သုံးရာသီ အလွမ်း

manawphyulayDecember 27, 20111min23821

သုံးရာသီ အလွမ်း

ရာသီ နွေ မိုးဆောင်း အခါခါပြောင်းလဲ မပြောင်းလဲတဲ့မေတ္တာနဲ့ အတူရှိနေပါတယ်။

ချစ်သူရေ….
နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
မိုးစက်လည်းကျ၊ မုတ်သုံစသော်
ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
ချစ်သူရေ………………..
ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
သတိရစိတ် တမ်းတမိလျက်
ချိန်ခါပြောင်းလည်း
စောင့်နေလျှက်ပါ ချစ်သူရယ်….
လွမ်းဆဲပါပဲ

21 comments

  • ကိုရင်စည်သူ

    December 27, 2011 at 10:54 am

    စောင့်ပါ… စောင့်ကြပါ…
    စောင့်ပြီးလို့ အဖြေထွက်လာရင်လည်း
    ကိုရင်တို့ကို ဖိတ်ဖို့မမေ့နေပါနဲ့… ညှင်းညှင်း…. 😆 😆

    • manawphyulay

      December 27, 2011 at 10:59 am

      ဒါပေါ့… ကိုရင်တို့ကို မေ့လို့ ဘယ်ဖြစ်မလဲ… လက္ခဏာကြည့်ရဦးမယ်လေ… 😛

      • kokoover

        December 27, 2011 at 9:12 pm

        ဆရာမင်းလူ ရဲ့ သုံးရာသီအလွမ်း ဝထ္ထု ကိုဖတ်ဖူလားတော့မသိဘူး၊
        အရမ်းကောင်းတယ် ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ ဝထ္ထုလေးပါ၊
        ခေါင်းစဉ် တူနေတော့ .ဆရာမင်းလူ ကို….

    • manawphyulay

      June 16, 2015 at 2:51 pm

      ကိုရင် အဝေးရောက်နေလို့ မဖိတ်လိုက်ရတဲ့အတွက် တောင်းပန်တယ်နော်…. :mrgreen:

  • ငပေါက်ဖော်

    December 27, 2011 at 10:58 am

    တယ်..
    ဒီ အပျိုဂျီးက တစ်မှောင့်

    မကြီးမငယ်နဲ ့..လွမ်းတာတွေ.ဂွမ်းတာတွေ လာလုပ်နေတယ်..

    တားတို ့လို ့ဆယ်ဂျော်တက်လေးဒွေ လွမ်းဖို ့ချန်ထားဦးဂျ

    • manawphyulay

      December 27, 2011 at 11:01 am

      ဟိတ် မောင်ဖော်ကြီး သောက်စရာရှိတာ သောက် ဆယ်ဂျော်တက်က လွမ်းဖို့မလိုဘူး 😛

  • zaymdy

    December 27, 2011 at 11:17 am

    မလွမ်းချင်ဘူး မဆွေးချင် ဘူး ရင်ပူတယ် ဘီယာ သောက်တာမှ ရင်အေးဦးမယ် 😛

  • Shwe Tike Soe

    December 27, 2011 at 11:19 am

    ချစ်သူရေ..
    လကုန်ရက်တွေ၊ လခထုတ်သော်
    ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
    လခထုတ်ပြီး၊ လလည်ရောက်သော်
    ပိုက်ဆံကုန်ခမ်း၊ မင်းကိုလွမ်း၏။
    ပိုက်ဆံလဲကုန်၊ အကြွေးပုံတော့
    ငါ့မှာလေ ခမ်း၊ မင်းကိုလွမ်း၏။
    ချစ်သူရေ…
    လကုန်၊လလည်၊လခလည်လဲ
    ပိုက်ဆံချေးရန် တမ်းတမိလျက်
    ဘယ်အချိန်ချေးမလဲ
    စောင့်နေလျှက်ပါ ချစ်သူရယ်…. ဟိဟိဟိ 😛 😀

    • manawphyulay

      December 27, 2011 at 3:40 pm

      လစာထုတ်ရက်ပဲ သတိရတယ် မှတ်နေတာ… ဒီလိုဆိုတော့ မဆိုးဘူးပဲ…

  • weiwei

    December 27, 2011 at 11:28 am

    အဲဒီသစ်ပင်ကြီးက မြန်မာပြည်က နွေ မိုး ဆောင်း ၃ ရာသီကို ကိုယ်စားမပြုပါဘူး …
    အအေးပိုင်းနိုင်ငံတွေက ဆောင်းဦး၊ ဆောင်း၊ ဆောင်းနှောင်း(သို့) နွေဦး နဲ့ နွေရာသီ ၄ ရာသီကို ကိုယ်စားပြုပါတယ် …
    အစိမ်းရောင်က နွေရာသီ …
    အဝါရင့်ရင့်က ဆောင်းဦးရာသီ ..
    ဖြူနေတာက ဆောင်းရာသီ ..
    အဝါဖျော့ဖျော့က နွေဦးရာသီ …

    မြန်မာပြည်က ရာသီဥတုကောင်းလို့ အမြဲတမ်းစိမ်းလန်းနေတာမို့ နိုင်ငံခြားသားတွေက မြန်မာပြည်ကို နှစ်သက်ကြတယ် …

    • manawphyulay

      December 27, 2011 at 3:41 pm

      ဟုတ် မနောမှာရှိတဲ့ပုံလေးတင်လိုက်တာ မမဝေ… နေဦး ရှာကြည့်လိုက်ဦးမယ်… ကွန်နက်ရှင်မကောင်းတော့ အဆင်မပြေဘူးမမရ… ဒါကြောင့် လေးရာသီအလွမ်းဖြစ်သွားတာ အဟဲ… 😛

  • TTNU

    December 27, 2011 at 11:45 am

    အလွမ်းပုံထဲက မနောလေးရေ…

    မလွမ်းပေါင်ဟု
    ဟန်ဆောင်တင်းကျပ်
    စိတ်ကမှတ်လည်း

    မရပါချေ၊
    လွမ်းချိန်ကျတော့
    လွမ်းပါ့ချေ၏။

    အရွယ်(၃)ပါးမရွေးသော သုံးရာသီ အလွမ်း ကို သဘောကျလျက်၊
    မကြီးမငယ်ကြီးနဲ့ လွမ်းတတ်တဲ့
    တီချာ။

  • etone

    December 27, 2011 at 12:56 pm

    ချစ်သူရေ …
    အကြွေးပက်လက်
    လည်ပင်းပတ်သော် …
    လိုက်ဆပ်မည့် လူ
    မင်းကို လွမ်း ဧ။် … ။ 😀

    ချစ်သူရေ …
    လျှောက်သွားလို့ဝ
    လည်လို့အားရမှ
    မင်းရှိသေးမှန်း … စိတ်မှာ မှန်းဧ။် .. ။ 😀

    ချစ်သူရေ …
    ဝါကျွတ်အမှီ
    နီးဖို့ရည်လည်း
    မင်းတစ်ယောက်ကိုဘမ်း
    တခြားလူ ငမ်းဧ။် … … 😆

  • နီကီတာ

    December 27, 2011 at 2:24 pm

    ချိန်ခါပြောင်းလည်း
    စောင့်နေလျှက်ပါ ချစ်သူရယ်….
    >>>
    အချိန်တွေပြောင်းလာရင်
    …. ပြောင်းသွားမယ်ထင်တာပဲ…

  • True Answer

    December 27, 2011 at 3:54 pm

    ဘယ်ဆီကို
    မင်းရောက်နေလဲ
    ဘာတွေများ
    မင်းလုပ်နေမလဲ
    တွေးမိပါတယ်
    လွမ်းမျက်ရည်ဝဲ
    သတိရနေတယ်။

  • comegyi

    December 27, 2011 at 8:41 pm

    သုံးရာသီအလွမ်း…
    ကြိုးကြိုးကုတ်ကုတ် ကြိတ်၍နွမ်း..
    အပျိုကြီးများစန်း…
    …….
    တားဟိုက္ကုကဗျာရေးတာနော်
    မမနောကိုကြောတာဟုတ်ဝူး…

  • kokoover

    December 27, 2011 at 9:14 pm

    သုံးရာသီအလွမ်း ဟာ ဆရာမင်းလူ ရဲ့ ဝထ္ထု
    နာမည်ပါ ။

  • Zayar kyaw

    January 11, 2012 at 5:31 am

    မမ … အလွမ်းသူလေးလို ့ နာမည် ပြောင်းလိုက်ပါလားဗျာ …ဟက်ဟက် ၊ ခင်တဲ့ (WTA)

  • snow white

    February 24, 2012 at 12:28 pm

    မမမနောရေရာသီတွေပြောင်းတယ်ညီမရင်ထဲ မှာလည်းမပြောင်းလဲသေး တဲ့အရာတခုကတော့ သူကိုချစ် စိတ်ရှိနေသေးတာပါဘဲ

  • aye.kk

    June 16, 2015 at 5:19 pm

    သုံးရာသီအလွမ်း
    မနွမ်းတဲ့
    အချစ်ပန်းဟာ
    လန်းဆန်းနုသစ်
    ၊မေတ္တာစစ်တို့မြေမှာ
    ထာဝရရှင်သန်ဖြစ်ထွန်းတယ်။

Leave a Reply