ခွေးနဲ့မျောက်သံယောဇဉ်

ThuyazawDecember 28, 20111min14913

ဒီသတင်းလေးလဲ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်………..ဖတ်ပြီးသူများရှိရင်လဲ နားလည်ပေးကြပေါ့

ဘင်္ဂလားဒေ ့ရှ်နိုင်ငံအရှေ ့မြောက်ပိုင်းမှ မြို ့ကြီးပြကြီးနှင် ့ဝေးကွာလှသည် ့ကျေးလက်တောရွာတစ်ခုမှ ခွေး တစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို ့တိုက်ကျွေးနေခဲ ့သဖြင် ့လူ အများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော ့တယ်… အဆိုပါမျောက်ငယ်အား (၎င်းတို ့၏စိုက်ခင်းများအားဝင်ရောက်ဖျက်ဆီးသည် ့မျောက်အုပ်နှင် ့အတူပါလာ သည် ့အတွက် ) စိတ်ဆိုးဒေါသထွက်နေသည် ့ရွာသားများထံမှ ကယ်တင်ထားခဲ ့ခြင်းဖြစ်ပါတယ်…

ခွေးမကြီးနို ့မျောက်ကလေးစို ့….
မိတဆိုးလေးမို ့အကြင်နာပိုခဲ ့လေသလား…

လူပေါင်းများစွာဟာ ဘစ်ရှဝါနတ်ပုရ် ရွာကလေးမှ ခွေးပိုင်ရှင် ရှီပါရီဇာ ရဲ ့နေအိမ်သို ့လာရောက်ကာ ခွေး သားပေါက်ကလေး ရ ကောင်ရှိသည် ့ခွေးမကြီး မင်းတူ နှင် ့မျောက်ကလေးတို ့၏ ထူးခြားဆန်းကျယ် စွာ သံယောဇဉ်တွယ်ကာ ခွေးသားအုပ်မကြီးအတွင်း နေထိုင်လျှက်ရှိသည်ကို ကြည် ့ရှုနေကြပါတယ်… အဆိုပါမျောက်ငယ်အား ၎င်းတို ့၏စပါးခင်းကို လာရောက်ဖျက်စီးသည် ့မျောက်အုပ်ကြီးထံမှ ရွာသားများ ဖမ်းဆီးခဲ ့စဉ်က ရက်ပိုင်းမျှသာ အရွယ်ရှိသေးတာဖြစ်တယ်လို ့ပိုင်ရှင်ဖြစ်သူ ဗြိတိသျှ၊ ဘင်္ဂလားဒေ ့ရှ်နွယ် ဖွား ရီဇာ ကပြောကြားခဲ ့ပါတယ်…. ” (အိမ်ရောက်လာပြီး) နောက်နေ ့မှာပဲ မျောက်ငယ်လေးဟာ တစ်ခြားခွေးသားပေါက်ကလေးများနှင် ့အတူ မိခင်ခွေးမကြီးထံမှ နို ့ကိုစို ့ပါတော ့တယ်… အဲဒီကတည်းကစပြီး ခွေးမကြီး မင်းတူ ကလည်း သင်းကွဲမျောက်ကလေးကို မိမိရင်သွေးပမာ မွေးမြူခဲ ့တာ ဖြစ်ပြီး ယခုအခါ ခွေးမကြီးနှင် ့တစ်ကွ ခွေးသားပေါက်ကလေးများနှင် ့အတူ အိပ်စက်လေ ့ရှိပါတယ်…” ဟု ၎င်းက ဆိုပါတယ်…

သံယောဇဉ်ဆိုတာ ဖြစ်တတ်ပါတယ်လေ…

” တစ်စုံတစ်ယောက်ယောက်ကများ မျောက်ကလေးကို နောက်ပြောင်ခဲ ့ယင်လည်း ခွေးမကြီးမင်းတူ က ဒေါသတစ်ကြီးနဲ ့ဟောင်ပါတယ်… မျောက်ကလေးဟာ ခွေးမကြီးကျောပေါ်ကနေသွားလေရာတစ်ရွာလုံး လိုက်ပါလေ ့ရှိပါတယ်… ကျွန်တော်မျောက်ကလေးကို တွေ ့ခဲ ့တာအခုဆိုယင် တစ်လရှိခဲ ့ပါပြီ…ဒါပေမယ် ့တောထဲပြန်သွားမယ် ့အ ရိပ်အယောင်၊ လက္ခဏာတောင်မပြပါဘူး…” လို ့လည်း သူကပြောကြားခဲ ့ပါတယ်…

13 comments

  • thuyazaw21451

    December 28, 2011 at 11:50 am

    ရွာသူ/ရွာသားများခင်ဗျား သူရဇော်က ခွေးထဲလဲပါ ကြောင်ထဲလဲပါလို့ မထင်ကြပါနဲ့နော်………. ရွာသူ/ရွာသားများအား အစဉ်လေးစားလျှက်

  • ငပေါက်ဖော်

    December 28, 2011 at 12:12 pm

    ငမျောက်ကလေး..
    ဒီလိုကျတော့…ချစ်ချာလေး.

  • Wow

    December 28, 2011 at 12:33 pm

    လေးစားပါဒယ် ခွေးမဂျီးလို့ ပြောစေချင်တာလားဟင်….
    😀 😀 😀
    ချစ်စရာပုံလေးတွေပါ…

  • blackchaw

    December 28, 2011 at 12:42 pm

    အထူးအဆန်းပဲဗျို့။
    ဓါတ်ပုံလေးတွေပါ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

    • small cat

      December 29, 2011 at 6:32 am

      ရွဲ့ပြီးပြောနေကြတာလားဗျာ၊ ကျနော် တော့ ဘာပုံမှမတွေ့မိပါလား။

  • ကြေးမလောင်

    December 28, 2011 at 12:57 pm

    ခွေး နို့ စို့တာ မျောက်က ဘာမှ မဖြစ်ဘူး ဆိုတော့ ကောင်းတာပေါ့။
    ခွေးပေါက် လေးတွေကို နွားနို့ တိုက်ရင် ဝမ်းလျော လို့ သေကုန်ရော.. စိတ်တောင် မကောင်းဘူး။

  • Big Bang

    December 28, 2011 at 1:43 pm

    ဒီပို့စ်လေးဖတ်ပြီး
    ဆိုင်မဆိုင်တော့မသိဝူး
    “ကြောင်ပြာသို၊ ခွေးတော်သလင်း၊ လူမသေမချင်း´´ ဆိုတဲ့
    စကားပုံလေးကို သတိရမိတယ်……….

  • MaMa

    December 28, 2011 at 4:17 pm

    ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်းသည် ဆိုတဲ့အတိုင်း တွက်ကြည့်ရင် ၂၀၁၂ ခုနှစ်မှာ ကမာ္ဘကြီးဟာ မေတ္တာတွေနဲ့ ပြည့်လျှံလာမယ်လို့ နမိတ်ကောက်ချင်ပါတယ်။

  • etone

    December 28, 2011 at 4:31 pm

    မနက်ကတည်းက အီးမေလ်းထဲ ဝင်နေတဲ့ ဒီပုံတွေကြည့်ပြီး သဘောကျနေတာ … ။
    ခွေးမကြီးက အတော်ပိန်တယ်နော် … အံ့ဩလို့ လာကြည့်တဲ့လူတွေ … လာကြည့်ရုံတင်မဟုတ်ပဲ …. ခွေးမကြီးကိုပါ အစာကျွေးလျှင်တော့ … အသားနည်းနည်း တက်လာမယ်ထင်ပါရဲ့… 🙂

    • kyawtheinmyint 23

      December 29, 2011 at 5:20 am

      မအိတုံရေ ခွေးမကြီးပိန်တာ ဟုတ်ပါတယ် ဘာကြောင့်ပိန်လဲဆိုရင် ခွေလေးတွေနို့တိုက်ချိန်များတာရယ်၊နို့တိုက်ချိန်များပြီး အစာရှာချိန် နည်းသွားတာကြောင့်ပါ ပြီးတောခွေလေးတွေ အစာစားနိုင်လာရင် ဒိထက်ပိုပိန်ဦးမှာ သူစားမဲ့အစာတွေကို သူမစားပဲ ခလေးတွေကို ကြွေးလိုက်တဲ့အတွက်ကြောင့်ပါ တိရိစ္ဆာန် ဆိုပေမဲ့ ထားရှိတဲ့ မေတ္တာနဲ့ မိဘတာဝန်ကို သူတို့တွေ ကျေပွန်ကြပါတယ်။

  • ဆူး

    December 28, 2011 at 4:32 pm

    ရွာထဲမှာ တခါ မျောက်တကောင်နဲ့ မိတ်ဆက်ခြင်း ဆိုပြီး ဖတ်ဖူးတယ်။ အဲဒီ မိတ်ဆက်ထားတဲ့ မျောက်က ခွေးမကြီးကို ကပ်ပေါင်းထားတော့ အိုကေ စိုပြေနေတယ်။ ဟိဟိ..

    ခွေး နဲ့ မျောက် သံယောဇဉ် တွယ်တာတော့ ထူးခြားတဲ့ ကိစ္စပါပဲ။
    ကောင်းသော အတိတ်နမိတ်ပါပဲ။

  • kyawtheinmyint 23

    December 29, 2011 at 5:00 am

    ပခုံး၂ဘက်ကြားမှာခေါင်းပါပြီး လူဖြစ်တာခြင်း တူပါလျက်နဲ့ ငါမှ၊သူမှ၊ ငါ့အမျိုးမှဆိုပြီး လူ လူချင်းခွဲခြားချင်ကြတဲ့သူတွေ ခွေးမကြီးရဲ့ အပြုမူကိုကြည့်ြ့ပီး ရှက်တတ်ရင် သေလို့ရတယ်နော် ၃၁ဘုံမှာ ကျင်လည်နေကြတဲ့သူတွေအားလုံးရဲ့ အဓိက ကြားခံနယ်ဟာ မေတ္တာတရားပဲဆိုတာကို ခွေးမကြီးက ပြလိုက်တာပါ။

  • yaungchikha

    December 29, 2011 at 9:27 am

    တရိစ္ဆာန်ပင်ဖြစ်လင့်ကစား မေတ္တာစိတ်ရှိတယ်ဆိုတာ ဖော်ပြနေတာပဲနော်……………

Leave a Reply