မြေရှားသတ္တု အသုံးပြုမှု လျှော့ချရေး

NKDecember 28, 20111min571

ဂျိမ်း ကင်မရွန် ၏ ဝက်ဝက် ကွဲ အောင်မြင်ခဲ့သော Avatar ရုပ်ရှင် ကားတွင် လျှပ်စီးပတ် သံလိုက်ဓာတ် အား လွန်စွာကောင်းသည့် အဖိုးတန် သတ္တုတစ်မျိုးယူနော့စ်တိုင်နီယမ်ကိုသိမ်း ပိုက်ရယူလိုသည့် လောဘဇောဖြင့် လှပသော ပန်ဒိုရာလဂြိုဟ်ဆီသို့လူသားတို့ခရီးထွက်ခြင်းကို ဇာတ် အိမ်ဖွဲ့ထားခဲ့ရာ ဤကမ္ဘာဂြိုဟ်တွင် လည်း အဆိုပါ သတ္တုမျိုးကဲ့သို့သော အရာများရှိနေပေ၏။ တာဆီယံ သို့မဟုတ် နီယိုဒိုင် မီယံ၊ ယူယိုဗီယမ် အမည်တို့ကို ကြား သိမိဖူးပါသလား။ သိကောင်းမှ သိကြပါမည်။ ဆာရီယမ်၊ ပရိုမီသီယံ စသည့်အမျိုးအစားများလည်းရှိကာ လွန်စွာကောင်းမွန်ထူးခြားသည့် အရည်အသွေးများရှိနေပါသည်။ ၎င်း တို့သည် ရှားပါးလှပြီး လူသိနည်း သော သတ္တုဖြစ်ကာ ယခု ခေတ် သုံး LCD တီဗီ၊ လက်ကိုင်ဖုန်းအမျိုး မျိုး၊ လက်ပ်တော့ ကွန်ပျူတာများ၊ ခေတ်အမီဆုံး လျှပ်စစ် ဆက်စပ် ပစ္စည်းများစွာတွင် မရှိမဖြစ် အရေး ပါလှသည့် သတ္တုတစ်မျိုးဖြစ်သည်။ ကမ္ဘာမြေရှားသတ္တု Rare Earth Matals ဟုသိရှိကာ အခက်အခဲက ၎င်းသတ္တုအမျိုးအစားသည် ပြဿနာ ဖြစ်လောက်ဖွယ် ရှားပါးလာနေခြင်း ဖြစ်၏။ အဆင့်မြင့် နည်းပညာ ခေတ် ၏ ထိပ်တန်းစူပါ ဒြပ်စစ်အုပ်စုဝင် များဖြစ်ပြီး ၎င်းတို့ကို ကျယ်ပြော သော ဟင်းလင်းဖွင့် သတ္တုမိုင်းများ အဖြစ် ကမ္ဘာမြေကို တူးလှန်ကာ ကျောက်သား၊ ကျောက်ဆောင်များ မှ ညှစ်ထုတ်၍ အဆင့်ဆင့်ရှာဖွေစု ဆောင်းကြရသည်။ ခေတ်ပေါ် အိုင် ပေါ့၊ လက်ပ်တော့၊ မျက်နှာပြင်ညီ LCD တီဗီ အားလုံးသည် ၎င်း သတ္တု စင် အခြေခံပစ္စည်းကို မသုံးရပါက အရွယ်အစားသေးငယ်နိုင်မည် မဟုတ်ချေ။ ခေတ်ပေါ် လက်ကိုင် ဖုန်းအလုံးတိုင်းတွင် အဆိုပါ သတ္တု အခြေခံပစ္စည်းအစိတ်အပိုင်း ခြောက် မျိုးပါရှိကာ ၎င်းပစ္စည်းမျိုး မသုံးရ လျှင် အုတ်ခဲအရွယ် လက်ကိုင်ဖုန်း များ ဖြစ်နေပေလိမ့်မည်။ ထိုသို့ သေးငယ်သော ခေတ်မီ ပစ္စည်းများတွင်သာမကပါ။ ကမ္ဘာ မြေရှား သတ္တု အခြေခံများကို အဆိပ် ဓာတ်ငွေ့များ ကင်းစင်သည့် သန့်စင် စွမ်းအင်-Clean Energy ထုတ်သော လေရဟတ်တာဘိုင်လျှပ်စစ် ထုတ် စက်များ၊ ဟိုင်းဘရစ် ကားမော်တာ များ၊ လျှပ်စစ်ဓာတ်ချွေတာရေးမီးလုံး၊ မီးချောင်းများ၊ ဆေးခန်းသုံး MRI ဓာတ်ရောင်ခြည်ပုံရိ်ပ်ဖော်စက်များ၊ ဖိုင်ဘာ အော့ပ်တစ် ကေဘယ်ကြိုး များ၊ လေဆာပဲ့ထိန်းဒုံပျံများ စသည် ဖြင့် ၂၁ ရာစု ခေတ်လွန်နည်းပညာ တို့၏ အရေးကြီးပစ္စည်း ဖြစ်လာရ သည်။ သို့ရာတွင် ပြဿနာက စလာ ပါသည်။ အဆိုပါ ရှားပါး သတ္တုများကို ကမ္ဘာ့ထုတ်လုပ်အား၏ ၉ရ ရာခိုင်နှုန်း ရှိနေသည့် တရုတ်နို်င်ငံက ပြည်ပ တင်ပို့ရောင်းချမှုကို လျှော့ချ ထိန်း ချုပ်လာသည်။ ကောင်းသော သတင်း မဟုတ်ပါ။ အနောက်ကမ္ဘာ အစိုးရများ၊ နည်းပညာစက်မှုလုပ် ငန်းကြီးများက အလန့်တကြားဖြစ်ပြီး အရေးပါလှသော ဤ သတ္တုများကို နိုင်ငံတစ်ခုကသာလည်မျိုညှစ် ချုပ် ကိုင်ထားသည့် အဖြစ်ကို တစ်စုံ တစ်ရာ တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း သတိပြုလာမိကြပါသည်။ ကမ္ဘာမြေရှားသတ္တုဓာတ်စင် များတွင် ဓာတုဒြပ်ပေါင်း ၁ရ မျိုး ပါဝင်နေပြီး ၎င်းကို ၁၈ ရာစု အတွင်းတွင် ဆွီဒင်တပ်မတော်မှ ဓာတုဗေဒ အရာရှိငယ် ကားလ် အေ ဆယ်အာဟဲနပ်- Carl Axel Arrh-enius ကတွေ့ရှိခဲ့ပါသည်။ ၎င်းသတ္တုမျိုးကို ရေဒီယိုဓာတ်ရောင်ခြည် ကြွ တတ်သော သော်ရီယမ်နှင့် ယူရေနီ ယံတို့နှင့် ပူးတွဲတွေ့ရတတ်ပါသည်။ ထိုသတ္တုတို့ကို ထုတ်ယူခွဲခြားသန့် စင်မှုရသည့် လုပ်ငန်းစဉ်တို့သည် ကုန် ကျစရိတ်များပြားကာ သဘာဝဝန်း ကျင်ထိခိုက်ပျက်စီးမှု ကြီးမားလှ သည်။ ”Rare Earth သတ္တုစင်ရဲ့ အထူးခြားဆုံး ဂုဏ်သတ္တိကတော့ သူရဲ့ဗဟိုချက် အီလက်ထရွန်းနစ် အစု အဝေးက သိပ်သည်းလှပြီး 4f အီ လက်ထရွန်တို့က ကျစ်လျစ်သိပ် သည်းစွာ နစ်ဝင်ဓာတ်ပြုတုံ့ပြန်နေကြ တဲ့ အင်္ဂါရပ်ပါပဲ။ ဒါကြောင့် ဒီသတ္တုမျိုးကို အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များမှာ သုံးနေကြရတာပါ”ဟု ဘာမင်ဟန် တက္ကသိုလ်မှ ပါမောက္ခ ရက်ဟားရစ်- Rex Harris က ဆိုပါသည်။ ၂ဝဝ၉ ခုနှစ်၊ သတ္တုဝယ်လိုအား မှာ တန်ချိန် ၁၃၄ဝဝဝ ဖြစ်ပြီး ထုတ် လုပ်နိုင်မှုမှာ တန်ချိန် ၁၂၄ဝဝဝ သာဖြစ်ကာ အဓိကအားဖြင့် တရုတ် ပြည်မှ ထွက်ရှိခြင်းဖြစ်သည်။ ခေတ်မီ ကမ္ဘာကြီး၏ လက်ပ်တော့ ကွန်ပျူ တာငယ်များ LCD တီဗီစသည်များကို ပိုမို တောင်းဆို ဝယ်အားကောင်း လာ ခြင်းနှင့် အတူ Rare earth သတ္တုတို့ ၏ ဖြည့်ဆည်းထုတ်လုပ်အားမှာ လျော့ပါးလာလျက်ရှိသည်။ ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ဝယ်လိုအားသည် တန် ချိန် ၁၈ဝဝဝဝ ဖြစ်မည်ဟု ခန့်မှန်း ရပါသည်။ တရုတ်နိုင်ငံက ”အရှေ့အလယ် ပိုင်းဒေသမှာ ရေနံရှိတယ်။ မိမိတို့ မှာ ကမ္ဘာမြေရှားသတ္တုများရှိတယ်” ဟုပင် ၁၉၉၂ ခုနှစ်က ထုတ်ဖော်ပြော ဆိုခဲ့ဖူးသည်။ ထိုနိုင်ငံက ၂ဝဝ၆ ခုနှစ်မှစတင်၍ ပြည်ပတင်ပို့မှုကို လျှော့ချလာခဲ့သည်ကို အချို့က Rare earthy Musel ကမ္ဘာမြေရှားသတ္တု ကြွက်သားစိုင် ညှစ်ထုတ်ပြခြင်းဟု ဝေဖန်ကြသည်။ အထူးသဖြင့် အား ပြင်းသံလိုက် ကိရိယာများအတွက် တာဗီယမ်နှင့် ပရိုဆီယမ်အမျိုးအစား ဂျပန်တိုယိုတာ ကားကုမ္ပဏီမှထုတ် သည့် ခေတ်မီ Prius Hybrid ကားများအတွက် နီယိုဒိုင်မီယမ်နှင့် လန်သာနမ်သတ္တုအမျိုးအစားတို့ကို များစွာလိုအပ်ပါသည်။ နောင်ကာ လဝယ် တွင်ကျယ်စွာအသုံးပြုလာ ကြမည့် လျှပ်စစ်ကား Green Cars များသည် ကမ္ဘာမြေရှား သတ္တုကင်း စင်သော Rare earth Metal Free နည်းပညာသစ် ထုတ်ကုန်ဖြစ်လာပါ မည်။) တရုတ်နိုင်ငံကလည်း အဆိုပါ သတ္တုကုန်ကြမ်း တင်ပို့သည်ထက် တန်ဖိုးမြင့်နည်းပညာ အီလက်ထရွန်း နစ်ကုန်ချောထည်များကို ပိုမိုတင်ပို့ လို၍ လျှော့ချထိန်းချုပ်လာရသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန် စသည့်နိုင်ငံများက မိုင်းဟောင်းပိတ် ခဲ့သည်များကို ပြန်လည်ထုတ်ဖော် ခြင်း၊ ဒေသသစ် နယ်ပယ်သစ်တို့တွင် အဆိုပါ သတ္တုရှာဖွေခြင်းတို့ကို အလေးထားလုပ်ကိုင်လာကြသည်။ (ဂျပန်သည် မြန်မာနိုင်ငံတွင် ရှာဖွေ ရေးလုပ်ဆောင်ရန် စီစဉ်နေပါ၏)။ ၎င်းလုပ်ငန်းတို့သည် ကုန်ကျစရိတ် ကြီးမား၊ သဘာဝဝန်းကျင်ထိခိုက်ကာ ၁ဝ နှစ် ကျော် အချိန်ယူ ဆောင်ရွက်ကြရမည် ဖြစ်ရာ Rare earth သတ္တုမျိုးများ ဈေးကွက်တွင် တရုတ်နိုင်ငံက အသာ စီးရနေပြီး အနာဂတ်နည်းပညာ နယ် ပယ်တွင် ၎င်း၏ အရိပ်မိုးလျက်ရှိနေ သည်ဟု ဝေဖန်ကြသည်။ ကမ္ဘာမြေရှားသတ္တုများ သည် မြစိမ်းရောင် နည်းပညာနယ်ပယ် Green Technology အတွက် အလွန် အရေးပါလှသော်လည်း ၎င်းတို့ကိုတူး ဖော်ထုတ်လုပ် သန့်စင်ရာလုပ်ငန်း အဆင့်ဆင့်တွင် သဘာဝဝန်းကျင် နှင့် သက်ရှိသတ္တဝါများ၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်များကို လွန်စွာပင် ထိခိုက်ပျက်စီးစေပါ၏။ အဆိုပါ ရှားပါးသတ္တုတို့ကို သီးခြားဒြပ်စင် များအဖြစ်မတွေ့ရဘဲ ကျောက်တုံး ကျောက်ဆောင်များကို ခွဲခြေကာ လွန်စွာပြင်းထန်သော အက်ဆစ် ငရဲ မီးရည်တို့ဖြင့် ဆူပွက်အပူပေး၍ အဆင့်ဆင့် လုပ်ဆောင်ရခြင်း၊ ၎င်း သတ္တုရိုင်း ကျောက်များတွင် ရေဒီ ယို ဓာတ်ြ<ွက အန္တရာယ် ရှိသည့် သိုရီယမ်-Thorium သတ္တုမျိုးကိုပါ ပူးတွဲတွေ့ရလေ့ရှိခြင်း၊ အက်ဆစ် ဓာတ်ရည်နှင့် အဆိပ်အတောက်များ စွာသည် ရေအရင်းအမြစ်များ၊ သဘာဝဝန်းကျင်သစ်တောများနှင့် လေထုကိုပါ များစွာ ညစ်ညမ်းစေ လျက်ရှိခြင်းတို့ကြောင့် ဒေသခံလူနှင့် သက်ရှိများ ကျန်းမာရေးထိခိုက်နေရ ပါသည်။ တရုတ်နိုင်ငံတွင် Rare earth သတ္တုတစ်တန်ထုတ်တိုင်း အက်စစ် ပျော်ဝင်ရေဆိုး ၇၅ ကုဗမီတာနှင့် ရေဒီ ယို ဓာတ်ကြွ ပစ္စည်း အြ<ွကင်းအကျန် တစ်တန်ထွက်လာသည်။ ထိုနို်င်ငံ တွင် သဘာဝဝန်းကျင် စည်းမျဉ်း ဥပဒေများကို ပိုမိုတင်းကျပ်လျက်ရှိ သော်လည်း တရားမဝင် လုပ်ဆောင် နေသော သတ္တု မိုင်းများစွာရှိနေပါ သည်။ ကမ္ဘာမြေရှားသတ္တုတို့၏ ခေတ်သစ်နည်းပညာအတွက် အရေး ပါမှုကြောင့် ပိုမိုရရှိရေး ကြိုးပမ်းလာ ကြရာ သန့်စင်နေသော ဂရင်းလန် ကျွန်းကြီး၏ အိုင်လီမောက်ဆက် ဒေသ အလာစကာနယ် ဘိုကန် တောင်တန်းတို့မှာပင် လောဘဇော ဖြင့် ထုတ်ယူရန် စီစဉ်နေကြသဖြင့် လေထုနှင့် ရေခဲပြင်၊ ရေမြေ၊ အင်းအိုင်၊ မြစ်၊ ချောင်း၊ မြေအောက်ရေလွှာများ သဲကန္တာရနှင့် သစ်တောကြီးများ၏ သဘာဝဂေဟစနစ် ထိခိုက်ပျက်ပြား သည့် အန္တရာယ်မြင့်တက်လာနေပါ သည်။ လူသား၏ လေ့လာစူးစမ်း သိလို မှုကြောင့် သိပ္ပံနှင့်နည်းပညာ တိုး တက်မှုများသည် အံ့မခန်းဖြစ်လာ သည်။ သဘာဝနိယာမအရ ဘက်နှစ် ဘက်ရှိနေရာ လောကကို အကျိုးပြု သင့်သလောက်ပြုသော်လည်း (လူတို့ ၏ အသိဉာဏ်မမီနိုင်လောက်သော) ဆိုးကျိုးများလည်းရှိနိုင်ပါသည်။ ယခု တွင်ပင် ထင်ရှားသော ဆိုးကျိုးများ မြင်နေရပါပြီ။ ယခုခေတ်မီ နာနို နည်းပညာ- Nano Technology အရ နောင်အခါ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးတို့ကို မလိုလားသော Sun Microsystem မှသိပ္ပံပညာရှင် အကြီး အကဲ ဘီလ်ဂျွိုင်း Bill Joy က ''လူ သားပုံတူစက်ရုပ်များ ဖြစ်ပေါ်လာရင် ရက်များ မကြာမီအတွင်းမှာ သဘာဝ ဝန်းကျင်အားလုံးကို သုသာန် တစ်စ ပြင်သဖွယ် ပြုလုပ်လိမ့်မယ်''ဟု မှတ် ချက်ပြုခဲ့ပါသည်။ ''နိုင်ငံရေး ဩဇာရှိသူတို့နဲ့ စီး ပွားရေးကော်ပိုရေးရှင်းကြီးများ အသိုင်းအဝန်းကသာ သူတို့ရဲ့အကျိုး အမြတ်အတွက် သိပ္ပံနဲ့နည်းပညာကို ပြည်သူများကို လှည့်စားပြီး ထိန်း ချုပ်ဆောင်ရွက်နေကြတယ်။ သိပ္ပံ နယ်ပယ်ပိုပြီး တိုးတက်လာလေ၊ နောက်ဆက်တွဲ ဆိုးကျိုးများကလဲ ပိုပြင်းထန်လေပဲဟု ပညာရှင်တစ်ဦး ကဆိုသည်။ ဝေဖန်သူတစ်ဦးက လည်း''ပြည်သူများဟာ နိုင်ငံရေးအာ ဏာရသူတစ်ယောက် ထက်ပိုပြီး အသိဉာဏ် Common Sense ရှိကြ ပါတယ်''ဟုဆိုပါသည်။ သတင်းစာ များကလည်း''လူသားတို့က လွဲမှား တဲ့ အရပ်မျက်နှာ တူရှုဆီကို က ယောင်ကတမ်း ကဆုန်ပေါက်ပြေး လွှားနေပြီ''ဟု မကြာခဏ သတိ ပေးနေကြပါသည်။ ခေတ်ပေါ် လူ့အသုံးအဆောင် အမျိုးပေါင်းများစွာသည် အမြဲပင် အသစ်အဆန်းများအဖြစ် ကမ္ဘာ့ဈေး ကွက်များစွာတွင် အကြီးအကျယ် ကြော်ငြာကာ အပြိုင်အဆိုင် ထုတ်လုပ် ဖြန့်ဖြူးရောင်းဝယ်နေကြရာ သုံးစွဲ သူများက အသစ်အဆန်းကိုသာ အများထက် ဦးစွာသုံးလိုသည့် လော ဘစိတ်ကြောင့် မော်ဒယ်လ်နိမ့်သွား လျှင် စွန့်ပစ်ကာ အသစ်အသစ်များ နောက်သို့သာ မမောတမ်းလိုက်နေကြ သည်။ စွန့်ပစ်ပစ္စည်းတန်ချိန် သန်း ပေါင်းများစွာသည် ကမ္ဘာ့နေရာ အနှံ့ အပြားတွင် အဆိပ်အတောက်ဖြစ် ကာ သဘာဝ အနေအထားကို ကြီး မားစွာ ထိခိုက်ပျက်ပြားစေလျက်ရှိ ပါသည်။ ကမ္ဘာ့ လူဦးရေသည် သန်း ခုနစ် ထောင်ကျော်လာခဲ့ပေပြီ။ စက္ကန့်နှင့် အမျှ နေ့စဉ် တိုးပွားလာနေပါသည်။ နိုင်ငံအများ၏ လူသန်းပေါင်းများစွာ က ပို၍ ငွေကြေးသုံးဖြုန်းလာနိုင်ကြ သည်နှင့်အမျှ အာရုံခံစားမှု တဏှာ လောဘမီးများ ပို၍ အရှိန်ပြင်းပြင်း တောက်လောင်နေပါ၏။ မြတ်ဗုဒ္ဓ၏ အဆုံးအမ မင်္ဂလာ တရားတော်ပါ သန္တုဋ္ဌိစ- ကိလေသာ အာရုံကာမ ဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း အကျင့် မြတ်ကိုသာ လူသားများ သတိပြုမိ၍ အသင့်အတင့် လိုက်နာကြရုံဖြင့် လူမှု ဒုက္ခများ သက်သာကာ သဘာဝ ဝန်း ကျင်ထိခိုက်ပျက်ပြားမှုများစွာ လျော့ နည်းနိုင်သည်။ ခေတ်မီ ပူလောင်သော လူနေဟန်ထက် ရိုးစင်း အေးချမ်း တည်ငြိမ်သည့် ဘဝနေဟန်- Calm and Sumple Lifestyle က ပို၍ လောကကို အကျိုးပြုမည်ဟုတွေး ဆမိပါသည်။
BBC Knowledge(3/10) The Big Earth Book (A Sanday Pub:Co.,Ltd, 07)

One comment

  • တောတွင်းပျော်

    December 28, 2011 at 7:08 pm

    ပိုစ် အစအဆုံး တစ်ပုဒ်လုံး သေသေချာချာ အသေးစိတ် ဖတ်သွားပါတယ်။
    သိသင် ့သိထိုက်တဲ ့ ဗဟုသုတရလိုက်တဲ ့အတွက် ကျေးဇူးပါ ခင်ဗျာ…..

    တောတွင်းပျော်

Leave a Reply