မကြုံဖူးတဲ့
ချစ်ခြင်းတစ်ခုကို
အတိတ်တွေနဲ့ 
စမ်းစစ်…
သံသယရှိတာ
ခွင့်လွှတ်ပါနော်
အသဲက အချစ်မတွေ့ ခဲ့ဖူးလို့ …
ကဗျာတွေ ဖွဲ့ ညည်းတွားခဲ့ဖူး
အဝါရေတွေ သောက်ခဲ့ဖူးတဲ့
ကောင်ရယ်ပါ..
အဆင်မပြေတဲ့ အချိန်တိုင်း
မကျေနပ်အပြစ်ဖို့ စရာ မတွေ့ လို့ 
အပျင်းပြေဇါတ်လမ်းတွေ ကို
မေ့နိုင်စွမ်းအောင်
အရမ်းချစ်သတဲ့ ကိုကို ရယ်တဲ့..
ဘဝင်အေး
နင်ပေးနေတဲ့
အပြုံးလေးတွေ…
လက်နှစ်ဘက် တွယ်ယှက်
ကျွန်မအချစ် ဆယ်သက်တဲ့
ယုံပါတယ် ချစ်သူ ။
*********************
( ကျွန်တော့် ကဗျာအတွက် စာဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လျှင် ဝမ်းနည်းကြောင်း ရယ်ပါ )

About မောင် ပေ

မောင် ပေ has written 396 post in this Website..