မြန်မာကို သာသနာတည်စေခဲ့သူများ အပိုင်း(၁)

ဆန်နီနေမင်းDecember 27, 20112min1686

ဦးဇင်း ကျမ်းရေးရန်အတွက် စာအုပ်တွေဖတ်ရင်းမှ မိမိတို့မြန်မာနိုင်ငံကို သာသနာအခြေတည်အောင် လုပ်ဆောင်ပေးကြခဲ့တဲ့ ရှင်အရဟံမထေရ်နဲ့အနောရထာဘုရင်တို့ရဲ့ ဇာတ်လမ်းလေးကို ဂုဏ်ပြုချင်တာနဲ့ စာဖတ်သူများလည်း ဗဟုသုတရအောင် ရေးသားတင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Shin Arahan arrived in the vicinity of Pagan and was discovered in his forest dwelling by a hunter. The hunter, who had never before seen such a strange creature with a shaven head and a yellow robe, thought he was some kind of spirit and took him to the king, Anawratha. Shin Arahan naturally sat down on the throne, as it was the highest seat, and the king thought: ‘’ This man is peaceful, in this man there is the essential thing. He is sitting down on the best seat, surly he must be the best being’’. The king asked the visitor to tell him wehre he came form and wsa told that he came from the place where the Older lived and that the Buddha was his teacher.

Then Shin Arahan gave the king the teaching on mindfolness(Appamada), teaching him the same doctrine Nigrodha had given Emperor Asoka when he was converted. Shin Arahan then told the monarch that the Buddha had passed into Parinibbana, but that his teaching, the Dhamma, enshrined in the Tipitaka, and the twofold Sangha consisting of those who possessed absolute knowledge and those who possessed conventional knowledge, remained.

ရှင်အရဟံမထေရ်ဟာ သထုံဘက်ကနေ ပုဂံအနီးကို ရောက်လာခဲ့ပါတယ်။ ရှင်အရဟံသီတင်းသုံးနေရာတောအုပ်ထဲမှာ သားကောင်းလိုက်နေတဲ့ မုဆိုးလည်း ရှင်အရဟံကိုတွေ့တော့ ထူးဆန်းနေသတဲ့။ ခေါင်းလည်းရိတ်ထားတယ်။ အဝါရောင် အစအရှည်ကြီးကိုလည်း ဝတ်ရုံထားတဲ့ ဒီလို ထူးခြားတဲ့ လူသားကို အရင်က ငါမမြင်ဖူးပါဘူး။ ဒီလူကြည့်ရတာ စိတ်ထားတော့ ကြင်နာတတ်မဲ့ပုံပဲ ရှိတယ်။ ဒီလူကို အနောရထာဘုရင်ထံ ခေါ်သွားရင် ကောင်းမှာပဲလို့ တွေးပြီး မုဆိုးကြီးဟာ ရှင်အရဟံမထေရ်ကို ဘုရင်ထံ ခေါ်သွားခဲ့ပါတယ်။

ဘုရင်ထံလည်းရောက်ရော ဘုရင်က သင်နဲ့သင့်လျော်တဲ့နေရာမှာထိုင်ပါလို့ ပြောတဲ့အခါ ရှင်အရဟံက သူ့နားတစ်ဝိုက်မှာ သူလိုရဟန်းလည်းမရှိတာကြောင့် မိမိထက်ဝါကြီးသူများလည်း မရှိလောက်တဲ့အတွက် အမြင့်ဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ ဘုရင်ရွှေပလ္လင်ပေါ်ကို တတ်ခိုင်းလိုက်ပါတယ်။ အဲဒီအခါ အနောရထာဘုရင်က “ဒီလူရဲ့ တည်ငြိမ်အေးချမ်းတဲ့လက္ခဏာရှိတာကို ထောက်ဆကြည့်မယ်ဆိုရင် ဒီလူဆီမှာ ငါ့တို့အတွက် လိုအပ်တဲ့အခြေခံတရားတွေ ရှိမယ်ထင်တယ်။ သူဟာ အကောင်းဆုံးထိုင်ခုံဖြစ်တဲ့ မြင့်မြတ်တဲ့ဘုရင်ပလ္လင်ပေါ်မှာ ထိုင်တယ်ဆိုမှတော့ တကယ်စင်စစ်သူဟာ အရည်အချင်းပြည့်ဝတဲ့ လူကောင်းတစ်ယောက် ဖြစ်ရမယ်” လို့ စဉ်းစားမိတယ်။

ဒါနဲ့ အနောရထာမင်းဟာ ဧည့်သည်ဖြစ်တဲ့ ရှင်အရဟံမထေရ်ကို ဘယ်ကနေ လာတာပါလဲလို့ မေးတဲ့အခါ ရှင်အရဟံက သူ့ဆရာဟာ မြတ်စွာဘုရား ဖြစ်ပါတယ်။ အဲဒီ မြတ်စွာဘုရားရဲ့ ဩဝါဒနဲ့အညီနေတဲ့ ငြိမ်းချမ်းတဲ့ အရပ်ကနေ လာခဲ့တာပါလို့ မိန့်တော်မူပါတယ်။

ထို့နောက်မှာတော့ ရှင်အရဟံက အနောရထာဘုရင်ကို “ ကုသိုလ်ကောင်းမှုကို မေ့မမလျှော့ပြုလုပ်နေတဲ့ပုဂ္ဂိုလ်ဟာ မသေရာလမ်းကိုသွားနေတာနဲ့တူပါတယ်။ ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျှော့နေတဲ့ပုဂ္ဂိုလ်ကတော့ ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ သေရမဲ့လမ်းကို လျှောက်နေတာနဲ့တူပါတယ်ဆိုတဲ့ အပ္ပမာဒတရားကို ဟောကြားပေးခဲ့ပါတယ်။

ရှင်အရဟံ သာသနာဘောင်မရောက်ခင်ကလည်း ဒီတရားကို နိဂြောဓသာမဏေက အသောကဘုရင်မင်းမြတ်ကြီးကို ဟောကြားပေးခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင် ဒီတရားဟာ သာသနာအတွက်ရော၊ လူသားတွေအတွက်ရော အလွန်အရေးပါတဲ့ တရားလို့ သတ်မှတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတရားတော်ကြောင့် မြန်မာပြည်သာသနာရောက်လာတာလို့ ဆိုနိုင်လို့ပါ။

မြတ်စွဘုရားပရိနိဗ္ဗာန်စံသွားပေမဲ့ ဘုရားရှင်ရဲ့တရားတော်များဟာ ပိဋကတ်သုံးပုံထဲမှာ ရှိပါသေးတယ်။ ဒါပြင် အရိယာသံဃာ၊ သမုတိသံဃာ(၂)မျိုးလုံးလည်း ကျန်ရှိနေပါသေးတယ်လို့ ရှင်အရဟံမထေရ်က အနောရထာဘုရင်ကို မိန့်ကြားပေးတော်မူခဲ့ပါတယ်။ (ဆက်လက်ရေးသားပါဦးမယ်)။

ဒါကတော့ အပေါ်က အင်္ဂလိပ်စာကို လိုတိုရှင်း ဘာသာပြန်ပေးလိုက်တာပါ။ ဦးဇင်းလည်း အင်္ဂလိပ်စာတော့ မကျွမ်းသေးပါဘူး။ ကျမ်းရေးဖို့အတွက် ခုထိ အင်္ဂလိပ်စာသင်တန်းတွေ တက်နေရဆဲ၊ လေ့လာနေရဆဲပါ။ ဒါကြောင့် အမှားပါရင်လည်း ဦးဇင်းရဲ့လေ့လာမှုအားနည်းချက်ပါ။ နောက်ဆက်တွဲများကိုလည်း ဦးဇင်းအားတဲ့ချိန်တိုင်း ဘာသာပြန်တင်ပေးသွားပါမယ်။

ဦးဇင်းစာဖတ်ပရိသတ်များအားလုံး ထပ်ခါတလဲလဲ သေခြင်းမှ အမြန်ကင်းဝေးအောင် အပ္ပမာဒတရားရှိကြပါစေလို့ ဆုတောင်းပေးလျက်….။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

6 comments

  • uzin

    December 28, 2011 at 8:15 am

    အရှင်ကောမလ(ခ)ဆန်နီနေမင်း မင်္ဂလာပါ။
    တပည့်တော်ကို ရှင်အရဟံ ၏ ဘွဲ့တော်ဘယ်လိုခေါ်သလဲဆိုတာ သိရင် မိန့်ကြားပေးပါ။

    • ကြောင်ကြီး

      December 28, 2011 at 10:39 am

      ဦးဇင်းရဲ့ ဘွဲ့နာမည်လေး တဆိတ်လောက် အရင်အမိန့်ရှိတော်မူပါ။
      အမိန့်အရ..
      အရှင်ဆန်နီနေမင်း၏လက်ထောက်
      အကြောင်ဂျုံပြာလမင်း

  • ဆန်နီနေမင်း

    December 28, 2011 at 10:59 am

    ရှင်အရဟံမထေရ်ရဲ့ ဘွဲ့အမည်တစ်ခုက ဓမ္မဒဿီလို့ ခေါ်တွင်ခဲ့ပါတယ်။

  • Shwe Tike Soe

    December 28, 2011 at 11:27 am

    စောင့်မျှော်ဖတ်ရှုပါမယ်ဘုရား….. ဆက်လက်ဟောကြားပေးပါအုံး

  • char too lan

    December 28, 2011 at 1:37 pm

    ဓမ္မဒဿီဆိုတာ နှစ်ကျိပ်ရှစ်ဆူထဲက
    ဘုရားတစ်ဆူရဲ ့ နာမည်ပဲနော် !!

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 10:35 pm

    အရှင်ဘုရားအားပေးသွားပါတယ်ဘုရား၊ ခုလိုဘာသာရေးဗဟုတတွေဝေမျှပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ဘုရား..။

Leave a Reply