မြန်မာနိုင်ငံ၏ဗဟိုချက်ကျောက်တိုင်

myohtatDecember 26, 20111min17111

ပုဂံအနော်ရထာမင်းလက်ထက် မြတ်စွာဘုရား၏ စွယ်တော်ပွားများကို
တန့်ကြည်တောင်၊တုရင်းတောင်၊လောကနန္ဒာ၊ရွှေစည်းခုံစေတီ တို့တွင်
ဌာပနာခဲ့သည် .. နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့နယ်
ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွေတောင်ပေါ်ရှိ ပြက္ခရွေစေတီတော်တွင် ဌာပနာခဲ့သည်။
မြန်မာနိုင်ငံ၏ ဗဟိုချက် အမှတ်အသား ကျောက်တိုင်ကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ
ပြက္ခရွေစေတီတော် အနီးတွင်စိုက်ထူထားပါသည် … ကမ္ဘာ့တည်နေရာပြစနစ်(GPS)တိုင်းတာချက်အရ
မြန်မာနိုင်ငံ အလယ်ဗဟိုချက်သည် မြောက်လတ္တီတွဒ်(21)ဒီဂရီ(12)ဒသမ(695)မိနစ် အရှေ့လောင်ဂျီတွဒ်
(96)ဒီဂရီ(14)ဒသမ(795)မိနစ်တွင် တည်ရှိပါသည်။ ကျောက်တိုင်စိုက်ထားရာ ပြက္ခရွေတောင်သည်
(3750)ပေမြင့်ပါသည်။
မှတ်ချက် ။ ။  ပညာတွေအများကြီးတတ်တိုင်း ဗဟုသုတနည်းသူတွေရှိတတ်သလို ပညာသိတ်မတတ်ပေမဲ့
ဗဟုသုတကြွယ်ဝသူတွေရှိတတ်ကြပါတယ် … တဦးနှင့်တဦး မိမိသိထားတာလေးတွေကို မျှဝေပေးကြတာ
မင်္ဂလာရှိတဲ့ မျှဝေမှု့တွေပါ … မိမိသိထားပေမဲ့ အခြားသူသိချင်မှ သိမှာပါ .. နည်းပညာဆိုဒ်တွေ၊ဗဟုသုတနဲ့
ပါတ်သက်တဲ့ ဓါတ်ပုံတွေ ဗဟုသုတစာပေတွေ အားလုံးဟာ တဦးနဲ့ တဦး မျှဝေပေးကြတာဖြစ်လို့  မျှဝေပေးသူ
တွေကိုတော့ လေးစားစေချင်ပါတယ် .. ငါတတ်ထားပြီးသားတွေပါ … ငါသိထားပြီးသားတွေပါဆိုပြီး ပျက်ရယ်
မပြုသင့်ပါဘူး။    လူတိုင်းကို … အမြဲတမ်းလေးစားစွာဖြင့် ……….

11 comments

  • ငပေါက်ဖော်

    December 26, 2011 at 11:15 am

    မှတ်သား သင့်ပါကြောင်း..ပျက်ရယ် မပြုပါကြောင်းခင်ဗျ

  • windtalker

    December 26, 2011 at 12:22 pm

    ဖတ်ရှူမှတ်သားသွားကြောင်းရယ်ပါ

  • မှော်ဆရာ

    December 26, 2011 at 12:33 pm

    ငါသိတယ်ဆိုပြီး မလှောင်ပါဘူးဗျာ
    ကြားတောင် မကြားဘူးတာကိုး
    အဲဒီလို မြန်မာနိုင်ငံဗဟိုချက်မှာ ကျောက်တိုင်စိုက်တယ်ဆိုတာ ခုမှသိတယ်
    အဲဒီ့မြို့နယ်မှာ နေသူဆိုရင်တော့ ဓါတ်ပုံရိုက်ပြီး တင်ပေးနှိုင်ရင် ပိုတောင်ကောင်းမယ်ဗျ

  • Onyx

    December 26, 2011 at 2:44 pm

    မြန်မာနိုင်ငံဗဟိုချက်မှာ ကျောက်တိုင်ရှိတယ်ဆိုတာ အခုလိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
    မှော်ဆရာပြောသိလိုပဲ ဓါတ်ပုံရိုက်ပြီး တင်ပေးစေလိုပါတယ် ခင်ဗျာ ။ ။
    ဒါမှ လဲ မရောက်နိုင်တဲ့ သူ တွေ မြင်ရမှာပါ ။ ။
    ကြိုးစားပေးကြပါ ။

  • etone

    December 26, 2011 at 4:39 pm

    ပျက်ရယ်လည်း မပြုရဲပါဘူး ကိုယ်တော်လေးရေ… ။ ကိုယ်မှ မသိတာကိုး … 🙄 မသိတာတွေပြောပြလို့ … အသံတိတ်ဖတ်ယုံတင်မက … အသံထွက် (ပါးစပ်ကလည်းတတွတ်တွတ်နဲ့ထွက်ပြီး ) ကော့မန့်တွေ ရိုက်သွားပါတယ် .. ။ ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် … ။

  • amatmin

    December 26, 2011 at 5:03 pm

    ကျေးဇူးပါဗျ..

    မှတ်ထားဖူးသလိုတော့ ရှိသား အသက်လေးရလာတော့ မေ့နေပြီ..
    ကျောက်တိုင် ပုံလေးနဲ့ တွဲလျက် ဖတ်ဖူးခဲ့တာထင်တယ်..
    အခုလိုအစလေးပြန်ဖော်ပေးတော့ ကျေးဇူး တင်ထှာ..

  • memeseku

    December 26, 2011 at 9:53 pm

    မောင်မောင်ဇာပျောက်နေသည်
    ကမန့်တောင်မပေးနိ်ုင်တော့ပါ။

    • inz@ghi

      December 27, 2011 at 9:27 am

      ဂီ အိမ်ပြောင်းနေလို့ပါကွယ် ..
      မအားလို့ပါ ….
      သည်မနက်ကတည်းက …ရွာထဲပြန်ရောက်နေ ပါပြီကွယ်

      ခင်တဲ့ ဂီ

  • kai

    December 27, 2011 at 7:25 am

    ဆိုတော့…
    ပဉ္စမမြောက် စွယ်တော်ပွားဌာပနာထားတဲ့နေရာက.. မြန်မာနိုင်ငံရဲ့.. ဗဟိုချက်ဖြစ်နေတယ်လို့ ဆိုလိုချင်တာလား..။
    မှတ်ချက်။ ။ ပညာရပ်တို့မည်သည်.. အဆုံးမရှိ..။ ပညာရပ်တို့တွင် အပြစ်လည်း မရှိ၊
    ဆိုင်ရာသူတို့ ဖြန့်ဝေ၊ကိုးကား၊ အသုံးပြုခြင်းအပေါ်တွင်သာ အပြစ်ဖြစ်စေသည်။ 😆
    http://www.geomidpoint.com/?l=21.913965&n=95.956223&a=Myanmar&cl=21.91397&cn=95.95622&z=15&x=0&c=0&p=1&r=0&w=0

    • inz@ghi

      December 27, 2011 at 9:29 am

      သဂျီး …သဂျီး …..
      ဂျီယို မစ်ပွိုင့်နဲ့ကို သမတဲ့ သဂျီး ….
      မီလွယ်ဝူး….

      ဒက်ဂလောက် ဒက်ဂလောက်….

  • myohtat

    December 27, 2011 at 9:25 am

    ကျွန်တော်သိတာလေးကို မျှဝေပေးတာပါ .. အမှားရှိခဲ့ရင်ခွင့်လွှတ်စေချင်ပါတယ် ..
    လိုအပ်တာလေးတွေကိုလည်း ဖြည့်စွက်ပေးကြပါ … ကျေးဇူးတင်ပါတယ် …

Leave a Reply