ကိုယ်တွေ D-Form လျှောက်ရင်ဘာတွေများလိုမလဲလို့ စပ်စုချင်တာနဲ့ D-Form ဆိုဒ်ထဲဝင်လိုက်တာ လားလား … မြန်မာနိုင်ငံတော်အလံပုံကို ကိုယ်တွေချစ်တဲ့ အရင်အလံတော်ပုံကိုပဲ ဒီနေ့ အထိအသုံးပြုထားတာ သွားတွေ့ ရတယ်ဗျ .. ဒါက အခြား ဖန်စီ ပုဂ္ကလိကဘလော့ မဟုတ်ပါဘူး .. နိုင်ငံတော်က တရားဝင်လွှင့်တင်ထားတဲ့ Government အဆင့်ရှိ Myanmar Immigration ဆိုဒ်ပါ .. မြန်မာ့လူဝင်မှုကြီးကြပ်ရေးလို နိုင်ငံပိုင်အဆင့်မှာရှိတဲ့ ဆိုဒ်တခုမှာတောင် အလံတော်ပုံတွေက ရှေ့ မှာတမျိုး နောက်မှာတမျိုး လုပ်ချင်သလိုလုပ်နေကြတာလေးတွေ လူကြီးတွေလဲ သတိထားသင့်ပါတယ်ဗျ ..

နိုင်ငံတော်က မြန်မာနိုင်ငံလုံးဆိုင်ရာအလံတော်ကို စိတ်တိုင်းကျ ပြောင်းလဲထားတာပါ .. အခုလို နိုင်ငံပိုင် ဆိုဒ်တခုမှာ ဒါမျိုးတွေဖြစ်နေတာက ကောင်းတော့မကောင်းဘူးဗျ .. ဆိုဒ်က အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ဆိုဒ် အက်ဒ်မင်တွေ က ဒါကိုတော့ ဂရုတစိုက်ရှိသင့်ပါတယ်ဗျာ .. စာမျက်နှာအားလုံးမှာ အလံတော်အသစ်ပုံဖြစ်နေပြီးတော့ ဒုတိယစာမျက်နှာတခုထဲကျမှ အရင်အလံတော်ပုံဖြစ်နေတာ အက်ဒ်မင်တွေ ပေါ့လွန်းတာလား ရှော်လွန်းတာလား Sဂရုမစိုက်တာလား မသိ ..

သွားရောက်အားပေးချင်သူတွေအတွက် ဆိုဒ်လိပ်စာကတော့ ဒီမှာဗျ .. http://dform.mip.gov.mm/default.html .. ပုံတွေပါ screen shot ဖမ်းထားလိုက်တယ်ဗျာ .. ဆိုဒ်ထဲဝင်မရရင် ပြော .. attach နဲ့ ပို့ ပေးမယ် .. :D ကျုပ်က အက်ဒ်မင်ကို ဒါလေးလက်တို့ ပီး သတိပေးချင်လို့ ဟာ Contact ကိုနှိပ်တာ ဘာမှမလာဘူး .. :D

YingLamp

About YingLamp

has written 5 post in this Website..

IADOM