရှလွတ်..
    ကိုလေပွါးရေ..နည်းနိသျှတွေမှတ်ပြီး မိန်းမကို ချက်ကြွေးလိုက်ဦးကွဲ ့

  • zaw min

    December 25, 2011 at 9:07 pm

    ဟုတ်ပါတယ်မဝေမဝေ…ပိုပြီးစားလို့အောင်းကောင် ဂျင်းအအနည်းငယ်ကို အချောင်းသေးသေးလှီးပီးထည့်ပါ၊
    Chicken Stock ကြက်သားမှုန့်အနည်းငယ်ထည့်ပါ၊နှမ်းဆီနဲ့ ငရုတ်ကောင်းအဖြူလေးပါရင်ပိုကောင်းပါတယ်..
    ကိုရီယားနေသူမဟုတ်ပေမယ့် ကျနော်ဆီမှာရောင်းလို့ ထောက်ခံအားပေးလိုက်ပါတယ်..
    Seaweed က ရေစိမ်ပြီးချက်မှကောင်းပါတယ် …များသောအားဖြင့်သဲပါတတ်ပါတယ်။

    • weiwei

      December 25, 2011 at 9:13 pm

      ကိုဇော်မင်း ဖြည့်စွက်ပေးတာကို ကျေးဇူးတင်ပါတယ် …
      မီးဖိုချောင်မှာ menu အသစ်တိုးလို့ရတာပေါ့နော် … အိမ်ရှင်မများသာမက အိမ်ရှင်ထီးများအတွက်လဲ အဆင်ပြေသော ….

  • zaw min

    December 25, 2011 at 9:25 pm

    ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်နှင့်အညီ အိမ်ရှင်ထီးများလည်း ဟင်းချက်တက်ရပါမည်၊
    ကမ္ဘာကျော် စားဖိုမှူးတွေက အိမ်ရှင်ထီးတွေများတယ်နော်…

  • pooch

    December 25, 2011 at 9:29 pm

    လွယ်လိုက်တာ လုပ်စားကြည့်အုန်းမယ် မဝေရေ…

  • koyinmaung

    December 25, 2011 at 10:46 pm

    မဝေရေ…
    တရုတ်ပြည်မှာရေညှိကိုလူတော်တော်များများကြိုက်ကြပါတယ်
    ဒီတိုင်စားလို့ရတဲ့ရေညှိထုတ်လေးတွေတောင်ရှိပါတယ်
    ကျနော်တို့လုပ်တဲ့စက်ရုံမှာဆိုအလုပ်သမားတွေသောက်လို့ရအောင်
    ဟင်းညိုအိုးကြီးထဲမှာရေညှိထည့်ပေးနေကြပါ
    သောက်လို့လဲကောင်းပါတယ်…..

  • hmee

    December 25, 2011 at 10:53 pm

    ရေညှိကတော့ ကြိုက်တယ်။ ဟင်းမချက်စားတတ်လို့ အထုတ်ဝယ်ပြီး ဒီအတိုင်း ကိုင်စားတယ်။ 🙂 စမ်းကြည့်မယ် မဝေရေ။

  • comegyi

    December 26, 2011 at 1:16 am

    လွယ်လိုက်တာ …..လွယ်လိုက်တာ…..
    ဒီတစ်ပါတ်ပိတ်ရက် ဒီဟင်းချိုချက်စားပြီဗျာ
    ကိုယ့်ဘာသာချက်စားတာဆိုတော့
    တစ်နေ့ပြီးတစ်နေ့ ဘာဟင်းချက်စားရမလဲပဲ
    တွေးနေရတာ အလုပ်တစ်ခုပဲ
    အခုတော့ လွယ်ကူတဲ့ဟင်းချိုချက်နည်းတစ်မျိုုးရပြန်ပြီ
    ကျေးဇူးပဲ မဝေရေ့…..

  • YingLamp

    December 26, 2011 at 9:09 am

    ရေညှိက မကြိုက်တဲ့သူကျတော့ လုံးဝမကြိုက်ဘူးနော် .. ကိုယ်တွေက ရေညှိခြောက်တော့စားတယ် .. ဟင်းရည်ကျတော့ ဘယ်လိုမှမကြိုက်ဘူး .. 😀

  • ဆူး

    December 26, 2011 at 10:01 am

    အိမ်မှာတော့ ငါးတလေး တတုံးပြုတ်.. ပြီးရင် အသွားနွင်ပြီး ရေညှိထည့် ဆူ ရင် သောက်တယ်။
    အဲဒိ အပါးလေးတွေလည်း ချက်တယ်။ နောက် တညင်သား ပြောတဲ့ အပင်လေးလို ဟာမျိုး အထူလေးတွေ ရှိတယ်။ အဲဒါလေးတွေနဲ့လည်း ချက်တယ်။ အဲဒီအပင်လေးလိုဟာမျိုးကို စီးတီးမတ်မှာ ဝယ်လို့ ရတယ်။ အဲဒီ အပင်လေးလိုလို အဖတ်ထူထူလေးတွေကို ဝက်သားနဲ့ ချက်လည်း သိပ်စားကောင်းတာပဲ.. ဝက်သားအချိုမှန်သမျှ အရွက်ထဲ ဝင်သွားတာ အရွက်ကြီးပဲ စားတာ.. အိမ်မှာဆို အသားတွေပဲ ကျန်တယ်။

  • Shwe Tike Soe

    December 26, 2011 at 10:42 am

    မမဝေ အခုလို စားစရာပို.စ်တင်တိုင်း ကျွန်တော် အိမ်မှာလုပ်လုပ်စားတာ တစ်ခါ မှ အကောင်းပကတိစားရတယ်ရှိသေးဘူး ဟိဟိ
    အခု ဟာတော့ လွယ်တယ် ကောင်းကောင်းစားရမယ်ထင်တယ်… ဒါမှမရရင်တော့ မမဝေ ချက်ထားတာ ပဲ လာစားတော့မယ် ဟေဟေ 😀

  • ကြောင်ကြီး

    December 27, 2011 at 1:19 pm

    စမ်းကြည့်မယ်ဗျာ။ အသားထည့်ပြီး ခေါက်ဆွဲရောစားရင်လည်း စားပျော်တဲ့ ခေါက်ဆွဲပြုတ် ဖြစ်မယ်ထင်တယ်။။။

  • etone

    December 27, 2011 at 3:51 pm

    မဝေရေ … ရုံးကကိုရီးယားတွေချက်တဲ့ ဟင်းချိုက တမျိုး သိလား … ။
    ရေညှိရွက်တွေကလေ …. ထူးပိန်းပြီး စားလိုက်လျှင် တထုတ်ထုတ်နဲ့ …. ကြက်ကို နူးအိနေအောင်ပေါင်းပြီး ချက်ကြတယ် … မုန်လာဥ အဖြူတွေလည်း အတုံးလိုက်အတစ်လိုက် ထည့်တယ် … ဟီး ။

  • နွယ်ပင်

    December 27, 2011 at 4:02 pm

    မနေ့က အိမ်မှာ ဘယ်သူမှလည်း ရေညှိဟင်းချို ချက်မတိုက်ကြဘူး
    ဒီနေ့တော့ ကိုယ့်ဘာကိုယ်ပဲ မဝေဆီမှာ လာသောက်သွားတယ် …… 🙂

Leave a Reply