(ကွန်ပြူတာနည်းပညာတွေရဲ့လုံခြုံမူမရှိတဲ့ဖြစ်ရပ်)

koyinmaungDecember 27, 20111min814

(voa ကသတင်းတပုဒ်ပါ ရွာသားတို့ရဲ့အမြင်ကိုသိချင်လို့တင်ပေးလိုက်ပါတယ်)
အင်တာနက် ရဲ့လုံခြုံမှုကကျွမ်းကျင်တဲ့နည်းပညာသမားတွေအတွက် ရယ်စရာလို့ဖြစ်နေတယ်ထင်ပါ့…

((ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး))

Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက
ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ
အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့
ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့
မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။

Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။
သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို
အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင်
လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။

အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တယ် လို့Anonymous အဖွဲ့က ပြောပါတယ်။

http://www.voanews.com/burmese/news/US-Hackers-12-26-11-136221533.html

4 comments

  • ငပေါက်ဖော်

    December 27, 2011 at 11:45 am

    အကောင်းအဆိုး ဒွန်တွဲနေမှာပဲ ကိုရင်မောင်ရေ..
    လုံအောင်သာလုပ်ကြ.မလုံရင်တော့ ပလုံပဲ.
    ဘာပဲပြောပြော အဲဒီ Anonymous ငဘတ်တွေက ဘတ်တာလေး ပြန်လှူတာပဲ ကျေးကျေးတင်ရမယ်

    စကားမစပ်
    အဲဒီ Anonymous ငဘတ်အဖွဲ ့ကို ဥဆောင်တာ ဟက်ကာငပေ တဲ့ဗျ
    မာဆတ်မှာ ဟက်နေတုန်း Security တွေ ဖမ်းမိသွားသတဲ့ဗျာ

  • koyinmaung

    December 27, 2011 at 12:16 pm

    ကျနော်တို့ကတော့အင်တာနက်နည်းပညာတွေနဲ့
    အလှမ်းဝေလွန်းပါတယ် ကိုယ့်မေးထဲမှလဲတန်ဘိုးရှိတဲ့
    အချက်အလက် မရှိသလောက်ပါ ….
    ဒါထက်စကားမစပ် ကိုပေတယောက်မာဆက်မှာဟက်နေတုန်း
    ဆိုလို့ဘယ်လိုဟတ်နေတယ်ဆိုတာလေးလုပ်စမ်းပါအုံး
    ကိုပေါက်ဖော်ရဲ့…

  • “ဘီလူးကြီး”ogre

    December 27, 2011 at 7:34 pm

    ကိုရင်မောင် ဒီတစ်ချက်တော့ ညံသွားပြီးဗျ
    ကိုပေ ဘယ်လို ဟတ်တယ်ဆိုတာသိချင်ရင်
    ကိုပေနှင့် မာဆတ်သို့ အတူလိုက်သွားရင်သိလိမ်မယ်လေ..
    သူဟတ်ချက်က ..ကြောက်ချာဂျီးဂျ…. 🙂 😛
    {အကွက်တွေ့တုန်းတွယ်ထားမှ} 🙂

  • windtalker

    December 27, 2011 at 8:12 pm

    အဟမ်း
    ခေတ်သစ် ငတက်ပြား များ အကြောင်း ကို ဖတ်ရှူ ခွင့် ရသည့်အတွက် ကိုရင်မောင် အား ကျေးဇူးတင်ရှိပါသည် ။
    နောက်ဆက်တွဲ သတင်းအနေဖြင့် ၊ ဟက်ကာငပေ ဟက်ချက်များကို လေးစားကြည်ညိုပြီး တပည့်ခံနေသော ပေါက်ဖော် မှာ ဆရာ့ထက် ပို လက်စောင်းထက်နေသည် ဟု တွေ ့ရပါကြောင်း ။ ထို ့အပြင် ၊ မာဆတ်ဂျိုး ကိုလူး ဆိုသည်မှာလည်း ၊ သူ ့အလုပ်မှ ခေးမ လေးများ၏ နေ ့စဉ် ဝိုင်းပေးကြသော ရည်းစားစာများကို ဖတ်ရလွန်းသဖြင့် ကျီးပေါင်းတက် ကာ အလုပ်နှင့်မာဆတ် တွင်သာ ပျော်မွေ ့နေသောကြောင့် များမကြာမီ မဒမ်လူး က အိမ်မှ နှင်ချတော့မည် ဖြစ်ကြောင်း ။

Leave a Reply