စိုးရိမ်မိသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ

black chawDecember 27, 20111min23941

သူကြီးရေ။
ပြီးခဲ့တဲ့ ရက်များအတွင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ကို ရုပ်ရှင်ရိုက်ကြမည် ဆိုတဲ့ သတင်းကို ကြားမိပါတယ်။ ၂ဝ ရာစု မြန်မာနိုင်ငံရဲ့ အလင်းလက်ဆုံး ကြယ်ပွင့်ကြီးအတွက် ဘလက်က စိုးရိမ်ကြောင့်ကြ ဖြစ်မိပါတယ်။ ရုပ်ရှင်မရိုက်မီ ဘလက်တို့ ရင်ထဲက ချစ်ခင်လေးစား တန်ဘိုးထားရပါသော ဗိုလ်ချုပ်၏ ပုံရိပ်သည် ရုပ်ရှင်ရိုက်လိုက်မှ တန်ဘိုးလျော့သွားမှာ စိုးရိမ်မိတာ ဖြစ်ပါသည်။
ဗိုလ်ချုပ်၏ သမီးအရင်းဖြစ်သူ အမေစု က ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ချင်သည်။ မြန်မာ့ရုပ်ရှင် လောကသား များကလည်း လိုအပ်သည့်နေရာက ကူညီကြမည်ဟု တက်ကြွစွာ ပြောဆိုကြပါသည်။ ဘလက်တို့ အစိုးရကလည်း လိုအပ်သည်များကို ကူညီကြမည်ဟု တရားဝင်ပြောကြားထားပါသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်း သည် တစ်ဦးတစ်ယောက်တည်းအပိုင် မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာပြည်သူပြည်သားအားလုံး၏ ရင်ထဲက သူရဲကောင်းတစ်ယောက်ဖြစ်ပါသည်။ အကယ်ဒမီ လူမင်း က ကျန်စစ်သား အကြောင်းကို ရုပ်ရှင်ရိုက်တာနှင့် တော့ တူမည်မဟုတ်ဟု ထင်ပါသည်။ ကျန်စစ်သားသည် ဒဏ်ာရီဆန်ဆန် သူရဲကောင်းတစ်ဦး ဖြစ်ပါသည်။ ဗိုလ်ချုပ်သည်ကား လက်ရှိမြန်မာပြည်သူတို့ ခံစားနေသော လွတ်လပ်ရေးဆိုသည့် အသီးအပွင့်၏ ဗိသုကာ ဖြစ်နေပါသည်။ ကျန်စစ်သား ၏ ပုံရိပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်တို့သည် အနည်းငယ် ကွဲပြားသည်ဟု ကျွန်ုပ်က ထင်မြင်မိပါသည်။ (ထင်တာလေးကို ပြောတာဖြစ်တဲ့အတွက် မှားသွားရင်ခွင့်လွှတ်ပါဗျာ)
ကဲ ရွာသူရွာသားတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ကို ရုပ်ရှင် ရိုက်စေချင်တဲ့သူနဲ့ မရိုက်စေချင်တဲ့သူ ဘယ်သူများလဲ သိချင်မိပါတယ်ဗျာ။

41 comments

  • blackchaw

    December 27, 2011 at 9:23 pm

    ရေးထားတဲ့ မူရင်းပို့စ်က တော်တော်ကြီးရှည်ပါတယ်။
    နားလည်မှုလွဲပြီး ဝိုင်းဆဲကြမှာစိုးတာရယ်
    မြန်မာ့ရုပ်ရှင်လောကကိုလည်း တိုက်ခိုက်လိုစိတ်မရှိတာရယ်ကြောင့်
    သူများကို စော်ကားတယ်လို့ယူဆရတာတွေ အားလုံး တည်းဖြတ်လိုက်ပြီး
    ဒီလောက်နဲ့ လွှတ်လိုက်ပါတယ်ခင်ဗျာ။

  • windtalker

    December 27, 2011 at 9:36 pm

    အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြမှာပါလေ အိုမိတ်ဆွေ

  • inz@ghi

    December 27, 2011 at 9:38 pm

    ဘဘ ဘလက်ရေ့ ….. POLL ထောင်ဖို့ တောင် ..သဂျီးကို တိုက်တွန်းချင်ရဲ့…

    ကျုပ်ကတော့ ရိုက်စေချင်တယ်ဗျ….
    ရိုက်သင့်တယ်. …ပီပြင်ဖို့တော့ လိုတယ်..
    မှီမှာတော့ မဟုတ်ဘူး ….ဟုတ်တယ်. ..
    မှီစရာမလိုဘူး …..ကွာမှာဘဲ …ဂုဏ်သတ္တိတွေ ယုတ်လျော့နေမှာဘဲ …..
    ဒါပေမယ့် something ရှိနေတာ nothing ဖြစ်နေတာထက်….တော့ သာသေးသဗျ…
    သိပ်ခေတ်မကွာသွားခင် …..သိမှီသူအချို့ သက်ရှိထင်ရှား ရှိနေတုန်းလေး ..
    မှတ်တမ်းချန်စေ့ချင်တယ်ဗျာ…. အဟုတ်ပါ…

    ကျနော် … red baron ပြန်ကြည့်နေတယ်ဗျာ …
    ပထမကမာ္ဘစစ်တုန်းက အကောင်းဆုံးသော လေသရဲတယောက်အကြောင်းပါ….
    သမိုင်းအချက်အလက်တွေနဲ့ သမ ထားတာ …မနည်း …
    မခိုင်မာဘူး ..မမှန်ကန်ဘူး …ဝေဖန်လိုက်ကြတာ ….သောက်သောက်လဲ ….
    အဲ့ ….မမှန်ခဲ့ဘူး သိပ် မပီပြင်ခဲ့ဘူးရယ်..(history ရှုထောင့်အရ ပြောရင်နော့….)

    သို့သော် အဲ့လို အဝေဖန်ခံ (ဗီလိန်အဖြစ်ခံတဲ့ …တင်ပြမှု တစုံတရာ သာ မရှိခဲ့ရင်…)
    ကျနော် မန်းဖရက်ဒ် ရစ်ချ်ထိုဗင် ဆိုတဲ့ လူတယောက်အကြောင်း သိလာစရာ ရှိတော့မှာမဟုတ်တော့…
    ရုပ်ရှင်က ဘာကိုအသားပေးပြတယ်… အမှန်က ဘာ ဆိုတာလည်း …ကျနော် နားလည်မှာမဟုတ်တော့….

    ဒါဟာ …ကျနော်နဲ့ ဘာမှ မဆိုင်တဲ့ ဂျာမန်အင်ပါယာ ခေတ်က လေသူရဲ တယောက်အကြောင်းနော ….
    ဗိုလ်ချုပ် အကြောင်းသာ ….ရိုက်ဖြစ်ခဲ့မယ်ဆိုရင် ..ကမာ္ဘအရပ်ရပ်မှာ ရှိနေမယ့် …ကျနော့်လို ရုပ်ရှင်သူရဲလေးတွေအတွက်..
    ဗိုလ်ချုပ် အကြောင်း မိတ်ဆက် သဘောလေးတော့ …ထင်ဟပ်နိုင်မယ်မဟုတ်လားဗျာ…
    ဖြစ်ရပ်မှန်ကို မမီဦးတော့ မှားဦးတော့ ……သဘာဝမကျဦးတော့ …..

    ဆမ်းမသင်းရှိနေတာ နတ်သင်း ဖြစ်နေတာထက်တော့ အပုံကြီး ကွာတယ်လို့ ..ခံယူထားတဲ့ ဂီ…

    ခင်တဲ့
    Inz@ghi

    P.S …သည်တော့ the Lady ကိုဝေဖန်ကြတဲ့လူတွေ အချက်အလက် ဆွဲထုတ်ပြတဲ့လူတွေကို
    ပါဆင်နယ် အရ အလွန်ကျေးဇူးတင်ပါသည် …. ရုပ်ရှင်ဟာ ရုပ်ရှင်ပါ …
    အနှီရုပ်ရှင်ကို မီဒီယာ အဖြစ် အသုံးချပြီး အဖြစ်မှန်တွေကို လက်ရှိ ပစ္စုပ္ပန် နှင့် ပေါင်းကူးပေးသော
    ကြောင့် ဖြစ်ပါသည်. ….. တော်သေးဘီ ..
    ရှည်တွားဘီ …အိပ်တော့မည်…

    • Khin Latt

      December 27, 2011 at 11:53 pm

      လူတိုင်း က “အဲဗရီးသင်း” မသိပေမဲ့ ရုပ်ရှင်ရိုက်တာကို “အဲဗရီးသင်း” သိနိုင်သူ နဲ့ ရိုက်ရင် အိုကေ မှာပါ။ 😉

  • unclegyi1974

    December 27, 2011 at 9:48 pm

    ရိုက်သင့်တာပေါ့ဗျာဒါမှသမိုင်းအမှတ်မမှားကြမှာ
    အခုကအမှားတွေပြင်နိုင်တဲ့သူတွေရှိသေးနောက်ပိုင်းကြမှရိုက်ချင်တယ်ဆိုမှားတာတောင်
    ပြင်ပေးနိုင်တဲ့သူတွေရှိတော့မှာမဟုတ်ဖူးလေ

  • blackchaw

    December 27, 2011 at 9:52 pm

    အန်ကယ်ကြီးရေ။
    ကျွန်တော်က ပျက်စီးသွားမှာ ကြောက်တာပါဗျာ။
    ဂီဂီ ပြောသလို
    ဆမ်းမသင်းရှိနေတာ နတ်သင်း ဖြစ်နေတာထက်တော့ အပုံကြီး ကွာတယ်
    ဆိုတာလေးကိုတော့ ထောက်ခံပါတယ်ဗျာ။
    မည်သို့ပင်ဆိုစေကာမူ
    စိုးမိတယ်၊ စိုးထိတ်မိပါတယ် ဗျာ။

  • thit min

    December 27, 2011 at 9:55 pm

    Documentary အနေနဲ့သာ ရိုက်သင့်တယ်လို့ကျနော်ပြောဘူးပါတယ်။ ကျန်စစ်မင်းလိုတကယ်လူစားထိုး
    သရုပ်ဆောင်တာဟာ မူလ အင်မေ့ချ်ကိုလဲ မမြင်ရ၊ ဇာတ်သဘောအရလုပ်လို့ရတာ မရတာတွေ
    ရှိတော့ မပီပြင်တာတွေ့ ရှိကိုရှိမှာမို့ တန်ဖိုးတူ ရမှာမဟုတ်ပါဘူး။

  • ငပေါက်ဖော်

    December 27, 2011 at 10:07 pm

    ရိုက်ပါလို ့လဲ မတောင်းဆိုချင်ဘူး..
    မရိုက်နဲ ့လို ့ပြောလဲ သူတို ့ရိုက်ချင်ရိုက်မှာပဲလေ..

    အဲတော့..
    ရိုက်ကြမှာပါ..
    သေချာပေါက်ရိုက်မှာခင်ဗျ.

    အဲဒါကြောင့်..
    ရိုက်ကြပါ.

    သို ့သော်..ပီပြင်အောင် ရိုက်နိုင်ပါစေ..မှန်ကန်အောင်ရိုက်နိုင်ပါစေ…
    ကျနော်တို ့ရဲ့ဗိုလ်ချုပ်ကို..ရိုက်လိုက်တဲ့ဗွီဒီယိုကြေင့်…အကြည်ညိုမပျက်ပါစေနှင့်…
    ပျက်ရယ်ပြုစရာမဖြစ်ပါစေနှင့်..

    ပြီးတော့…
    ရုပ်တူတာမတူတာထက်..သရုပ်တူပါစေ.လို ့..

    တစ်ဗိုက်ထဲထွက်တဲ အမွှာတောင် သေချာကြည့်ရင် လွဲနေတဲ့အတွက် ဒီနေရာမှာ ရုပ်ထက် ဋ္ဌာန်၊မာန်
    ဘာညာအကုန် ပီပြင်အောင် သရုပ်ဆောင်နိုင်မဲ့ သရုပ်ဆောင်ကောင်း တစ်ဦးသာ ရွေးချယ်သင့်တယ်လို ့
    မြင်ပါကြောင်းခင်ဗျား..

    ပြီးတော့.
    ရွေးချယ်ပြီးတဲ့ သရုပ်ဆောင်ကိုလဲ ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းကြီးသိတဲ့လူတွေမှလဲ
    အနီးစပ်ဆုံးတူအောင် အချိန်ယူ၍ ပုံသွင်း၊လေ့ကျင့် ဇာတ်တိုက်ထားသင့်ပါတယ်လို ့..ပြောပါရစေခင်ည

    တော်သေးဘီ..
    အဟွတ်..အဟွတ်..

    😆

  • inz@ghi

    December 27, 2011 at 10:12 pm

    အင်း …အိပ်နိုင်တေးဝူး..
    မန့်လိုက်ဦးမယ် ….
    ကျန်စစ်မင်း နဲ့တော့ မနှိုင်းဘာနဲ့ဂျာ ….
    သူ့ဟာသူ သူ့မျက်ခွက်နဲ့ ….အဲ့သည့်ဘုရင်ရုပ်ထုပီး …နေ့ည ရှိခိုးပီး ရိုက်တဲ့ မင်းသားကိုတော့ စိတ်ကုန်လို့ပါ… …
    ကန်တော့ပွဲပေးတော့ …နတ်ပဲပူး သယောင် အပဘဲ မှီသယောင်
    ဖုတ်ပဲ ဝင်သယောင်တွေတောင် ဖတ်ရသေး…

    အူးတာဗျင်မှာ ဖြေလိုက်သေးတယ်.. ….ဘာတဲ့ ….မြင်းစီး သိုင်းချ …ဘာမှ မတတ်ဘူးတဲ့…
    မမြင်ရတဲ့ စွမ်းပကားဒွေ ဒဂိုးတွေ က ကူပေးနေသယောင်ယောင် လုပ်ချလိုက်သေး ….
    လန်းတယ်နော…

    ကိုရီးယားကား မကြိုက်တဲ့ ကျုပ် ..ဒယ်ဂျိုယောင်း ကြည့်သဗျ …..(အနှီ …ကျံချစ်မင်း နှင့်ခေတ်ပြိုင်လိုလို…)
    တကယ်က …ဇာတ်ပို့မင်းသား ဂေါဆာဝီဘူ ကိုကြိုက်လို့ကြည့်တာပါ….

    ဇာတ်ကားပြီးတော့ … ရှာဖတ်ကြည့်ဘူးတယ်….
    လားလား ….အနှီ ဒယ်ဂျိုယောင်းဘုရင် ..မိန်းမ၂ယောက်ယူတာကော …
    အဲ့ဂိုဂုဟျော ကြီးကို ပြန်လည်တည်ထောင်တာ …သူ့အဖေက စခဲ့ပီး ..(သူတို့ မင်းဆက်က)
    သူက ဆက်ခံသူသာဖြစ်ကြောင်း …မိန်းမ၂ယောက်ရှိကြောင်း..
    သူအုပ်ချုပ်စဉ် ငတ်ကြလို့… တရုတ်ပြည်မထဲကို လဖျူဂျီတွေ ဝင်ကြောင်း ……
    အင်း …ပြသွားတဲ့ အနုပညာများ ကွာတာပြောပါတယ်….
    သူ့ နိုင်ငံပိစိလေး ကိုဆက်ခံသူ ….ကျုပ်တို့ဆီကအရှေ့တောင်အာရှမှာ အတော်အတန်
    တန်ခိုးထွားတဲ့ … ပထမ မြန်မာ အင်ပါယာ ကိုထူထောင်သူ….ဟျူး …

    သည်တော့ ..ဗိုလ်ချုပ်ကားမှာဖြင့်…
    ဝိုင်းကြဝန်းကြမယ် …လုပ်ခွင့်ရကြမယ် ဆိုရင်ဖြင့်…..
    အနှီ ကျံချစ်မင်း နဲ့တော့ နှိုင်းစရာမလိုအောင်ကောင်းတဲ့ ကားတစ်ကား ထွက်မယ်ထင်ပါ့ဗျာ…

    ခင်တဲ့
    ဂီ

  • ကျနော်ကတော့ မရိုက်စေချင်ဘူးဗျ။
    ပြောရမယ်ဆိုရင်တော့ အများကြီး။
    ကိုချောလုိုဘဲ ပျက်သွားမှာစိုးလို့ပါ။
    အမှတ်မမှားအောင် စာနဲ့ပေနဲ့ မှတ်တမ်းတင်မယ်ဆိုလဲရပါတယ်။
    ရုပ်ရှင်ရိုက်မှ မှတ်တမ်းဝင်တယ်လို့ မယူဆပါဘူး။

  • Khin Latt

    December 27, 2011 at 11:40 pm

    ကျွန်မ ကတော့
    (၁) မရိုက်လဲ မရိုက်စေချင်ဘူး။
    သရုပ်ဆောင် မကောင်း ရင်၊ ရိုက်ကွက်မကောင်းရင် ဗိုလ်ချုပ်ရဲ့ စရိုက်လုံးဝကို ပျက်သွားမှာ ရာနှုန်းပြည့် ပါဘဲ။ ကျွန်မ လဲ ဟာသကားလို ဖြစ်သွားမှာစိုးပါတယ်။
    မြန်မာ ဒါရိုက်တာ တွေ ရိုက်မယ်ဆိုရင် တော့ မရိုက်စေလိုပါ။ (သူတို့ကို အထင်သေးလို့ မဟုတ်ပါ။ ဒါပေမဲ့ International အဆင့်အတန်း မှီ ကား ဖြစ်ရမှာ မဟုတ်ပါလား)

    (၂) ရိုက်လဲရိုက်စေချင်တယ်။
    ဒါမှ ဒီနေ့ လူငယ်တွေ အတွက် Role Model ထင်ရှားတဲ့ တစ်ဦး ရဲ့ စရိုက်ကို မြင်ရမှာ။ ဗိုလ်ချုပ်ရဲ့ တန်ဖိုးရှိတဲ့ စကားတွေကို ကြားရမှာ။
    တကယ်က အဲဒီစကားတွေက လူငယ်တွေ အတွက်တင်မကဘဲ အစိုးရ အမည်ခံ လူကြီးမင်း များ ပါလိုက်နာသင့် တာမဟုတ်လား။
    ယုတ်စွအဆုံး ဗိုလ်ချုပ်ရဲ့ အားနည်းတွေတောင် သိနိုင်မယ် ဆိုပါတယ်။
    ပြီးတော့ နိုင်ငံတကာ ကို ပြမယ် ဆိုတော့ မြန်မာတွေ အတွက် နောက်ထပ် ဂုဏ်တစ်မျိုး တိုးတာပေါ့။
    ပြည်ပ က အတွေ့အကြုံရင့် ဒါရိုက်တာတွေ ကူမှာ ဆိုတော့ ပြည်တွင်းမှ လူတွေ အတွက်လဲ ပညာတိုး မယ်ထင်ပါတယ်။

    ဒါကြောင့် Pros & Cons များကို ယှဉ်ကြည့် ရင် …. Pros က များသလားလို့။
    ဒီတော့ ရိုက်ကြည့် မကောင်းဘူး ဆိုရင် မပြနဲ့ပေါ့။ 😀 😉

  • pooch

    December 28, 2011 at 12:11 am

    ကျန်စစ်မင်းတုန်းကတော့ ပေမမှီဒေါက်မမှီ မင်းသားက မိန်းမယူတာတွေ အသားပေးပြီး သူလုပ်ချင်သလို လုပ်သွားတာပဲလေ…

    ဒီကားကတော့ တူတဲ့လူကိုတောင် ရှာပြီး အသေအချာရိုက်မှာဆိုတော့ ဖြစ်နိုင်ရင် ” Invictus” ကားကိုရိုက်ပြီး နယ်လ်ဆင်မင်ဒရဲလားကို ပိုပြီး ထင်ရှားကျော်ကြားလူသိများအောင် လုပ်ပေးနိုင်တဲ့ ဒါရိုက်တာမျိုးက လာရိုက်ရင်ပိုကောင်းမယ်ထင်တာပဲ မလတ်ပြောသလိုပေါ့….

    အစမ်းပြကြည့် ပြီးရင် စိတ်တိုင်းမကျမချင်း ပြန်ရိုက် .. ကိုယ်တိုင်ရဲ့ အတွေးကတော့ ရိုက်ကြည့်စေချင်တာပါပဲ ….ရုပ်ရှင်လောကသားများကိုလည်း သူတို့ ဘယ်လောက်အထိလုပ်နိုင်သလဲ ဆိုတာ မှတ်ကျောက်တင်လို့ ရသွားတာပေါ့……

  • nigimi77

    December 28, 2011 at 12:22 am

    လုံးဝ ကန် ့ကွက်တယ် ။

    လုံးဝ မရိုက်သင့်ဘူး ။

    ကိုသူရ အနေနဲ ့လဲ “ငါး” ဥပဒေသ ကို နားလည်ရမယ်။

    ငါးဆိုတိုင်း ရေမှာ ကျင်လည်တာ မဟုတ်ဘူး ။

    ရေချိုငါးဟာ ရေချိုမှာပဲ အသက်ရှင်နိုင်သလို ရေငံငါးဟာလဲ ရေချိုမှာ အသက်မရှင်နိုင်ဘူး။

    ပုဂံမှာ ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးလို ့ ပျက်ဆီးခဲ့ရပြီးပြီ ။

    ရှိစေတော့ ။

    ပုဂံဆိုတာက လူတွေရဲ ့ ဆင့်ကဲဖြစ်ပေါ်မှုနဲ ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခု

    အပေါ်မှာပဲ အကျိုးသက်ရောက်မှုရှိတယ် ။

    ဗိုလ်ချုပ်ဆိုတဲ့ ဦးအောင်ဆန်း အကြောင်းကို ယခုအထိ ရှိနေတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေကို

    ကျော်လွန်ပြီး တဖန်ပြန်လည် ရုပ်ရှင် ရိုက်မယ် ဆိုရင် ……..

    ထွီ….ဆောက်သုံးမကျလိုက်တာ….

    ဒါမှမဟုတ်…….

    ဟာ…ကောင်းလိုက်တာ…..တော်လိုက်တဲ့ သရုပ်ဆောင်…တော်လိုက်တဲ့ ဒါရိုက်တာ…

    အစရှိတဲ့ အပြုသဘော ဝေဖန်မှုတွေကြားထဲမှာ တစ်ကနေ ပြန်စလို ့မရတဲ့ ပြန်လည်ရိုက်ကူး

    ဇာတ်ကားကြောင့် ဗိုလ်ချုပ်ကို အားကျတဲ့ အဖ မြန်မာနိုင်ငံသားတွေရဲ ့ ခေါင်းထဲမှာရှိတဲ့

    ဗိုလ်ချုပ်ရဲ ့ ပုံရိပ်ကို ပုဂံ က စေတီတွေလို ထုံးဖြူသုတ် ရွှေချ အုတ်စီ တာတွေကို

    မလုပ်စေချင်ဘူး ။

    အဲဒီလို လုပ်မဲ့ အစား တတ်နိုင်သမျှ ….ဗိုလ်ချုပ်ရဲ ့ မှတ်တမ်းတွေကို လမ်းဘေးမှာ

    လုပ်စားရိုက်စား ပိုစတာ ၊ ဇာတ်လမ်းခွေ တွေ မဖြစ်အောင် အသိဉာဏ် ပေးသင့်တယ် ။

    ဘယ်နိုင်ငံက ဘယ်ခေါင်းဆောင်ကို သူတို ့ဆီမှာ လုပ်စားရိုက်စားသည်ဖြစ်စေ

    ဒီနိုင်ငံရဲ ့ ဒီ ဗိုလ်ချုပ် ကိုတော့ အပေါစား ၊ အဝေဖန်ခံ မဖြစ်အောင် လုပ်ရမယ် ။

    • Khin Latt

      December 28, 2011 at 5:13 am

      ဒီလောက် လဲ စိတ်မကြီး ပါနဲ့ တပ်မ၇ရ ကြီးရှင့်။
      စိတ်အေးအေးလေးထား၊ အသက်လေး ဝအောင်ရှူ ပြီး တရေးတမောအိပ်၊ တရေးနိုးချိန် ပြန်စဉ်းစားကြည့်။
      အဖြေက တူသေးရဲ့လားလို့။ ( ခင်လို့စတာပါ ;-))

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 28, 2011 at 7:30 pm

      ဟုတ်တော့ဟုတ်တယ်ဗျ
      ဘာသာရေးနဲ့ပတ်သက်လို့ သဒ္ဓါ ဆိုတဲ့ အပိုင်းဖက်က မပြောသာပေမယ့်
      သမိုင်းဆိုတဲ့ဖက်ကနေတော့
      တန်ဖိုးထားတာခြင်းတူတယ်
      မပေါသွားစေခြင်ဘူး
      ဒါကြောင့် ကျုပ်ကတော့ လွယ်လွယ်မလုပ်ကြဘို့ ဖက်က ပါပါတယ်
      ဆိုလိုတာက စေတနာတော့ပါတာပေါ့ဗျာ
      ကိုယ့်အခြေနေ ကိုယ်သိကြဘို့ပါ

  • ကြောင်ကြီး

    December 28, 2011 at 8:56 am

    အမှားရှိမှ အမှန်သိမှာပေါ့ဗျာ။ မကောင်းမှာစိုးလို့ မရိုက်ဘဲထားရင် ဘယ်တော့မှ အကောင်း ဖြစ်လာနိုင်မလဲ။ မှားသွားတော့လည်း သင်ခန်းစာယူပြီး ထပ်ရိုက်ပေါ့။ တကြိမ်တခါထဲ ရိုက်ရမယ်လို့ ဥပဒေထုတ်ထားတာမှ မရှိတာ။ အချိန်အခါကတော့ ယနေ့အချိန်သည် အကောင်းဆုံးပဲ။ ဒေါ်စုလည်း သက်ရှိထင်ရှားရှိတယ်၊ နိုင်ငံရေး ရေချိန်မြင့်နေတယ်၊ ငွေကြေး၊ နည်းပညာ၊ အတတ်ပညာ ထောက်ပံ့ပေးမဲ့ ပြည်ပအကူအညီလည်းရှိတယ်၊ ပြည်တွင်းကလည်း လူထုစည်းဝေးပွဲလို ရိုက်ချက်တွေမှာ ထောင်သောင်းဂဏန်းနဲ့ ဝင်ပါပေးကြမယ်။ ဒေါ်စုမရှိတော့ရင် အခုလို အထောက်ပံ့တွေရဖို့ ခဲယဉ်းတယ်။ သူရှိနေသေးလည်း အခုလိုဩဇာညောင်းနေအုံးမှ၊ တိုင်းပြည်အပေါ်လည်း နိုင်ငံတကာက စိတ်ဝင်စားနေအုံးမှ၊ အလှူရှင်လည်းရှိအုံးမှ ဖြစ်မှာ။ ကျုပ်တို့ကသာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ့်ခေါင်းဆောင်မို့ဖြစ်နေတာ တိုင်းပြည်အပြင်လည်း ထွက်ကြည့်ကြပါအုံး၊ သူသူကိုယ်ကိုယ်ပါ… ကိုယ့်နိုင်ငံခေါင်းဆောင်မဟုတ်ရင် ကြည်ညိုပါ့မလား။ မဟတ္တမဂန္ဓီ..လီနင်…လင်ကွန်းတို့လို တကမာ္ဘလုံးဩဇာသက်ရောက်ခဲ့သူဆိုရင် တမျိုးပေါ့။

  • MaMa

    December 28, 2011 at 9:18 am

    မလတ်ပြောသလို ရိုက်လည်း ရိုက်စေချင်တယ်။ (သမိုင်းမှတ်တမ်း ဖြစ်စေချင်လို့)
    မရိုက်လည်း မရိုက်စေချင်ဘူး။ (ကိုဘလက်လို ပေးချင်တဲ့ ရသကို မပေးနိုင်မှာစိုးလို့)
    ဆြာသစ်ကို ထောက်ခံတယ်။ Documentary အနေနဲ့ဆို ပိုပြီး ပီပြင်နိုင်မယ်ထင်တယ်။

  • Onyx

    December 28, 2011 at 10:22 am

    ကိုတွေ ဘာပြောပြော သူတို့က တော့ရိုက်မှာပဲလေ မဟုတ်လား။ တစ်ခု သေချာတာကတော့ ကျန်စစ်မင်းလို မဖြစ်ဖို့ ပဲလေ ။ နို့မဟုတ်ရင် သမိုင်းထဲ မှာသူဟာသူ နေတာ အကောင်းရယ်ပါ
    ရုပ်ရုင်လဲရိုက်ရော ဘာဆိုဘာမှကို သုံးမရတာမျိုးကြီး ဖြစ်သွားတဲ့ ကျန်စစ်သားလိုတော့ မဖြစ်စေချင်ဘူး ။
    အဓိကတော့ ဗိုလ်ချုပ် ရဲ့မျိုးချစ်စိတ် ၊ မာန်ပါတဲ့ မျက်လုံး အိုအားလုံးပါပဲ လွဲကုန်မှဖြင့် နောင်လာမဲ့ လူငယ်တွေ ပြောစရာ ဖြစ်ကုန်ပါ့မယ်ဗျာ ။
    နောက် သူတို့က ရိုက်ပြီးလဲ ဒီအတိုင်းထားမှာမှ မဟုတ်တာ ။ နိုင်ငံခြားမှာပြတာတို့ ဘာတို့က ရိုလာနိုင်သေးတော့ ………………………
    ရင်လေးတယ်………
    မပီပြင်နိုင်ဘူးဆိုရင်တော့ ………………………

  • နီကီတာ

    December 28, 2011 at 10:59 am

    ရိုက်စေချင်တယ်..
    ဒါပေမယ့် တကယ်လို့ ဒေါ်စုကသာ ရိုက်မယ်ဆို
    မင်းသားဆိုရင် သဏ္ဌာန်တူတာ မရှာနဲ့
    သရုပ်တူတာရှာ
    ဒါရိုက်တာဆိုရင်လည်း international တန်းဝင်အောင် ငှား…

    ဒီလိုမှမဟုတ်ဘဲ
    ပြည်တွင်းဖြစ်ရိုက်မယ်ဆိုရင် …
    အင်း… မရိုက်တာက ပိုကောင်းလိမ့်မယ်….။

  • Shwe Tike Soe

    December 28, 2011 at 12:01 pm

    ရိုက်တာတော့ရိုက်သင့်ပါတယ်.. ဒီလိုမှလဲ မြန်မာရုပ်ရှင် က လမ်းပွင့်မှာပေါ့ ရိုက်မယ့်ဒါရိုက်တာနဲ. သရုပ်ဆောင်မဲ့သူတွေလဲ ဗိုလ်ချုပ်အတွက်ဆိုတော့ သမန်ကာလျှံကာ မလုပ်ရဲလောက်ပါဘူး… လုပ်ကြည့်ပါလား ပရိတ်သတ်က သူတို.ကို ဝိုင်းသမ ကြမှာပေါ့.. ပြီးတော့ ရုပ်ရှင်နည်းပညာကို အဆင့်မြင့်နည်းပညာတွေသုံးပြီး လုပ်သင့်တယ်ထင်တယ့် စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်ကြပါ.. ဒါမှ မြန်မာ ဒါရိုက်တာတွေ ဘယ်လောက်လက်စွမ်းလက်စ ရှိတယ်ဆိုတာ.. သိရမှာလေ.. လုပ်နိုင်တဲ့သူကို ဝိုင်းဝန်းကူညီထောက်ပန်.ပေးဖို. အထောက်အပန်.ကောင်းဖို.နဲ. လက်ကိုင်ခွင့်ရှိရင် ဇာတ်ကားကောင်းတစ်ကားဖြစ်လာမယ်ထင်ပါတယ်…….

  • hokg

    December 28, 2011 at 12:08 pm

    ဗိုလ်ချုပ်လိုလူမျိုးအကြောင်း ရိုက်မယ်ဆိုရင်တော့….. ဗမာပြည်က ဒါရိုက်တာတွေ ဗမာပြည်က ရုပ်ရှင်နည်းပညာတွေ အထူးပြုလုပ်ချက်တွေ ကင်မရာ အယူအဆအလင်းအမှောင် နဲ ့ ကာလာ အယူအဆတွေ လောက်နဲ ့တော့….. ဖြစ်မယ် မထင်ဘူး .. ဇါတ်လမ်းထဲမှာ မဖြစ်မနေပါမယ့် စကားပြောခန်း တွေမှာ အင်္ဂလိပ်စစ်ဗိုလ်ကြီးတွေက ဗိုလ်ချုပ်ကို “ မောင်မင်း လူကလေး” အဆင့် လောက်နဲ ့ဆိုရင်တော့ ဗိုလ်ချုပ်သမိုင်းဟာ စာအုပ်ဖတ်နေရတာက မှ တော်သေးတယ်….. ရုပ်ရှင်ရိုက်လိုက်မှ ဗိုလ်ချုပ်ရဲ့ Imageကို ထိခိုက်စေမယ် ဆိုရင်တော့ မလုပ်တာပိုကောင်းလိမ့်မယ်….

  • naung

    December 28, 2011 at 12:20 pm

    ကျွန်တော်ကတော့ လေးပေါက်ပြောသလို စာအုပ်အနေနဲ့ဘဲ မှတ်တမ်းဖြစ်စေချင်ပါတယ်။
    နိုင်ငံတော်အဆင့်အနေနဲ့ စာအုပ်တစ်အုပ်လောက်ထုတ်စေချင်ပါတယ်။
    ဗိုလ်ချုပ်ကို သိမှိသူတွေရှိနေသေးတော့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် အကောင်းဆုံးဖြစ်လာနိုင်မယ်ထင်ပါတယ်။

  • နွယ်ပင်

    December 28, 2011 at 12:21 pm

    ရိုက်သင့်တယ် မသင့်ဘူးလို့တော့ မပြောချင်ပါဘူး
    မရိုက်သင့်ဘူးဆိုလဲ ရိုက်ချင်ရင် ရိုက်ကြမှာဆိုတော့
    ဒါပေမယ့် ဗိုလ်ချုပ်အကြောင်းကို ရိုက်မယ်ဆိုရင်တော့
    ပေးချင်တဲ့ ရသကို ပီပီပြင်ပြင်လေး ဖြစ်စေချင်တယ် ……

  • blackchaw

    December 28, 2011 at 12:29 pm

    ကိုပေါက်နဲ့ နောင် တို့ ပြောသလို
    ဗိုလ်ချုပ်ကို လေးစားတန်ဘိုးထားဘို့
    တခြားနည်းလမ်းတွေ အများကြီး ရှိတယ်ဗျာ။
    ကျောင်းတွေမှာ ကလေးတွေကို ဗိုလ်ချုပ်အကြောင်း ကို
    သိလာ တန်ဘိုးထားလာအောင် စီစဉ်ပေးသင့်တယ်။
    ပြီးတော့ အာဇာနည်နေ့တွေမှာ ဟိုတုန်းကလုပ်သလိုမျိုး
    ဟောပြောပွဲတွေလုပ်စေချင်တယ်။
    နောက်တစ်ခုက
    ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်တယ်ဆိုတာလေးလည်း
    ကလေးတွေကို အသိပေးစေချင်ပါတယ်။
    ကိုသစ်ပြောသလို Documentary အနေနဲ့ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။
    အင်ဇာဂီပြောသလို ဆမ်းမသင်း က နတ်သင်း ထက်တော့ သာတာပဲဆိုတာလည်း
    ဟုတ်နေပြန်တာပါပဲ။
    သိချင်တာက ကျွန်တော်တို့ ရွာသူားတွေ ရဲ့ ဆန္ဒလေးပါ။ ဒါက အဖြေတစ်ခုမဟုတ်ပေမယ့်
    ကျွန်တော်တို့ အမြင်လေးကို လည်း ဖေါ်ထုတ်သင့်တယ် ထင်လို့ ပါ။

  • water-melon

    December 28, 2011 at 12:56 pm

    ဒို့မြန်မာ ဇာတ်ကားတွေလို ၃ရက်ထဲနဲ့ အပြီးမရိုက်နဲ့နော်။ 😀

  • super

    December 28, 2011 at 12:59 pm

    ရုပ်ရှင်ရိုက်လိုက်လို့ပေါ့သွားမှာလည်းစိုးပါသည်။ မရိုက်စေချင်ပါ၊ သို့သော် ရုပ်ရှင်မှတ်တမ်းတစ်ခုအနေနဲ့လည်း ရှိသင့်တယ်လို့ထင်ပါသည်။

  • fatty

    December 28, 2011 at 1:30 pm

    လုံးဝကိုရိုက်ကူးသင့်ပါတယ်။
    ရုပ်ရှင်ရိုက်လို့မကောင်းရင် ရိုက်တဲ့ဒါရိုက်တာတွေအဆဲခံရမှာပါ။
    ဟစ်တလာတောင်ပြန်ရိုက်ထားတာဘဲလေ။
    လွတ်လပ်စွာဖန်တီးမှအရည်အသွေးဆိုတာ တက်လာမှာပါ.
    ခုနကတယောက်ပြောသလို မကောင်းရင်ကောင်းအောင်ပြန်လုပ်ရမှာပေါ့။
    လုပ်လို့အဆင်မပြေဘူးဆိုရင်လဲ မပြနဲ့ပေါ့။အများပြောသလို
    မျိုးဆက်မှီတုန်းမှာ လုပ်ထားရပါမယ် ..။ ထွက်လာတဲ့ကားက Documentary ဆန်ဆန်ဘဲဖြစ်မှာပါ။
    ဇာတ်လမ်းအရ Tempo တက်ဖို့ဆိုတာကလည်း နောက်ဆုံးကျဆုံးသွားတော့သူ့ဟာနဲ့သူရှိပြီးသားလေ။

    • nigimi77

      December 28, 2011 at 4:35 pm

      ဟစ်တလာ ဇာတ်ကားတွေဟာ ဟစ်တလာရဲ ့

      ရက်စက် ကြမ်းကြုတ်မှုကိုပဲ အသားပေးပြီး ရိုက်ထားတာလို ့

      ထင်ပါတယ် ကိုရင်ဖတ် ။

      မောင်ပေလို နှုတ်ခမ်းမွှေး မျိုးနဲ ့ ဟစ်တလာက ဖြတ်လျှောက်ပုံစံလောက်ပဲ

      ပါတာများပါတယ် ။

      ကျွန်တော်ကတော့ ဘာလာလာ ၉ ပဲ ။

      လုံးဝ ကန် ့ကွက်တယ် ။ ကန် ့ကွက်လို ့ မရိုက်ဘူးလား ဆိုတော့ သေချာပေါက်ကို ရိုက်ဦးမှာပဲ ။

      ပုဂံ က အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်စီးခဲ့သလိုမျိုး လုပ်ကြဦးမှာပဲ ။

  • Big Bang

    December 28, 2011 at 1:50 pm

    ဖြစ်နိုင်ရင် 3D ကားသာရိုက်လိုက်ပါဗျာ…

  • (ရုပ်ရှင်ရိုက်လို့မကောင်းရင် ရိုက်တဲ့ဒါရိုက်တာတွေအဆဲခံရမှာပါ။
    ဟစ်တလာတောင်ပြန်ရိုက်ထားတာဘဲလေ။)
    ဒါရိုက်တာတွေဆဲခံရမှာကနောက်
    ကျနော်တို့တန်ဘိုးထားလေးစားတဲ့ပုံရိပ်ကလေးပျက်စီးမှာကအရင်။

    ဟစ်တလာအကြောင်းရိုက်တာက ဟစ်တလာသမီးကရိုက်တာမဟုတ်ဘူး။
    အခုရိုက်မှာ ဗိုလ်ချုပ်ရဲ့သမီးကိုယ်တိုင်က ဂုဏ်ယူစရာကောင်းတဲ့ သူ့ဖခင်အကြောင်းကိုဖော်ထုတ်နေတာ။
    ဟစ်တလာအကြောင်းက အချက်အလက်ဘဲမှားမှား တင်ပြပုံဘဲမှားမှား အရေးမကြီးဘူး။
    စကတည်းက နာမည်မကောင်းခဲ့သူ။
    အခုဟာက သိဘူးကြားဘူးသူလေးစားပြီးသားလူတစ်ယောက်ရဲ့ ဘဝကို မှတ်တမ်းတင်မှာ။
    အဲတော့လုံးဝအမှားမခံနိုင်တာ အသေအချာဘဲ။
    ဒါကိုတော့ အားလုံးလက်ခံမယ်ထင်ပါရဲ့။

  • nature

    December 28, 2011 at 3:14 pm

    သမိုင်းမှတ်တမ်းအနေနဲ့ရိုက်မလား ။ သုတအနေနဲ့ရိုက်မလား ။ရသအနေနဲ့ရိုက်မလား။ ဘယ်လိုဦးထည်ချက်တွေနဲ့ရိုက်မှာလည်း။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 28, 2011 at 4:01 pm

    ချုပ်ပြီးပြောရရင်တော့ နိုင်ငံ ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းကြောင်းဆိုတော့ ရိုက်ရမှာဘဲ
    သက်ဆိုင်သူတွေအနေနှင့်လည်း ဂရုစိုက်ဘို့ ဆိုတာ နားလည်မယ်ထင်မိပါတယ်
    ဒီနေရာလေးမှာ
    ဗိုလ်ချုပ်ရဲ့ သမိုင်းဆိုတာလေး ဘယ်နေ့မွေးတယ် ဘာတွေလုပ်တယ် ဒီလိုဘဲ
    အတ္ထုပ္ပတ္တိ ရိုးရိုးရိုက်မှာလား
    မြန်မာနိုင်ငံရေးရဲ့ ဇာတ်ကြောတွေကို ထည့်သွင်းရိုက်ကူးမှာလား ဆိုတာလေး က
    မေးခွန်းလေးတစ်ခုတော့ ဖြစ်မိတာဘဲ
    မြန်မာနိုင်ငံရေးဇာတ်ကြောပါ ထည့်သွင်းရိုက်ကူးရင်တော့
    လက်ရှိ ထိပ်ပြောင်တို့ အဖွဲ့က ဒီဇာတ်ကားထဲ ပါမယ့်
    နိုင်ငံရေး အကြောင်းတွေ စကားတွေ ကို ဘယ်လို လဲဆိုတာကတော့
    သေသေခြာခြာ ဆွေးနွေးကြမှ ရမယ်ထင်တယ်
    မဟုတ်လို့ကတော့
    ဟိုအကြောင်းခွရ ဒီအကြောင်းကျော်ရနဲ့
    ဗိုလ်ချုပ် ဇာတ်ကား ဦးသျှင်ကြီးဇာတ်ထုတ်နဲ့ မတိမ်းမရိန်း ဖြစ်သွားမှာလေး
    ခပ်ပါးပါးလေး ဝင်အော်လိုက်ပါတယ်ဗျို့

  • blackchaw

    December 28, 2011 at 4:43 pm

    ကို နီဂိမိရေ။
    ဘဘ ဘလက် တို့က ကန့်ကွက်ဖို့ မလိုပါဘူးကွာ။
    ကန့်ကွက်ပိုင်ခွင့်လည်း ရှိမှ မရှိတာကိုး။
    သို့ပေမယ့် ရိုက်စေချင်တယ် မရိုက်စေချင်ဘူး ဆိုတာလေးလောက်တော့
    လွတ်လပ်စွာပြောဆိုခွင့် ရှိတယ်လို့ထင်ပါတယ်။
    ရိုက်စေချင်တယ်ဆိုတဲ့ လူတွေကလည်း ဗိုလ်ချုပ်ကိုချစ်လို့ တန်ဘိုးထားလို့။
    မရိုက်စေချင်ဘူးဆိုတဲ့ ညီလေးတို့၊ ကိုပေါက်တို့ ဘဘဘလက်တို့ကလည်း
    ဗိုလ်ချုပ်ကိုချစ်လို့၊ တန်ဘိုးထားလို့။
    အားလုံးက ဗိုလ်ချုပ်ကို ချစ်တာတော့ တူကြတယ်ဗျာ။
    အဲဒါ အဓိကပါ။
    မောထှာ။

  • kai

    December 28, 2011 at 4:58 pm

    Poll တင်ဖို့မလိုပါဘူး..။ သူတို့ ရိုက်ကြမှာပါ..။ ဒီမှာတင်လည်း.. ရိုက်စေချင်တဲ့ဖက်ကများပါလိမ့်မယ်..။
    ကိုရင်ဘလက်အနေနဲ့ကလည်း.. မရိုက်စေချင်တာမဟုတ်..။ ရိုက်ပြီး.. တန်ဖိုးလျှော့သွားမှာ စိုးနေတာဖြစ်နေတယ်လို့.. သဘောပေါက်မိပါတယ်..။

    ဆိုတော့…
    အဲဒီမှာ.. ငွေထုတ်ပေးသူရှိရင်.. ပရိုတွေဝင်လာမှာပါပဲ..။ ယူအက်စ်က..ငွေရှင်ကြီးသာငွေထုတ်ပေးရင်.. ဟောလိဝုဒ်က လူတွေပါလာပါလိမ့်မယ်..။
    အရင်းအနှီးငွေများတာနဲ့အမျှကောင်းလာပါလိမ့်မယ်..။ ပရိုတွေလက်ထဲမှာ.. ငွေနဲ့.. ကားကောင်းတာ.. တိုက်ရိုက်အချိုးကျပါလိမ့်မယ်..။

    သူတို့တွေလုပ်ပုံကိုင်ပုံ.. သေသေချာချာ ပညာယူကြပြီး…
    မြန်မာ့ ရုပ်ရှင်လောက… တဆစ်ချိုး..တခေတ်ဆန်းသွားတဲ့အထိ… အသုံးပြုကြ..အသုံးချကြစေလိုပါတယ်.. လို့..။

    ဗိုလ်ချုပ်အောင်ဆန်းက.. ကွယ်လွန်ပြီးတောင်မှ.. တိုင်းပြည်အတွက်.. ဆက်လက်ပေးဆပ်နေတယ်.. ပညာတွေဖြန့်ဝေပေးနေတယ်လို့.. မှတ်ပါနော…။ 🙂

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 28, 2011 at 7:24 pm

      အဲ့သည် ဇာတ်ကားများ ရိုက်ဖြစ်လို့ကတော့
      နိပွန် မာစတာကြီးက သဂျီးသမီးကို ( ဂေဇက်သဂျီးမဟုတ်ပါ ) ပွဲကြမ်းတဲ့အခန်းလေးများ ပါလို့ကတော့
      ကျုပ် ကိုယ်တိုင် မာစတာကြီးနေရာကနေ
      အပီ သရုပ်ဆောင်ဂျင်ဇန်းဘာဘိဒေါ့
      ဟင်းဟင်းဟင်း ဂလုဂလု အုအု

  • Khin Latt

    December 28, 2011 at 6:08 pm

    တော်လိုက်တဲ့ သူကြီး။ 🙂

    တပ်မကြီး၇ရရေ – အဲဒီရုပ်ရှင်ရိုက်ပြီးလို့ အရည်အသွေးစစ် အကဲဖြတ် ချိန် ရောက်ရင် အဲဒီ အဖွဲ့ထဲမှာ တပ်မကြီး၇ရ ပါအောင် ကျွန်မတို့ ဂေဇက်မှ အဆိုပြုပေးပါ့မယ်။
    အခုချိန်မှာတော့ စိတ်အေးအေးထားနေစေလိုပါတယ်။ 😉

  • “ဘီလူးကြီး”ogre

    December 28, 2011 at 7:30 pm

    ကျုပ်ကတော့
    ရိုက်တာမရိုက်တာမပြောလိုဘူး
    ဒါပေမယ် ရိုက်မယ်ဆိုရင်
    ကျုပ်တို့နိုင်ငံသားတွေ ဗိုလ်ချုပ်အပေါ်ထားတဲ့တန်ဖိုးကို
    အဲဒါကြီးကြည့်ပြီးမှ ““ဘာမှမဟုတ်ပါဘူးကွာ””ဆိုပြီးဖြစ်သွားမှာ
    နောင်ကလေးတွေထင်သွားမှာကြောက်တယ်
    ကျုပ်တို့က ပြဿနာမဟုတ်ပေမယ် နောင်လူငယ်တွေ
    အမြင်မှားမယ့် အခြေအနေမျိုးတွေဖြစ်မှာစိုးတယ်
    ဒါက မှတ်တမ်း ဒါမှမဟုတ် မှတ်တိုင်ကြီးတစ်ခု စိုက်သလိုဖြစ်နေလို့ပါပဲ

  • တောတွင်းပျော်

    December 29, 2011 at 12:41 am

    သမိုင်းကို တန်ဖိုးထားတဲ ့လူတွေက သမိုင်းအချက်အလက်တွေ လွဲမှာစိုးရိမ်တယ်။
    ဗိုလ်ချုပ်ကို ကြည်ညိုလေးစားသူတွေက ဗိုလ်ချုပ်ရဲ ့ဂုဏ်လျော ့ပါးနိမ် ့ကျသွားမှာကိုစိုးရိမ်ကြတယ်။

    အများသူငါတွေးတဲ ့စိုးရိမ်စိတ်က သမီးအရင်းဖြစ်တဲ ့ ပညာတတ်ဒေါ်အောင်ဆန်းစုကြည်မှာ ပိုကြီးပါလိမ် ့မယ်။ ဒေါ်စုအနေနဲ ့ကလည်း အသေအချာစဉ်းစားပြီးမှ စီစဉ်တာဖြစ်ပါလိမ် ့မယ်။

    ဗိုလ်ချုုပ်ဘဝရဲ ့ ဘယ်အပိုင်းကိုဦးစားပေး ရိုက်မယ်ဆိုတာမသိရပေမယ် ့ ကျနော် ့ဆန္ဒကတော ့ရိုက်စေချင်ပါတယ်။ နိုင်ငံတကာတန်းမှီအောင်ရိုက်ပါ။ ကြည်ညိုလေးစားလို ့
    လွန်လွန်ကဲကဲအမွှန်းတင်ရိုက်တာမျိုးလည်းမဖြစ်စေနဲ ့။ အပိုမရှိ အလိုမရှိ မှန်မှန်ကန်ကန်နဲ ့ သမိုင်းကိုတင်ပြပေးပေါ ့။ ဗိုလ်ချုပ်နဲ ့ရုပ်ဆင်/တူပြီး ဟန်တွေမာန်တွေပါ ပါနိုင်ဖို ့ကတော ့အရေးကြီးတာပေါ ့။

    ကျနော်တို ့လူအများစုကစာဖတ်တတ်ကြတယ်။ စာဖတ်တတ်တွေထဲက အများစုကစာဖတ်အားနည်းတယ်။ စာဖတ်အားသန်သူအနည်းစုထဲကလဲ အထ္ထုပတိ္တလိုသမိုင်းမျိုးမှာ သေသေချာချာလေ ့လာဖတ်သူကပိုနည်းပါလိမ် ့မယ်။ ကျနော်ကိုယ်တိုင်ကလည်း စာဖတ်ဝါသနာပါပေမယ် ့နိုင်ငံရေးနဲ ့ပတ်သက်တဲ ့လူတွေရဲ ့အထ္ထုပတ္တိစာအုပ်
    မျိုးကို ကျကျနနဖတ်ဖို ့ကတော ့ ဦးစားမပေးနိုင်ခဲ ့တာအမှန်ပဲ။ စိတ်ဝင်စားဖွယ် အရေး
    ကောင်းကောင်းနဲ ့ရေးတဲ ့တက္ကသိုလ်နေဝင်းရ ဲ ့ဗိုလ်ချုပ်အကြောင်း ဆောင်းပါးတစ်ပုဒ်စနှစ်ပုဒ်စဖတ်ဖူး
    တာကလွဲရင် ဗိုလ်ချုပ်နဲ ့ပတ်သက်တဲ ့ဗဟုသုတ အလွန်နည်းပါတယ်။
    ကျနော်တို ့နိုင်ငံက ခေတ်စနစ်တွေက နိုင်ငံ ့လွတ်လပ်ရေးသမိုင်းမှာအရေးအပါဆုံးဖြစ်ခဲ ့တဲ ့ဗိုလ်ချုပ်ကို
    ပြည်သူလူထုတရပ်လုံးရဲ ့အသိဉာဏ်ကနေတဖြေးဖြေးပျောက်ကွယ်အောင် လုပ်ခဲ ့တာတွေကြောင် ့လည်း
    အခုခေတ်လူငယ်တွေမှာ ဗိုလ်ချုပ်အကြောင်း ဟုတ်တိပတ်တိသိသူ ပြောနိုင်သူတွေ ရှားနေပါပြီ။

    အခု ဗိုလ်ချုပ်အကြောင်းကို ရုပ်ရှင်အနေနဲ ့တင်ပြမယ်ဆိုရင် ဗိုလ်ချုပ်ကိုလေးစားတဲ ့လူကြီးလူငယ်မရွေးစိတ်ဝင်စားကြပါလိမ် ့မယ်။ တစ်ချို ့တစ်ချို ့သော ကလေးများလည်းကြည် ့ကြပါလိမ် ့မယ်။
    ” မြန်မာ ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ ့တာကွ ”
    ” ဗိုလ်ချုပ်အောင်ဆန်းကို သတ်ခဲ ့တဲ ့လူနာမည်က ဂဠုန်ဦးစောတဲ ့” စတာ တွေ ကလေးတွေရဲ ့ပါးစပ်ဖျားကကြားလာရရင် သူတို ့လေးတွေရဲ ့ဗဟုသုတ အတွက် ကျနော်တို ့
    ဝမ်းသာကြရပါလိမ် ့မယ်။

    စာအုပ်ချည်းသက်သက် ဖတ်ခိုင်းနေတာထက်စာရင် ရုပ်ရှင်အနေနဲ ့ပိုထိရောက်ပါလိမ် ့မယ်။
    အိမ်မှာ ဗိုလ်ချုပ်ရုပ်ရှင်ကို သက်တောင် ့သက်သာအပျင်းဖြေအနေနဲ ့ပဲကြည် ့ကြည် ့၊ တကယ်စိတ်ဝင်စားလို ့ပဲကြည့်ကြည် ့
    ကြည် ့ပြီးရင် ဗိုလ်ချုပ်ရဲ ့အကြောင်း ပိုသိသွားဖို ့က အဓိကပါ။
    ကျနော် ့အနေနဲကတော ့ မြန်မာတစ်မျိုးသားလုံးလေးစားရတဲ ့ ဗိုလ်ချုပ်အကြောင်းကို လူထုထဲ လွယ်လွယ်ကူကူူ ကျယ်ကျယ်ပြန် ့ပြန် ့သိသွားဖို ့အဓိကမို ့ ရုပ်ရှင်ရိုက်သင် ့ကြောင်းပါ။

  • blackchaw

    December 29, 2011 at 10:13 am

    ကွန်းမန့် ပေးပြီး ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ပြောပြကြတဲ့
    ရွာသူရွာသား ညီကိုမောင်နှမတွေကို
    ကျေးဇူးတင်ပါတယ်။
    ဒါက တားဆီးလို့ မရနိုင်တဲ့ ကိစ္စ ပါ။
    သေချာနေတဲ့ ကိစ္စ ပါ။
    ဒါဆို မောင်ရင်က ဘာကိစ္စ နဲ့ ပို့စ်တင်နေသလဲလို့ မေးလာရင်တော့
    ပေါ့ပျက်ပျက်လုပ်လို့ မရတဲ့ ကိစ္စမျိုးဆိုတာ ဖန်တီးမယ့် သူတွေကို
    သတိပေးချင်တာ အဓိကပါ။
    ကောင်းအောင်လုပ်ချင်တာကတော့ လူတိုင်းရဲ့ ရင်ထဲက ဆန္ဒပါ။
    ကောင်းအောင် လုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလား ဆိုတာကတော့….
    ဒန်တန့်တန်………………..။

  • moegyothwar

    December 29, 2011 at 12:10 pm

    ကိုဘလက်ရေ…. ကျွန်တော်လဲ ဒီသတင်းကြားတော့ ဝမ်းလဲသာတယ်၊ စိုးလဲစို်းရိမ်မိတယ်ဗျာ။ ဗိုလ်ချုပ်ဆိုတာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်လေတော့ အခုလို ဂုဏ်ပြုဖို့လုပ်တာကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာဒါရိုက်တာများလက် ရောက်သွားတဲ့ မြန်မာ့ရာဇဝင်သူရဲကောင်းတွေမှာ ရယ်စရာဇာတ်ကောင်သာသာ လက်စွမ်းပြခံရတာတွေများနေတော့ သေသေချာချာစဉ်းစား .. အထပ်ထပ်သုံးသပ်.. စနစ်တကျ စီစဉ်ပြီးမှ ရိုက်ကြရင်ကောင်းမယ်ထင်ပါတယ်။ ၃ ရက်တကား .. ၁ ပတ်တကား.. ၂ ပတ်တကား ရိုက်သလိုသာ ရိုက်ကြမယ် ဆိုရင်တော့………………….. အင်း ဟာသကားဖြစ်သွားမှာစိုးလို့ပါဗျာ…

  • khunmyomyat

    December 29, 2011 at 1:17 pm

    ရှည်ရှည်ဝေးဝေးတွေ ပြောပြနေစရာမလိုပါဘူး…..

    ရိုက်သင့်တယ်ထင်လို့…အစိုးရရော..သူ့သမီးရော…ရုပ်ရှင်သရုပ်ဆောင်တွေရော
    အားကြိုးမာန်တက်လုပ်နေကြတာကိုပဲကြည့်ရင် သိနိင်ပါပြီ။

Leave a Reply