ဦးဖက်တီးကလှူပါမည် …

fattyDecember 28, 20111min18527

ကျနော်ကတော့မြို့ပြမှာ မွန်းကြပ်လာပြီဆို ရန်ကုန်နားက
ရွာနီး ချုပ်စပ်မှာသွားပြီး တောကလက်ဘက်ရည်ဆိုင်လေးတွေ
တကူးတကသွားပြီးထိုင်လေ့ရှိပါသဗျ.။
တညင်ဘက်သွားရင်သွားတယ် …။
ဧရာဝတီတိုင်းတခွင်လှည့်ရင်လှည့်တယ် ..။

အခုတော့ရွာမြင်ကွင်းတွေကလဲပြောင်း
ရွာဓလေ့တွေကလည်းပြောင်းကုန်တာ သတိထားမိပါရဲ့။
ရွာတွေမှာ လသာလို့ထုတ်စီးတိုးတန်းမကစားကြတော့ပါဘူးခင်ဗျား
အကုန်လုံး ကိုရီးယားကားရှေ့ရောက်ကုန်ကြပါပြီ။

ရွာဓလေ့ ကွပ်ပြစ်နဲ့ ရေနွေးကြမ်းဝိုင်းတောင်
ပျောက်ချင်တင်တင်ဖြစ်နေပါပကော ….။
ရွာကလေးတွေ ပုဆိုးကွင်းသိုင်းနဲ့ဂွေလှိမ့်တုန်းမှတ်ပါတယ်
ဘယ်ဟုတ်လိမ့်မတုန်း .. ရွာမှာဖွင့်ထားတဲ့
တဆိုင်တည်းသော ဂိမ်းဆိုင်မှာ ကြိတ်ကြိတ်တိုးနေကြလေလေရဲ့။

စဉ်းတော့စဉ်းစားမိပါတယ် ဒီကစ္စက ကျနော်တယောက်ထဲမြင်နေရုံနဲ့မပြီးဘူး
အများကဝိုင်းဝန်းပြီးစဉ်းစားကြရမဲ့ကိစ္စပါ။
နိုင်ငံတော်ကပါ စဉ်းစားရမဲ့ကိစ္စပါ ..။

တလောက ပန်းတပွင့်တောင်ဘက်ရောက်ဖြစ်ပါတယ်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတခုဝင်ကြည့်ရင်းကနေ
ကလေးတွေပညာသင်နေပုံလေးတွေဝင်ကြည့်ဖြစ်ပါတယ်။
ဘာတွေ့ရလဲဆိုတော့ သင်တဲ့ဆရာက အင်္ဂလိပ်စာအသံထွက်တွေမှားနေတယ် ..။
ကျနော်လဲမနေနိုင်ဘူး ဆရာကိုခေါ်ပြီး ဆွေးနွေးယူရတယ်။
နယ်မှာသင်တာဆိုတော့ဒီလောက်တော့ရှိမှာပေါ့လေ ..။
အဲဒီကျောင်းအတွက်လိုအပ်တဲ့စာအုပ်စာတန်းတွေ ဆရာကိုင်
အတွက်ပေါ့ လှူခဲ့ပါတယ် ..။

အဲဒီလိုဘဲ ကိုယ့်အနီးနားမှာ ပရဟိတကျောင်းတွေများရှိလို့
အလှုခံချင်တယ်ဆိုလို့ကတော့ ဖက်တီးဆီလှမ်းပြီးအကြောင်းကြားလိုက်ပါ။
လိုအပ်တဲ့စာအုပ်စာတန်းတွေ တနိုင်တပိုင်လှူသွားပါ့မယ်လို့ …………..။

27 comments

  • blackchaw

    December 28, 2011 at 1:09 pm

    ကိုဖက်တီးရေ။
    ကိုအမတ်မင်း ပို့စ် မှာ လှူလို့ရတဲ့ နေရာလေးတစ်ခု ရှိပါတယ်ဗျာ။
    ကျွန်တော်ပေးထားတဲ့ ခရစ္စမတ်လက်ဆောင်လေး ကြည့်ပေးပါဦးဗျာ။
    http://myanmargazette.net/88506/travel/photography-pictures-galleries-wallpapers-photo-tips

  • windtalker

    December 28, 2011 at 1:52 pm

    ဦးဖက်တီး ရဲ ့စေတနာ သဒ္ဒါတရားကို အသိအမှတ် ပြုသော အားဖြင့် ၊ လှူစရာ နေရာတစ်ခု ကို ပို ့စ်အဖြစ် တင်မည် ။

  • tt lay

    December 28, 2011 at 2:24 pm

    ဦးဖက်တီး တကယ်လိုအပ်နေတဲ့နေရာလေးတွေ ပြောမယ်နော်။ ဆက်သွယ်ကြည့်လိုက်ပါ။ ကျွန်မတို့တော့ မကြာခဏ ရောက်ဖြစ်တယ်။
    လှိုင်ဓမ္မသီတဂူ ပရဟိတ သီလရှင်သင်ပညာရေးကျောင်း
    သခင်မြလမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်သာယာ
    ဆက်သွယ်ရမှာက ဆရာကြီး ဒေါ်သုဇာတာထေရီ (ဖုန်း – 645398)

    နောက်တစ်ခုက – အောင်မြေသုခကျောင်း
    ငါးထပ်ကြီးဘုရားလမ်း၊ ဗဟန်း၊၊ ရန်ကုန်မြို့။ ဖုန်း (553622) ext : (298)

    နောက်တစ်ခုက ဖုန်းနံပါတ်မမှတ်မိဘူး
    မှော်ဘီလေတပ်မှတ်တိုင်၊ ဝါးနက်ချောင်းကျေးရွာ
    အရှေ့ကျောင်းဘုန်းတော်ကြီးသင် ပညာသင်ကျောင်း
    ဖုန်းနံပါတ် မမှတ်မိလို့ပါ။ (ကျေးဇူးတင် ဝမ်းမြောက်စွာဖြင့်……….။)

  • etone

    December 28, 2011 at 2:48 pm

    လေးဖက်ရေ … အလှူလှူမယ်ဆိုလျှင် တယောက်တည်းတော့ မလှူပါနဲ့ … နီးစပ်ရာလေးတွေကိုလည်း အလှူခံခေါ်ပါဦးနော် …. တပိုင်တနိုင်လှူကြမယ်ဆိုလျှင် အလှူကြီးတစ်ခုဖြစ်လာမှာပါ … ။ လေးဖက်ကြီး ဦးဆောင်ပြီး အလှူလုပ်လျှင် မကောင်းဘူးလား … 🙂

  • TTNU

    December 28, 2011 at 3:00 pm

    ကိုဖက်ရေ…
    သာဓုပါတော်။
    ကိုယ်တိုင်လှူပါ၊ သူများလှူအောင်စည်းရုံးပါ။
    ဒါမှ၊ခြွေရံသင်းပင်းပေါများမှာအမှန်ပါ တဲ့။

  • ငပေါက်ဖော်

    December 28, 2011 at 3:31 pm

    ဟိုစာအုပ်တွေကောပါလား ဦးဖတ်..
    ဟိုလေ..အိုင်တီနဲ ့ ဆိုင်တဲ့ စာအုပ်တွေပြောတာပါ
    😆

  • comegyi

    December 28, 2011 at 3:50 pm

    ဦးဖက်ရေ့
    ခင်လို့ တစ်ခုပြောပြမယ်နော်
    ဦးဖက်မွန်းကျပ်လို့ တောအငွေ့အသက်တွေ
    ရချင်တယ်ဆိုရင်
    တကူး တက ရွာနီးချုပ်စပ် သွားစရာမလိုတော့ဘူးခင်ဗျ……
    မြောက်ဥက္ကလာတို့ တောင်ဥက္ကလာတို့က
    ထန်းရည်ဆိုင်တွေသွားဗျို့ တောထက်ကို တောဆန်သေး…..ဟိဟိ…..

    • manawphyulay

      February 15, 2012 at 1:32 pm

      ထန်းရည်ဆိုင်သွားမှ တောဆန်တယ်ခေါ်တာလား ကမ်းကြီး….. ဒါဆိုရင်တော့ တောအငွေ့အသက်လိုချင်တာမဟုတ်ပဲ ထန်းရည်အငွေ့အသက်ပဲ ရသွားမှာပေါ့… 😛

  • ဆူး

    December 28, 2011 at 4:26 pm

    ဆရာ အသံထွက် မှားနေတယ် ဆိုလို့ စာအုပ် လှူချင်တယ် ဆိုတဲ့ စိတ်ဓါတ်ကို တကယ် ချီးကျူးပါတယ်။
    တယောက်အားနဲ့ မစွမ်းသာ အများအားနဲ့ စွမ်းဆောင် ရအောင် ဆူး လည်း ဝိုင်းလှူပေးပါမယ် နိုင်သလောက်ပေါ့။

    ငယ်ငယ်က ကျူရှင်ဆရာမ အသံထွက် မှားနေကြောင်း စာသင်ပြန်သွားတော့ အဖေက ပြောတယ်။ နောက်နေ့ ဆရာမ လာတော့ လျှာရှည်တာ ဆရာမ အသံထွက် မှားနေတယ် ဆိုပြီး ပြောလိုက်တယ်။ အဲလို ပြောလို့ မသင်တော့ဘူးဆိုပြီး နောက်နေ့ မလာတော့ဘူး။ အမေ က အိမ်လာသင်တဲ့ ဆရာမ ထွက်ပြေးအောင် လုပ်ရလား ဆိုပြီး အဖေ လစ်တော့ အဗျဉ်းခံရတယ်။ 🙁 ဘယ်ရမလဲ ဒီဆရာမ အမေ သွားပြောလို့ ပြန်လာလို့ကတော့ ဆရာမ မကောင်းလို့ အဗျဉ်းခံရတယ်လို့ ရန်တွေ့မယ် တေးမှတ်ထားတာ.. အဲဒီ ဆရာမ ပြန်ကို မလာတော့ဘူး။ ဟိဟိ… သူလည်း ခပ်ဆိုးဆိုး တပည့် ကို လန့်တယ် ထင်တယ်။

  • “ဘီလူးကြီး”ogre

    December 28, 2011 at 6:48 pm

    ဦးဖက်
    ကျွန်တော့မှာ လစဉ်ထုတ် ဂျာနယ်မျိုးစုံ
    စက္ကူပုံးကြီးနဲ့ တစ်လုံး အပြည့် ရှိပါတယ် အဲဒါတွေကောလှူလို့ရပါသလား
    ရွာစာကြည့်တိုက်တွေအတွက်ပေါ့
    ဝယ်ဖတ်ပြီးစုထားတာပါဗျာ…

  • fatty

    December 28, 2011 at 8:14 pm

    အားပါး .. မလှူရသေးဘူး ကြည်နူးစရာကောင်းလိုက်တာဗျာ …။
    တီတီလေးရေကျေးဇူးပါကွယ် …။ ကဲ ကိုဘီလူးက ဂျာနယ်တွေစုထား …
    တုန်တုန်က အစီအစဉ်ဆွဲ
    ကျနော်က ဆလွန်းကားတစီး ငှားပေးမယ် ..။သိပ်မဝေးမနီးလက်ဘက်ရည်ဆိုင်အေးအေးဆေးဆေးထိုင်လို့ရမယ့်နေရာရွေးပြီး
    လူစုလိုက်ကြရအောင် ..။ ပြီးတော့ကိုယ်တိုင်သွားလှူကြတာပေါ့
    ကိုယ့်အိမ်မှာရှိတဲ့စာအုပ်ရော တတ်နိုင်ရင် စာအုပ်အသစ်တွေဝယ်ပေါ့ တချို့ဆို အသစ်ဆိုပေမဲ့
    တဝက်ဈေးရတော့ များများလှူနိုင်တာပေါ့ …။
    ဆူးတို့ က အစီအစဉ်ဝိုင်းဆွဲပေးကြပါလား။ တောင်းဆိုပါတယ် ..။
    မန်းဂေဇက်ကအဖွဲ့တွေ ပြည်သူ့အကျိုးပြုတွေလုပ်ဖြစ်ကြရင်ကောင်းပါတယ်။
    တဒေါင့်တနေရာကပေါ့ ..။

  • koyinmaung

    December 28, 2011 at 8:14 pm

    ဝမ်းသာစရာသတင်းပါ
    ကိုဖက်ရေသာဓုခေါ်ပါတယ်ဗျာ…

  • unclegyi1974

    December 28, 2011 at 9:57 pm

    ကိုဖက်ရေလှူတာလည်းလှူတာပေါ့
    လိုအပ်တဲ့နေရာလှူရတာအလွန်ကောင်းပါတယ်
    အဲလို လိုအပ်တာကလှူသူတွေရှိပါတယ်
    ကိုဖက်ပြောတဲ့သင်တဲ့ဆရာကိုယ်တိုင်မှားနေတာ
    အသင်ခံရတဲ့ကျောင်းသားတွေဘယ်လိုအမှန်ရမလဲ
    အဲဒါကိုဘယ်လိုကူညီပေးနိုင်ရင်ကောင်းမလဲ
    အဲဒါကပိုအရေးကြီးမယ်ထင်ပါတယ်
    ငွေကြေးပစ္စည်းလှူတာထက်ပိုအရေးကြီးမယ်ထင်လို့ပြောတာပါဗျာ
    စဉ်းစားဖို့ပါ

  • Khin Latt

    December 29, 2011 at 5:25 am

    ဦးဖက်တီး ရေ သာဓု၊ သာဓု၊ သာဓု ပါ။
    မွန်မြတ်တဲ့ အလှူပါဘဲ။
    Unclegyi ပြောတာ ကို ထောက်ခံပါတယ်။ မဟုတ်ရင် Instruction မရှိဘဲ ပစ္စည်းဆင် ရသလို ဖြစ်နေမှာ။

  • tt lay

    December 29, 2011 at 12:24 pm

    ဦးဖက်တီးရေ…….. ဝမ်းမြောက်ဝမ်းသာပါပဲရှင်
    မနေ့ကမှ ဖုန်းနံပါတ် ပြန်ရှာရတယ်။ (မှော်ဘီက ဆရာတော် ဖုန်းနံပါတ် 73092415 ပါရှင်) ကျေးဇူးတင်ပါတယ်ရှင်။

  • နီကီတာ

    December 29, 2011 at 12:50 pm

    အိမ်မှာလည်း မဂ္ဂဇင်းတွေ အများကြီးပဲ
    သွားလှူရင် ပြောကြပါနော်….

  • ကိုရင်စည်သူ

    December 29, 2011 at 1:12 pm

    ကိုရင့်အိမ်မှာတော့ ဗေဒင် လက္ခဏာနဲ့ဆိုင်တဲ့
    စာအုပ်တွေ အများကြီးရှိတယ်ဗျို့… ကိုယ်တိုင်တော့
    သိပ်မဖတ်ဖြစ်တော့ဘူး…
    ဖတ်မယ့်လူများရှိရင် လူမယ်ဗျို့… း) း)

  • fatty

    December 29, 2011 at 1:33 pm

    အားရစရာဘဲဗျို့ …..။
    ကဲ တုန်တုန်တို့ ဆူးတို့သာ ဦးဆောင်ပြီးစီစဉ်ပါတော့ ….။
    အန်ကယ်ကြီးပြောတာကို အလေးအနက်စဉ်းစားပါတယ်ခင်ဗျား ..။
    purpose ကို ပါပိုစ်ဆိုပြီးသင်နေတော့ ကျနော်ရင်းနှီးမှုရယူပြီးမေးကြည့်ရပါတယ်။
    သူတို့ငယ်ငယ်ကလဲဒီလိုဘဲသင်ခဲ့ရပါသတဲ့ .. ကောင်းရော ..။

    ဆရာတွေကို ဆရာဖြစ်သင်တန်းတွေပေးဖို့လိုတာပေါ့နော …။
    ချက်ချင်းကြီးတော့ဖြစ်ချင်မှဖြစ်မှာပေါ့လေ ။ ကိုယ်တိုင်ဆက်လေ့လာဖို့လိုမယ်ထင်ပါတယ် …။
    ဖိုနက်တစ် လေ့လာရမှာပေါ့ အင်္ဂလိပ်စာဆရာတွေအတွက်ပြောပါတယ် …။
    အခုတော့ဒီမှာက အခြေအနေအရ ဆယ်တန်းအောင်ပြီးခါစက နယ်တွေမှာ ၉ တန်း ၁ဝ တန်း ပြန်သင်
    နေတော့ ဒီလိုဘဲဖြစ်တတ်ပါတယ်။

  • padonmar

    February 15, 2012 at 12:41 am

    purpose ကို ပါးပို့စ လို့တော်တော်များများကလေးတွေ မှားတာကြားဖူးပါတယ်။
    မြန်မာ့ အသံက သတင်းကြေငြာသူလည်း မှားဖူးပါတယ်။
    နောက်တစ်ခါ လှူဖို့ စဉ်းစားတဲ့အခါ ဦးဖက်ပြောတဲ့ အလှူလေး စဉ်းစားနိုင်ဖို့ ပြန်လည်တူးဆွပါတယ်။

    • etone

      February 15, 2012 at 10:34 am

      အန်တီပဒုံမ္မာပြန်ပြီး တူးစွ အသက်သွင်းလိုက်တာကောင်းပါတယ် ….. ။ စာအုပ်အလှူပွဲလေးကိုလည်း … တတ်နိုင်တဲ့ဘက်က ဝိုင်းကူလုပ်ပေးမယ် စိတ်ကူးပါတယ် …. ။ အဲ့ဒါမတိုင်ခင်တော့ … အားလုံးစုံပြီး …. ဘယ်လို ဘယ်လို လုပ်မယ်ဆိုတာတော့ ဝိုင်းတိုင်ပင်ဖို့လုပ်ရမယ်ထင်တယ် … ။
      ဒီတစ်ခါ .. ငွေလက်မခံပဲ … ကိုယ့်မှာ ရှိတဲ့ စာအုပ်လေးတွေ လှူဖို့ လက်ခံလျှင် မကောင်းဘူးလား … ။

      လေးဖက်ရေ … အားတဲ့ တစ်နေ့ ခဏဆုံကြရအောင် … ဖုန်းဆက်တာထက် … သေချာဆုံပြီး.. တိုင်ပင်ကြလျှင် ပိုကောင်းပါတယ် … ။ လေးဖက် အချိန်နဲ့ နေရာရွေးပါ .. တခြားလူတွေကိုပါ … လက်လှမ်းမှီသလောက် ဆက်သွယ်ပေးပါမယ် … ဒီတစ်ခါစာအုပ်အလှူက … ကိန်းဂဏန်းတွေ မပါတာမို့ ….. အလုပ်ရှုပ်တဲ့အချိန်ဖြစ်ဖြစ် အားတဲ့ အချိန်ဖြစ်ဖြစ် ထလုပ်လို့ရတဲ့ အလှူလေးပါပဲ … ။ စာအုပ်အလှူဖြစ်မြောက်ဖို့ အားပေးပါတယ် ….. ။ 🙂

  • ရွှေဘိုသား

    February 15, 2012 at 10:16 am

    ဒီတစ်ခါ လေးဖက်က ဦးဆောင်ပြီးပြုလုပ်လိုက်ပါလားဗျာ တတ်နိုင်သလောက်ဝိုင်းတာပေါ့

  • Novy

    February 15, 2012 at 10:52 am

    စာအုပ်စာပေလှူတာ မွန်မြတ်တဲ့ အလှူပါပဲ
    မနိုလည်းတက်နိုင်သမျှ စာအုပ်တွေစုလိုက်ပါအုံးမယ်
    ရက်ကတော့ ကြိုပြောပေးပါနော်
    အသိတွေဆီကနေလည်း စာအုပ်တွေအလှူလိုက်ခံလိုက်အုံးမယ်

  • htet way

    February 15, 2012 at 11:08 am

    တောကိုသွားချင်တယ်ဆိုရင် ဦးဖက်ကို ကျွန်တော်ဖိတ်ပါတယ် အိမ်မဲကိုလာခဲ့ပါ
    ကျွန်တော်ကတောသားစစ်စစ်ပါဗျာ။

  • ကြောင်ကြီး

    February 15, 2012 at 12:02 pm

    ခလေးတွေအတွက်ဆို ကားမက်စ်ရေးတဲ့ အရင်းမဲ့ကျမ်း၊ မော်စီတုံးရေးတဲ့ မိုင်တထောင်ခရီးရှည်၊ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ဆရာသိန်းဖေမြင့်ရေးတဲ့ အရှေ့မှနေဝန်းထွက်သည့်ပမာ၊ ဆြာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက်တာမှတ်တမ်း၊ ဆရာတော်အစုံရေးတဲ့ ဝိပဿနာရှုနည်းအမျိုးမျိုး၊ ပဌာန်းအကျယ်၊ မဟာဗုဒ္ဓဝင်ကျမ်း၊ ပိဋကတ်သုံးပုံမြန်မာပြန်၊ အိုင်စတိုင်းရဲ့ ရီလေတီဗတီသီအိုရီ၊ ဒါဝင်ရဲ့ အီဗော်လူးရီးသီအိုရီ…နဲ့ အခြားဆရာကြီးများရဲ့ စာအုပ်တွေ လှူချင်ပါတယ်…။

    • MaMa

      February 15, 2012 at 7:50 pm

      အားပါးပါး တကယ့်စာအုပ်ကြီးတွေပါလား။
      ဒါပေမယ့် အဲဒီစာအုပ်မျိုးတွေက ကလေးတွေနဲ့ မဖြစ်နိုင်ဘူး။
      ကြောင်ကြီးရဲ့ နောက်မျိုးဆက် ကြောင်လေးတွေမှပဲ လိုက်နိုင်မယ်။ 😀

  • Rose Minn

    February 15, 2012 at 1:01 pm

    စာအုပ်တွေလှူပါမယ်ဗျို့။ စာအုပ်တွေလိုက်စုထားပါမယ်။ ပတ်ဝန်းကျင်ကိုလဲ နိဗ္ဗာန်စော် လိုက်လုပ်ပါဦးမည်။ နောက်ဆုံးသတ်မှတ်ရက်နဲ့ အချိန်နေရာသာ ပြောကြပါ။

  • fatty

    February 15, 2012 at 5:27 pm

    စာအုပ်ရောငွေရောလိုအပ်ပါတယ်။ အဝေးကလူတွေက အလွယ်တကူငွေဘဲပို့နိုင်ပါလိမ့်မယ်ထင်တယ်။
    လှူရမဲ့ လင့်ကိုအရင်ရှာကြ ။ အဆက်အသွယ်ယူပြီး ဘယ်လိုစာအုပ်မျိုးတွေအဓိကလိုအပ်မလဲမေးကြတာပေါ့။
    ပြီးတော့မှထည့်မဲ့ငွေကိုစာအုပ်ဝယ်ပေးလိုက်ကြမယ်။ ငွေလဲခွဲလှူတန်တာလှူတာပေါ့။ အချိန်လဲယူကြပါအုံး
    တခါပြီးကာစရှိသေးတော့ တုံတုံတို့အမောပြေခါရှိသေး .. ။ ကျနော်ကအသက်အတော်ထောက်နေပြီမို့
    ဦးဆောင်ကြပါ အတတ်နိုင်ဆုံးပံ့ပိုးပါ့မယ် .. ။

Leave a Reply