ရောက်တတ်ရာရာ (တရားရုံး)

htet wayDecember 27, 20111min805

ကျွှန်တော် မြို့ကို (26.12.2011)တနင်္လာနေ့က ပြန်လာခဲ့ရပါတယ်။လူတယောက်မှာ အသက်တရာမနေရ အမူတစ်ရာပွေရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကျွှန်တော် တရားရုံးကိစ
္စကြောင့်ပြန်ရတာပါ။ဖြစ်ပုံက အများပိုင် ပစ္စည်းတွေ ခိုးမူတခုပေါ်ပါက်ရာမှာ တရားလိုက ဘာသာရေးအသင်းအဖွဲ့ လူကြီးတွေကို မတိုင်ခင်လာခေါ်၊တိုင်ပင်နဲ့ ကျွှန်တော် သက်သေဖြစ်
ခဲ့ရပါတယ်။
ကျွှန်တာ် အပြင် တခြားခေါင်းဆောင်တွေကိုလည်းစစ်ဆေးပြီးခဲ့ပါပြီ။ ရုံးချိန်းနှစ်ကြိမ်ပျက်ကွက်တော့ဒီတကြိမ်ပျက်ရင် နောက်တကြိမ်ဆို အချုပ်နဲ့ ခေါ်တာခံရမှာမို့ ဆက်ဆက်
လာခဲ့ရတာပါခင်ဗျား။လမ်းတလမ်းမှာ ရာအိမ်မှူးတယောက်ရှိတယ်ဆိုရင် အဲ့ဒီလမ်းမှာ သူခိုးခိုးခံရရင် ပထမဆုံးက ဒီ ရာအိမ်မှူးကို ပြောမယ် တိုင်မယ်
နောက်သခိုးမိပြီးရုံးတင်တော့ရာအိမ်မှူးက တရားလိုသက်သေဖြစ်ရော။ကျွှန်တော် အဖြစ်ကလည်းဒီလိုပါပဲခင်ဗျား။
ကျွှန်တော်ပြောချင်တာက ဒီအကြောင်းမဟုတ်ပါ။တရားရုံး အကြောင်းသာဖြစ်ပါသည်ခင်ဗျာ။ကျွှန်တော်ကိုဆင့်စာမှာ တရားရုံးရှေ့ကို နံနက် (၁၀)နာရီ အရောက်လာရမယ်လို့ပါ
ပါတယ် ။ဒါနဲ့စောစောပဲ၁ဝနာရီတိတိရောက်ခဲ့ပါတယ်။ တကယ်တန်းရုံးကခေါ်တော့ ၁၂နာရီ မိနစ်၂ဝပါ။ကျွှန်တော်ပထမဆုံးခေါ်ခံရပါတယ်။ဒါပေမယ့်မစစ်ဖြစ်ပါဘူး တရားခံရှေ့နေကခွင့်
တင်ထားလို့ပါတဲ့။ကျွှန်တော်ပြန်လာရတာ ရန်ကုန်ကအိမ်မဲ ကားခကတော့၂၀၀ဝထဲပါ။အလုပ်ကို ပြတ်အောင်လုပ်ရတော့ မင်္ဂလာတောင်ညွန့်ကနေ အလုံ တက္ကစီ ငှားတ၃ာက၂၀၀၀၊အလုံ
မှာ အလုပ်လုပ်ပြီး ကားငှားတော့ ၄၅၀ဝ ဂိတ်ကြေးပေးရတာမနဲ့ ၅၀၀ဝပဲဆိုပါစို့။ထမင်းမစားခဲ့ရပါဘူး။ဒါတောင်ကားမှီရုံလေးပါ။အိမ်မဲရောက်တော့လည်းမနားရပါဘူး အလုပ်တွေကများတာနဲ့
ဆက်လုပ်ရပါသေးတယ်။ ညရောက်တော့ အင်တာနက်သွားထိုင်တုန်း ရှေ့နေနဲ့ တရားလိုက လိုက်လာပြီးလက်ဖက်ရည်ဆိုင်ခေါ်ပြီးအမူအကြောင်းပြောပါလေရောလား။
တကယ်တော့ ကျွှန်တော်က ဒီလိုကိစ္စမျိုးတွေ ဝါသနာမပါဘူး အေးအေးနေချင်တာပါ။အဘဖေါ ပြောသလိုအမှန်တရားအတွက်ဆို ကျွှန်တော်ကိုခေါ်သွားလိုက်ရဲတယ်သတ္တိရှိတယ်။
ကျွှန်တော်လည်းအမှန်တရားအတွက်မို့သာပေါ့။ဒီမှာတရားရုံးက မိတ်ဆွေ ကျောင်းနေဘက်သူငယ်ချင်းက တွေ့တာတောင် တဖက်လှည့်သွားပါတယ်။ခေါ်ဖို့ဝေးလာဝေးပါ။သူတို့ရဲ့ စရိုက်
ကို သိထားတာကြောင့် မခံစားရပါဘူး။ရှေ့နေကိုမေးမိပါတယ် ဆရာ.. မခေါ်သေးဘူးလားခင်ဗျာဆိုတော့ ခေါ်ရင် သွား မခေါ်ရင်နေလို့ ပြောပါတယ် ခပ်မာမာပါပဲ ။ကျွှန်တော်တွေးမိပါတယ်
ငါသာ တရားခံဆိုရင်တော့ သေပြီ။
နောက်တခုက ကျွှန်တော် ကို ကိုယ့်မြို့ကလူတွေကနာမည်အရင်းမသိကြပါဘူး ကလောင်နာမည်ပဲ သိကြပါတယ် ကလောင်နာမည်ကိုပဲခေါ်ကြပါတယ်စာရေးတာသိလားဆိုတော့လည်း
သိသူနည်းပါတယ်။စာပေ အလှမ်းဝေးသူများပါတယ်။လူမူရေး ၊ဘာသာရေးလုပ်သူ၊ထူထောင်ရေးလုပ်သူလို့ သိကြပါတယ်။မြို့ပေါ်က လူတချို့ကတော့ အာဏာပိုင်နဲ့ ရင်းနှီးကြပါတယ် ပေါင်း
တတ်သင်းတတ်ပါတယ်။ ပြောင်းသွားတဲ့ လူကြီးတယောက်ဆို သူက ထက်ဝေးဆိုတာမသိပါဘူးတဲ့ …ဦး……ကိုပဲသိပါတယ်လို့ပြောတာကို ခံရပါတယ် ဦး….က သူကို အမြဲရှာကျွေးနေတော့ သိတာပေါ့လေ။
တရားရုံးကတော့ တမနက်သွားထိုင်တာ စိတ်ပျက်ခဲ့ပါတယ် ၊စိတ်ညစ်ခဲ့ပါတယ်။ အမူနိုင်တဲ့ လူတယောက်ကို ဝန်ထမ်းတယောက်က သိတယ်နော်တဲ့….။ကျွှန်တော်ကဘာလဲဗျဆိုတော့ အဲ့ ဒီလူက
ထုံးစံပါဗျာတဲ့ .။ခေါက်ဆွဲကြော် ဝယ်ရအုံးမယ်လို့ ညည်းသံကြားပါတယ်။
ပြည်သူလွတ်တော်ကိုယ်စားလှယ် တစ်ဦးက တရားရုံးနဲ့ပတ်သက်လို့ လွတ်တော်မှာတင်ပြတာသိပ်ကြိုက်ပါတယ်။ နောက် သီးသန့်ရေးပါအုံးမယ်။တကယ်တော့ ဆေးရုံ၊ထောင်နဲ့တရားရုံးတွေ
မရောက်အောင် သတိရှိကြစေချင်ပါတယ်။မဟုတ်တာတွေကြုံလို့ အမှန်တရားဘက်ကရပ်တည်တယ်ဆိုရင်တောင် စိတ်ညစ်ရပါတယ်။တရားရုံးဝန်ထမ်းတွေလည်ိး မိတ်ဆွေမထားချင်ပါဘူး သူတို့က
တရားရုံးကိုသက်သေအဖြစ်ပဲလာလာ၊ အလည်ပဲလာလာ တရားခံလို့ ပဲထင်နေကြဟန်တူပါတယ် မျက်နှာတွေတင်းမာပြီးအိတ်ကိုပဲ ကြည့်တတ်ပါတယ်။မခေါ်နိုင် မပြောနိူင်နဲ့ ဈေးကိုင်တတ်ကြတယ်။
ရောက်တတ်ရာရာ လေးရေးမိတာပါ စာကမကောင်းရင်လည်းခွင့်လွတ်ကြပါ ရွာသားရွာသူအပေါင်းတို့ လေ။

5 comments

  • memeseku

    December 27, 2011 at 7:14 pm

    ဪငွေကိုမမြင်ဖူးတဲ.သတ္တဝါတွေအကြာင်းရေးတာမှတ်တယ်…….
    သေရင်ပြိတ္တာဖြစ်မှာလေ..

  • unclegyi1974

    December 27, 2011 at 9:03 pm

    အမည်ပေးထားတာကရုံးတဲ့
    လွတ်အောင်ရုန်းပေအုန်းတော့

  • myohtat

    December 27, 2011 at 9:17 pm

    တရားသူကြီးဆို … ဘယ်တရားသူကြီးမှ … ကိုယ်ကျင့်တရားမကောင်းကြတော့ဘူး …
    အချိန်လည်းလေးစားရမယ်ဆိုတာမသိဘူး .. ဒီကြားထဲ .. ဥပဒေဝန်ထမ်းဆိုတဲ့ဟာတွေက ပိုလို့ဆိုးသေး
    ဒီလို မကောင်းတဲ့အကျင့်ဆိုးတွေ ဘယ်တော့များမှ ပပျောက်မယ်မသိတော့ပါဘူးဗျာ …

  • windtalker

    December 27, 2011 at 9:38 pm

    သူ တို ့အိမ်ကွင်းထဲ ရောက်ရင်တော့ ၊ ခြေစွမ်းပြကြမှာပေါ့ ဗျာ… နော

  • htet way

    December 28, 2011 at 8:04 pm

    ကျွှန်တော်က သိပ်ပြီးတော့ ပြောချင်နေတာတွေရှိနေပါတယ်
    ကိုယ့်ကလောင်ကလည်းသိသူတွေများနေတာရယ် မြို့ကလေးကကျည်းနေတာရယ်ကြောင့်
    ချင့်ချိန်နေရတာပါ ခောတ်ကလည်း …သိတဲ့ အတိုင်းလေ။
    လျှောက်လွှာစာရေးတို့၊မိတ္တူစာရေးတို့တွေသိပ်ကြောက်စရာကောင်းပါတယ်။
    နောက် အမူပွဲစားသတိထား ဆိုတာတွေ ငွေများတရားနိုင်ဆိုတာတွေ……။

Leave a Reply