၂၇.၁၂.၂၀၁၁ ပရီးမီးယားလိဂ် ပွဲစဉ်များ

မောင် ပေDecember 27, 20111min895

မင်္ဂလာပါ သပ္ပူရိသ စာချစ်သူ စာဖတ်သူ အပေါင်းတို ့။
ဒီနေ ့ညမှာ ကန်ကြမယ့် ပရီးမီးယားလိဂ် ပွဲသုံးပွဲအကြောင်း ကို ရေးပြချင်ပါတယ် ။
မနေ ့တုန်းကတော့ ၊ အသင်းကြီး ၃သင်း ခန် ့မှန်းခဲ့ရာမှာ ၊ မန်ယူ တစ်သင်းထဲသာ အပြည့်အဝ လုပ်ကျွေးသွားခဲ့ပြီး ၊ ကျန်နှစ်သင်း က သရေ ဘဲ ခတ်သွားခဲ့လို ့၊ အားပေးသူများ နစ်နာခဲ့ရပါတယ် ။ ဒီကနေ ့ည ပွဲစဉ်များအတွက် အကောင်းဆုံး စဉ်းစားကြည့်မိရာ…
*********************
အာဆင်နယ် (၅) – ဝုဗ် (၁၇) “ည ၉း၃၀”
အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်၁ရပွဲကန်အပြီးမှာ ၁ဝ နိုင် ၊ ၂ သရေ ၊ ၅ ရှုံး ၊ ရဂိုး၃၃ ပေးဂိုး၂၅ ၊ ၃၂မှတ်
ဝုဗ် အသင်းဟာ ပရီးမီးယားလိဂ်၁ရပွဲကန်အပြီးမှာ ၄ နိုင် ၊ ၃ သရေ ၊ ၁ဝ ရှုံး ၊ ရဂိုး၁၉ ပေးဂိုး၃၂ ၊ ၁၅မှတ်
အာဆင်နယ် ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ နိုင်
ဝုဗ် ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ ရှုံး ၊ ရှုံး ၊ ရှုံး ၊ ရှုံး
အာဆင်နယ် အိမ်ကွင်းတွင် ဝုဗ် နှင့် တွေ ့ဆုံခဲ့မှုများမှာ
၁၂.၂.၂၀၁၁ အာဆင်နယ် ၂-ဝ ဝုဗ်
၃.၄.၂၀၁ဝ အာဆင်နယ် ၁-ဝ ဝုဗ်
ဈေးအနေအထားအရ အာဆင်နယ်ပရိသတ်များအတွက် ၂ဂိုးဆိုလျှင် ခပ်ပါးပါး အကျိုးရှိမည် ။
အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီ သည် ၂၀၁၁ အတွင်းကစားခဲ့သော ပရီးမီးယားလိဂ် ပွဲများတွင် သွင်းဂိုး၃၄ဂိုး ရှိပြီ ဖြစ်သည် ။ ယခု ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁ရ အပြီးတွင် သွင်းဂိုး၁၆ ဂိုး ဖြင့် ဂိုးသွင်းအများဆုံးဖြစ်သည် ။
ယခုရာသီ အာဆင်နယ် အိမ်ကွင်း၈ပွဲကစားခဲ့ရာ လီဗာပူး တစ်သင်းကိုသာ ရှုံးခဲ့ပြီး ၊ ၆ ပွဲ နိုင် ၊ ၁ ပွဲ သရေ ။
ဝုဗ် အသင်း မှာ အဝေးကွင်း နိုင်ပွဲ ၁ ပွဲသာ ရှိပြီး ၁ သရေ ၊ ၆ ရှုံး
ချဲဆီး အသင်း က ၁၈ပွဲကစားအပြီး ၃၄ မှတ် နှင့် အဆင့်၄ နေရာတွင် ဖြစ်သဖြင့် ယခုပွဲကို အာဆင်နယ် အနိုင်ကစားလျှင် အဆင့်၄နေရာ ကို ယူနိုင်မည် ဖြစ်သည် ။
ဆိုတော့ ဒီနေ ့ပွဲ ကို အာဆင်နယ် အနိုင်ကစားမည် မှာ သေချာသည် ။
ဗန်ပါစီ ဂိုးပေါက်စောတွေ ့လျှင် ပရိသတ်များ လိုအပ်သည့် ဂိုးအရေအတွက် ကို ရရှိမည် ။
ယခုပွဲအတွက် သည်လို ဘဲ ပြောချင်ပါသည် ။
“““ အာဆင်နယ် ၃-ဝ ဝုဗ် ”””
*********************
ဆွမ်ဆီး (၁၅) – ကျူပီအာ (၁၆) “ ည ၁၁:၃ဝ ”
ဆွမ်ဆီး ပရီးမီးယားလိဂ်၁ရပွဲကန်အပြီး ၄ နိုင် ၊ ၆ သရေ ၊ ရ ရှုံး ၊ ရဂိုး၁၆ ပေးဂိုး၂၁ ၊ ၁၈မှတ်
ကျူပီအာ ပရီးမီးယားလိဂ်၁ရပွဲကန်အပြီး ၄ နိုင် ၊ ၄ သရေ ၊ ၉ ရှုံး ၊ ရဂိုး၁ရ ပေးဂိုး၃၁ ၊ ၁၆မှတ်
ဆွမ်ဆီး ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ သရေ ၊ နိုင် ၊ ရှုံး ၊ သရေ
ကျူပီအာ ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ ရှုံး ၊ ရှုံး ၊ သရေ ၊ ရှုံး
ဈေးအနေအထားအရ သရေဆိုလျှင် ဆွမ်ဆီး တစ်ဝက် ဆုံးရှုံးမည် ။
ဂိုးပေါင်းဈေးမှာ နှစ်ဂိုးဆိုလျှင် အပြည့်ဆုံးရှုံးမည် ဖြစ်သည် ။
ယခုပွဲကို “““ ဂိုးပေါင်း အနည်း ””” ရွေးလျှင် သာယာမည် မှာ အမှန်ပင် ။
*********************
နော့ဝစ် (၁၁) – စပါး (၃) “ ည ၂းဝဝ နာရီ ”
နော့ဝစ် ပရီးမီးယားလိဂ်၁ရပွဲကန်အပြီး ၅ နိုင် ၊ ၆ သရေ ၊ ၆ ရှုံး ၊ ရဂိုး၂ရ ပေးဂိုး၃၁ ၊ ၂၁မှတ်
စပါး ပရီးမီးယားလိဂ်၁၆ပွဲကန်အပြီး ၁၁ နိုင် ၊ ၂ သရေ ၊ ၃ ရှုံး ၊ ရဂိုး၃၂ ပေးဂိုး၁၉ ၃၅မှတ်
နော့ဝစ် ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ နိုင် ၊ ရှုံး ၊ နိုင်
စပါး ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ဈေးအနေအထားအရ စပါး တစ်ဂိုးဆိုလျှင် အပြည့်နီးပါး အမြတ်ရမည် ။
နော့ဝစ် ၊ စပါး ကို နောက်ဆုံး နိုင်ခဲ့သည်မှာ ၁၉၉၃ ခုနှစ် ဒီဇင်ဘာ က စပါး အိမ်ကွင်း တွင် ဖြစ်ပြီး နော့ဝစ် က ၃-၁ ဖြင့် နိုင်ခဲ့သည် ။
စပါး ကို “ မာတင်ဂျိုး ” နည်းပြခဲ့စဉ် က နော့ဝစ်ကွင်းတွင် ၂-ဝ ဖြင့် နိုင်ခဲ့သည် ။
စပါး သည် လက်ရှိတွင် အဆင့်၄ နေရာ မှ ချဲဆီး ထက် ၂ ပွဲလျှော့ ၊ ၁မှတ် အသာဖြင့် အဆင့် ၃ နေရာတွင် ရောက်ရှိနေသောကြောင့် ၊ ယခုအဆင့်၃ နေရာ ကို ရာသီကုန်သည့် အထိ ထိန်းသိမ်းဖို ့ဆိုလျှင် ၊ အနိုင်ကစားဖို ့လိုသည် ။
ယခုပွဲတွင် နှစ်သင်း စလုံး ဂိုးအပြန်အလှန် သွင်းကြသည် ကို တွေ ့မြင်ရနိုင်ပြီး ၊ အနိုင်ဆိုပါက ခြေစွမ်းပိုကောင်းသော စပါး အသင်း ဘဲ ဖြစ်မည် ဟု ပြောချင်ပါသည် ။
*********************
——- ဖိုက်တာအားလုံး နှစ်ကူးအချိန်ကာလ မှာ အောင်မြင်ရွှင်လန်းကြပါစေ ——-

5 comments

  • ငပေါက်ဖော်

    December 27, 2011 at 4:13 pm

    ပြောသားပဲ မနေ ့က
    မန်ယူပါဆို မယူဘူးမလား..တေလိုက်..တေလိုက်..
    တူဒေး..အာချင်နယ်..အာချင်နယ်….

    မောင်မင်း..ဘောအမှုထမ်း..တာဝန်ချေတယ်..
    အိုစခေ..
    ဆက်လက်ထမ်းဆောင်စေ
    😆

  • kyawkoko

    December 27, 2011 at 7:34 pm

    ဒီနေ. အိမ်ကွင်းကြီးဘဲဗျာ… စပါးက လင်နွန် နဲ. ဂါရက်ဘေး
    မပါဘူးမဟုတ်လား…. အိမ်ကွင်းကြီးဘဲ ၃ ပွဲဆိုရင်အရုံးမရှိနိုင်ဘူး 🙂

  • windtalker

    December 27, 2011 at 7:48 pm

    ပွဲချိန်မှီ ဖိုးကပ်စ်
    အာဆင်နယ် ၃-ဝ ဝုဗ်
    ဆွမ်စီး ၁-ဝ ကျူပီအာ
    နော့ဝစ် ၁-၂ စပါး

  • comegyi

    December 28, 2011 at 5:57 am

    ရဲဘော်ရေ့ အဝင်းတို့များ
    ညံ့ချက်က
    အိမ်ကွင်းမှာ ဝုဗ်လိုအသင်းကို 1-1 တဲ့
    အဲဒါတောင် ပြီးခါနီး ဝုဗ်က
    တစ်ယောက်အထုတ်ခံရသေးတယ်
    ကျုပ်တို့များ ဘောက်ဆင်ဒေး ကံမလိုက်လို့
    အဝင်းကို အားကိုးမိပါတယ်
    အဝင်းက လုပ်ရက်တယ် လုပ်ရက်တယ်…

  • amatmin

    December 28, 2011 at 9:05 am

    တော်သေးတာပေါ့ဗျာ..
    ညက အာကြီး ကြောင့်ကံဆိုးတော့ မလို့ ..စပါး စိုက်လိုက်တာမှန်သွားတယ်..
    ကျေးဇူးတင် တယ် ကိုရက်နပ်.. 🙂

Leave a Reply