ဘယ်သူ ့ငွေတွေလဲဗျာ???

ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ
၁။ အဲပုဂံ (Air Bagan)
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု
၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)
နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) ဩဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။
Aureum Palace ဟိုတယ်တခု
၃။ ဟိုတယ်လုပ်ငန်းများ
အော်ရီယမ်နန်းတော် (Aureum Palace) နှင့် မြန်မာ့ရတနာ (Myanmar Treasure) နာမည်နှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။ အခန်းပေါင်း (၁၁၀၀) ခန့် ပါဝင်သော ဟိုတယ်ပေါင်း (၁၇) ခုပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) မှ (၁၅၀) အတွင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည်။
၄။ မိုင်းလုပ်ငန်း
နီကယ်လ်၊ ကျောက်စိမ်း၊ ထုံးကျောက်နှင့် ရွှေတူးဖေါ်ရေးလုပ်ငန်းများ
၅။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း
အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀) မှ (၄၀) အကြားခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော ရန်ကုန်မြို့ရှိ အိမ်ယာ စီမံကိန်းများ ပါဝင်သည်။
၆။ ပို့ကုန်
သစ်၊ ပဲ နှင့် ဆန် များတင်ပို့သည်။
ဒါတွေက တရားဝင်လူသိရှင်ကြားလုပ်ငန်းတွေပါ။နောက်ကွယ်မှာ လက်နက်မှောင်ခို၊
မူးယစ်ဆေးဝါးကိစ္စတွေအများကြီးရှိနေမှာပါ။တိုင်းပြည်မှာ သူမပိုင်တဲ့အရာရယ်လို ့ရှိပါသေးရဲ ့လားဗျာ။

29 comments

  • phoekhwarchay

    December 27, 2011 at 12:48 pm

    ပြဿနာကို မီးထိုးရှာနေပြန်ပီလား။
    ကျနော်လဲ သိချင်နေတာ. အဲဒါဘယ်သူ ့ငွေတွေလဲဗျ။

  • htoosan

    December 27, 2011 at 1:10 pm

    ဒါဘဲလား .. ဒါဘဲဆိုရင် သူစိတ်ဆိုးမှာနော်.. ထပ်ရှာဦး .. အများကြီး ကျန်သေးတယ်။ 😀

  • etone

    December 27, 2011 at 1:15 pm

    အားကျလိုက်တာ .. ဟီးဟီး … သူများတေ ွကုသိုလ်ကံကောင်းပုံကိုပြောပါတယ် .. :mrgreen:
    ကိုယ်တွေမှာတော့ ကိုယ်စီးတဲ့ ဖိနပ်တောင် ကိုယ်မပိုင်ဘူး … ။ 🙁

    • နီကီတာ

      December 27, 2011 at 2:54 pm

      ဒါဆို ဘူ့ဟာလဲ ဟင် 😀

    • manawphyulay

      December 27, 2011 at 4:27 pm

      ဒါဆို ညီမလေး ကိုယ်စီးတဲ့ဖိနပ်က ဘယ်သူပိုင်တာလဲဟင်… 🙂

  • စုံ စုံ

    December 27, 2011 at 1:33 pm

    သေချာတာကတော့ လောလောဆယ်သူ့လက်ထဲမှာရှိတာသူ့ငွေပေါ့ 😛

  • နွယ်ပင်

    December 27, 2011 at 1:42 pm

    အားကျစရာကြီးပါလား ဒါတောင်လုပ်ငန်းတွေက အကုန်မဟုတ်သေးဘူးနော် ကျန်နေသေးတယ် 😛

    • zarlay

      December 27, 2011 at 2:01 pm

      အဖြေမှန်ကို အကုန်သိနေပေမယ့်လည်း သိတိုင်းမပြောရဘူးလေ အမှန်ပြောရင် ရွာအပြင်ထုတ်ခံရတယ်တဲ့ စကားပုံတောင်ရှိသေးတယ် အဲဒီတော့ ရွာအပြင်မထွက်ချင်ရင် အေးဆေးပဲနေကြပါကွယ်နော်

  • Shwe Tike Soe

    December 27, 2011 at 2:09 pm

    ဘယ်သူ.ငွေလဲ ဆိုတာ စဉ်းစားနိုင်ပေါင်ဗျာ.. ဒီမှာတော့ ကိုယ်ပိုင်တဲ့ ဝန်ထမ်းကဒ်လေးမပျောက်အောင် ထိန်းသိမ်းနေရတယ် စဉ်းစားအားဘူး….. 😀

  • thit min

    December 27, 2011 at 2:24 pm

    တေဇ မို့လိုဘဲ သူ့ထက်ကြီးတဲ့ ကာတွန်းစာအုပ်ဆိုမလွယ်ဘူး။
    ——————————————————————-
    တကယ် မှန်မှန်ကန်ကန်တရားဥပဒေနဲ့ အခွန်ဆောင်ရတဲ့ ခေတ်ကိုရောက်လာခဲ့ရင် သူ့ချမ်းသာမှုက
    တိုင်းပြည်အတွက်အသုံးကျ ကျ ကျ အ အ မယ်ထင်ပါရဲ့ မောင်ညီမလေးတို့ရေ။
    ဘာတဲ့ တနှစ်ဝင်ငွေဒေါ်လာသန်း ၅၀ဝ တဲ့၊သူကိုယ်တိုင် နိုင်ငံခြားသတင်းထောက်ကိုပြောတာ။
    လာထား အခွန် ဟဲဟဲ။ ဝင်ငွေကို ပြောပြီးစလစ် နံပါတ်တစ်။ ၂ဝ နဲ့ ၂၅ % ကြားဆောင်ရမှာနော်။(^^)

  • eveningstar

    December 27, 2011 at 2:24 pm

    ရူပ်ရူပ်ယှပ်ယှပ်ဗျာ သူ့အဖေသေလို့အမွေရထားတာနေမှာပေါ့။

    • moethuzar

      December 27, 2011 at 5:40 pm

      ဟုတ်တယ်နော်…သူပိုင်တာသူ ့ငွေပေါ့။ရှင်းနေတာကိုရှုပ်အောင်လုပ်နေတယ်။လျှာရှည်တဲ့ လူနော်….

  • water-melon

    December 27, 2011 at 5:18 pm

    သိတော့ သိတော့ ကြောရဲဘူး 😀
    ကောင်းတာလုပ်ရင် ကောင်းတာရမယ်။

  • maetu

    December 27, 2011 at 5:34 pm

    မနေ ့တနေ ့ကတော့ ကြို ့ပင်ကောက် မြို ့လေးမှာ ဘီအီးချက်အရက်လေးသောက်ပြီး
    ဘိလိယက်ထိုးနေသတဲ့ဗျာ။ခုတော့တော်ဝင်သူဌေးကြီးပေါ့။မယားကြီးရဲ ့သားတွေက
    ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဠလုပ်နေတယ်မဟုတ်လားဆရာတို ့ရေ။

  • kai

    December 27, 2011 at 5:39 pm

    ပြောရရင်.. ကမ္ဘာအချမ်းသားဆုံးတွေဖြစ်တဲ့.. ဘီလ်ဂိတ်တို့.. ဘူဖေးတို့ငွေတွေ.. ဘယ်သူ့ငွေတွေလည်း.. မေးရတော့မှာပေါ့..။
    အရှင်းရှင်စံနစ်မှာ..အရင်းရှင်ဟာ.. အဓိကဇတ်ဆောင်ပါပဲ..။
    သူတို့ကို.. နှိမ့်ချနှိပ်ကွပ်လို့မရပါဘူး..။ အားပေးရတာပါ…။
    အရင်းရှိသူ..ငွေရှင်တွေ.. နှိပ်ချ..နှိပ်ကွပ်တာက.. ဆိုရှယ်လစ်..ကွန်မြူနစ်တွေရဲ့အလုပ်ပဲ..။ မြန်မာပြည်က.. ဆိုရှယ်လစ်အနံ ့တွေ.. သိပ်ကြီးမကင်းသေးဖူးလို့သာ မှတ်ပါတယ်..။
    ( အာဏာကိုင်ထားတဲ့.. အစိုးရဝန်ထမ်းတွေ ကျိကျိတက်ချမ်းသာနေရင်တော့…. ဒါကိုတပိုင်းမှတ်ပါ။ 🙁 🙁 👿 )

    ဆိုတော့..
    သာမန်အားဖြင့်.. ယူအက်စ်မှာ လူတွေက.. ၃ဝရာခိုင်နှုန်းလောက် အခွန်ဆောင်ရသပေါ့..။
    ဒါပေမဲ့. ပေးသမျှ..ဘာခွန်ညာခွန်..ခွန်…ခွန်တွေပေါင်းရင်.. အခုသမ္မတလက်ထက်မှာတောင်.. ဝင်ငွေအားလုံးရဲ့.. ၅ဝရာခိုင်နှုန်းလောက်ရှိနေမယ် ဆိုကြပါတယ်..။
    စဉ်းစားကြည့်???.. ၁၀ဝရရင်.. ၅ဝက အစိုးရဆီပေးလိုက်ရတာနော..။

    မြန်မာပြည်မှာ.. သူဌေးတွေ..ငွေရှင်တွေ.. အခွန်အပြည့်ဆောင်ကြဖို့.. အစိုးရက သေသေချာချာ.. လုပ်ရမယ်ထင်ပါတယ်..။
    အခွန်ငွေရသလောက်.. သူတို့(ငွေရှင်)တွေကို.. အကာအကွယ်ပေးရမှာပေါ..။
    ဒီလိုလုပ်မှ.. တိုင်းပြည်တိုးတက်မယ်လို့ ထင်ပါတယ်..။

    သိပ်မကြာခင်နှစ်တွေမှာ.. ပြည်ပက..ငွေရှင်တွေ.. ဘီလီယန်ချီကိုင်ဝင်လာလိမ့်မယ်..။
    အဲဒီအခါမှသာ.. ပြည်တွင်းက..မြန်မာလုပ်ငန်းရှင်တွေကို.. ဘယ်လိုကာကွယ်ပေးရမလည်း စဉ်းစားရင်..နောက်ကျသွားပြီ..။ 🙁

    • ဦးဦးပါလေရာ

      December 27, 2011 at 11:43 pm

      ဒါကို ပိုစ့်တပုဒ်အဖြစ်တောင် ခွဲထုတ်ချင်တယ်..။

      “အခွန်ငွေရသလောက်.. သူတို့(ငွေရှင်)တွေကို.. အကာအကွယ်ပေးရမှာပေါ့..။
      ဒီလိုလုပ်မှ.. တိုင်းပြည်တိုးတက်မယ်လို့ ထင်ပါတယ်..။”

      သူကြီးကို တခုလောက်နမူနာပြောပြပါရစေ…
      စိတ်အေးအေးထားပြီးနားထောင်နော်….

      မြန်မာပြည်မှာ ပြည်တွင်းအခွန်က နှစ်စဉ်ဘယ်လောက်တိုးကောက်ရမယ်လို့ လျာထားပါတယ်။
      ခွဲတမ်းပေါ့လေ။ အဲဒီတော့ ကုပ္မဏီဆာကယ် (ကုပ္မဏီတွေကို အခွန်စည်းကြပ်တဲ့ဌာန) ကလဲ
      လုပ်ငန်းရှင် ရိုးရိုးတွေကို ရှုံးရှုံး/မြတ်မြတ် အနဲဆုံးရာနှုံးတခုနဲ့ တိုးကောက်ပါတယ်။
      ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်(လို့ထင်တယ်)မှာ ယခင်နှစ်ထက် ၁၀% အနည်းဆုံးတိုးကောက်ရမယ်လို့ အမိန့်ထွက်ပါတယ်။ အဲဒီနှစ်ဟာ တကယ်တော့ လုပ်ငန်းစီးပွားတွေ ကျဆင်းတဲ့နှစ်ဖြစ်တဲ့အပြင်
      အဲရိုး တို့လို ငွေစုငွေချေးလုပ်ငန်းကြီးတွေ ခပ်တည်တည်နဲ့ပိတ်ပြီး ပြည်သူ့ငွေတွေ ပြန်မပေးပဲ ဆိုင်ရာတွေနဲ့ ခွဲစားလိုက်လို့ ပြည်သူတွေ ငွေတွေဆုံးပြီး ကျပ်တည်းကုန်တဲ့နှစ်ပါ။
      ထားပါ.. တိုးကောက်တော့လဲ တိုးပေးရသေးတာပေါ့။
      ဒါပေမယ့် မျက်နှာကြီး လုပ်ငန်းကြီးတခုက သူပေးရဘို့ လျှာထားပြီးဖြစ်တဲ့ အခွန်ကို သိန်း ၇၀၀ဝ ဘိုးလောက် ညှိပြီး လျှော့ဘို့လုပ်တယ်။ ထုံးစံအတိုင်း မိုးပေါ်ကဖုံးဆက်ပြီး စောင့်ရှောက်လိုက်ပါကွာ..ပေါ့။
      အဲဒီတော့ အစိုးရရဲ့ မူလလျာထားတဲ့ အခွန်ပမာဏကိုပြည့်မီဘို့ ကျန်တဲ့ ရိုးရိုး လုပ်ငန်းရှင်များအပေါ် မျှထည့်လိုက်ပါတော့တယ်။

      ပုံပြင်လေးကတော့ ဒါပါပဲ မဟုတ်ပါဘူးကွယ်။
      အဲလို ပုံပြင်အသစ်အသစ်တွေ အမြဲ ထွက်ရှိနေဆဲပါကွယ်…။:D

      • pooch

        December 28, 2011 at 12:18 am

        အဲ့ဒီအခွန်ဆိုလို့ လောလောလတ်လတ် ကျမတို့ အိမ်က လုပ်ငန်းကို လာခြိမ်းခြောက်သွားလို့ သွားပြီး ပူဇော်ပသခဲ့ရတယ် … ကိုယ်ဆောင်လိုက်တဲ့ ငွေက တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲရောက်ပြီး လိုအပ်တဲ့နေရာသုံးတယ် ဆိုကျေနပ်နိုင်သေးတယ် … ခုတော့ …

        ပြောလိုက်ရရင် မကောင်းရှိတော့မယ်…… မြင်တာပြောရရင် ဟိုအရင်အတိုင်း လုံးဝကို မပြောင်းလဲသေးတဲ့ အရာတွေကတော့ ဒီနေ့ ကျမတို့နဲ့ ဆက်စပ်နေတဲ့နေရာတိုင်းလိုလိုပါပဲ …

        ခုချိန်ထိကတော့ လေတွေပါပဲ…ထိရောက်တဲ့ ပြောင်းလဲမှုကတော့ အခွန်အခတွေနဲ့ ပြည်သူတွေကို ဝန်ပိစေတာကတော့ အလွန်ထိရောက်လျင်မြန်စွာ ပြောင်းလဲသွားတာပါပဲ….

        ကျမလည်း ကိုယ်တွေ့ တွေကို ရေးချင်တာ …လက်ကို ယားနေတာပဲ …….စိတ်ကိုအတော်ကြီး ထိန်းထားရတယ်….အကြောင်းကြောင်းတွေကြောင့်…..:(

        • မောင်သန်းထွဋ် ဦး

          December 28, 2011 at 12:24 pm

          ဟုတ်ပါတယ် pooch ရေ။ဒါကြောင့်ဘဲပြောရတာပေါ့ သူ ့ရဲ ့ကြွယ်ဝချမ်းသာမှုနောက်ကွယ်က ငွေမည်းတွေကို
          တကယ်တိုင်းပြည်အတွက်အသုံးချစေချင်မိတယ်။

    • ဦးဦးပါလေရာ

      December 27, 2011 at 11:47 pm

      အဲဒါမျိုးတွေ မနေနိုင်မထိုင်နိုင်လျှောက်ရေးမိလို့
      ဘယ်ရွာသားနဲ့မှ အပြင်မှာမတွေ့ရဲဘူးဖြစ်နေတာ …. 🙁

      • MaMa

        December 28, 2011 at 7:52 am

        ဒါမျိုးတွေ ရေးနိုင်လို့ ရေးတတ်လို့လည်း ဦးပါလေရာကိုရွာသူားတွေက တွေ့ချင်မြင်ချင်နေကြတာ။
        (သေသေချာချာ ရွာသူားတွေလို့ ရေးထားပါတယ်နော်။) 😀

        • inz@ghi

          December 28, 2011 at 8:26 am

          ရွာသူား ဆိုတာလေး တွေ့လို့ …
          ဟိုနေ့က မန့်မယ်ဆိုပီး မေ့သွားတာလေး သွားသတိရတယ် အန်တီမမ ရေ့…

          ရေးနည်းလေးက သင်္ချာ အရဆို ဘုံထုတ်ပြီး chemistry အရဆို စာလုံးတွေ
          reduced လုပ်ပြီးရေးတဲ့နည်း ခေါ်မလားပဲ …
          ရေးသူက တော့ သဂျီး ခင်ဗျ…

          သဂျီးကတော် ပိုစ့်လေးကို ဘဘဘလက် ပြန်တူးဆွ ပြီးတင်ပေးတုန်းက
          ကျေးဇူးတင်ကြောင်းလေး ရေးထားတာ …သဂျီးရော သဂျီးကတော်ပါ
          ကျေးဇူးတင်ကြောင်းလေး ကို ဒါမျိုးလေး လှလှပပ ရေးချသွားတယ်ဗျ…လေးစားပါ၏ သဂျီး

          ကျေးကျေး နော်/တဲ့

      • မကြောက်ပါနဲ ့ဗျာ။ရွာပြင်ထုတ်မှာတော့မဟုတ်ဘူး။တချို ့ကျနော်စာတွေက သူတောင်းစားအာဏာပိုင်တွေရဲ ့အကြောင်းတွေပါနေလေတော့
        တော်တော်တော့မကြည်ကြတာအမှန်ပါ။

  • myaphay

    December 27, 2011 at 6:34 pm

    မြဖေသိသလောက်ပြောရမယ်ဆိုတော့ရင်ဖြင့်. ကျနော်လဲ ဘာမျှမသိပါ။
    အမွေရသလားမသိဘူး ….သူ ့ယောက္ခမကြီးက. ပုံပေးထားမှာလေ။မနာလို
    မဖြစ်ကြပါနဲ ့။ဟဲ…….ဟဲ
    အခွန်မဆောင်လဲ ဦးတေဇဆိုရင် အားလုံးကြောက်နေရတာ။အခွန်ပြောနဲ ့
    အသားတောင်မပါလောက်ဘူး။

  • kokoover

    December 27, 2011 at 9:22 pm

    ကောင်းလေစွ သာဓု သာဓု သာဓု …

  • Big Bang

    December 27, 2011 at 9:22 pm

    ကောင်မလေးဘယ်နှစ်ယောက်ရှိတယ်ဆိုတာပါမပြောဘူးလားဗျာ….
    ကျနော်တစ်ခုတွေးကြည့်မိတယ်..
    သူပိုင်တဲ့ငွေက တစ်ချို့တစ်ဝက်ကို ကျနော်တို့နိုင်ငံပညာရေးအတွက်သာသုံးလိုက်ရင်..
    တော်တော်ကောင်းမှာဘဲ….

  • မောင်သန်းထွဋ် ဦး

    December 28, 2011 at 11:54 am

    ဦးဦးပါလေရာတို ့မမတို ့၊ကိုအင်ဇာဂီတို ့ကိုခိုင်တို ့ဝင်ရောက်ဆွေးနွေးထားကြတာ သိပ်ကောင်းလွန်းပါတယ်။
    ဒါပေမယ့်ဗျာ မျက်နှာကြီးရာဟင်းဖတ်ပါခေတ်ကုန်စေချင်ပါပီ။အခွန်ငွေတွေရှောင်တိမ်းနေကြတာအားလုံးအသိဘဲမဟုတ်
    ဘူးလားဗျာ။ရွာသူ၊ရွာသားများ၏ဝေဖန်အကြံပြုရေးသားချက်များအားလေးစားအားကျလျှက်။

  • Thel Nu Aye

    December 28, 2011 at 1:16 pm

    ပြည်သူပိုင်ငွေတွေလေ။ ဒါဒို့ပိုက်ဆံတွေ။ ကျွန်းတွေစွတ်ဆက်ခုတ်ပြီး ယူထားတဲ့ပြည်သူ့ဘဏ္ဌာတွေ။ တေဇ တယောက်ထဲရဲ့ ပိုင်ဆိုင်မှု့တွေပဲပြည်သူပိုင်သိမ်း ဒါဆိုဒို့တိုင်းပြည်ချမ်းသာပြီ။

  • Thel Nu Aye ပြောတာလဲ မှန်ပါတယ်ဗျာ။တခါကဖတ်ဖူးတယ် ထင်းခုတ်မိလို ့ထောင်ချခံရတယ်။တစ်တောလုံးပြောင်အောင်ခုတ်တော့
    သူဌေးဖြစ်ရောဆိုပါလားဗျာ။

  • lu nyo chaw

    December 29, 2011 at 3:17 pm

    ပြည်သူပိုင်သိမ်းဖို့တော့ မပြောကြပါနဲ့ဗျာ
    ဒုတိယနေဝင်း ခေတ်ကိုပြန်ရောက်နေပါဦးမယ်

Leave a Reply