Flash Mob
အဟမ်း……။
Flash Mob ဆိုတာ email နဲ ့ ဆက်သွယ်ပြီးတော့ သတ်မှတ်ထားတဲ့ ရက် ၊ အချိန် ၊ ကြိုတင်ပြီး ချိန်းဆိုထားတဲ့ နေရာမှာ
လူတွေ စုစည်းပြီး ၁ဝ မိနစ်လောက်တောင် မကြာတဲ့ အချိန် အတွင်းမှာ သတ်မှတ်ထားတဲ့ လှုပ်ရှားမှု တစုံတရာကို ပြုလုပ်ပြီးနောက်
တတ်နိုင်သမျှ အမြန်ဆုံး လူစုခွဲလိုက်ကြတဲ့ လူစုလူဝေး…ဒါမှမဟုတ် အဲဒီလို အပြုအမှုမျိုး လုပ်ဖို ့အတွက်ကို ဒီဇိုင်း ထုတ်ထားတဲ့
အဖွဲ ့လို ့ခေါ်နိုင်တယ် ။
အမေရိကန် နိုင်ငံ နယူးယောက်မြို ့ကနေ အစပြုပြီး ဒယ်လက်စ် ၊ ဘော်စတွန် ၊ ဆန်ဖရန်ဆစ်စကို အစရှိတဲ့ မြို ့များ အပါအဝင်
အီတလီ မှာရှိတဲ့ ရိုးမား ၊ ပြင်သစ်က ပါရီ ၊ အင်္ဂလန်က လန်ဒန် ၊ အော်ဇီက ဘီန် ၊ ဂျာမနီက မွီးနန်း (Munich) အစရှိတဲ့
ဥရောပ နိုင်ငံတွေ အထိပါ ကူးစက် ပြန် ့နှံ ့လာခဲ့တယ် ။
Flash Mob ဟာ မိမိကိုယ်ကို ” Cultural Industries Practitioner ” ရယ်လို ့ ကြွေးကြော်ဖွင့်ဟလာတဲ့ အမျိုးသား
တစ်ယောက်ကနေ စတင်လာခဲ့တယ် ။ သူဟာ ၆ လပိုင်း ပထမ အပါတ်ရဲ ့ နေ ့တနေ ့မှာ သူ ့ရဲ ့မိတ်ဆွေ အယောက် ၅ဝ ဆီကို
မေလ်း ပို ့ပြီး ဘရော့ဝေး မှာ ရှိတဲ့ Trinkets point မှာ လူစုကြဖို ့ အကြောင်းကြားခဲ့တယ် ။
သို ့သော်လည်း ဒီ အကြိုပွဲကို ရဲ အဖွဲ ့က သိရှိသွားပြီး အထမမြောက်ခဲ့ဘူး ။
အဲဒီနောက်တော့ ၁ဝ ရက်ကနေ ၂ ပါတ်ကြာလောက် အတွင်းမှာ နယူးယောက်မြို ့တွင်း နေရာ အတော်များများမှာ Flash Mob
လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတော့တယ် ။
လှုပ်ရှားပုံ နည်းစနစ်ကတော့ အလွန်ကို ရိုးရှင်းတယ် ။ ဘီလ် ဆိုတဲ့ လူဟာ သူ ့မိတ်ဆွေတွေဆီကို Flash Mob လှုပ်ရှားမှုမှာ
ပါဝင်ဖို ့ ဖိတ်ခေါ်တယ် ဆိုတဲ့ email ကို ပို ့လိုက်ပြီး သူ ့မိတ်ဆွေတွေကမှ တဆင့် သက်ဆိုင်ရာ မိတ်ဆွေတွေဆီကို ပြန်ပြီး
Forward လုပ်ခဲ့တယ် ။ ချိန်းဆိုတဲ့ နေရာ သတင်းပေါက်ကြားမှုကို ကာကွယ်ဖို ့အတွက် သတ်မှတ်နေရာ ပါတ်ဝန်းကျင်မှာရှိတဲ့
အရက်ဆိုင်တချို ့မှာ ပထမ အဆင့်အနေနဲ ့ လုစုဝေးဖို ့ စီစဉ်ကြတယ် ။
အရက်ဆိုင်တွေမှာ စုမိကြတဲ့ လူတွေဟာ အင်တာနက်ဆိုဒ် Time Zone ရဲ ့ အချိန် နာရီ အတိုင်းကို ကြိုတင်ပြင်ဆင်ပြီး လာကြတယ် ။
ချိန်းဆိုထားတဲ့ လူတွေကို ခွဲခြားနိုင်အောင်လို ့အထူးပြု ဝတ်စုံ ကို ဝတ်ဆင်လာတဲ့ လူက ရိုးစင်းတဲ့ ညွှန်ကြားချက် နှင့် တကွ
လူစုဝေးခြင်း နဲ ့ လူစုခွဲခြင်း အချိန်ကို ရေးမှတ်ထားတဲ့ Card တွေကို လှုပ်ရှားမှုကို တက်ရောက်ကြတဲ့ လူတွေကို ဝေငှတယ် ။
လှုပ်ရှားမှုကို တက်ရောက်ကြတဲ့ လူတွေဟာ အဲဒီ Card ထဲမှာ ပါတဲ့ အချက်အလက် အတိုင်း လုပ်ဆောင်ရုံပါပဲ ။
ဒါပေမဲ့ လူစုခွဲရမဲ့ အချိန်ကို လုံးဝ လိုက်နာဖို ့ လိုအပ်သလို လူစုခွဲရမဲ့ တည်နေရာဟာလည်း တူညီနေလို ့ မဖြစ်ပါဘူး ။
ပထမဆုံး လှုပ်ရှားမှု အစီအစဉ် ပျက်ခဲ့တဲ့ နောက်မှာ ဒုတိယမြောက် လှုပ်ရှားမှုကို 34 Avenue မှာရှိတဲ့ Macy’s Department store
ရဲ ့ Carpet store အရှေ ့မှာ ဖြစ်ပေါ် လှုပ်ရှားခဲ့တယ် ။ လူ အယောက် ၁၀ဝ ရှိတဲ့ တက်ရောက်သူတွေဟာ Love Rugs ကို လာဝယ်ကြတဲ့
လူစုလူဝေးကြီး ပုံစံမျိုး ဖန်တီး လှုပ်ရှားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ လုစုခွဲပစ်လိုက်ကြတယ် ။
တတိယ အကြိမ်မြောက်ကိုတော့ အယောက် ၂၀ဝ ရှိတဲ့ လူတွေဟာ Park Avenue မှာ ရှိတဲ့ Hyatt Hotel ၂ ထပ်မြောက် Lobby ကို သွားရောက်
ပြီးတဲ့ နောက် အတိုင်အဖောက်ညီစွာ ၁၅ စက္ကန် ့လောက် လက်ခုပ်တီးကြပြီး နောက်မှာ လျင်မြန်စွာ လူစုခွဲလိုက်ကြတယ် ။
စတုထ္တမြောက် စုစည်းမှုကိုတော့ အဆင့်အတန်းမြင့် Boutique Street အနေနဲ ့ ပြောင်းလဲလိုက်တဲ့ နေရာမှာရှိတဲ့ ဈေးကြီး ဖိနပ်ဆိုင် မှာဖြစ်တယ် ။
အယောက် ၂၅ဝ ရှိတဲ့ လူစုလူဝေးကြီးဟာ Maryland ကနေ လာတဲ့ ခရီးသွားဧည့်သည်တွေ ပုံစံမျိုး ဖန်တီးပြီး ဖိနပ်ဆိုင်ကို လှည့်ပတ်ပြီး နောက်မှာ
ရုတ်ချည်း လူစုခွဲလိုက်ကြတယ် ။ ဘီလ် က စတင်လိုက်တဲ့ နယူးယောက်မြို ့ရဲ ့ Flash Mob ဟာ Blogger တွေရဲ ့ဖြန် ့ကျက် မိတ်ဆက်မှုနဲ ့အတူ
အင်တာနက်ကနေ တဆင့် လျင်မြန်တဲ့ နှုံးနဲ ့ ပြန် ့နှံ ့သိရှိသွားခဲ့ကြတယ် ။ ဆန်ဖရန်ဆစ်စကို ၊ ဘော်စတွန် အစရှိတဲ့ မြို ့တွေမှာလည်းပဲ သေချာပေါက်ကို
Central Park ရဲ ့ ” အသံသစ် စုဝေးမှု ” စတင်ခဲ့တဲ့ နေ ့မှာပဲ အီတလီက ရိုးမား မှာလည်းပဲ အယောက် ၃၀ဝ ရှိတဲ့ လူစုလူဝေးကြီးဟာ
Shopping Mall အထဲကို ဝင်ရောက်ပြီး အဲဒီမှာ လုံးဝမရှိတဲ့ ပစ္စည်းကိုပဲ မေးမြန်းတဲ့ Flash Mob လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတယ် ။
………………………………………….
Flash Mob ဆိုတာဟာ Flash Crowd ဆိုတဲ့ ရုတ်တရက် လူတွေ စုစည်းတဲ့ အခြေအနေ ဆိုတဲ့ စကားနဲ ့ Smart Mob ဆိုတဲ့ အတူလုပ်ကြတဲ့
လူစုလူဝေး ဆိုတဲ့ စကား ၂ ရပ်ကို ပေါင်းစည်းပြီး အမေရိကန် နိုင်ငံ နယူးယောက်မြို ့ကနေ စတင်ခဲ့တယ် ။
အဓိက အကြောင်းရင်းကတော့ အပျော် သက်သက်ပါပဲ ။
31 comments
nigimi77
December 26, 2011 at 11:14 pm
ကျွန်တော်လည်း ရုတ်တရက် Flash Mob လုပ်ကြည့်တာပါ ။ 😛
pooch
December 26, 2011 at 11:25 pm
အဲ့ဒီလူစုလူဝေးအကြောင်းလေး နိုင်ငံခြား ရုပ်ရှင် ဒရာမာ ဟာသကားလေး တခုမှာ ကြည့်ဖူးတယ်..
မင်းသားက မင်းသမီးကို အဲ့လို လူစုလူဝေးလေး လုပ်ပြီး အဲ့ဒီလူတွေ အလယ်မှာ တောင်းပန်ပြီးလည်သွားတာ ..ဇာတ်ကားနာမည်တောင် မေ့နေပြီ…ပြီးတော့ သူ့လမ်းသူသွားပြီး ကိုယ်ယောင်ဖျောက်သွားကြတာ အခုမှပဲ ဇာတ်ရည်လည်တော့တယ်….
” အကြောင်းအရာသစ်လေးကို ဗဟုသုတအနေနဲ့ မျှဝေတဲ့ ကိုတပ်မ ၇ရတယောက် လာမဲ့နှစ်သစ် မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကာ လိုအင်ဆန္ဒတွေ တလုံးတဝထဲ ပြည့်စုံနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
nigimi77
December 26, 2011 at 11:28 pm
@ Pooch
လူမုန်းများတဲ့ ကျွန်တော့် အတွက် နွေးထွေးပြီး မင်္ဂလာရှိတဲ့ ဆုမွန် လက်ဆောင်အတွက်
ကျေးဇူးတင်ပါတယ် ။
ဦးဦးပါလေရာ
December 27, 2011 at 12:26 am
ကိုရင် နိဂိမိ ကို လူမုန်းမများပါဘူး။
တွေ့မိသလောက် လေးစားတဲ့သူတွေတော့များတယ်။
nigimi77
December 27, 2011 at 12:38 am
ကိုရင်ပါ ကသာ လူမုန်းများဘူး ပြောနေတာ
ဟိုး အပေါ်မှာ Pooch ရဲ ့ ကွန်မန် ့ကို ကြည့်ဦး
သူခမျာ နိဂိမိ ကို ဆုမွန်ကောင်း တောင်းပေးလိုက်လို ့
ဘယ်က အလေနတော ၊ ဂန်ဒူး ၊ ဂျီပုံး ၊ တွမ်ဘွိုင်း ၊ ကုန်းကုန်း က
အသလွတ် လက်သီးပုန်း အနီကတ် ပေးလိုက်လဲ မသိဘူး ။ 🙂
nigimi77
December 27, 2011 at 12:42 am
ဟောဟော ပြောရင်း ဆိုရင်း ကိုရင်ပါ ကွန်မန် ့ပါ နီသွားပြီ ။
ဟေ့…..အခြောက်မ ၊ ဘောပြားမ ၊ ဝက်မ
ပေါ်တင်ပြောလိုက် ဘယ်သူလဲ ဆိုတာကို ။
ဝင်လဲ ဖတ်သေး လက်သီးပုန်းလည်း ထိုးသေး ။
နောက်ထှာ….ခွိခွိ…… ။
နီချင်နီ စိမ်းချင်စိမ်း သဘောပဲ ။
ဦးဦးပါလေရာ
December 27, 2011 at 12:44 am
မများဘူးလို့ သာ ပြောတာဗျ။
တယောက်တလေတော့ ရှိမှာပေါ့နော့။
မဟုတ်ရင် ပျင်းစရာကြီး။ :D:D
ကိုရင်စည်သူ
December 27, 2011 at 2:01 am
ဟေ့လူကြီး တပ်မ ၇ရ ဘယ်သူက ကိုရင့် ခုနစ်ဆယ့်ခွန်ကို
မုန်းနေတာလဲ… အင်း…
ကျနော် ကြိုတင် ဟောကိန်းထုတ်ပေးလိုက်မယ်နော်…
မုန်းနေတဲ့သူတွေကို အပြင်မှာတွေ့ပြီး…
ကိုရင့်ရဲ့ လူချစ်လူခင်များစေတဲ့ တက်တူးတွေကို
ပြလိုက်ပါ…. 😛 😛 စတာဗျာ..
နီဂိမိ ၇ရ က ကျနော် ကြိုက်တဲ့ ဂေဇက်က
ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်ပဲဗျို့…
thit min
December 26, 2011 at 11:38 pm
ဘာ လူမုန်းများတာတုန်း။
ဖတ်လဲ မဖတ်ဘဲ နဲ့။
(^^)ကြည့် အဲဒီမှာ။
http://myanmargazette.net/88277/creative-writing
ခင်မင်စွာ
inz@ghi
December 26, 2011 at 11:44 pm
ဟိတ်လူ ..
ဒါပေါ့သေးသေးမဟုတ်ဘူးနော….
ခံယူချက်ဆိုတဲ့အရောင်လေးသာဆိုးလိုက်…
အဟင်းဟင်းဟင်း…
ခင်ဗျားသိပါတယ်ဗျာ…
အိမ်ပြောင်းနေတုန်းဗျ..
နောက်မှ ဒီတေးလ်ဆွေးနွေးတော့မယ်…
ခင်တဲ့
Inz@ghi
ဦးဦးပါလေရာ
December 27, 2011 at 12:27 am
ဂီဂီ
အိမ်ပြောင်းတာ ကြာလှချည့်လား
ဘယ်နှစ်အိမ်ပြောင်းနေတာလဲ ..ဟင်
နီကီတာ
December 27, 2011 at 2:34 pm
တောင်ဘက်က အိမ်ရယ်
မြောက်ဘက်က အိမ်ရယ်
အရှေ့ဘက်က အိမ်ရယ်
အနောက်ဘက်က အိမ်ရယ်
လေးအိမ်ပြောင်းနေရာတာတဲ့…. 😀
ဦးဦးပါလေရာ
December 27, 2011 at 12:31 am
ဒီပိုစ့်ကိုမန်းမလို့ဟာ လမ်းချော်သွားလို့..။
အဲ ….
သိသင့်တဲ့ဗဟုသုတပါပဲ။ ကျုပ်လဲ အခုမှ သိတယ်။
အင်တာနက်ရဲ့လားရာကိုလဲ စိတ်ထဲ ရေးရေး မြင်မိနေတယ်။
comegyi
December 27, 2011 at 6:13 am
ကိုနိဂိမိ.ရေ…..
အနော်တို့များ အပြင်မှာ
Flash Mob
လုပ်လို့ကတော့
စစ်ကြောရေးမှာ
ညသွားအိပ်ရလောက်တယ်နော်……..
windtalker
December 27, 2011 at 3:43 pm
ဂတုံး အလကား တုံးပေးဦးမှာ တဲ့ဗျ
မှော်ဆရာ
December 27, 2011 at 8:24 am
ဒေါက်ဒေါက်ဒေါက်
တပ်မ ၇ရ ဆိုတာ ခင်ဗျားလား
မေးစရာလေးရှိလို့ ခဏလောက် လိုက်ခဲ့ပါ
ညှင်းညှင်းညှင်း
ငပေါက်ဖော်
December 27, 2011 at 9:25 am
ကယ်ကယ်
ကေတီဗွီမှာ ဆုံကြရအောင်
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 27, 2011 at 10:04 am
ကျုပ်အကောင်ခပ်သေးသေးတုန်းကတော့ ကျုပ်နဲ့ အဖွဲ့တွေ
မူလာရင် လူစုပြီး
ရွာထဲက နတ်ဂဒေါ်အိမ် ဂဲနဲ့ထုပြီးထွက်ပြေးဘူးတယ်
ဒီသဘောလေး ဖေ့စဖုတ်မှာ ခေတ်စားနေတယ်ထင်တယ် ( အထင် )
ဒီအကြောင်းတွေပြောရင် အီဂျစ်တော်လှန်ရေးတွေထိ ရောက်သွားနိုင်တယ်
ဘာဘဲဖြစ်ဖြစ် ကျုပ်တို့လည်း
ရပ်ကွက်လူကြီးတစ်ယောက်ယောက် သေတဲ့ မသာအိမ်မှာ လူစုပြီး ဖဲရိုက်ကြမယ်
ဒါဗျဲ
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 27, 2011 at 10:06 am
အနီရောင်တွေ ဝေ….ဆာာာာာာာာာာာာ နေဒါဘဲ
ကိုယ့်ကိုယ်ကိုယ် နှင်းဆီပန်းခင်းကြီးထဲ ရောက်သွားသလို
ခံဇားရဒယ် ဒဂယ်
ငပေါက်ဖော်
December 27, 2011 at 10:10 am
မကျေနပ်လဲ ပေါ်တင်ပြောဟ
စာထဲမှာ မပြောလဲ အပြင်မှာ လာပြော
လိပ်စာ ပေးမယ်..
လက်သီးပုန်းမထနဲ ့.လခွီးပဲ
ငပေါက်ဖော်
December 27, 2011 at 10:27 am
ဘတူတွေ လာလာနီနေကြတာတုန်းကွ
မောင်ပေပဲ ဖြစ်ရမယ်
ဟေ့..မောင်ပေ.
ထွက်ခဲ့ချမ်း..ထွက်ခဲ့ချမ်း
ခမ်းအွန်..ခမ်းအွန်..
ဥကြောင်နဲ ့ဖိုက်မလားပြော
inz@ghi
December 27, 2011 at 10:28 am
ရဲရဲတောက်တဲ့ ပိုစ့်ပါလား ဟ ရို့ ….
(တခြားဘက်မှာ လျှော့ပါ့မယ် သဂျီးရယ်… သည်မှာတော့ ပေါက်ကွဲခွင့်ပြဘာ…)
ဆဲဘီဟေ့ …
အနီကတ် သမားဒွေကို …
အေရိုး ဒွေ မွေနိုးဒွေ ….
ဖေတချယ် နိုးမတားဒွေ …..
အပုန်းတွေ …သတ္တိ မရှိဒဲ့ကောင်ဒွေ …
၆ရူးတွေ ….
ခွေးမတား ဒွေ..ခွေးထီးတား ဒွေ …
အုတ်ကျားမြက်ပေါက်တွေ …
တာရိုးကကျွဲတွေ
တာရိုးကနွားဒွေ ….
ဒွေ …ဒွေ …
char too lan
December 27, 2011 at 10:32 am
နေဂျမ်းဘာအုံး Comments ဒွေဂိုအဒူလိုက်နမ်းတွားဒါရဲ
နှုတ်ခမ်းနီဒွေလဲ ပေပွလို့ 😛 😛
etone
December 27, 2011 at 11:47 am
ဘယ်လိုဖြစ်တာလဲ .. ပို့စ်တခုလုံး ရဲရဲနီနေပါလားနော် ….. ။
ကဏန်းကြီးရေ… ရွာမေတ္တာခံယူထားပုံကလည်း အံ့မခန်းပါလားနော် … ။ သုံးယောက်လောက်က လုပ်နေတယ်လို့တော့ ထင်ပါတယ် … ။
အပျော်သက်သက်စုရုံးကြတယ်ဆိုတာ .. တကယ်တမ်းတော့ လွယ်တဲ့ ကိစ္စမဟုတ်ဘူးနော် .. ဘာလို့လဲဆိုတော့ .. အလုပ်အားတဲ့ လူတွေမှပဲ လုပ်နိုင်မယ့်ကိစ္စကိုး … ။ ရည်ရွယ်ချက် ဦးတည်ချက်မရှိပဲ .. လျှပ်တပြတ်လုပ်လုပ်နေတာထက်စာလျှင် .. …………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………… .. မပြောတော့ဘူး … မပြောတော့ဘူး … ဟီး ။
( အိမ်မှာ အိပ်နေတာက ပိုကောင်းမယ်လို့ပြောတာပါ … 😛 )
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 27, 2011 at 1:38 pm
ဟိုသီချင်းလေး ဖျတ်ကနဲ့ ဂေါင်းထဲ တန်းဝင်လာတာဘဲ
ဘာတဲ့
ပန်းနီနီပေးနဲ့ကွယ် ပန်ဂျင်ဘူး
မှော်ဆရာ
December 27, 2011 at 3:10 pm
သူတို့ကအနီဆိုတော့ တို့ကလဲ အစိမ်းအင်အား ပြရသေးတာပေါ့
တစ်ယောက်တစ်စိမ်း လိုက်ပေးလိုက်ပြီ …
blackchaw
December 27, 2011 at 3:40 pm
လူချစ်လူခင်ပေါများလှပါသော
ကိုရင်နီဂိမိ ၏ ပို့စ်အား
ကျွန်ုပ်ဘလက်မှ ဝင်ရောက်အားပေး ကြည့်ရှုသွားပါကြောင်း။
ချစ်ခင်သော ဘလက်။
nigimi77
December 27, 2011 at 9:21 pm
အားလုံးသော ဆြာ ၊ ဆြာမ များ ခွင့်လွတ်ပါ ။
ရွံဖို ့ကောင်းလောက်အောင် စိမ်း နေတယ် ။
ကျွန်တော် လိုချင်တာ အနီ….. ဒါမှမဟုတ်….. အစိမ်း…… မဟုတ်ပါဘူး ။
အားလုံးရဲ ့ရင်ထဲမှာ ရှိတဲ့ အရောင်ပါ ။
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 27, 2011 at 9:37 pm
မထူးပါဘူးကွယ်
သူများနဲ့မတူအောင် ပြောရမယ်ဆိုလျှင်ဖြင့်
ဒီပိုစ့်ကို
မီးပွိုင့်ပို့စ် လို့ နာမည်သာ ပြောင်းလိုက်ပါတော့လား
တစ်ကယ် စိမ်းလိုက် နီလိုက်
inz@ghi
December 27, 2011 at 9:47 pm
သဂျီး reverse ဂါထာ ရွတ်လိုက်တယ်လို့ ကျုပ်ထင်တယ်ဗျ….
ကျုပ် ဆဲဆိုပီး သကာလ …..နောက်တယောက်ယောက်က အနီတွေများလို့
(ဘပုထင်တယ်…ပန်းနီနီ ဝင်မန့်တော့ …) ကျုပ်ဝင်ကြည့်တာ…အကုန်စိမ်းနေတယ်…
ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင် ….မိုင်းနပ်စ်ဖိုက် ထိထားတဲ့ ကျုပ် ကွန်းမန့်က ပလပ်စ်၅
ဖြစ်နေတာကိုး (ယခု ပလပ်စ် ၆)
သဂျီးပွဲထိန်းပေးတယ်ဆိုလည်း ကျေးကျေးပါဗျာ….
တိုက်၂ဆိုင်၂မို့ ကျုပ် ဒါလေးကို မြင်တွေ့သွားခဲ့တာကို ကိုရင့်ကို ဖောက်သည်ချတာပါနော….
သည်လိုဆိုရင် အဖြူရောင်ဆိုးထားတဲ့ …လှည့်ဖျားမှုလေးတခုအတွက် ကိုရင် စိတ်ကျေနပ်မလားဟင်င်င်။။။
ခင်တဲ့
ဂီ..
nigimi77
December 27, 2011 at 10:08 pm
ဘယ့်နှယ် …..
သဂျီးဆိုတဲ့ အဲဒီ ဖောသွတ်သွတ် မျက်နှာနဲ ့ လူဂျီးက ဘယ်တော့မှ လက်သီးပုန်း
ချွေးမသိပ်ဘူး …သေချာတာကတော့ စိ်မ်းပေးတာ သူမဟုတ်ဘူး
လူဆိုတာက အချိုကြီးပဲ စားရတာကြာရင် အစပ်ကလေး စားချင်မှာပဲ
လဇာဂီရေ …နင်က စပ်တော့စပ်ပေမဲ့ သေချာပေါက် ထိထိမိမိ အရသာကို
ပေးတဲ့ ကုလားအော် ဟဲ့
ငါက စပ်ပါတယ်ဆိုမှ မှိုကလေး နည်းနည်း ၊ ယင်ဥကလေး နည်းနည်း ၊
နှစ်ချို ့ကလေး နည်းနည်း ၊ ဆိုးဆေးကလေး နည်းနည်း ၊ အမှိုက်ကလေး နည်းနည်း
နဲ ့ စပ်သလိုလို မစပ်သလိုလို ဟာမျိုး ဆိုတော့ မစားကောင်းတဲ့ အသီး စာရင်းထဲမှာ
ပါသကိုး
ဘယ်လိုပဲဖြစ်ဖြစ် ငရုတ်သီးရဲ ့ သဘာဝအရ ငါ့ကြောင့် နည်းနည်းလေး စပ်သွားတယ်
အိပ်ချင်ပြေသွားတယ် ဆိုရင်ပဲ ငြုပ်သီးမှိုတက် ဖြစ်ရကြိုးနပ်ပါသဗျား ။