မြန်မာတစ်နိုင်ငံလုံးသို့ ဆေးဝါးဖြန့်ချိမှု၏ ရာခိုင်နှုန်းထက်ဝက်ကျော်သည် မင်္ဂလာဈေးမှဖြစ်သောကြောင့် ဆေးဈေးကွက်တွင် သက်ရောက်မှုရှိနိုင်
မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသော ဆေးဝါးများ၏ ရာခိုင်နှုန်းထက်ဝက်ကျော်သည် မီးလောင်မှုဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှဖြစ်သောကြောင့် ဆေးဝါးဈေးကွက်အတွင်း သက်ရောက်မှုရှိလာနိုင်ကြောင်း လက်လီလက်ကားဆေးရောင်းချသူများ၊ ၀ယ်ယူတင်သွင်းသည့်ဆေးကုမ္ပဏီအချို့ထံမှ သိရှိရသည်။ မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂလာဈေးစတုတ္ထထပ်၌ အထွေထွေရောဂါကုသောက်ဆေးများ၊ ထိုးဆေးများအပါအ၀င် HIVနှင့်သက်ဆိုင်သည့် ဆေးများ၊ ကင်ဆာရောဂါအမျိုးမျိုး ကုသသည့်ဆေးများ၊ အသည်း၊ နှလုံး၊ ဆီးချို၊ သွေးတိုးစသည့် နာတာရှည်ရောဂါကုဆေးများစသည့်တန်ဖိုးမြင့်ဆေးဝါးများနှင့် ရှားပါးဆေးဝါးများ အများအပြားရောင်းချလျက်ရှိကြောင်း ၂၀၁၀ခုနှစ် မေလ ၂၈ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..