ရှိုက်သံစွက်သော ပင့်သက်မောများ

htet wayDecember 28, 20111min788

လွမ်းရမယ်မှန်းသိရက်
မြတ်မြတ်နိုးနိုး တွယ်ငင်တဲ့ကြိုး
နှလုံးသားထဲ သော့ခတ်လိုက်တယ်….
ကိုယ်ရင်ထဲမှာထာဝရမသာနိုင်တဲ့လရောင်
အလွမ်းနဲ့သိမ်းထုပ်
နှုတ်ဆက်တဲ့ခြေသံများ
သမုဒယအပူကို နမ်းရှိုက်မယ်….
ဖယောင်းတိုင်တိုလေးထွန်းညှိ
အသက်ရှုကြပ်တတ်တဲ့ည….ညတွေ
မင်းစွန့်သွားလို့
အထီးကျန်ခြင်းတွေက နှိပ်စက်တယ်…
အိပ်မက်ထဲမှာ
ရက်စက်သော စကားသံများရဲ့ သင်္ကေတ
ဂီတသံလို နားဆင်ရင်း
လွမ်းလို့ရှိုက်တဲ့သက်ပြင်း
ငွေ့ရည်ဖွဲ့မိုးရွာသွန်းစေသတည်း…
ကဗျာဆရာဆိုတာ
အများနဲ့ပိုပြီးလွမ်းတတ်တယ်
ပြီးတော့…..အချစ်ကြီးချစ်တတ်တယ်လေ…
ဘဝမှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေနဲ့ပဲ ရင်းနှီးခဲ့ရ
ကျင့်သားရဖို့လိုသေးလား….။
အချစ်ဆိုတာ
နားလည်မှုနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆစ်ရုပ်
သူ စိတ်ညစ်မှာစိုးတဲ့ ငဲ့ညှာစိတ်လေး
ရင်ထဲမှာ တိတ်တဆိတ် မြတ်နိုးမယ်….
ကိုယ့်နှလုံးသွေးက ကျတဲ့
အလွမ်းသွေးစက်တွေ
ဆေးသားအဖြစ် ပြောင်းလဲ
မင်းပုံတူပန်းချီကားလေးသိပ်လှတယ်…
ငါ့ ညတွေမှာ
ရင်ထဲကမီးတောက်လေးငြိမ်းဖို့
မင်းအပြုံးတွေနဲ့ဖျန်းလိုက်ပါ
လရောင်မဲ့
ကြယ်ရောင်မှိန်ပျပျညရိုင်းတွေ
အောက်ဆီဂျင်တွေရှားလွန်းသလား
“ကျန်းမာပါစေဆိုတဲ့”မေတ္တာပို့သံလေး
လေညှင်းရေ
ငါ့ဆီဆောင်ကျဉ်းပေးပါနော်
ဆည်းလည်းခတ်သော
မင်းသံစဉ်ကိုနာခံစိတ်ကူးရင်း
ငါနှစ်ခြိုက်စွာအိပ်စက်ပါရစေကွယ်……….။ ။

8 comments

  • ငပေါက်ဖော်

    December 28, 2011 at 10:13 am

    အိပ်တော့.အိပ်တော့..
    ဘိုနေရေ..အနက် ပြန်ပေးပါဦး
    😆

  • htet way

    December 28, 2011 at 3:58 pm

    တွေ့တော့မှပဲ အနက်ဖွင့်တော့မယ် ဆရာရေ
    အခုတော့ မအိပ်နိုင်သေးပါဘူး

  • comegyi

    December 28, 2011 at 4:11 pm

    အားပေးသွားပါတယ်
    ကိုထက်ရေ့…..

  • amatmin

    December 28, 2011 at 5:01 pm

    ပထမ ဖတ်လိုက်မိတော့ လွမ်းသလိုလိုဗျ..
    နောက်သေချာ ထပ်ဖတ်တော့ စကားလုံးအဖွဲ့တိုင်းက နူး၂ညံ့လေး ဗျာ။
    တကယ့်ကို လှိုက်၂လှဲ သဘောကျအားပေးသွားတယ်ဗျို့

  • htet way

    December 28, 2011 at 8:08 pm

    ကျေးဇူးတင်ပါတယ် ဗျာ
    ကဗျာကိုခံစားပေးတာ လေးစားပါတယ်

  • TTNU

    December 28, 2011 at 10:23 pm

    ကိုထက်ဝေးရေ..
    အသံလေး..သံစဉ်လေး..ထည့်လိုက်ရင် သီချင်းကောင်းတစ်ပုဒ်
    ဖြစ်လာမယ်လို့ ခံစားမိတယ်။

    (လေညှင်းရေ
    ငါ့ဆီဆောင်ကျဉ်းပေးပါနော်
    ဆည်းလည်းခတ်သော
    မင်းသံစဉ်ကိုနာခံစိတ်ကူးရင်း
    ငါနှစ်ခြိုက်စွာအိပ်စက်ပါရစေကွယ်…) ဒီနားလေးတွေ ကောင်းတယ်။

  • yaungchikha

    December 29, 2011 at 9:41 am

    လွမ်းရမယ်မှန်းသိရက်
    မြတ်မြတ်နိုးနိုး တွယ်ငင်တဲ့ကြိုး
    နှလုံးသားထဲ သော့ခတ်လိုက်တယ်….

    ကိုထက်ဝေရေ……… ကဗျာလေးကို ခံစားဖတ်ရူ့သွားပါတယ်နော်………….

  • blackchaw

    December 29, 2011 at 11:21 am

    ကိုထက်ဝေးရေ။
    ကဗျာလေး ဖတ်သွားပါတယ်ဗျာ။

Leave a Reply