သစ်ခွချစ်သူတို ့စိတ်ကြည်နူးစေဖို ့ နှစ်သစ်လက်ဆောင်(၃)

mandalarthuDecember 26, 20112min12713

ဒီနေ ့တော့ သစ်ခွပန်းလေးတွေ ကြည ့်ရင်း စိတ်ကြည်လင်ရတယ်ဆိုသူများ၊

ကြည် ့ရတာ အားမရသေးဘူး ဆို သူများနှင် ့

နှစ်သစ်မှာ ပျော်ရွှင်စေဖို ့ဂေဇက် အဖွဲ ့ ့သား အားလုံးအတွက်

ရောင်စုံ ဆန်းပြား သစ်ခွလေးတွေရဲ ့ သဘာဝ အလှ တရားတွေ ကို

ဆက်လက် ပြီး ကြည် ့ရှု ခံစား နှစ်သက်ကြည်နူးနိုင်စေဖို .

နှစ်သစ်ကူး လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နှစ်သစ်မှာ ဂေဇက်ချစ်သူ အပေါင်း ပျော်ရွှင် ချမ်းမြေ  ့ကြပါစေ။

 

 

13 comments

  • ငပေါက်ဖော်

    December 26, 2011 at 11:42 am

    လှ၏..ချော၏.
    သစ်ခွအလှမပျက်အောင် ဆက်လက် ထိန်းသိမ်းနိုင်ပါစေနော့
    စကားမစပ်..
    သစ်ခွက မြေကြီးပေါ်မှာကောစိုက်လို ့ရလားခင်ဗျ

  • windtalker

    December 26, 2011 at 2:05 pm

    ဓါတ်ပုံထဲက ပန်းတွေ ကို တော့ မြင်ဖူးပြီးသွားပြီ
    အပြင်မှာ မြင်ရဖို ့ကတော့
    ဝင်းစပါယ် မှာ ငါးဒုက္ခကြော် သွားစားရင်းနဲ ့ကြည့်ရမှာဘဲ

    • mandalarthu

      December 27, 2011 at 10:23 am

      ကိုပေါက်ဖော်ရေ
      သစ်ခွထဲမှာ ပန်းအိုးထဲမှာမြေကြီးထည် ့ပြီး စိုက်လို ့ရပါတယ်။အဲလို သစ်ခွပင်တွေ က ဈေးနည်းနည်းတော ့ကြီးတယ်။
      တကယ်က သစ်ခွက သူ ့ရဲ ့အမြစ်တွေ ကတဆင် ့ လေနဲ ့ရေ ကို ၇ရင်ရှင်သန်တာမို ့အိုးနဲ ့ထည် ့ပြီးလေထဲမှာဘဲ စိုက်ကြတာများတယ်။
      ကိုပေေ၇
      ဝင်းစံပါယ်နားမှာ လဲ သစ်ခွခြံ တခြံ ရှိပါတယ်။ ရှမ်းထမင်းစားရင် းငေးပေါ ့နော်။

  • hmee

    December 26, 2011 at 2:26 pm

    ပံ(၃၊၈) ကပန်းအဝါရောင်လေးကို မြင်တော့ မင်္ဂလာဆောင်တုန်းက အချိန်ကို ပြန်သတိရတယ်။ ဝတ်ချင်တာက ရွှေအိုရောင်။ အရောင်တူ ပန်းက ဝယ်မရဘူး။ ပန်းတွေတုံးတဲ့အချိန် ဆောင်တာကိုး ဘယ်ရမတုန်း။ ဖန်စီလေးတွေ ခေတ်စားနေတယ် ဖန်စီပဲပန်ပါလို့ ဝိုင်းပြောတာတောင်မရဘူး သစ်ခွ အဝါပဲ ပန်မယ်ပေါ့ စိတ်ကြီးတာ။ ရန်ကုန်တမြို့လုံး မရောက်တဲ့ ပန်းခြံမရှိလေအောင် ရှာပုံတော်ဖွင့်တာ နောက်ဆုံး ပန်းပြပွဲမှာမှ သွားတွေ့တယ်။ ဒါတောင် အပွင့် ၄ဝလုံး အရောင်တူမရဘူး ခပ်ဆင်ဆင်လေးတွေပဲရတယ်။ သစ်ခွ ဘယ်လောက်ကြိုက်လဲဆို နှစ်ဖက်အမျိုးတွေ အကုန်လုံး ပြောစမှတ်ပြုအောင်ကို ဖြစ်ခဲ့တာမို့ အမှတ်တရပဲ။ 🙂

    • mandalarthu

      December 26, 2011 at 11:03 pm

      မှီရေ …….
      ဟားဟား…..မှီရဲ ့သစ်ခွဇာတ်လမ်းလေးကို သိရတော ့မပြုံး ဘဲ မနေနိုင်အောင် ဖြစ်ရတယ်။
      မှီရဲ ့အမှတ်တရ များစွာထဲ က အမှတ်တရလေးတခု ပေါ ့မှီေ၇..။သစ်ခွချစ်သူမှီ တစ်ယောက်
      ဘဝရဲ ့ထူးခြားတဲ ့နေ ့လေးမှာခက်ခက်ခဲခဲ ရှာပြီး ပန်ဆင်ဖြစ်သွားတာ ကို အရမ်းဝမ်းသာပါတယ်။
      ပန်းအစစ်ကို ပန်ရတာနဲ ့အတု နဲ ့က တခြားစီဘဲနော် ….feeling က မတူဘူး။နောက် ပိုင်း လှ တဲ ့ ဆန်းတဲ ့သစ်ခွ လေးတွေ တွေ ့ရင်မှီအတွက် သတိတရ တင်ပေးမယ်နော်။

  • နီကီတာ

    December 26, 2011 at 3:32 pm

    သစ်ခွဖြူတွေမြင်ရင် စိတ်နာတယ်
    ဘွဲ့ယူတုန်းက လိုက်ရှာတာမရဘူး 🙁

  • koaung

    December 26, 2011 at 3:47 pm

    ရောင်စုံဘောလုံး ရောင်စုံဘောလုံး (အဲလေ) ရောင်စုံသစ်ခွလေးတွေလှပဗျား

    • mandalarthu

      December 27, 2011 at 10:32 am

      နီကီတာရေ ……..သစ်ခွဖြ ူလေးတွေမြင်ရင် အမှတ်တရ လေးးတွေရှိခဲ ့လို ့နှစ်ခြိုက်စွာ ပြုံးလို်က်ပါနော်။ ဘဝမှာ ဖြစ်ခဲ ့ဖူးတဲ ့ ့အလွဲလေးတွေကို ပြန်တွေးမိတိုင်း ပြုံးနိုင်တယ်ဆိုရင်
      နေပျော်တဲ ့ဘဝကို ပိုင်ဆိုင်ပါပြီ။ ရောင်စုံ သစ်ခွလေးတွေက ို အပြည် ့အဝ ကြည်နူးခံစားနိုင်ပါစေ။
      ကိုအောင်ေ၇
      လှပတဲ ့ရောင်စုံသစ်ခွလေးတွေကို ခံစားရင်း ဘဝ အမောတွေ ပြေနိုင်ပါစေ။

  • Shwe Tike Soe

    December 26, 2011 at 4:29 pm

    မန္တလာသူရေ ကျွန်တော့်အိမ်မှာလဲ သစ်ခွပန်းနှစ်ပင် တွဲလောင်းချိတ်ထားတာ ဝယ်လာတုန်းက ပွင့်တဲ့ အပွင့်တွေ ကြွေသွားပြီး ထပ်မပွင့်တော့ဘူး.. အဲဒါ ဘာလုပ်ရမလဲဟင် သိရင်ပြောပြပေးပါလား

  • inz@ghi

    December 27, 2011 at 12:18 am

    အေရင်သီယာ တချို့အကြောင်း ဆွေးနွေးချင်မိတယ်…
    အချိန်ရမှပါဗျာ …

    တအားလှတဲ့ ပန်းပွင့်လေးတွေအတွက် ကျေးကျေးပါနော်…

    ခင်တဲ့…
    ဂီ

    • mandalarthu

      December 27, 2011 at 11:14 am

      ကိုဂီရေ ……..ကို ဂီ အချိန်၇ရင် ဆွေးနွေး ကြတာပေါ ့နော်။
      သစ်ခွမျိုးတွေ အကြောင်း စိတ်ဝင်စားပါတယ်။ သိပ်လဲ မသ်ိလို ့ပါ။အေရင်သီယာအ ကြောင်းလဲ
      မျှဝေပါဦးနော်။

  • tt lay

    December 27, 2011 at 10:14 am

    မန္တလာသူရေ……… ကျွန်မလဲ သစ်ခွပန်းတွေ စမ်းစိုက်ကြည့်တယ်။ ကိုယ်ကိုယ်တိုင်ပျိုးပြီး ပွင့်လာတဲ့ပန်းကြည့်ပြီး ကြည်နူးချင်လို့လေ။ ဒါပေမယ့် အခု သေကုန်ပြီ။ နောက်အားရင် ထပ်စိုက်ဦးမယ်။ အဲဒီလို လှပတဲ့ သစ်ခွပန်းလေးတွေရအောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ သိရင် နည်းလမ်းလေးတွေကို ပြောပြပေးပါဦးနော်။

    • mandalarthu

      December 27, 2011 at 11:10 am

      ရွှေတိုက်စိုးရေ…..
      tt lay ရေ…….
      သစ်ခွပင်လေးတွေ ကို မသေအောင် လေနဲ ့အရိပ်ရတဲ ့နေရာမှာ ထားပြီးစိုက်ရပါတယ်။နေ ့စဉ် တနေ ့တခါရေလောင်းပေးပါ။
      သစ်ခွပန်းလေးတွေကို ပွင် ့စေချင်ရင် ့ ပန်းပွင် ့ဆေး၊ အရွက်ဆေး၊ အမြစ်ဆေး ၊ အပင်အားတိုးဆေးတွေကိုဝယ်ပြီး သူ ့ရက် ပတ်နဲ ့သူ အညွှန်း အတိုင်း လောင်းပေးရပါတယ်။သစ်ခွဆိုင်တွေမှာရောင်းပါတယ်။ဆေးတွေ က နဲနဲဈေးကြီးလို ့ ့အမြဲဝယ်လောင်းဖို ့အဆင် မပြေရင် တော ့ တွေ ့ရှိထားတဲ ့လျှို ့ဝှက်ချက် တခု ရှိပါတယ်။အဲဒါက…….တိုးတိုးပြောပြမယ်။ သစ်ခွဆိုင်ရှင်တွေ ကြားသွားမှာစိုးလို ့…….
      အဲဒါက….တရုပ်ဗားပလက် ကို ဝယ်ပြီး တပင် ကို တပြားစီနေ ့စဉ်ထည် ့ပေးပြီး နေ ့စဉ်ရေလောင်းပေးပါ။ ဆေးတပြားကုန်သွား ရင်နောက် တပြားထည် ့ပေးပေါ ့။တပြိုင်နက် အများကြီး ထည် ့လို ့မရပါဘူးနော်။ အဲဒါဆိုရင် နှစ်ပေါင်းများစွာ မပွင် ့တဲ ့သစ်ခွပင်တောင်
      ပွင် ့လာပါလိမ် ့မယ်။ အိမ်မှာ ကိုယ်တွေ ့နော်။
      ကိုယ်ကိုယ်တိုင် ပျိုးပြီး လှပစွာ ပွင် ့ဖူးလာတဲ ့ပန်းကလေးကို နေ ့စဉ်ကြည် ့ပြီး ကြည်နူးနိုင်ပါစေ။

Leave a Reply