၂၆.၁၂.၂၀၁၁ ပရီးမီးယားလိဂ် ပွဲစဉ်များ

မောင် ပေDecember 26, 20111min9812

မင်္ဂလာပါ သပ္ပူရိသ စာချစ်သူ စာဖတ်သူ အပေါင်းတို ့။
ဒီကနေ ့ည မှာ ကန်ကြမယ့် အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပွဲစဉ်များအကြောင်း ကို ရေးပြချင်ပါတယ် ။
ဖိုက်တာများအတွက် ၊ ကျွန်တော် လေ့လာ သတိပြုမိတဲ့ အချက်တစ်ခု ကို ပြောပြချင်တာကတော့ ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ဝက်ကျော်ကနေ ၊ ဒီနှစ် အခု ပြီးခဲ့တဲ့ ပွဲစဉ်တွေ အထိ ၊ တနင်္လာနေ ့မှာ ကန်တဲ့ ပွဲများဟာ အထက်အောင်ခဲ့တာ များတယ် ဆိုတာပါဘဲ ။ ဂိုးပေါင်း လည်း အထက်အောင်တာ များခဲ့ပါတယ် ။
သည်နေ ့ည ပွဲများထဲ မှ ၊ အကျိုးမြတ် ရရှိစေနိုင်မည့် ပွဲများကို အကောင်းဆုံး ရွေးခြယ်လိုက်ပါသည် ။
ပွဲစဉ်များနဲ ့အချိန်များကတော့
ရး၃ဝ ချဲဆီး – ဖူဟမ်
၉း၃ဝ လီဗာပူး – ဘလက်ဘန်း
။ မန်ယူ – ဝီဂန်
။ ဝက်ဘရွန်း – မန်စီးတီး
။ ဘော်တန် – နယူးကာဆယ်
။ ဆန်းဒါးလန်း – အဲဗာတန်
၂း၁၅ စတုတ် – အက်စတွန်ဗီလာ
*********************
ချဲဆီး (၄) – ဖူဟမ် (၁၃)
ချဲဆီး အသင်းဟာ ပရီးမီးယားလိဂ် ၁ရပွဲကန်အပြီးမှာ ၁ဝနိုင် ၊ ၃သရေ ၊ ၄ရှုံး ၊ ရဂိုး၃၅ ပေးဂိုး၂ဝ ၊ ၃၃မှတ်
ဖူဟမ် အသင်းဟာ ပရီးမီးယားလိဂ် ၁ရပွဲကန်အပြီးမှာ ၄နိုင် ၊ ၆သရေ ၊ ရရှုံး ၊ ရဂိုး၁၈ ပေးဂိုး၂၃ ၊ ၁၈မှတ်
ချဲဆီး အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ နိုင် ၊ နိုင် ၊ နိုင်
ဖူဟမ် အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ နိုင် ၊ သရေ ၊ ရှုံး ၊ နိုင်
ချဲဆီး အိမ်ကွင်းတွင် ဖူဟမ် နှင့် တွေ ့ဆုံခဲ့မှုများမှာ
၂၁.၉.၂၀၁၁ ချဲဆီး ဝ-ဝ ဖူဟမ် (ကာလင်း)
၁၀.၁၁.၂၀၁ဝ ချဲဆီး ၁-ဝ ဖူဟမ်
၂၈.၁၂.၂၀၀၉ ချဲဆီး ၂-၁ ဖူဟမ်
ဈေးအနေအထား ဖွင့်လှစ်မှုအရ ချဲဆီး ၂ဂိုးသွင်းလျှင် ၃/၄ ခန် ့အမြတ်ရမည် ဖြစ်သည် ။
ချဲဆီး နှစ်ပွဲဆက်တိုက် သရေကျထားသဖြင့် နိုင်ပွဲရအောင် ရှာတော့မည် မှာ မလွဲ ။
ဖူဟမ် ပြီးခဲ့သည့် ပွဲတွင် မန်ချက် ကို ဂိုးပြတ် ရှုံးနိမ့်ထားသဖြင့် ယခုပွဲကို ရလဒ်ကောင်းအောင် ကစားမည် မှာလည်း သေချာသည် ။
သို ့သော် လူအင်အားချင်းယှဉ်လျှင် ကွာခြားလွန်းလှသည် ။
ယခုပွဲကို
“““ ချဲဆီး ၂-ဝ ဖူဟမ် ””” ဟု ခန် ့မှန်းထားပါသည်။
*********************
ချန်ပီယံ ခြေစွမ်းဆက်တိုက်ပြန်ရနေသော မန်ယူ ဂိုးမိုးရွာတာ ကို မြင်ကြရမယ်
မန်ယူ (၂) – ဝီဂန် (၁၈)
မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် ၁ရပွဲကန်အပြီးမှာ ၁၃နိုင် ၊ ၃သရေ ၊ ၁ရှုံး ၊ ရဂိုး၄၂ ပေးဂိုး၁၄ ၊ ၄၂မှတ်
ဝီဂန် အသင်းဟာ ပရီးမီးယားလိဂ် ၁ရပွဲကန်အပြီးမှာ ၃နိုင် ၊ ၅သရေ ၊ ၉ရှုံး ၊ ရဂိုး၁၅ ပေးဂိုး၃ဝ ၊ ၁၄မှတ်
မန်ယူ အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ဝီဂန် အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ နိုင် ၊ ရှုံး ၊ နိုင်
မန်ယူ အိမ်ကွင်းတွင် ဝီဂန် နှင့် တွေ ့ဆုံခဲ့မှုများမှာ
၂၀.၁၁.၂၀၁ဝ မန်ယူ ၂-ဝ ဝီဂန်
၃၀.၁၂.၂၀၀၉ မန်ယူ ၅-ဝ ဝီဂန်
ဈေးအနေအထားအရ မန်ယူ ၂ဂိုးသွင်းလျှင် ၁/၄ ဆုံးရှုံးမည် ဖြစ်သည် ။
ချန်ပီယံလိဂ်ကနေ ထွက်ခွါလာရပြီ ဖြစ်တဲ့ မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် မှာ ပွဲတိုင်း အနိုင် ကစားရင်း အဆင့်(၁) နေရာက မန်စီးတီး ခြေအချော် ကို စောင့်နေပါတယ် ။
မန်ယူ ဝီဂန်နဲ ့ကစားခဲ့တဲ့ နောက်ဆုံး၄ပွဲမှာ ၄ပွဲလုံး အနည်းဆုံး ၂ဂိုးအပြတ်နဲ ့နိုင်ခဲ့ပါတယ် ။
ရွန်းနီ ဂိုးပေါက်ပြန်တွေ ့ပြီး ပွဲတိုင်းလို ဂိုးသွင်းနိုင်တာကလဲ မန်ယူ ကို ရွေးခြယ်သင့်တဲ့ အချက်ပါ ။
ဝီဂန်အတွက် ဘယ်လို သက်သာနိုင်မလဲ ဆိုတာ အဖြေရှာလို ့မရ ။
ပြီးခဲ့သော ပွဲတွင် လီဗာပူး နှင့် ဝ-ဝ သရေကစားပြထားသည် ။ အဲဒီရှေ ့ပွဲမှာ ချဲဆီး ကို ၁-၁ သရေ ကစားခဲ့သည် ။
သည်ပွဲမှာတော့ ဝီဂန် လက်လျှော့ချိန်တန်ပြီ ။
ယခုပွဲကို
“““ မန်ယူ ၃-ဝ ဝီဂန် ””” ဟု ခန် ့မှန်းထားပါသည်။
*********************
ချန်ပီယံဖြစ်ဖို ့ပွဲတိုင်း အနိုင်ကစားနေတဲ့ မန်စီးတီး ပါ
ဝက်ဘရွန်း (၁၀) – မန်စီးတီး (၁)
ဝက်ဘရွန်း အသင်းဟာ ပရီးမီးယားလိဂ်၁ရပွဲကန်အပြီးမှာ ၆နိုင် ၊ ၃သရေ ၊ ၈ရှုံး ၊ ရဂိုး၁၉ ပေးဂိုး၂၆ ၊ ၂၁မှတ်
မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်၁ရပွဲကန်အပြီးမှာ ၁၄နိုင် ၊ ၂သရေ ၊ ၁ရှုံး ၊ ရဂိုး၅၃ ပေးဂိုး၁၅ ၊ ၄၄မှတ်
ဝက်ဘရွန်း အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး
မန်စီးတီး အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ နိုင်
ဝက်ဘရွန်း အိမ်ကွင်းတွင် မန်စီးတီးနှင့် တွေ ့ဆုံခဲ့မှုများမှာ
၇.၉.၂၀၁ဝ ဝက်ဘရွန်း ဝ-၂ မန်စီးတီး
၂၂.၉.၂၀၁ဝ ဝက်ဘရွန်း ၂-၁ မန်စီးတီး ( ကာလင်းဖလား )
၂၁.၁၂.၂၀၀၈ ဝက်ဘရွန်း ၂-၁ မန်စီးတီး
ဈေးအနေအထား အရ မန်စီးတီး တစ်ဂိုးဆိုလျှင် ခပ်ပါးပါး ဆုံးရှုံးမည် ဖြစ်သည် ။
ပြီးခဲ့သော နှစ် ဝက်ဘရွန်း ကို ၂-ဝ ဖြင့် နိုင်ခဲ့စဉ် က နှစ်ဂိုးစလုံး ကို ဘလော့တယ်လီ သွင်းခဲ့ခြင်း ဖြစ်သည် ။
ယခုနှစ် ရာသီတွင် ဝက်ဘရွန်းသည် အိမ်ကွင်းထက် အဝေးကွင်းတွင် အနိုင်ရ ခြေစွမ်းပိုပြနိုင် သည် ကို တွေ ့ရသည် ။
ဝက်ဘရွန်း အသင်း ယခုရာသီ ၆ပွဲနိုင်ခဲ့ရာ ၊ ၄ ပွဲမှာ အဝေးကွင်းတွင် အနိုင်ရခဲ့ခြင်းဖြစ်သည် ။
ယခုပွဲစဉ်အတွက် နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ ဒဏ်ရာ ကင်းစင်နေသည် ။
ယခုနှစ် မန်စီးတီး အသင်း ကစားခဲ့သည့် အနိုင်ရလဒ်များကို အသာထားပြီး ၊ လူစာရင်းချင်း ယှဉ်ကြည့်လျှင်ပင် ဝက်ဘရွန်းဘက် ကို ရွေးခြယ်ချင်စိတ်မရှိ ။
ယခုပွဲကို
“““ ဝက်ဘရွန်း ၁-၃ မန်စီးတီး ””” ဟု ခန် ့မှန်းထားပါသည်။
*********************
အကောင်းဆုံး ပွဲစဉ်များကို ထပ်မံတွေ ့ရှိပါက ကွန်မင့်ဖြင့် ထပ်မံ ရေးပါမည် ။
——- ဖိုက်တာအားလုံး နှစ်ကူးအချိန်ကာလ မှာ အောင်မြင်ရွှင်လန်းကြပါစေ ——-

12 comments

  • KING

    December 26, 2011 at 2:24 pm

    “““ ချဲဆီး 3-1 ဖူဟမ် ”””
    “““ မန်ယူ 2-0 ဝီဂန် ”””
    “““ ဝက်ဘရွန်း 0-3 မန်စီးတီး ”””
    အာရှအပျိုများကြိုက်
    ဘွတ်ကီဒိုင်
    ဘိုးတော်ကင်းမှ ခန့်မှန်းသွားသည် ……….. 🙂

  • ကိုရင်စည်သူ

    December 26, 2011 at 2:27 pm

    ချဲဆီ ..
    ဘာဘူး …
    မန်စီးတီ… ကြိုက်ဒယ်..
    ကိုယ့်ဆရာတွေက ခရစ်စမတ်အား
    အားဖြည့်ထားတယ်…
    ဘောမကိုင်ချင်ပေးမဲ့
    ဘောဒိုင်ဖြစ်ချင်တဲ့
    ဘိုးတော်စည်မှ အာလူးဝင်ဖုတ်သွားသည်

    ကိုးဆယ့်ကိုးစားစွာဖြင့်

  • ရွှေဘိုသား

    December 26, 2011 at 2:35 pm

    နောက်ထပ်အကြိုက်တစ်ခုရှိသေးတယ် ကိုပေရေ ဆန်းဒါးလန်း – အဲဗာတန်ပွဲလေ ဆတူပေးထားတယ်
    ဆန်းဒါးလန်း ခြေတက်လာတာမှန်ပေးမဲ့ အဲဗာတန်ကိုကြိုက်တယ်ဗျာ
    ကိုပေရေ ဘော်ဒီ ထုမယ်ဆိုရင်တော့ မန်ယူသာထုလိုက်ဗျာ သေချာတယ် အင်တာနက်ထဲမှာ 2 D ပဲပေါက်တယ် အပြင်မှာဆို 1 -75 လောက်ပဲပေါက်မှာသေချာတယ်
    ဖာဂူဆန်ကြီးကလည်း ဝီဂန်ကို ချီးကျူးထားတာရှိတယ်လေဗျာ သိတယ်မလား အာကြီးတုန်းကလည်း ချီးကျူးပြီး ဆော်ထည့်လိုက်တာ

  • amatmin

    December 26, 2011 at 3:24 pm

    ကိုပေ ရေ

    ဒီညတော့ အမြင့်ပျံနေဆဲ မန်ချက်စတာမြို့ခံ တွေကိုပဲ အားပေးမယ်ဗျို့
    ဒါပေမဲ့ အလန်ပါဂျူးရဲ့ နယူးကာဆယ်လည်း ပြန်လာ လိမ့်မယ်ထင်တယ်..
    အကြိုက်ဆုံး ကအဲဒီ ၃ ပွဲ ဗျာ..
    အရွေးမှား ဖို့တော့ လိုမယ်..ကနေ့ က Boxing Day ဆိုတော့ အသေအကြေ ဆော်ကြ မဲ့ပုံ..

    ဘာပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တာ ကိုယ်ရွေး..ရှုံးရင် ကိုယ့်ဘာသာကိုယ်ပေး 🙂

  • ငပေါက်ဖော်

    December 26, 2011 at 6:23 pm

    ကိုယ်ကြိုက်တာ ကိုရွေးး
    ရှုံးရင် မောင်ပေ ခဏစိုက်ပေး
    အဟေး..ဟေး..

    • windtalker

      December 26, 2011 at 8:28 pm

      အခု လို စိုက်ပေး ဆိုပြီး
      တရားဝင် တောင်းဆိုလာတဲ့အခါကြတော့လဲ
      စိုက်ပေး ရတော့မှာပေါ့ကွယ်
      သေချာ စိုက်ပေးပါ့မယ်….
      နှော်

  • windtalker

    December 26, 2011 at 9:25 pm

    ချဲဆီးကတော့ ၁-၁ သရေ ကျလို ့အပြည့်ဆုံးရှုံးသွားပါပြီ
    မန်ချက်စတာ မြို ့ခံကြီး ၂ဖွဲ ့ကို စောင့်ကြည့်ရတော့မယ် ဗျို ့

    • KING

      December 26, 2011 at 10:33 pm

      ကျွန်တော်မှန်းတဲ့အတိုင်း မန်ယူကတော့ ဖြစ်နေပြီ
      ချဲလ်ဆီးကတော့ တကယ်တီးသွားပြီဗျို့ …
      မန်စီးတီးကတော့ အကြံကြီးသမျှ လှန်တီးဖို့ ဖြစ်နိုင်ပါတော့မလား …
      အဟင့် ဟင့် … ရွှတ်
      🙁

  • ငပေါက်ဖော်

    December 26, 2011 at 9:31 pm

    ဟဲ့..
    မဥပေ..
    အခုမ သတိထားမိတယ်..
    နင့်ဒိတ်က အောက်နေပြီကွဲ ့
    ဒီနေ ့ပဲ ၂၆ ရှိနေပြီ
    ဘယ့်နှယ် “၂၅.၁၂.၂၀၁၁ ပရီးမီးယားလိဂ် ပွဲစဉ်များ ” လာလုပ်နေရသတုန်း

    တယ်..!
    ငါကိုယ်တော်မြတ် အမျက်တော်ရှပြီး နင့်ကိုပေးထားတဲ့. “ဘောအပိုင်စား” ဘွဲ ့ကို ရုတ်သိမ်းလိုက်မှဖြင့် ဘောငတ်နေဦးမယ်

    😆

    • windtalker

      December 26, 2011 at 9:40 pm

      ဟုတ်သား ဟ
      ကျေးဇူးပါ အဆွေတော် ငမျောက်ဆော် ရေ
      အခု ဘဲ ပြင်လိုက်မည့် အကြောင်းရယ်ပါလေ

  • မောင်ပေ
    လောလောဆယ်နောက်ဆုံးသတင်းကတော့
    ဘောက်ဆင်ဒေးမှာ အချဉ်တွေကျွေးသွားတာကတော့ ချဲလ်ဆီးပါဘဲ။
    အထက်ကြေးအောင်မှာဆိုတဲ့ ချဲလ်ဆီးမောင်က တယူသန်တဲ့ဖူလ်ဟမ်ကို
    တစ်သရေ အဖြေပေးသွားတာကြောင့်
    အမယ်မင်း……………….လုပ်ရက်လေခြင်း။
    အိမ်အပြန်လက်ဗလာဖြစ်ပြီမို့
    ဒုူံးဒုံး ဂလွမ် ဂွမ်။
    ဘုန်း ဘုန်း အုန်း………….
    အသံတွေညံပါလို့ မောင်ပေရေ ဒီနေ့တော့ ညစာငတ်ပီကွဲ့ လေး ဟေးဟေးဟေး
    ………………………………………………………

  • windtalker

    December 27, 2011 at 2:36 pm

    ချဲဆီး ၁-၁ ဖူဟမ် ( အပြည့်ရှုံး)
    မန်ယူ ၅-ဝ ဝီဂန် (အပြည့်နိုင်)
    ဝက်ဘရွန်း ဝ-ဝ မန်စီးတီး (အပြည့်ရှုံး)
    ၂ မှား ၁ မှန် ဖြစ်ခဲ့ကြောင်းရယ်ပါ

Leave a Reply