ကျွန်တော်တို့နိုင်ငံမှာ တစ်ဖြေးဖြေးနဲ့ ဒီမိုအရေစီရဲ့ အငွေအသက်လောက်တော့ မြင်နေရပြီလို့ ထင်ပါတယ်… တဖြေးဖြေးလည်း အဲ့ဒီစနစ်ကို အရောက်လှမ်းနေတယ်လို့ မြင်ပါတယ်… အစိုးရပိုင်းကလည်း ပိုမိုဖွင့်ပေးလာပါတယ်.. စာနယ်ဇင်းလွတ်လတ်ခွင့်လည်း အထိုက်အလျောက် ရရှိလာတယ်လို့မြင်ပြီး .. အကြာသေးသောကာလမှာ အတိုင်းအတာတစ်ခုအထိ တိုးတတ်လာမယ်လို့ ယုံကြည်ပြီး မျှော်လင့်မိပါတယ်.. မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားမှ Company များစွာ လာရောက်လေ့လာကြသလို အရင်က တရုတ်နိုင်ငံကိုသာ အားကိုးပြီး သူ့အရင်းအနှီးတွေ မြန်မာပြည်မှာ မြှုပ်နှံပြီး အကူအညီနည်းနည်း (မရှိသလောက်သာ) ရရာ အခုဆိုရင် ဂျပန်၊ အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံကြီးတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ အကူအညီပေးဖို့ကို လာရောက်နေကြတာ မျက်မြင်ဘကျွန်တော် ဒီပိုစ်မှာ အဓိကပြောခြင်တာကတော့ ကျွန်တော်တို့နိုင်ငံ တိုးတတ်ဖို့ရာ မည်သူ့အကူအညီမှ အားကိုးနေရုံဖြင့် မပြီးနိုင်ပါဘူး။ အဓိကကတော့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေပေါ်မှာဘဲ မှီနေပါတယ်..

ကျွန်တော်မနေ့ညက YouTube ကနေ ဂျပန်မှာ ကင်းကောင်တို့၊ ကုသိုလ်တို့ သွားကတဲ့ အငြိမ့်ကို ကြည့်လိုက်ရတယ်.. အဲ့ဒီအထဲမှာ ကင်းကောင်က ပျက်လုံးပျက်ရင်း သီချင်းတစ်ပုဒ်ဆိုပါတယ်.. အဲ့ဒီသီချင်းဟာ ဘာသီချင်း သီချင်းအမည် မသိပေမဲ့ အလိုက်တော့နည်းနည်းမှတ်မိပါတယ်.. ကြားဖူးနားဝ နည်းနည်းရှိတယ်ဆိုပါတော့.. သီချင်းစာသားက

မည်သူမဆို ကူညီသည်ဖြစ်စေ

မည်သူမဆို မကူညီသည်ဖြစ်စေ

ကိုယ်ထူကိုယ်ထ ကိုယ့်ဘ၀အခြေအနေ

ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ်ပေ

အဲ့လောက်ထိဘဲ မှတ်မိလိုက်တယ်။ ဒီသီချင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိလုပ်ရမဲ့ အခြေအနေနည်း တစ်နည်းတစ်ဖုံ ပတ်သက်နေတယ်ဆိုပြီး ဒီသီချင်းကို တော်တော်သိခြင်လာတယ်.. ဒါနဲ့ ဒီမနက် Google ကနေ စာသားလေးရိုက်ပြီး ရှာကြည့်လိုက်တော့

http://myanmarmp3album.com/2010/03/08/17322/
www.youtube.com/watch?v=nBnCnR_DlC8

ဒီလင့်ကိုတွေ့လိုက်တယ်…

အခုထက်ထိ ဒီသီချင်းကို အထပ်ထပ်နားထောင်နေမိတယ်… ရွာထဲကလူတွေလည်း နားထောင်ရအောင် Share ပေးလိုက်တာပါ..
ကျေးဇူးတင်ပါတယ်..

About kanjosan

has written 30 post in this Website..