နေဝန်းနီ ပြန်လာပြီ

naywoon niDecember 27, 20111min13314

နေဝန်းနီ ပြန်လာပြီ
နေဝန်းနီပြန်လာပြီဆိုလို့ ….ဟိုဟိုဒီဒီ သွားနေလို့လားမထင်လိုက်ပါနဲ့ …။ နေရပ်နေရာက တစ်လက်မလောက်မှ ရွေ့မရခဲ့တာပါ…။ 20-12-2011 နေ့ညနေက ဦးရီးတော်က ဆိုင်ကယ် အက်ဆီးဒင့်နဲ့ နတ်ရွာလားခဲ့ပါတယ်…။ မိသားစုတွေကလည်း နဲကြတာဆိုတော့ ဦးရီးတော်ရဲ့ ဌာနဆိုင်ရာကလည်း မျက်နှာလွှဲ ခဲပစ် လုပ်ပြီး လှည့်မကြည့်တာကြောင့်…….. နေဝန်းနီ တစ်ယောက် ယောင်ခြောက်ဆယ်နဲ့ အလုပ်ရှုပ်သွားရပါတယ်…။ ယောင်ခြောက်ဆယ်နဲ့ အလုပ်ရှုပ်သွားရတာကဒီလိုပါ….။ ဦးရီးတော်ရဲ့ သမီး အငယ်မလေး တစ်ယောက် ကဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာလုပ်နေတာမို့ သူ့ရုံးအဖွဲ့တွေက လိုလေသေးသည်မရှိ ဆောင်ကျဉ်းပေးခဲ့လို့ နေဝန်းနီတစ်ယောက် ယောင်လည်လည် အလုပ်များသွားရတာပါ….။ သူရို့လေးတွေကချည့် ငွေအား လူအားနဲ့ လုပ်ဆောင်ပေးနေလေတော့ မဆိုင်သလို အပြင်ထွက်နေလို့လည်းမရ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရအောင်ကလည်း အသက်အရွယ် အတတ်ပညာ ငွေကြေးဓန အင်အားကလိုက်မမှီ ….။ ဒီလိုနဲ့ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် မီးထိုးပြီး ရေနွေးတည်သလိုလို မီးဖိုနား ဆေးလိပ်မီးညှိသလိုလိုနဲ့ ဟိုမရောက် ဒီမရောက် အချိန်ကုန်ဆုံးသွားခဲ့တာတွေ ပြန်လည် တမ်းတရင်းးးးး
အဲဒိလိုနဲ့ ပျက်ခဲ့ရတဲ့ ဂတိကိုလည်း ဒီနေရာကနေပဲ တောင်းပန်ပါရစေတော့………..။ ပျက်ကွက်ခဲ့ရတဲ့ ဂတိဆိုတာက ဒီလိုပါ…..။ ရန်ကုန်က ညီမငယ် တစ်ယောက် နေပြည်တော်လာရင်သွားတွေ့မယ်လို့ ဂတိပေးခဲ့မိတာ သူ့ပို့တဲ့ မက်ဆေ့ကို အချိန်မှီ မတွေ့လို့ သွားမတွေ့နိုင်တာကိုပါ….။ ဒီ ခုနှစ်ရက်အတွင်းတွေ့ကြုံလာတဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာတွေ့ကြုံ လာတဲ့ လူတွေရဲ့ မနောလေးတွေကိုလည်း အေးအေးဆေးဆေး မျှဝေပေးချင်ပါသေးတယ်…။ ကိစ္စ ဝိစ္စလေးတွေ မပြတ်လေးလို့ အရင်လိုအချိန်ပေးပြီးတော့ မထိုင်နိုင်သေးဘူးရယ်….။ ရွာထဲလည်း ဝင်လိုက်တော့ နဲနဲ စိမ်းနေသလိုပဲ ။ မရောက်တာကြာလို့ ထင်ပါ့….။ ဒါပေမဲ့ နောက်နေ့တွေကြ ဒီထက်အချိန်ရအောင် ထိုင်ပြီး လေပန်းနိုင်အောင်ကြိုးစားပါ့မယ်…။ ရွာထဲ မရောက်တာကြာလို့ နေဝန်းနီ ရွာထဲကို ပြန်လာပြီလို့ ပြောလိုက်တာပါ……….။ အားလုံးကို သတိရလျှက်

နေဝန်းနီ

14 comments

  • blackchaw

    December 27, 2011 at 4:24 pm

    နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်
    ကိုနေဝန်းနီရေ။

  • ဆူး

    December 27, 2011 at 4:55 pm

    ပြန်ရောက်လာခြင်း အတွက် နွေးထွေးစွာ ကြိုဆိုပါတယ်။
    သာရေး ထက် နာရေးက တကယ်ကူညီသင့်ပါတယ်။
    နာရေးဆိုတာ အပူတွေ ကြီးတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။
    တကယ်ကို မွန်မြတ်တဲ့ ကူညီမှုလေးပါပဲ။

  • inz@ghi

    December 27, 2011 at 5:05 pm

    ဝမ်းမလိဝလဲခမ်းမ် ဘက်ခ်

  • hmee

    December 27, 2011 at 5:22 pm

    အဘနီ ပျောက်နေပါတယ်လို့ တွေးမိနေတာ။ ဇာတိတူအဘဆိုတော့ ပိုသတိထားမိတယ်။ 🙂 အဘနီရေ ပြန်ရောက်လို့ နင်းကြမ်းဘက်က မိဘအိမ် ပြန်ဖြစ်ရင် အဘနီနဲ့ တွေ့ဖို့ ချိန်းဦးမယ်နော်။

    • char too lan

      December 28, 2011 at 1:29 pm

      ဟိုက်ရှ် !! ခုပဲရောက်တယ် ခုပဲချိန်းဒေါ့မယ်ဒဲ့ …
      လေးနီတို့များ လန်းချက်က ကမ်းကုန် ….. 😉

  • MaMa

    December 27, 2011 at 6:40 pm

    နေဝန်းနီပြန်ရောက်လာပြီဆိုလို့ ခရီးများသွားနေတာလား။ ဓာတ်ပုံတွေများ တင်တော့ မလားလို့ 😀
    (နေဝန်းနီ ဓာတ်ပုံတင်လေ့ မရှိဘူးဆိုတာ သိပေမယ့် ကိုယ်နဲ့ နှို်င်းပြီး ပြောတာ။ တခုခုဆို ရွာထဲမှာတင်ဖို့ဆိုပြီး နေရာတကာ ကင်မရာတကိုင်ကိုင်နဲ့မို့)

  • ငပေါက်ဖော်

    December 27, 2011 at 7:06 pm

    ဟဲ့..ဟဲ့..
    ပြန်လာတာ ဘာလက်ဆောင်မှလဲ မပါပါလားကွဲ ့..
    တယ်!..
    ငါကိုယ်တော်မြတ် အမျက်တော်ရှသကွဲ ့
    😆

  • ဦးဦးပါလေရာ

    December 27, 2011 at 7:14 pm

    ဆိုင်ကယ်အက်ဆီးဒင့်တွေကလဲ ကြားရတာစိပ်လာလိုက်တာ။

    အခုတရက်နှစ်ရက်လောက် အူမြူးပြီးလွတ်နေတာ ကိုနေဝန်းနီပိုစ့်လေးဖတ်ရမှ သတိပြန်ရတယ်။

  • windtalker

    December 27, 2011 at 7:59 pm

    ယခု ရက်ပိုင်းအတွင်း ဘိုနီ ဆိုနေသော သီချင်း
    “ ငါ ပြန်လာဘီ
    မင်းတို ့ပို ့စ်တွေ
    နက်ထဲမှာ ပို ့ထားလိုက်….
    ယို ့ယို ့ခင်မောင် ခင်မောင် ”

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 27, 2011 at 8:00 pm

    ဟင်းဟင်းဟင်း ဂရူးဂရား ဘူးထွားထွား ရွာထဲရှိသမျှ အပျိုကြီးတွေ ငါနဲ့ညား
    နေဝန်းနီတဲ့
    တစ်နီ ထဲရှိတယ်
    ဘာမှတ်သဒုံး
    တစ်နီ ထဲရှိတယ်
    ဘုံးကြီးကျောင်းက အောင်နီ တောင် နီ ချင်းတူလို့ ဘဒဲဂေါနဲ့ ရောဘလိုက်ဒါ 😀
    နေဝန်းနီ လက်သီး ဘယ်လောက်ပြင်းသလဲသိခြင်ရင် ဖဲရှုံးတဲ့ချိန်လာကြည့်
    …………………
    …………………
    ဟဲဟဲဟဲ
    အရဂါးနောက်ဒါ
    ဂဂျာ ချာဂျီး နေကောင်းရား
    ကလေးမလေး အားနာစရာကြီး

  • နေဝန်းနီပြန်လာပြီဆိုလို့
    လာခိုးတဲ့မိန်းမနောက်လိုက်သွားတာ
    မိဘကိုပြန်အပ်ပြီးလို့ ဝမ်းသာအားရပြောတယ်မှတ်နေတာဗျာ၊
    ဘယ်ကောင်လဲတော့ မသိဘူး အဘနီ မိန်းမနောက်လိုက်ပြေးတယ်ပြောတာရယ်
    ကိုနေရွာထဲကပျောက်နေတာရယ်ဆက်စပ်ပြီးအဟုတ်မှတ်နေတာ။
    အခုမှ ဇာတ်ရည်လည်တော့တယ်နော်။
    တွမ်……………………….

  • ကြောင်ကြီး

    December 28, 2011 at 9:55 am

    ပြန်လာပါ အိမ်မက်လေးရယ်…..

  • koyinmaung

    December 28, 2011 at 11:07 am

    ဦးရီးတော်နဲ့ဆိုင်ကယ်အတူစီးမသွားလို့တော်သေးတာပေါ့
    ကိုနေဝန်းနီကြီးရေ….
    အတွေ့အကြုံလေးတွေဖတ်ဘို့စောင့်မျော်နေပါတယ်ဗျာ…

Leave a Reply