တကယ်တော့ ကျနော်တို့ဟာ မရည်ရွယ်သော အကြောင်းတစုံတရာကြောင့်သာ ကြို့ ထိုးကြတာဗျ..
ကြို့ထိုးရခြင်း အကြောင်းအရင်း တွေကိုတော့ မရေးတော့ပါဘူးနော်... ဟိုဘက်က သူငယ်ချင်းပိုစ့်ထဲမှာလည်း
ရွာသူားတွေ ဆွေးနွေးကြပြီးဖြစ်လို့ ..


ကျနော်ပြောချင်တာက သည်လိုပါဗျာ...
တယောက်ယောက်ကများ ..ခုနေကြို့ထိုးပြ ဆိုလျင် ထိုးပြနိုင်သူ ရှားပေးလိမ့်မည်ဖြစ်သည်။
စမ်းကြည့်မလားဗျ ....ကြို့ ထိုးနည်း ...


တကယ်တော့ ကြို့ အတု ပါဗျ fake hiccup ပေါ့....ဘယ်လိုထိုး သလဲဆိုရင်တော့
ရင်ခေါင်း ကန့်လန့်ဖြတ် ကြွက်သား ရယ် အစာအိမ်ရယ် ..လည်ချောင်းမှာရှိတဲ့ အသံအိုး ရယ်
ပူးပေါင်းလုပ်ကြံပြီး ထိုးလို့ရပါတယ်...

ဒါကို Vocal hiccups လို့ ခေါ်ပါတယ်ဗျ ...အချို့အဆိုတော်တွေ သီချင်းဆိုရင် သုံးပါတယ်...။
ဗမာ့ ဂီတ  အလို အရ ဆိုရင်တော့ အဟိုက် အ၀ိုက် တွေလို့ ပြောလို့ရမလား မဆိုနိုင်ဘူးရယ်...

Vocal hiccups နဲ့ ပါတ်သတ်ပြီး နာမည်အကြီးဆုံး အဆိုတော်ကိုပြပါဆိုရင်
 Michael Jackson ပေါ့ဗျာ ...သူ့ သီချင်း စာသား တွေ မှာ အမြဲလိုလို Vocal hiccups
တွေသုံးတယ်ဗျ..  Vocal hiccups ကို အနီးဆုံ အသံထွက် ပေါင်းပြပါဆိုရင် တော့ ....
အေ့ တွေ ...အ  ...တွေ ဟှာ့ တွေ .... အု ...တွေ ..အုခ်ျ တွေပေါ့ ..... ဒါတွေကို လျော့တော့ မတွက်နဲ့နော..
သူတို့ဟာ စိတ်လှုပ်ရှားတာ ..ကြောက်လန့်တာ. ..၀မ်းနည်းပူဆွေးတာ ဒါတွေကို ဖော်ပြတယ်တဲ့ခင်ဗျ...
ပြန်စဉ်းစား ကြည့် တော့ မှ...   ဟုတ်တယ်ဗျ.... you are not alone ထဲက hiccups နဲ့...
they dont care about us ထဲက hiccups မတူ တာ တွေ့ရမယ် .....
သူ့ ခေတ်သူ့အခါတွေတုန်းက လက်ဖျောက်ခတ်ပြီး hiccups သုံး လိုက်တိုင်း အလွန် နားထောင်ကောင်း
ခဲ့တာမလား ...


တကယ်တော့ Michael ဟာ သူ့ သီချင်း သူ့ အက သူ့ခန်းခန်းနားနား ၀တ်ဆင်တင်ဆက်ပြသမှု
ဒါတွေအတွက် အလွန်အကျွံ ချီးကျူးခံရပေမယ့် ...တကယ်တမ်း သူ့ရဲ့ vocal နဲ့ ပါတ်သတ်ရင်
ချီးကျူးထောပနာ ပြုမှု အခံရနည်းလွန်းခဲ့တယ်ဗျ ....
သူ့အသံဟာ အလွန် range ကျယ်တယ်ခင်ဗျ...ကလေးဘ၀က boy soprono ရတဲ့အထိ
ကီးမြင့်တယ်ပေါ့ ..... နောက်ထပ်တချက်က STACCATO ဆိုတဲ့ အလွန်လျင်မြန်တဲ့ ဆိုပေါက်
နဲ့လည်း ဆို တတ်သေးတယ် ...ရပ်ပါတွေ ပါးစပ် မြန်တယ်ဆိုတာ သနားတယ် ပြောလို့ရတဲ့လူပေါ့...
ဘာလို့လဲဆို ဟိုငတိတွေက off-keys နဲ့သာ မြန်တာဖြစ်ပြီး Michael ကတော့ ..အရွယ်ရောက်
ယောက်ျားတစ်ယောက်အတွက် အမြင့်ဆုံးအသံ ဖြစ်တဲ့ androgynous high tenor နဲ့..Hiccups
တွေသုံးနေရင်းကို မြန်နေတာဖြစ်တယ်ဗျ...သူ့ သီချင်းအတော်များများမှာ တွေ့နိုင်ပါတယ်...

သူဟာ ... Heal the world လိုသီချင်းမျိုးမှာလည်း Hiccupsကဲတဲ့ .. ဂရုဏာသံနဲ့ ကမ္ဘာကို
ကိုင်လှုပ်ပြခဲ့သေးတယ်မဟုတ်လားဗျာ...
စကားမစပ် သူ့ ယောက္ခမ ဟောင်း. Presley လည်း သုံးတယ် လို့ ကြားဖူးတယ်ဗျ....
သူ့ကို ကျနော် သိပ်မနှစ်သက်လို့ ...သူ့အကြောင်း မသိတာ တော့ ၀န်ခံပါရစေခင်ဗျား...။


တော်သေးဘီ
ခင်တဲ့ဂီ
Ref:
http://en.wikipedia.org/wiki/Hiccup
http://en.wikipedia.org/wiki/Vocal_hiccups
http://en.allexperts.com/q/Jackson-Michael-489/Michael-Jackson-Voice.htm
http://answers.yahoo.com/question/index?qid=20090627085430AAZ4ROK

P.S ဒါဖတ်ပီး တရွာလုံး ကြို့ထိုးကုန်ရင် တာဝန်မယူဘာ ..... အေ့ .....

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011