အလှူတခု ပြုခဲ့သည် ။
ရွာသူားတွေ မုဒိတာ လေးများ ပွားပေးနိုင်ကြဖို့ အတွက် ခရစ်စမတ်နေ့တုန်းက သူငယ်ချင်းတွေနဲ့ အတူသွားပြီးလှူဒါန်းဖြစ်ခဲ့တဲ့
မိဘ မဲ့ကလေးများ ကိုစောင့်ရှောက်ထားတဲ့ သီလရှင် ကျောင်းလေးရဲ့ ဓါတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ် ။
ရွာသူ အမ/နှမ တို့အဖို့မုဒိတာလဲ ပွားရင်း ကိုယ့်မှာ မ၀တ်ဖြစ်ပေမဲ့ ကောင်းမွန်နေသေးတဲ့ အ၀တ်အစား တချို့တလေများ ရှိခဲ့ ရင်
သွားရောက်ပြီး ဝေငှ လှူဒါန်း နိုင်ကြဖို့ ရည်ရွယ်ပါတယ်…
ဓါတ်ပုံတွေကတော့ အဆင်ပြေသလို ရိုက်လာတဲ့ ပုံလေးတွေပါ…
လှူမဲ့ အ၀တ်အစား တချို့
မှတ်တမ်းပုံလေးပါ
သူတို့အတွက် စာအံနေရာ
ဒီနေရာမှာ စာသင်တယ်
ဟောင်းနွမ်းနေ တဲ့ နားခိုရာ
လိပ်စာ ဓါတ်ပုံလေးပေါ့
ဘေးတလျှောက် ကမိဘမဲ့ ကျောင်းလမ်းညွှန်တချို့
ပျော်..ငေး ရင်းကျန်ခဲ့တဲ့ သူတို့တတွေ
သွားတုန်းကတော့ အ၀တ်အစားတွေ ပဲ လှူဖို့ရည်ရွယ်ခဲ့တာပါ ။ ဒါပေမဲ့ သူတို့လေးတွေ မှာ ပုံမှန် အလှူရှင်မရှိဘူးလို့သိရတာရယ်..
ကလေးတွေရဲ့ကျေးဇူးရှင် သီလရှင်ဆရာမကြီးက လေဖြတ်နေတာတောင်မှ ကလေးတွေ အတွက်ပူပင်ပြီး ဆက်လက်ရပ်တည်နေတာကို သိရတာကြောင့်
စေတနာပိုပြီး စာအုပ်ဖိုး ငွေကြေးအနည်းငယ်လည်း ထပ်ပြီးလှူဖြစ်ခဲ့ပါသေးတယ် ။
ကျောင်းနဲ့ပက်သက်ပြီး သိခဲ့တာ တချို့ကတော့…
ငှက်ပျောကျွန်းကျောင်းမှာ လက်ခံထားတဲ့ မိဘမဲ့ ကလေးကစုစုပေါင်း ငါးဆယ်နီးပါးရှိပြီး
အများစုကတော့ ပလောင် ၊ ပအို့ ဖြစ်ပြီး အသက်လေးနှစ်ကနေ စပြီး ဆယ်တန်းတက်နေတဲ့ ကျောင်းသူအရွယ်တွေ အထိရှိပါတယ်။
သူတို့ကိုအတန်းကျောင်းလည်းထားပေးပြီး ကျောင်းမနေချင်သူတွေကိုတော့ သီလရှင် စည်းပေးထားပါတယ်။
ဘွဲ့ရ ဆရာမနှစ်ယောက်နဲ့ ဆယ်တန်းအောင်နှစ်ယောက်က ကူညီနေကြပြီး
ရှင်းပြပေးတဲ့ ညီမငယ်က ဂျပန်က အလှူရှင်တဦးကျေးဇူးနဲ့ ဘွဲ့ရခဲ့ ပြီး ကျောင်းမှာ ပြန်လုပ်အားပေးနေပါပြီ။
အဆိုပါကျောင်းမှာ မိန်းကလေးတွေကိုပဲ အဓိက လက်ခံပြီး ယောက်ျားလေး မိဘမဲ့ များကိုတော့
တောင်ဥက္က လာပ မြို့နယ်က ရတနာပုံ ရိပ်ငြိမ် ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ စောင့်ရှောက်ထားပါတယ် ။
အဲဒီကျောင်းမှာလည်း ကလေးစုစုပေါင်း ရှစ်ဆယ်ကျော်ရှိပါသတဲ့ဗျာ..
ကဲ..အားလုံးသော ရွာသူားများကို စေတနာ အလှူလေး အကြောင်းဝေမျှလိုက်ပါတယ်…
သာဓု သာဓု သာဓု ပါ ညီလေးရေ။
လိုအပ်တဲ့နေရာမှာ လိုတာကိုပေးနိုင်တာ အကောင်းဆုံးဘဝရဲ့ လုပ်ရပ်ပါဘဲ။
စိတ်ဝင်စားတယ်ဟေ့။
Was this answer helpful?
LikeDislikeစိတ်ဝင်တစား အားပေးတဲ့ အတွက် ကျေးဇူးပါ အကိုရေ..
ဂေဇတ်ဝင်ဖတ်ပြီးနောက်ပိုင်း လုပ်ချင်တာလေးကို
လုပ်မိ လိုက်ရလို့ အတော်ကျေနပ်ခဲ့ရတယ်
Was this answer helpful?
LikeDislikeကြယ်ငါးလေးတွေ ကောက်ပစ်ပြန်ပြီပေါ့….
(သဂျီးလေကျဖြင့်)
Was this answer helpful?
LikeDislikehttp://hadrianus.h.a.pic.centerblog.net/76291539.gif
အကယ်ခံချင်လို့ အော်နေတယ်။ ဘယ်သူမှကို မမြင်ကြဘူး။
Was this answer helpful?
LikeDislikeအဲဒါကြီးက ကြယ်ကောင်ကြီးဗျ..
Was this answer helpful?
LikeDislikeအလှူ အတွက် ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ဆိုပါတယ်။
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါ ကိုအမတ်မင်းရေ
အခုပြုတဲ့ ကုသိုလ်ကောင်းမှုကြောင့်
ကိုအမတ်မင်း တို့ တစ်အိမ်လုံး
ပျော်ရွှင် ကျန်းမာ ချမ်းသာ စွာနဲ့ 
နှစ်ပေါင်းများစွာ ဂေဇက် ကို လာနိုင်ကြပါစေဗျာ
Was this answer helpful?
LikeDislikeနောက်လဲ ဒီ့ထက်များများ လှူတန်းနိုင်ပါစေ အမတ်မင်း
ငါကိုယ်တော်မြတ် အားကြီး သဘောခွေ့ တယ်….
မောင်အမတ်မင်း..ထီမထိုးပဲ ပေါက်စေသတည်း..
Was this answer helpful?
LikeDislikeအလှူကို သာဓု သာဓု သာဓုပါ အမတ်မင်းရေ။
လိပ်စာက သိပ်မသဲကွဲဘူးနော်။ လိပ်စာကို သေသေချာချာလေး ရေးပေးပါလား။ ဖုံးနံပါတ်သိရရင်လည်း သိချင်ပါတယ်။ အဆင်ပြေတဲ့အခါ သွားနိုင်အောင်လို့။
Was this answer helpful?
LikeDislike@ကိုဂီ. ဆူးအမ.ကိုပေ.
သာဓု အတွက်ကျေးဇူး တင်ထှာ.. (လေးလေးနက်နက်ပါ)
ကပေါက်ဖော် ရေ..
ထီမထိုးဘဲ ပေါက်ချင်ရင်ထီထိုးထားတဲ့ မချောလေးတွေ ကိုကြိုတင်ဘွတ်ကင်မှ ရမယ်ထင်တယ်နော်
@ အန်တီမမ ..
ကျောင်းနာမည်ကတော့ ငှက်ပျောကျွန်းကျောင်းပါ ။ သာကေတ အ၀ိုင်းနားရောက်ရင် လူအတော်များများသိမယ်ထင်တယ်ဗျ..အ၀ိုင်းကိုရောက်ရင် ဈေးဘက်ကို ချိုးလိုက်ပြီး နဲနဲကျော်တာနဲ့ ရောက်ပါပြီ..လမ်းကတော့ အတော်ဆိုးသဗျ (ဂ၀ံအကြမ်းပဲ ခင်းထားသကိုး)
ဖုန်းနံပါတ်ကတော့ မေ့ပြီးမတောင်းခဲ့မိဘူး
ဆရာမကြီးနာမည်က..Daw Sandarthiri (sandarမပေါင်းတတ်လို့)
၁၀ ရပ်ကွက်၊ (ဈေးအရှေ့ဘက်) သာကေတ
Was this answer helpful?
LikeDislikeဒါမျိုးလှူဖို့ကတယောက်အားနဲ့မလွယ်အများအားနဲ့မှအောင်တာပါ
ကိုအော်ပီကျယ်တို့ကိုသာချိုတို့လုပ်သလိုမျိုးပ
တယောက်တလ၁၀၀၀ထည့်လိုတဲ့နေရာအကုန်လှူ တလစုလို့ရသမျှအကုန်လှူ
သိပ်ကောင်းအခုဆိုအတော်အောင်မြင်နေပါပြီကျွန်တော်လည်းလှူဖြစ်တယ်
ကိုယ်တနိုင်လုပ်တာကတပိုင်းပေါ့
နောက်နှစ်တွေပိုမိုပွင့်လင်းမှုရှိလာကြရင်ဂေဇက်မိသားစုအလှူဆိုပြီး
သူကြီးကစစု မများပါဖူး တလ၁၀၀၀တည်းပါ
Was this answer helpful?
LikeDislikeကျွန်မ ထောက်ခံပါတယ်။ စိတ်လဲဝင်စားပါတယ်။ Serious ထားပြီး စဉ်းစားကြရအောင်။
Was this answer helpful?
LikeDislikeကျွန်တော့ အထင် ရွာသူတွေထဲကပဲ တတ်နိုင်သလောက်မျှဝေ လှူဒါန်းနေတဲ့ သူတွေရှိမယ်..
သူတို့ကနေ တဆင့် အခြေခံ စလုပ်နိုင်ရင် ကောင်းတာပေါ့.. လောလောဆယ်တော့ အတွေးကောင်းလေးတွေပေါ့
တယောက်ယောက်ကများ အကောင်အထည်ပေါ်အောင်လုပ်ဖြစ်ခဲ့ရင် အားတက်တရော ပါဝင်ပါ့မယ်..
Was this answer helpful?
LikeDislikeONE MORE အဲ့ဒီလက်ကမ်းစာစောင် မနေ့ကရခဲ့လို့
ဒီနေ့သွားလှူမယ်စိတ်ကူးထားတယ်ဗျ အစီအစဉ်ကောင်းပါပဲ
အလှူအတွက် သာဓု သာဓု သာဓု ပါဗျာ….
Was this answer helpful?
LikeDislikeအမတ်မင်းရေ တကယ်လိုအပ်တာကို မငဲ့မကွက်ဘဲဆောင်ရွက်နိုင်သူက မှ
တကယ့်လူတော်ပါဗျာ။
အဲတော့ ………………………….
Was this answer helpful?
LikeDislikeကိုအမတ်မင်းရေ…
အင်အားကြီးသောအထောက်အပံဖြစ်ပါစေရှင်။
Was this answer helpful?
LikeDislikeကိုအမတ်မင်းရေ့
သာဓုပါဗျာ
ဂေဇက်ကလူတွေလည်း မုဓိတာပွားရအောင်
တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် …
Was this answer helpful?
LikeDislikeသာဓု၊ သာဓု၊ သာဓုပါ။ ဆက်ပြီး ပိုပြီး လုပ်ဆောင်နိုင်ပါစေ လို့ ဆုတောင်းပါတယ်။
Was this answer helpful?
LikeDislikeလေးပေါက်.တီချယ်.ကိုကမ်းကြီး.အမလတ်
မုဒိတာ တွေအတွက်ကျေးဇူးအထူးပါ
Was this answer helpful?
LikeDislikeကိုအမတ်မင်းရေ။
တကယ်လိုအပ်နေတဲ့ လူတွေကို လှူတာ
တကယ် ကုသိုလ်ရမှာပါ။
မလိုအပ်တဲ့ နေရာတွေကို
ကြွားဝါချင်လို့ လှူနေတဲ့လူတွေထက်
အများကြီး မြင့်မြတ်ပါပေတယ်။
သာဓုပါဗျာ။
သာဓု၊ သာဓု၊ သာဓု။
Was this answer helpful?
LikeDislikeကျုပ်တို့ရွာ အမတ်မင်းက လွှတ်တော်ထဲက သဂျီးရဲ့ အမတ်တွေထက် အပုံကြီးသာသဗျို့…။
Was this answer helpful?
LikeDislikeဦးကြောင် စကားက အတော် နားဝင်ချို သား..
လွှတ်တော် အမတ်မင်း တို့များကြားသွားရင် ရွာသားအမတ်မင်းကို ငြိုးနေပါဦးမယ်..
မစုံစုံ ရေ..အဲဒီလို လူသူမသိ လှူနေလို့ လည်း နာမည်အတိုင်း ပြည့်.၂စုံ၂ နေရ မယ်လို့ထင်ပါတယ်ဗျာ..
Was this answer helpful?
LikeDislikeအခုလိုလိုအပ်တဲ့နေရာတွေကို ကိုယ်တိုင်သော်လည်းကောင်း
တခြားသူနှင့်သော်လည်းကောင်း လှူတာဟာ ကာယကံရှင်ကော
ဘေးလူတွေပါ အတိုင်းထက်အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်
တကယ်လဲသာဓုခေါ်ပါတယ် ကိုအမတ်မင်း
ကျမကတော့ဒီလိုအထုပ်လိုက်တော့တခါမှမလှူဘူးဘူး
ဒါပေမယ့် ကိုနဲ့အဆင်မပြေတော့တဲ့အသုံးအဆောင်အ၀တ်အထည်တွေတော့
အမြဲလိုလို အဆင်မပြေတဲ့သူတွေပေးနေမိတာ ဗီရိုဆိုဘယ်တော့မှ ပြည့်တယ်မရှိဘူး
တထည်အသစ်ဝယ်လာရင် အဟောင်းတထည်တော့သူများကိုပေးပြီးသားဘဲ
ပေးတိုင်းလဲစေတနာသန့်သန့်နဲ့ပေးတော့ ရတဲ့သူလဲပျော်တာပေါ့လေ
Was this answer helpful?
LikeDislikeဒီပိုစ့်ကို မျက်စေ့မှောက်နေတာ အခုမှဖတ်ဖြစ်တော့တယ်။
သာဓုခေါ်ပါတယ်ဗျာ။ နောင်လဲဆက်လုပ်ပြီး အများအကျိုးသယ်ပိုးနိုင်ပါစေ။
မိန်းကလေးတွေဆိုတော့ ထားရခက်လို့ သီလရှင်ဝတ်ပေးထားတာထင်တယ်။
(အဲဒါလေးတော့ နဲနဲ ဘ၀င်မကျချင်ဘူး။ ပြောလဲပြောရဲပါဘူး သူကြီးနဲ့ရောပြီး အဆဲခံနေရဦးမယ်။)
ဒါ့ထက်ပိုကောင်းတဲ့ အစီအစဉ်လေးလုပ်ပေးနိုင်ရင် အတိုင်းထက်အလွန်ပေါ့။
unclegyi1974 ပြောတဲ့အစီအစဉ်မျိုးလေး လုပ်ကြရင်ကောင်းမယ်နော်။
ဂေဇက်ထဲမှာ မန်ဘာလဲတောင့်လာပြီဆိုတော့ …
တစ်လ ၂၀၀၀ ကျပ်လောက်ကို မန်နီအော်ဒါနဲ့ဖြစ်ဖြစ်လက်ခံ။ ဒါမှမဟုတ် ဘဏ်တခုမှာ စာရင်းရှင် အကောင့်ဖွင့်ပြီး လက်ခံ။ တစ်လတစ်လ ရ/သုံးကို ဂေဇက်က ဖိုရမ်မှာ ပြန်တင်ရှင်း။
နောက်လ ဘာလှူကြစို့ဆိုပြီး ၀ိုင်းဆွေးနွေး
အဲဒါလေးလုပ်ဘို့
ကိုဘလက်(blackchaw) ကိုဖြစ်ဖြစ်
ကိုပေ(wind talker) ဖြစ်ဖြစ် ၀ိုင်းတိုက်တွန်းကြပါလား……….
(သူတို့နှစ်ယောက်က လူငယ်လဲဖြစ်၊ ပရဟိတစိတ်လဲရှိ၊ အိမ်လဲပိုင် ပြီး ဂေဇက်ထဲမှာလဲ လူသိများလို့ ခေါင်းထဲဝင်လာတာ)
Was this answer helpful?
LikeDislikeကိုပါလေရာ ကြီးရေ။
ကျွန်တော် လူမငယ်တော့ပါဘူး ခင်ဗျာ။
အသက်က ၄၀ ကျော်၊ အိုမင်းမစွမ်းတဲ့ အရွယ်ပါ။
ကိုပေတို့ ပေါက်ဖေါ်တို့ မှော်ဆရာတို့လို
ရွာကာလသားတွေက ဦးဆောင်စေချင်တာပါပဲခင်ဗျာ။
Was this answer helpful?
LikeDislikeအမတ်မင်းရေ … နေရာလိပ်စာလေး ပုံထဲမှာပါပေမယ့် သေးနေတော့ သေချာ မမြင်ရဘူး … လိပ်စာလေးပါ ထည့်ရေးပေးစေချင်ပါတယ် … ။ စွန့်ကြဲ ပေးကမ်း လှူဒါန်းတယ်ဆိုတာ အန်မတန်မှ မွန်မြတ်တဲ့စိတ်ဓါတ်ရှိလို့ လုပ်နိုင်ကြတာပါ … ။ ကိုယ့်မှာရှိတဲ့ ဥစ္စာပစ္စည်းကို တပ်မက်ကြတာ လူတိုင်းပါပဲ … ဒီထဲကမှ ဖဲ့လှူတဲ့ စိတ်လေးရှိတာ … အလွန်ကောင်းပါတယ် … နောက်လည်း လှူနိုင်ပါစေနော် … ။ အလှူအတွက်လည်း သာဓု x ၃ ပါနော် … ။
Was this answer helpful?
LikeDislikeဦးပါလေရာ ရေ..
ကျွန်တော့် အထင်တော့ မယ်သီလရှင် ၀တ်ချင်တဲ့ လူတွေ ကိုပေးဝတ်ခြင်းအားဖြင့်
ပုံမှန် အလှူရှင် မရှိတဲ့အတွက် အဓိကလိုအပ်တဲ့ ဆန်တမျိုးတော့ အဆင်ပြေ လောက်မယ်ထင်တယ်..
ဆယ်တန်းအောင်ပြီးသူ/မအောင်ပေမဲ့ အရွယ်ရောက်သူတွေ ကို စိတ်ဝင်စားမယ်ဆိုရင်
စက်ချုပ်(အိမ်တွင်းမှု)သင်တန်းပေးတက်တယ်ပြောတယ်ဗျ…
ဦးပါလေရာ ၊ ကိုဘလက်တို့လို လူတွေ ဆော်သြပေးရင် အကောင်အထည်ပေါ်လောက်မယ်ထင်တယ်
အဓိကတော့ သဂျီးပေါ့နော်..
ဒေါ်အိတုန်ရေ..
အန်တီမမ မေးထားလို့ ကျောင်းလိပ်စာနေရာကိုညွှန်းပေးထားတယ် နော်..
ံ့
Was this answer helpful?
LikeDislikeသိဘီ သိဘီ … သိတွားဘီ … ရှဲရှဲ … ( ငါးကြော်ရင်း ပြောခြင်း :D )
Was this answer helpful?
LikeDislikeသာဓု ၊ သာဓု ၊ သာဓု။ ထိုကောင်းမှုကြောင့် အမတ်မင်းလည်း ရာထူးတိုးပါစေဗျား ။
Was this answer helpful?
LikeDislike