ဂေဇက်မှစီစဉ်တင်ဆက်သည်(ပထမပိုင်း)

Big BangDecember 28, 20111min1277

တစ်နေ့တွင်…….

ကျနော် big bang ရယ် ဦးဦးပါလေရာ ရယ် ကြောင်ကြီးရယ်
မော်တော်ဘုတ်တစ်စီးနဲ့ ပင်လယ်ကမ်းရိုးတန်းဘက် အပျော်ခရီးထွက်ရာ….
ကံဆိုးမိုးမှောင်ကျပြီး မုန်တိုင်းမိပါလေရော……..
ကံကောင်းချင်တော့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားတယ်…
သုံးယောက်လုံးမသေဘူး….
ကံဆက်ကောင်းချင်တော့ အဲဒီကျွန်းပေါ်မှာတစ်ယောက်တည်းနေတဲ့
ဂေဇက်ထဲကပါပဲ ကောင်မလေးတစ်ယောက်( ) နဲ့တွေ့တယ်….
အဲလိုနဲ့ပဲ ကျနော်တို့သုံးယောက်နဲ့ သူမနဲ့…
ကျွန်းပေါ်မှာ အတူတူနေကြတယ်ပေါ့ဗျာ….
အဲလိုနေလာရင်းက (ဇာတ်လမ်းကဒီမှာစပြီ)

ကျနော် Big Bang ကအဲဒီကောင်မလေးကိုကြိုက်သွားပြီး…
ကျန်တဲ့နှစ်ယောက်ကို
“ခင်ဗျားတို့နှစ်ယောက်ကတော့ ဒီလိုပဲနေ၊ ဒါမှမဟုတ်လဲ မဖြစ်ဖြစ်တဲ့နည်းနဲ့အိမ်ပြန်တော့…
ကျနော်ကတော့ သူမနဲ့ပဲနေမယ်´´ လို့ပြောပြစ်တယ်ဗျာ…

အဲဒါကို ဦးဦးပါလေရာက လက်မခံပဲ
“ကောင်းတူဆိုးဘက် တို့သုံးယောက် အတူတူပဲ သူမကိုယူလိုက်ကြရအောင်´´ တဲ့

ကြောင်ကြီးကလဲ လက်မခံပဲ ထပြောပြန်တယ်
“ဟိုဟာရမှ ခွဲခြားခွဲခြားတွေဘာတွေ လုပ်မနေနဲ့´´
(စကားပုံကမေ့နေလို့ဗျာ…) “တစ်ယောက်မှမယူရဘူး တို့သုံးယောက်လုံးပြန်မယ်တဲ့´´

ကဲဂေဇက်အဖွဲ့သားတွေဘယ်လိုလုပ်မလဲဗျာ…..

Big Bang က အရင်းရှင်စနစ် ပါ…
ဦးဦးပါလေရာ က ကွန်မြူနစ်ဝါဒပေါ့…
ကြောင်ကြီးကတော့ ဆိုရှယ်လစ်စနစ်ပါ….

ကောင်မလေးနေရာမှာ သရုပ်ဆောင်သူကတော့ ဂေဇက်အဖွဲ့ထဲက
silm body ရှိတဲ့ မမများထဲက တစ်ယောာက်ကိုသာ ထားလိုက်ပါတော့…

ဇာတ်လမ်းလေးက အဆက်ရှိသေးတယ်ဗျ…
လောလောဆယ်တော့ ဂေဇက်အအဖွဲ့ထဲက ရုပ်အချောဆုံးသရုပ်ဆောင်တွေနဲ့
တင်ဆက်ထားပါတယ်…
ကျနော်တို့နိုင်ငံက ဒီမိုကရေစီ က အခုမှအစဆိုတော့….
နောက်ဆက်တွဲဇာတ်လမ်းကျရင်ဖြင့်…
ဒီမိုကရေစီစနစ် အပါအဝင် ဂေဇက်အဖွဲ့ဝိုင်းတော်သားများစွာဖြင့်…
ဒုတိယပိုင်းကို စောင့်မျှော်ကြပါလို့……

(ဦးဦးပါလေရာ နှင့် ကြောင်ကြီး ကို ဆင်ဆာမတင်မိတဲ့အတွက် ခွင့်လွတ်ပါရန်)

7 comments

  • Big Bang

    December 28, 2011 at 12:37 pm

    ခေါင်းစဉ် မေ့ပြီးတစ်ခုတင်မိလိုက်တယ်ဗျာ
    ခေါင်းစဉ်မပါတဲ့ပို့စ်တစ်ခုပိုသွားတယ်…လုပ်ကြပါဦး…

  • koyinmaung

    December 28, 2011 at 2:25 pm

    ကဲ ဖတ်ဘို့စောင့်နေပါတယ်
    ဇာတ်လမ်းကစမယ်ရှိသေး
    မျှော်ခိုင်းနေပြီ…ငှက်ဆိုးထိုးတော့မယ်ထင်တယ်
    ပါတဲ့သူမလွယ်ဘူးထင်တယ်…..

  • ငပေါက်ဖော်

    December 28, 2011 at 3:35 pm

    ဟဲ့..ဟဲ့..
    ဘာတုန်းဟ..

  • manawphyulay

    December 28, 2011 at 6:22 pm

    ပထမပိုင်းတောင် မဖတ်ရသေးဘူး။ ဒုတိယပိုင်းမျှော်တဲ့လား မမျှော်ချင်ဘူးနော်…. ဒါပဲ..

  • ကြောင်ကြီး

    December 29, 2011 at 10:02 am

    ဦးကြောင်က ဆိုရှယ်ဒီမိုကရက်ပါကွယ်….။ သာတဲ့ဖက်ကူးမလို့ ကြားခွထားတာ။

  • အေမီ

    December 29, 2011 at 10:22 am

    ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပါပဲ။ ဘာတွေဆက်ဖြစ်မှာပါလိမ့်…………….
    စောင့်မျှော်ဖတ်ရှုပါမယ်ရှင့်………

  • Big Bang

    December 29, 2011 at 1:24 pm

    ဒီမိုကရေစီ စနစ်နဲ့ ဆို ဘယ်လိုပြောမလဲလို့
    ဇာတ်ကောင်တစ်ယောက်လောက် ပြောကြည့်ပါလား……လေးယောက်မြောက်ဇာတ်ကောင်ပေါ့ဗျာ..

Leave a Reply