ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း)

ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း)

1 ရွှေကြက်ယက် ဆိပ်ကမ်းက ရေချုးိဆိပ်
2 ဘုရားဒုတိယအဆင့်ကနေမြင်ရတဲ့ရေချိုးဆိပ် လုပ်သားတွေက ထင်းဆယ်နေတယ်
3 လှမ်းမြင်ရတဲ့စစ်ကိုင်းတောင် ရုူ့ခင်း
3 ရေချုးိသူ အဝတ်လျှော်သူ အလုပ်လုပ်သူ ခရီးသွာုးဘို့စောင့်သူ အစုံပါဘဲ
4 တူသလို လို မတူသလိုလို လှတော့ လှနေတာပါဘဲ
5 သင်္ဘောအစုလေးနောက်က စစ်ကိုင်းတောင် မြင်ကွင်း
6 ကျနော်ဟိုဘက်မှာကြည့်နေတုန်း သစ်လုံးတွေအများကြီးရသွားပြီ
7အဝေးကိုလှမ်းမြင် ပြာလွင်သောကောင်းကင် စိမ်းမြသော စိုက်ခင်း ညိုမှောင်သောရေပြင်
8 ရေလည်မှာလှေငယ်လေး အဝေးမှာတော့ သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းတော့ မဟုတ်ဘူးနော်
9 အပေါ်စီးရိုက်ချက် ရေချိုးဆိပ်ကိုပြောတာပါ
10 ကျနော်စိတ်တိုင်းကျသောပုံလေးပါ ခုန်ချလို့တော့ မဖြစ်ဘူးနော်

“ရေချုးိဆိပ်………………….. ရွှေကြက်ယက်”

 

ဧရာဝတီဆိုတာ သူ့ကမ်းနံဘေးမှာနေသူတွေအတွက်တော့ မရှိမဖြစ်။

သယ်ယူပို့ဆောင်ရေး၊

စိုက်ပျိုးရေး၊

သုံးစွဲရေး ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေအသုံးဝင်ပါတယ်။

ဒီထက်မကဘဲ ကြည့်မဝရူ့မဝ စိတ်ချမ်းသာစေတဲ့မြင်ကွင်းတွေကိုလဲပေးစွမ်းနိုင်ပါသေးတယ်။

 

မြစ်နားမှာနေသူကတော့ ရေချုးိရင် အဝတ်လျှော်ရင် ဧရာဝတီရင်ခွင်ထဲပြေးဝင်လိုက်ကြတာပါဘဲ။

ကျနော်တို့လဲမြစ်နားမှာမနေပေမယ့် မြို့ထဲမှာရေရှားရင် ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ်

ဧရာဝတီမြစ်ထဲသွားရေချုးိခဲ့ကြပါတယ်။

 

“ရေချိုးဆိပ်”ဆိုတဲ့ဝင်းဦး ဆိုခဲ့တဲ့သီချင်းလေးကတော့ အင်မတန်လှပသော

စာသားများနဲ့ဖွဲစည်းထားတဲ့ဆရာမြို့မငြိမ်းရဲ့လက်ရာကောင်းလေးပါ။

“အိပွဲ့ အိပွဲ့ ငှက်သမ္မာန်ခတ်သွားတယ်………..

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။

တစ်စုတစ်ဝေးလုံမငယ် ကျိတ်ပုန်းစားကြတယ်၊

ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံး ပြုံးကြတယ်

ကုန်းပေါ်ကလူပျိုလေးရယ် ဘာကိုငေးလဲသိနိုင်တော့ဘူးကွယ်” တဲ့

မျက်စေ့ထဲမြင်လာအောင်ပုံဖော်ထားပါတယ်။

ရွှေကြက်ယက်ဆိပ်ကမ်းရောက်တော့ ဆရာငြိမ်းလိုပုံမဖော်တတ်တော့

လက်ဘဲဆော့လိုက်ပါတယ်။

မလှပေမယ့် အမှတ်တရပေါ့နော်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(26-12-2011)

 

9 comments

  • ငပေါက်ဖော်

    December 26, 2011 at 10:31 am

    ရေချိုးဆိပ်မှာ ရေချိုးနေကြတဲ့ ရှုခင်း အ ပြင်
    ရေချိုးခန်းမှာ ရေချိုးနေကြတဲ့..မြင်ကွင်းလေးလဲ တင်ပါဦးခင်ဗျ

    • windtalker

      December 26, 2011 at 12:29 pm

      ကိုပေါက် ရန်ကုန် ရောက်ရင်
      ပေါက်ဖော် ဆီ သွားဗျို ့
      ရေချိုးခန်းမှာ ရေချိုးနေကြတဲ ့မြင်ကွင်း ရိုက်ဖို ့
      သူ အကုန်ကူညီမှာ
      အသေအချာဘဲ..ဟဲဟဲ

  • etone

    December 26, 2011 at 11:20 am

    လေးပေါက်ရေ … ရေချိုးဆိပ်မှာ ရေသာချိုးရလျှင်တော့ .. အပူရှပ်နိုင်တယ်နော် … ။
    ဟာလာဟင်းလင်း နေပူပြင်ကြီးမှာ ရေလောင်းလိုက် နေပူလိုက်နဲ့ .. ဟီးဟီး .. 😀
    နောက်တခု တွေးမိသေးတယ် …ကိုယ်ချိုးတဲ့ရေ .. ဒီရေကိုပဲ ပြန်ချိုးရနေသလို ဟီးဟီး … ။
    နောကြ်ပီး မြစ်ကမ်းပါးမှာ တချို့က အိမ်သာလေးတွေလည်း လုပ်ကြသေးတယ်ဆိုတော့ …. 😛

    ရွှေလောင်းမြို့လေးကို ကလေးအရွယ်က ရှင်ပြုလုပ်လို့ ရောက်ဖူးတယ် … ဧရာဝတီမြစ်ထဲဆင်းပြီး .. ရေချိုးရတာ … ။ အဲ့ဒီတုန်းကတော့ .. ရွံရကောင်းမှန်းမသိခဲ့ဖူး .. ဟီး 😀

  • နီကီတာ

    December 26, 2011 at 11:42 am

    ရောက်ဖူးချင်လိုက်တာနော်….. 😀

  • mihninlay

    December 26, 2011 at 1:53 pm

    တစ်ခေါက်သီတင်းကျွတ်လပြည့်တုန်းကရွှေကြက်ယက်ဘုရားဖူးသွားရင်း
    အဲနားကရေချိုးဆိပ်မှာရေဆင်းကူးကြသေးတယ်
    အရမ်းပျော်ဖို ့ကောင်းတာပဲ

  • စုံ စုံ

    December 26, 2011 at 4:09 pm

    ရေတော့မချိုးချင်ဘူး
    နေညိုချိန် ကမ်းအစပ်မှာထိုင်ပြီး ရေဆော့ချင်တယ် 😛

  • မြစ်ရေဆိုတာ နွေမှာအေးပြီးဆောင်းမှာနွေးပါသတဲ့။
    ဆောင်းမှာရေငွေ့တွေထနေတဲ့မြင်ကွင်းက တကယ်ကိုလွမ်းစရာ………….

Leave a Reply