“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”

“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”

 

1 မြစ်ကမ်းနံဘေးက စက်လှေပေါ်က မြင်ရတဲ့ ရွှေကြက်ကျစေတီ
2က ဒီနေရာလေးကတော့ မြောက်ဘက်ခြမ်း ကမ်းစပ်ကမြင်ရတဲ့ ရွှေကြက်ကျစေတီ
2ခဒီလှေကားက တက်ရင်လဲ ဘုရားပေါ်ရောက်တယ် အရှေ့ဘက်စောင်းတန်းလှေခါး
3 အောက်ခြေကမော့ကြည့် မိတဲ့ရွှေကြက်ကျစေတီ

 4 အရှေ့ဘက်လှေကား အတက် ဒုတိယအဆင့်

5 အရှေ့မြောက်ဘက်က တက်တဲ့လှေခါးလေးပါ
6 အထက်ဆုံးအဆင့်ကိုတက်တဲ့လမ်း ဒီနေရာလေးက သင်္ကြန်မိုးရုပ်ရှင်ထဲမှာပါတယ်။
7 ရွှေကြက်ကျ အောက်ဆင့်ကဘုရားနှစ်ဆူ
8 ညနေခင်းဆည်းဆာ မုံရီပြာမှာဖူးမြင်ရတဲ့ စေတီနှစ်ဆူ
9 ပြာလွင်သောကောင်းကင်အောက်မှ စေတီတော်
10 ရွေကြက်ကျဆင်းတုုတော်
12 ဒီလှေကားကတော့ တောင်ဘက် ကို ဆင်းတဲ့လှေကား လူ အတက်များပါတယ်

 

“ကြက်ညီနောင်ထဲက ရွှေကြက်ယက်…………………..”

 

ရွှေကြက်ကျ နဲ့ရွှေကြက်ယက်ဆိုတာကတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာထင်ရှားတဲ့ဘုရားနှစ်ဆူဖြစ်ပြီး

မန်းလေးဘက်ကမ်းမှာရှိပါတယ်။

ရွှေကြက်ကျက မြောက်ဘက် ရွှေကြက်ယက်ကတောင်ဘက်မှာရှိပါတယ်။

ရွှေကြက်ကျကတော့ မြစ်ကမ်းနဖူးမှာရှိလို့ လူအလာများပြီး

မြင်ကွင်းတွေကလဲလှပ ပါတယ်။

ရွှေကြက်ကျဘုရားကိုလမ်းတောင်ဘက်စောင်းတန်းကအတက်များပါတယ်။

လှေဆိပ်ရှိတဲ့အရှေ့မြောက်ဘက်ကတော့ ဘုရားဖူးတွေအတက်နည်းပါတယ်၊

ဒီဘုရားအမြင့်ဆုံးမှာစေတီတစ်ဆူ အဲဒီအောက်တစ်ဆင့်မှာစေတီ နှစ်ဆူပေါင်းသုံးဆူရှိပါတယ်။

ဒီစေတီသုံးဆူနဲ့အရံစေတီကို အဝေးကဖူးမြင်ရတာ ထူးခြားတဲ့ အနေအထားရှိပါတယ်။

စေတီကိုတက်ရာမှာလဲ အဆင့်ဆင့်တက်သွားရင်သုံးဆင့်ရှိပါတယ်။

တစ်ဆင့်ထက်တစ်ဆင့်မြစ်ပြင်ကိုမြင်ရတဲ့အလှက မတူပါဘူး။

ရေကြီးချိန်မှာဆိုရင် ဒီဘုရားအောက်တည့်တည့်က ဝဲ က အတော်လေးလှပါပေမယ့် အန္တရာယ်လဲများပါတယ်။

သင်္ကြန်မိုးရုပ်ရှင်ထဲမှာ အဓိကဇာတ်ဝင်ခန်းတစ်ခန်းကို ဒီဘုရားလှေခါးအဆင်းမှာရိုက်သွားတာဖြစ်ပါတယ်။

ကျနော်ကိုယ်တိုင်လဲ ဒီရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူ အနားက အကြိ်မ်ပေါင်းများစွာ ဖြတ်သွားပေမယ့်

ဘုရားပေါါ်ကိုတော့ အမြဲမရောက်ဖြစ်ပါ။

ဒီတစ်ခါတော့ ကျနော့်စိတ်ဆန္ဒတွေပြည့်ဝသွားပါတယ်။

ကင်မရာမကိုင်နိုင်ခင်က စိတ်နဲ့အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တဲ့ပုံတွေကို အခု

အကောင်အထည်ဖော်လိုက်နိုင်ပါပြီ/

အခုရက်မှာရွှေကြက်ကျကိုရောက်ပေမယ့် ရွှေကြက်ယက်ပုံကိုတော့မရိုက်ခဲ့ရပါဘူး။

နောင်အားတဲ့ရက်မှာ အသေအချာသွားလို့ မှတ်တမ်းတင်ပါအုံးမယ်နော်။

မကောင်းတဲ့ကော်နက်ရှင်ကို အံတုလို့ အားပေးတဲ့ကျနော့်လက်ဆော့ ပရိတ်သတ်တွေကို

ကျေးကျေးပါခင်ဗျာ……………

နောက်တစ်ချက်က မြစ်ကမ်းနဲ့နီးတာ ကရွှေကြက်ကျ ဘုရားဖြစ်ပေမယ့် အများကတော့ ရွှေကြက်ယက်ဆိပ်ကမ်းကို အခေါ်များတော့ ကျနော်တောင် ပိုစ်တင်တာမှားရေးမိတာကို ကို

pyiminlu ကထောက်ပြလို့ အခုအမှားပြင်ပြီး အမှန်ရောက်အောင် ပြန်ရေးတင်ပေးလိုက်ပါတယ်။

ကျေးဇူးတင်ပါသည်။

မှားတာကိုထောက်ပြပေးလို့ပါ။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(27-12-2011)

 

13 comments

  • blackchaw

    December 28, 2011 at 8:59 am

    ကိုပေါက်ရေ ။
    မနက်စောစောစီးစီး
    မင်္ဂလာရှိလိုက်တာဗျာ။
    အိမ်မှာ ဘုရားမကန်တော့ခဲ့လို့
    အခု ကိုပေါက်တင်တဲ့ ဘုရားပုံလေးတွေ
    ဖူးသွားပါတယ်ဗျာ။

  • ဒီရွှေကြက်ယက် နဲ့စစ်ကိုင်း ဧရာက ပုံတွေတင်တဲ့အခါ အစီအစဉ်လိုက်လေးတင်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။
    ဥပမာပြောရရင်
    မြစ်ကမ်းနံဘေးကနေ ဘုရားအခြေ။
    အဲဒီကမှဘုရားပေါ်တက်။
    ပြီးမှ ဘုရားပေါ်ကမြင်ကွင်းပေါ့။
    အခုတော့ တင်ရင်းမျက်စေ့လည်သွားတော့ အစီအစဉ်မကျ ဖြစ်သွားပါတယ်။

  • kyawkoko

    December 28, 2011 at 9:39 am

    ခုတောင် အဲ့ဒီကို သွားချင်လာပီ 🙁

  • စုံ စုံ

    December 28, 2011 at 9:54 am

    လေးပေါက်ရေပုံတွေအတွက်ရှဲရှဲပါနော်
    ဒီဘုရားကသေချာတကူးတကသွားမှရောက်ဖြစ်မှာ
    အခုလေးပေါက်တင်ပေးလိုက်တော့ကိုယ်တိုင်ရောက်သွားသလိုပါဘဲ

  • ငပေါက်ဖော်

    December 28, 2011 at 10:09 am

    မန်းလေး သွားစရာမလိုတော့ဘူး.
    မန်းလေး တစ်မြို ့လုံးကို မစ်ချတာပေါက်က လိုက်ဖ် ပြပေးနေတယ်.

  • pyiminlu

    December 28, 2011 at 10:21 am

    ကိုပေါက်ရေ
    ဘုရားမုဒ်ဦးမှာ ရေးထားတဲ့ ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရား ကိုတွေ့တော့ ကိုပေါက် တကယ်ရိုက်ခဲ့တာ ရွှေကြက်ကျဘုရားဆိုတာ သိလိုက်ရပါတယ်။ ရွှေကြက်ယက်၊ ရွှေကြက်ကျကို တမင် ငြင်းနေတာ မဟုတ်ပါ။ အမှတ်မမှားစေလိုတဲ့ အတွေးနဲ့ပါ။ ကျွန်တော်လည်း ရွှေကြက်ကျကို ရွှေကြက်ယက်လို့ ထင်ခဲ့မိတာပါ။ ခေါ်ကြတာကိုက ရွှေကြက်ယက် ဆိပ်ကမ်းဆိုတော့လေ။

  • windtalker

    December 28, 2011 at 11:48 am

    ဘုရားက အပြန် ၊ အဲဒီဘက် က နာမည်ကြီး ထမင်းဆိုင် မှာ ဝင်မဆွဲ ခဲ့ဘူးလား ဗျို ့

  • ဟုတ်ပါ့ ကျနော်သတိလက်လွတ်ဖြစ်သွားတာကိုထောက်ပြတဲ့ pyiminlu ကိုကျေးဇူးပါ။
    တစ်ချိန်လုံး ရွှေကြက်ကျ ကို ရွှေကြက်လို့ အမူ့မဲ့အမှတ်မဲ့နဲ့ပြောနေမိတယ်။
    ကျေးဇူးပါ။
    ကဲ နောက်ရက်အကုန်ပြင်ပေးပါမယ်နော်။

  • water-melon

    December 28, 2011 at 1:09 pm

    မန်းလေးမှာနေပြီး တစ်ခါမှမရောက်ဘူးသေးဘူးဗျ။
    လေးပေါက် နောက်တစ်ခါဆို အင်းဝ သွားအုန်းမှာလား
    အင်းဝလည်း မရောက်ဖူးလို့။
    ကျေးဇူးပါ။

  • အင်းဝက ပုံတွေ တစ်ခါတင်ဘူးတယ်ဗျာ။
    မယ်နုအုဌ်ကျောင်းကို လဲတင်ဘူးတယ်.
    ထပ်သွားအုံးမယ် ပဟိုရ်စင် ကို ဓါတ်ပုံမရိုက်ခဲ့ရလို့ ။
    လိုက်ချင်ရင်ခေါ်မယ်လေ။
    မောင်ပေနဲ့ချိန်းလိုက်ပေ့ါ။

  • “ဘီလူးကြီး”ogre

    December 28, 2011 at 7:16 pm

    မရောက် မဖူးဘူးပါ
    အကိုပေါက်ကျေးဇူးကြောင့်
    မန်းလေနေရာတော်တော်စုံစုံမြင်ရတာ
    ကျေးဇူးပါဗျို့

  • ကျနော်သွားနိုင်လာနိုင်တုံး
    သွားတဲ့အခွင့်အရေးရတုံး
    လက်လွတ်မခံတဲ့သဘောပါ။
    မသွားမလာနို်င်တော့မှ ငါမလုပ်ခဲ့ရလေခြင်းလို့ နောင်တမရခြင်လို့
    ရတုန်း တွန်းလုပ်ထားတာပါဗျာ။

Leave a Reply