ဂေဇက်မှစီစဉ်တင်ဆက်သည်(ပထမပိုင်း)
တစ်နေ့တွင်…….
ကျနော် big bang ရယ် ဦးဦးပါလေရာ ရယ် ကြောင်ကြီးရယ်
မော်တော်ဘုတ်တစ်စီးနဲ့ ပင်လယ်ကမ်းရိုးတန်းဘက် အပျော်ခရီးထွက်ရာ….
ကံဆိုးမိုးမှောင်ကျပြီး မုန်တိုင်းမိပါလေရော……..
ကံကောင်းချင်တော့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားတယ်…
သုံးယောက်လုံးမသေဘူး….
ကံဆက်ကောင်းချင်တော့ အဲဒီကျွန်းပေါ်မှာတစ်ယောက်တည်းနေတဲ့
ဂေဇက်ထဲကပါပဲ ကောင်မလေးတစ်ယောက်( ) နဲ့တွေ့တယ်….
အဲလိုနဲ့ပဲ ကျနော်တို့သုံးယောက်နဲ့ သူမနဲ့…
ကျွန်းပေါ်မှာ အတူတူနေကြတယ်ပေါ့ဗျာ….
အဲလိုနေလာရင်းက (ဇာတ်လမ်းကဒီမှာစပြီ)
ကျနော် Big Bang ကအဲဒီကောင်မလေးကိုကြိုက်သွားပြီး…
ကျန်တဲ့နှစ်ယောက်ကို
“ခင်ဗျားတို့နှစ်ယောက်ကတော့ ဒီလိုပဲနေ၊ ဒါမှမဟုတ်လဲ မဖြစ်ဖြစ်တဲ့နည်းနဲ့အိမ်ပြန်တော့…
ကျနော်ကတော့ သူမနဲ့ပဲနေမယ်´´ လို့ပြောပြစ်တယ်ဗျာ…
အဲဒါကို ဦးဦးပါလေရာက လက်မခံပဲ
“ကောင်းတူဆိုးဘက် တို့သုံးယောက် အတူတူပဲ သူမကိုယူလိုက်ကြရအောင်´´ တဲ့
ကြောင်ကြီးကလဲ လက်မခံပဲ ထပြောပြန်တယ်
“ဟိုဟာရမှ ခွဲခြားခွဲခြားတွေဘာတွေ လုပ်မနေနဲ့´´
(စကားပုံကမေ့နေလို့ဗျာ…) “တစ်ယောက်မှမယူရဘူး တို့သုံးယောက်လုံးပြန်မယ်တဲ့´´
ကဲဂေဇက်အဖွဲ့သားတွေဘယ်လိုလုပ်မလဲဗျာ…..
Big Bang က အရင်းရှင်စနစ် ပါ…
ဦးဦးပါလေရာ က ကွန်မြူနစ်ဝါဒပေါ့…
ကြောင်ကြီးကတော့ ဆိုရှယ်လစ်စနစ်ပါ….
ကောင်မလေးနေရာမှာ သရုပ်ဆောင်သူကတော့ ဂေဇက်အဖွဲ့ထဲက
silm body ရှိတဲ့ မမများထဲက တစ်ယောာက်ကိုသာ ထားလိုက်ပါတော့…
ဇာတ်လမ်းလေးက အဆက်ရှိသေးတယ်ဗျ…
လောလောဆယ်တော့ ဂေဇက်အအဖွဲ့ထဲက ရုပ်အချောဆုံးသရုပ်ဆောင်တွေနဲ့
တင်ဆက်ထားပါတယ်…
ကျနော်တို့နိုင်ငံက ဒီမိုကရေစီ က အခုမှအစဆိုတော့….
နောက်ဆက်တွဲဇာတ်လမ်းကျရင်ဖြင့်…
ဒီမိုကရေစီစနစ် အပါအဝင် ဂေဇက်အဖွဲ့ဝိုင်းတော်သားများစွာဖြင့်…
ဒုတိယပိုင်းကို စောင့်မျှော်ကြပါလို့……
(ဦးဦးပါလေရာ နှင့် ကြောင်ကြီး ကို ဆင်ဆာမတင်မိတဲ့အတွက် ခွင့်လွတ်ပါရန်)
ခေါင်းစဉ် မေ့ပြီးတစ်ခုတင်မိလိုက်တယ်ဗျာ
ခေါင်းစဉ်မပါတဲ့ပို့စ်တစ်ခုပိုသွားတယ်…လုပ်ကြပါဦး…
Was this answer helpful?
LikeDislikeကဲ ဖတ်ဘို့စောင့်နေပါတယ်
ဇာတ်လမ်းကစမယ်ရှိသေး
မျှော်ခိုင်းနေပြီ…ငှက်ဆိုးထိုးတော့မယ်ထင်တယ်
ပါတဲ့သူမလွယ်ဘူးထင်တယ်…..
Was this answer helpful?
LikeDislikeဟဲ့..ဟဲ့..
ဘာတုန်းဟ..
Was this answer helpful?
LikeDislikeပထမပိုင်းတောင် မဖတ်ရသေးဘူး။ ဒုတိယပိုင်းမျှော်တဲ့လား မမျှော်ချင်ဘူးနော်…. ဒါပဲ..
Was this answer helpful?
LikeDislikeဦးကြောင်က ဆိုရှယ်ဒီမိုကရက်ပါကွယ်….။ သာတဲ့ဖက်ကူးမလို့ ကြားခွထားတာ။
Was this answer helpful?
LikeDislikeဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပါပဲ။ ဘာတွေဆက်ဖြစ်မှာပါလိမ့်…………….
စောင့်မျှော်ဖတ်ရှုပါမယ်ရှင့်………
Was this answer helpful?
LikeDislikeဒီမိုကရေစီ စနစ်နဲ့ ဆို ဘယ်လိုပြောမလဲလို့
ဇာတ်ကောင်တစ်ယောက်လောက် ပြောကြည့်ပါလား……လေးယောက်မြောက်ဇာတ်ကောင်ပေါ့ဗျာ..
Was this answer helpful?
LikeDislike