That’s my baby !

မောင် ပေDecember 27, 20111min28926

မကြုံဖူးတဲ့
ချစ်ခြင်းတစ်ခုကို
အတိတ်တွေနဲ ့
စမ်းစစ်…
သံသယရှိတာ
ခွင့်လွှတ်ပါနော်
အသဲက အချစ်မတွေ ့ခဲ့ဖူးလို ့…
ကဗျာတွေ ဖွဲ ့ညည်းတွားခဲ့ဖူး
အဝါရေတွေ သောက်ခဲ့ဖူးတဲ့
ကောင်ရယ်ပါ..
အဆင်မပြေတဲ့ အချိန်တိုင်း
မကျေနပ်အပြစ်ဖို ့စရာ မတွေ ့လို ့
အပျင်းပြေဇါတ်လမ်းတွေ ကို
မေ့နိုင်စွမ်းအောင်
အရမ်းချစ်သတဲ့ ကိုကို ရယ်တဲ့..
ဘဝင်အေး
နင်ပေးနေတဲ့
အပြုံးလေးတွေ…
လက်နှစ်ဘက် တွယ်ယှက်
ကျွန်မအချစ် ဆယ်သက်တဲ့
ယုံပါတယ် ချစ်သူ ။
*********************
( ကျွန်တော့် ကဗျာအတွက် စာဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လျှင် ဝမ်းနည်းကြောင်း ရယ်ပါ )

26 comments

  • မောင်ပေရာ ဝမ်းနည်းကြောင်းရယ်ပါဆိုတော့
    မင်းကဗျာဖတ်ပြီး ဝမ်းနည်းတဲ့အနေနဲ့ငါတို့ရ ရယ်ပြရမှာလားကွာ။

    • ကြောင်ကြီး

      December 28, 2011 at 11:41 am

      ကျနော်ကတော့ ပျော်ရွှင်ကြောင်းငိုလိုက်ပါတယ်….။

  • blackchaw

    December 27, 2011 at 10:04 pm

    အချစ်ဦး မဖြစ်တော့လည်း
    အချစ်ဆုံးဖြစ်ရတာ ပိုကောင်းပါတယ် ကိုပေရယ်။

  • မကြုံဖူးတဲ့
    ချစ်ခြင်းတစ်ခုကို
    အတိတ်တွေနဲ ့
    စမ်းစစ်…
    မောင်ပေ မင်းလက်တွေ့သမားဆိုတာငါလုံးဝယုံလိုက်ပြီ။
    မင်းက မကြုံဘူးတဲ့ချစ်ခြင်းတစ်ခုကို လက်တွေ့ စမ်းပြီး စစ်တာကိုးကွ
    အဲလိုစမ်းကြည့်တော့ ဘယ်လိုနေလဲပြောစမ်းပါအုံးကွယ်

    • ငပေါက်ဖော်

      December 27, 2011 at 10:13 pm

      ရန်ဂုန်လာကတည်းက ကျနော်ယုံပြီးသားပါဂျာ
      😆

      • inz@ghi

        December 27, 2011 at 10:18 pm

        ဆြာမင်းလူကတော့ ..ပြောဖူးတယ်ဗျ….
        အချစ်ဦးဖြစ်ပြီး စွန့်လွှတ်လိုက်ရတာ ….ပေါင်းစည်းခွင့်မရခဲ့တာ နဲ့…
        အချစ်ဦးမဟုတ်ပေမယ့် အမှန်တကယ် (လူရောနှလုံးသားပါ)ရယူပိုင်ဆိုင်ခွင့်ရခဲ့တာ ..

        ဘယ်ဟာရွေးမလဲဆို …သည်၂ခုက ..ခွေးချေးနဲ့ ကြောင်ချေးပဲတဲ့ …..

        ကျနော်လည်း မကြာမကြာ ထိုသို့ ပြင်းပြင်းပြပြခံစားဖူးပါသည်..

        ခင်တဲ့
        ဂီ…

        P.S
        (အလွမ်းသစ်မှ ဖြစ်ပါသည်)
        ကျနော် သည်အလုပ်ကိုစဝင်တော့…မှတ်မှတ်ရရ ထိပ်ဆုံးရသည့်လခနှင့်
        ဝယ်ယူဖတ်ရှုဖူးသော စာအုပ်ကလေး …..

        • ငပေါက်ဖော်

          December 27, 2011 at 10:52 pm

          အဲတာတော့ ..
          အိမ်ထောင်သည်တွေ ပိုသိသကွဲ ့..မဖွတ်ရဲ့
          😆

  • nigimi77

    December 27, 2011 at 10:27 pm

    မကြုံဖူးတဲ့
    ချစ်ခြင်းတစ်ခုကို
    အတိတ်တွေနဲ ့
    စမ်းစစ်…
    သံသယရှိတာ
    ခွင့်လွှတ်ပါနော်
    အသဲက အချစ်မတွေ ့ခဲ့ဖူးလို ့…
    ကဗျာတွေ ဖွဲ ့ညည်းတွားခဲ့ဖူး….
    …………….
    ယုံကြည်မူးတဲ့ တဒင်္ဂ အထိအတွေ ့တခုမှာ

    နင်ဟာ ငါ့ လိပ်ပြာ မာန်ဆောင် အားတင်းမှု ့ကိုတောင်

    ချွေယူခဲ့နိုင်ခြင်း ချစ်ခြင်းဆိုတဲ့ စာလုံးတချို ့နဲ ့ကိုပဲ

    ကျေနပ်ခြင်း အတိနဲ ့ ငါဟာ

    အရာရာ နင့် အတွက် မဟုတ်ပေမဲ့

    မသေခင် ဒီတစ်သက်မှာ

    ငါ့ အတွက် ပြီးပြည့်စုံနိုင်စွမ်းတဲ့ နင်ဟာ

    လုံလောက်တဲ့ ဆင်ခြေကြီး တစ်ခုပါ …….

    ……………………….
    သောက်ညင်ကတ်လို ့ ကဗျာကို ဖျက်တဲ့

    နိဂိမိ

  • TTNU

    December 27, 2011 at 10:53 pm

    မောင်လင်းပိုင်ပေရေ…

    လူကလေး အဝေရာတွေနဲ့ ဖြေစရာလုပ်ခဲ့တာတဲ့လား။
    ဤမြေကမ ္ဘာမှာ နေစရာမရှိလောက်အောင် ဖြစ်ပြီးမှ
    အခုဘေဘီ တွေ့ပြီဟုတ်လား။ ဝမ်းသာစရာပါပဲကွာ။

    ဒါထက် ကလေးမလေးက ဆယ်သက်တဲ့လား။
    ဟဲ့ မောင်ပေ၊ သတိထားဦး ကျော်ဟိန်းကလည်း ဟိုကားထဲမှာ
    ဆယ်သက်၊ ဆယ်သက် လို့ ပြောခဲ့တာနော်။

    • ငပေါက်ဖော်

      December 27, 2011 at 11:05 pm

      ဘေဘီက အစောကြီးကတဲက သုံးမွှာပူးတောင် ရှိတယ် တီချယ်ရဲ့
      အခုဆို.အမွှာသုံးယောက်စလုံး သူငယ်တန်းရောက်နေပြီဂျ

      😆

  • မကြုံဖူးတဲ့
    ချစ်ခြင်းတစ်ခုကို
    အတိတ်တွေနဲ ့
    စမ်းစစ်…
    သံသယရှိတာ
    ခွင့်လွှတ်ပါနော်
    အသဲက အချစ်မတွေ ့ခဲ့ဖူးလို ့…
    ကဗျာတွေ ဖွဲ ့ညည်းတွားခဲ့ဖူး……………
    (ဒီအနားအထိ မောင်ပေရေး)

    (ဒီနားမှစ၍ ကိုပေါက်ဆက်လက်ရေးဖွဲ့သည်)
    အချစ်ကြီးလွန်းလို့ မင်းအတွက်ခံစားချက်တွေနဲ့
    ရင်ဖွင့်ဆိုပြတဲ့ငါကို့
    ပက်ပက်စက်စက်
    လက်ကြောမတင်းတဲ့သူလို့ သတ်မှတ်လို့
    တစ်ခန်းရပ်ဇာတ်လမ်းကို
    မပြီးသေးခင်လိုက်ကာချ
    အမိုက်ကောင်ငါက အခုထိနင့်ကိုတမ်းတတုံးပါလို့ဆိုရင်
    အချစ်…………………..
    မင်းငါ့ကိုဘယ်လိုမြင်တယ်ဆိုတာလေး
    မှတ်ချက်တော့ ပေးခဲ့ပါကွယ်။

    (မောင်ပေကဗျာကို သူကြီးအလိုဆန္ဒအရ မတူသောအမြင်ဖြင့် ဆင့်ပွားခံစားသည်။မောင်ပေ စိတ်မဆိုးပါနှင့်)

  • pooch

    December 27, 2011 at 11:04 pm

    ထင်တာကို ပြောရရင် မောင်ပေရယ် ဆောင်းဦး ပုံပြင် အဆုံးသတ်ဖို့ အသဲကွဲ ဖီလင်တွေကို ပြန်ခေါ်ရာမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်ပြီး ကြံရာမရတဲ့ အဆုံး …..

    ရရာ ဖီလင်ဆွဲပြီး လက်ရှိအချစ်ကို သီကုံးလိုက်ပုံ ရပါတယ် …. ထင်တာကို ပြောတာပါ .. :mrgreen:

    ယုံပါတယ် ယုံပါတယ် .. ဆယ်သက်မဟုတ်ဖူး … ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်မှာ ချစ်နိုင်ကြပါစေလို့ …..

    (ဒါနဲ့ ဝမ်းနည်းရင် မုံရွာ ရှောက်တလုံး ဝမ်းနှုတ်ဆေးက ကောင်းတယ်လို့တော့ ပြောကြတာပဲ စမ်းသုံးကြည့်ပါလား 😛 )

    • ငပေါက်ဖော်

      December 27, 2011 at 11:08 pm

      ဘယ်ကလာ..ဝမ်းနဲရမှာလဲဂျာ..
      ဝမ်းနှုတ်ဆေး မစားတာတောင် တက္ကစီငှားပြီး အီးပြေးပါတဲ့လူ..
      ဝမ်းနှုတ်ဆေးသာစားရင် လမ်းတစ်ဝက် အီးထွက်မဲ့လူဂျ
      😆

  • comegyi

    December 28, 2011 at 4:47 am

    ရဲဘော်ကတော့
    မန်းဆောင်းညချမ်းတွေမှာ
    ဘေဘီလေးကို
    ရှာတွေ့သွားခဲ့ဗြီဂိုး…..

  • htet way

    December 28, 2011 at 9:22 am

    ကေ လးဆိုပြီး အချစ်ပို အပြစ်မဆိုရဲတာ
    အင်း မယုံလေနဲ့ ဒင်းတို့က သိပ်တော်ကြတာနော်

  • နီကီတာ

    December 28, 2011 at 10:53 am

    That’s my baby ဆိုလို့ ကိုပေတစ်ယောက် ကလေးရသွားပီ မှတ်နေတာ
    လတ်စသတ်တော့..
    အင်း… ဒါလဲ ကလေးပါပဲလေ… 😀

  • ကြေးမလောင်

    December 28, 2011 at 12:34 pm

    ကိုကိုပေ ကလေးရပြီလားလို့ လာကြည့်တာ
    အူဝဲ အော်တဲ့ ကလေး မဟုတ်ပါလား။

  • Big Bang

    December 28, 2011 at 2:25 pm

    အရိုးထိအောင်ရူး နေပုံပါပဲ……….

  • man xtra

    December 28, 2011 at 2:32 pm

    ညီမောင်ပေလေးက
    ကလေးရှိသကိုး၊ မသိဘူးကွယ်(^^)
    ~~~~~~~~
    Right answer= ယုံ “ပါတယ်”ချစ်သူ (ဝမ်းကောင်းမှ။)

    • thit min

      December 28, 2011 at 2:34 pm

      ငါဟာကြီး ခိုးသွားတယ်ဝေ့။ကယ်ကြပါအုန်း။
      Registered (R) (^^)

  • etone

    December 28, 2011 at 3:00 pm

    ဟိုးတလောက ခရီးထွက်မှာမို့ ညနေစာ စောစောစားတဲ့ ကပေတယောက် … ကလေးရသွားပြီမှတ်လို့ … အပြေးလေး ဝင်ဖတ်လိုက်တာ … ဟုတ်လည်း ဟုတ်ဘူး … 🙄

  • mashwetote

    December 28, 2011 at 3:54 pm

    အဝါရေတွေ သောက်ခဲ့ဖူးတယ် ဆိုတာဘာလဲဟင်?

  • MaMa

    December 28, 2011 at 4:07 pm

    ကဗျာတွေကို နားလည်အောင် မနည်းကြိုးစားဖတ်နေရတဲ့ကြားထဲ
    မောင်ပေလုပ်ပုံကြောင့် မြန်မာ့မီးရထား အချိန်တန်သွားရတယ်။
    စမ်းစစ် အစား ဆန်းစစ် လို့ ရေးမှ အဓိပ္ပါယ် ပေါ်ပါလိမ့်မယ်ကွယ်။
    ပြောလက်စမို့ ပြောလိုက်ဦးမယ်နော် ဇါတ်လမ်း လို့ မောက်ချ နဲ့ ရေးမယ့်အစား ဇာတ်လမ်း လို့ ဝှိုက်ချ နဲ့ ရေးတာ အမြင်ပိုလှတယ်လို့။
    (မနေနိုင် မထိုင်နိုင် န ငယ်ကို အမြီးတပ်တတ်တဲ့ စိတ်ကို ဖျောက်မရတဲ့စိတ်ကြောင့် ရေးလိုက်မိပါတယ်။ သည်းခံခွင့်လွှတ် ဖတ်ရှု့ပါ။) 🙁

    • windtalker

      December 28, 2011 at 6:26 pm

      ကျေးဇူးကြီးမားလှကြောင်းပါ မာမား ခင်ဗျား
      နောက်ရေးမည့် ပို ့စ်များတွင် အထူးသတိပြု ပါမည် ခင်ဗျား

  • Novy

    December 28, 2011 at 4:51 pm

    That’s my baby ဆိုလို့ ချစ်စရာလေးလားလို့
    အသက်တောင် 25 လောက်ပိုငယ်သွားသလို့
    ရင်ခုံခံစားလိုက်ပါတယ်

  • yaungchikha

    December 29, 2011 at 9:45 am

    ကိုတော်ကာ ကဗျာလေးကို ခံစားဖတ်ရူ့သွားပါသည်……….. 🙂

Leave a Reply