ကျန်းမာရေးအတွက်ရေသောက်နည်းလေးပါ….

kurokoDecember 27, 20111min16115

နေံစဉ် နံနက်ခင်း အိပ်ယာထပြီးနောက် ရေအေး (သို့) ဆားရည် ခပ်ကျဲကျဲနှင့် ပလုပ်ကျင်းသင့်သည်။ ပလုတ်ကျင်းပြီးလျင် ရေအေး (သို့) ဆားရည် ခပ်ကျဲ ကျဲ တစ်ခွက်လောက် သောက်ပေးပါက ရောဂါကင်းပြီး ကျန်းမာလာစေမည်။ ကောင်းကျိုးများ………. လူတို့သည် တစ်ညတာ အိပ်စက်ခဲပြီးနောက် ကိုယ်အတွင်းရှိ အစာအိမ်နှင့် အူသိမ်တို့တွင် အစာများကြေသွားပြီ ဖြစ်၏။ ထိုအခါမှာ ရေသောက်ပေးလျင် အစာအိမ်နှင့် အူသိမ်တို့ကို သန့်ရှင်းသွားအောင် ဆေးကြောနိုင်၏။ ထိုနေ့တွင် စားရမည်အစာများကိုလည်း ကြေစေပြီး အဟာရဓါတ်များ စုပ်ယူနိုင်စေမည်။ ရေအေးကို အူသိမ်ချွဲ မြှေးက စုပ်ယူ၍ သွေးကြောထဲ စိမ့်ဝင်စေပြီ ပျစ်နေ သည် သွေးရည်ကို ကျဲစေနိုင်သည်။ လူခန္ဓာကိုယ် ဇီဝတွင် ဖြစ်ပျက် ပြု ပြင်မူများကို ကောင်းလာစေနိုင်သည်။ အသည်း၏ အဆိပ်ဖြေစွမ်းအား ကို တိုးလာစေနိုင်သည်။ အစာအိမ်နှင့် အူသိမ်အူမတို့ကို ဆေးကြောရှင်းလင်းပြီး အစာဟောင်းများ စုပုံခြင်းနှင့် ခြောက်သွေ့ခြင်း မဖြစ် စေနိုင်။ ဝမ်းမချုပ်ဘဲ အူမကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်၏။ လည်ချောင်းကို စိုအိနိုင်စေသည်။ ပါးစပ်မနံစော်အောင် ၊ ဝမ်းမချုပ်အောင် ကြိုတင် ကာကွယ်နိုင်သည်။ လည်ချောင်း ရောင်နာနှင့် အရေပြားရောဂါအချို့ကို အထောက်အကူ သဘောနှင့် ကုသနိုင်သည်။

သူငယ်ချင်းပို့သော Forward Mail မှ ပြန်လည်မျှဝေလိုက်ပါသည်….

15 comments

  • ငပေါက်ဖော်

    December 27, 2011 at 11:22 am

    ဖတ်ဖူးသလိုပဲ

    ဝီတကီ သောက်တဲ့အခါ ပျင်းသလိုခံစားရရင် ရေကို သင့်တော်သလိုရောစပ်၍သောက်ပါက အပျင်းပြေကြောင်း
    စမ်းသပ်တွေ ့ရှိ

  • Shwe Tike Soe

    December 27, 2011 at 11:32 am

    အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်.. နောက်လဲ ဗဟုသုတရစေမယ့်အကြောင်းအရာလေးတွေ မျှဝေပါအုံးနော…

  • etone

    December 27, 2011 at 11:48 am

    အိပ်ခါနီးတော့ ရေ မသောက်သင့်ပါဘူး … ။ အိပ်ရေးပျက်တတ်ပါတယ် … ။ 😆
    (ရူရှူးပေါက်ချင်လျှင် တရေးနိုးထနေရမှာ စိုးလို့ပါ .. )

    • Shwe Tike Soe

      December 27, 2011 at 2:19 pm

      ဒါများလွယ်လွယ်လေး Dr.P ဝတ်အိပ်ပေါ့.. ကြိုက်သလောက်သောက် ကြိုက်သလောက်ပေါက်ပေါ့. ဟိဟိဟိ 😛

  • moethidasoe

    December 27, 2011 at 1:45 pm

    တချို့ကတော့ ရေကို ဘီယာ တစ်လုံးစာလို့ ဆိုတယ် (ဘီယာသမားမို့လို့လား .. အတိုင်းအတာ တွက်ပြတာလားတော့ မသိပါ)
    သို့သော် ဆားရည် ကျဲကျဲ ဆိုတာမှာ သွေးတိုးသမားအတွက် အခက်အခဲ ရှိနိုင်တယ် .. ရေ သန့်သန့်လေး ဆိုရင် ရလောက်ပြီ ထင်ပါတယ် ..
    နောက်တစ်ချက်ကတော့ (ဖတ်ဖူးတာ ရေးတာနော်) အစာစားပြီးခါစမှာ ရေ သိပ် မသောက်ပါနဲ့ တဲ့
    (ထင်တာက အစာချေပြီး စုတ်ယူရတဲ့ပမာဏ နည်းနည်းမှာ အာဟာရ များများ ရစေချင်လို့ လားတော့ မသိပါ)
    မြန်မာ့ ဆေးကျမ်း အလိုအရ အစာကို အစာအိမ်ရဲ့ ငါးပုံ သုံးပုံပဲ စားပါ ငါးပုံ တစ်ပုံက ရေသောက်ဖို့ ပါ
    ကျန်တဲ့ ငါးပုံတစ်ပုံက လေပွလာဖို့ အတွက်ပါ တဲ့

    • htoosan

      December 27, 2011 at 1:58 pm

      အစာအိမ် ဘယ်လိုတိုင်းရပါ့။ 🙁

  • ဆူး

    December 27, 2011 at 1:50 pm

    တနေ့ကို ရေသန့်ဗူး ၃ဗူး သောက်သင့်တယ်။

    • inz@ghi

      December 27, 2011 at 1:54 pm

      ဘူး အမျိုး အစား
      အရွယ်အစား
      အမျိုးမျိုးရှိတယ်လေ …..
      အဲ့ဒါလေးပါထည့် ပြောပေးပါလား …
      😀
      ဆူးကို စူးတဲ့ ဆူး ရယ်…

      ခိခိ….

      ပုံ
      အော်မေ့ ဂိုဏ်းချုပ်ကို ရန်စသည့် နှူးဘာဂိုဏ်းချုပ်…

      • htoosan

        December 27, 2011 at 2:01 pm

        အော်မေ့ ဂိုဏ်းချုပ်ကို ရန်စသည့် နှူးဘာဂိုဏ်းချုပ်…ရှောရှာပြီ..( မယုံ ပုံကိုကြည့်။)

    • ဆူး

      December 27, 2011 at 2:12 pm

      ဗူး အနေအထား အရွယ်အစား ကတော့ နူးဘာ ဂိုဏ်းချုပ်က ချ မှတ်ထားတဲ့ ဗူး အရွယ်ပါပဲ။
      ဂိုဏ်းချုပ်ကြီးကိုသာ မေးမြန်း ကြည့်ပါ။

  • kyawtheinmyint 23

    December 27, 2011 at 1:56 pm

    သွားနာ၊သွားကျင်လို့ရှိရင်လဲ ဆားရေပူနွေးနွေးလေးနဲ့ ပလုတ်ကျင်းပေးပါက သွားနာ၊သွားကျင်ပါပျောက်ပြီး ခံတွင်းနံ့ပါသန့်ရှင်းစေပါတယ်။

  • နွယ်ပင်

    December 27, 2011 at 2:01 pm

    နွယ်ပင်က ရေသောက်တာနည်းလို့ ရေကိုသတိထားပြီး ခဏခဏ သောက်ပေးနေရတယ်
    ဒါပင်မယ့် မနက်မိုးလင်းတိုင်း ရေတစ်ခွက်တော့ ပုံမှန်သောက်ဖြစ်တယ် အပူအပုပ်ကင်းတယ်ဆိုလို့ ….

    • Shwe Tike Soe

      December 27, 2011 at 2:18 pm

      ဒါများ မနွယ်ပင်ရယ်… ရုံးမှာ ရေသောက်တာ မနည်းအောင် ထထလဲမယူရအောင် ထိုင်တဲ့နေရာမှာ ပိုက်သွယ်ထားလိုက်.. ပြီးရင် ကွန်ပျူတာရှေ.မှာ ပိုက်ကလေးထောင်ထား သတိရတိုင်း သောက်ပေါ့.. ဟဟ 😀

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 10:17 pm


    လူတို့သည် တစ်ညတာ အိပ်စက်ခဲပြီးနောက် ကိုယ်အတွင်းရှိ အစာအိမ်နှင့် အူသိမ်တို့တွင် အစာများကြေသွားပြီ ဖြစ်၏။ ထိုအခါမှာ ရေသောက်ပေးလျင် အစာအိမ်နှင့် အူသိမ်တို့ကို သန့်ရှင်းသွားအောင် ဆေးကြောနိုင်၏။

    ဒီနောက်မှာ တစ်ခု ထည့်ရဦးမယ် ..
    မှတ်ချက် ။ ။ အီးအီးမှသာ ဆေးကြောနိုင်မည် ဖြစ်လေ၏ .. အဟိ ..
    😀 😀

  • သန်းထွဋ်ဦး

    July 30, 2012 at 10:27 pm

    ရေသောက်ခြင်းဖြင့် ချောင်းဆိုးတာ သက်သာစေနိုင်တယ်ဗျာ။လည်ချောင်းကိုအမြဲစိုနေစေပြီး
    ရေက လည်ချောင်းတွင်းမှ ပိုးမွှားများကို သယ်ယူသွားလို ့ပါလို ့ယူဆကြပါ၏။

Leave a Reply