ကြို့ထိုး တတ် ပါသလား …??

ムラカミDecember 28, 20112min20921
တကယ်တော့ ကျနော်တို့ဟာ မရည်ရွယ်သော အကြောင်းတစုံတရာကြောင့်သာ ကြို့ ထိုးကြတာဗျ..
ကြို့ထိုးရခြင်း အကြောင်းအရင်း တွေကိုတော့ မရေးတော့ပါဘူးနော်... ဟိုဘက်က သူငယ်ချင်းပိုစ့်ထဲမှာလည်း
ရွာသူားတွေ ဆွေးနွေးကြပြီးဖြစ်လို့ ..


ကျနော်ပြောချင်တာက သည်လိုပါဗျ ာ...
တယောက်ယောက်ကများ ..ခုနေကြို့ထိုးပြ ဆိုလျင် ထိုးပြနိုင်သူ ရှားပေးလိမ့်မည်ဖြစ်သည်။
စမ်းကြည့်မလားဗျ ....ကြို့ ထိုးနည်း ...


တကယ်တော့ ကြို့ အတု ပါဗျ fake hiccup ပေါ့....ဘယ်လိုထိုး သလဲဆိုရင်တော့
ရင်ခေါင်း ကန့်လန့်ဖြတ် ကြွက်သား ရယ် အစာအိမ်ရယ် ..လည်ချောင်းမှာရှိတဲ့ အသံအိုး ရယ်
ပူးပေါင်းလုပ်ကြံပြီး ထိုးလို့ရပါတယ်...

ဒါကို Vocal hiccups လို့ ခေါ်ပါတယ်ဗျ ...အချို့အဆိုတော်တွေ သီချင်းဆိုရင် သုံးပါတယ်...။
ဗမာ့ ဂီတ  အလို အရ ဆိုရင်တော့ အဟိုက် အဝိုက် တွေလို့ ပြောလို့ရမလား မဆိုနိုင်ဘူးရယ်...

Vocal hiccups နဲ့ ပါတ်သတ်ပြီး နာမည်အကြီးဆုံး အဆိုတော်ကိုပြပါဆိုရင်
 Michael Jackson ပေါ့ဗျာ ...သူ့ သီချင်း စာသား တွေ မှာ အမြဲလိုလို Vocal hiccups
တွေသုံးတယ်ဗျ..  Vocal hiccups ကို အနီးဆုံ အသံထွက် ပေါင်းပြပါဆိုရင် တော့ ....
အေ့ တွေ ...အ  ...တွေ ဟှာ့ တွေ .... အု ...တွေ ..အုချ် တွေပေါ့ ..... ဒါတွေကို လျော့တော့ မတွက်နဲ့နော..
သူတို့ဟာ စိတ်လှုပ်ရှားတာ ..ကြောက်လန့်တာ. ..ဝမ်းနည်းပူဆွေးတာ ဒါတွေကို ဖော်ပြတယ်တဲ့ခင်ဗျ...
ပြန်စဉ်းစား ကြည့် တော့ မှ...   ဟုတ်တယ်ဗျ.... you are not alone ထဲက hiccups နဲ့...
they dont care about us ထဲက hiccups မတူ တာ တွေ့ရမယ် .....
သူ့ ခေတ်သူ့အခါတွေတုန်းက လက်ဖျောက်ခတ်ပြီး hiccups သုံး လိုက်တိုင်း အလွန် နားထောင်ကောင်း
ခဲ့တာမလား ...


တကယ်တော့ Michael ဟာ သူ့ သီချင်း သူ့ အက သူ့ခန်းခန်းနားနား ဝတ်ဆင်တင်ဆက်ပြသမှု
ဒါတွေအတွက် အလွန်အကျွံ ချီးကျူးခံရပေမယ့် ...တကယ်တမ်း သူ့ရဲ့ vocal နဲ့ ပါတ်သတ်ရင်
ချီးကျူးထောပနာ ပြုမှု အခံရနည်းလွန်းခဲ့တယ်ဗျ ....
သူ့အသံဟာ အလွန် range ကျယ်တယ်ခင်ဗျ...ကလေးဘဝက boy soprono ရတဲ့အထိ
ကီးမြင့်တယ်ပေါ့ ..... နောက်ထပ်တချက်က STACCATO ဆိုတဲ့ အလွန်လျင်မြန်တဲ့ ဆိုပေါက်
နဲ့လည်း ဆို တတ်သေးတယ် ...ရပ်ပါတွေ ပါးစပ် မြန်တယ်ဆိုတာ သနားတယ် ပြောလို့ရတဲ့လူပေါ့...
ဘာလို့လဲဆို ဟိုငတိတွေက off-keys နဲ့သာ မြန်တာဖြစ်ပြီး Michael ကတော့ ..အရွယ်ရောက်
ယောက်ျားတစ်ယောက်အတွက် အမြင့်ဆုံးအသံ ဖြစ်တဲ့ androgynous high tenor နဲ့..Hiccups
တွေသုံးနေရင်းကို မြန်နေတာဖြစ်တယ်ဗျ...သူ့ သီချင်းအတော်များများမှာ တွေ့နိုင်ပါတယ်...

သူဟာ ... Heal the world လိုသီချင်းမျိုးမှာလည်း Hiccupsကဲတဲ့ .. ဂရုဏာသံနဲ့ ကမာ္ဘကို
ကိုင်လှုပ်ပြခဲ့သေးတယ်မဟုတ်လားဗျာ...
စကားမစပ် သူ့ ယောက္ခမ ဟောင်း. Presley လည်း သုံးတယ် လို့ ကြားဖူးတယ်ဗျ....
သူ့ကို ကျနော် သိပ်မနှစ်သက်လို့ ...သူ့အကြောင်း မသိတာ တော့ ဝန်ခံပါရစေခင်ဗျား...။


တော်သေးဘီ
ခင်တဲ့ဂီ
Ref:
http://en.wikipedia.org/wiki/Hiccup
http://en.wikipedia.org/wiki/Vocal_hiccups
http://en.allexperts.com/q/Jackson-Michael-489/Michael-Jackson-Voice.htm
http://answers.yahoo.com/question/index?qid=20090627085430AAZ4ROK

P.S ဒါဖတ်ပီး တရွာလုံး ကြို့ထိုးကုန်ရင် တာဝန်မယူဘာ ..... အေ့ .....

21 comments

  • E.T

    December 28, 2011 at 2:18 pm

    ဟုတ်ကြို ့တင်မကဘူး အားလုံးထိုးတတ်ပါတယ်။ လက်သီးပြောတာ 😛

  • TTNU

    December 28, 2011 at 3:15 pm

    အိုဇာဂီ..
    (ယဉ်ကျေးစွာခေါ်ခြင်း)
    ယောက်ျားတစ်ယောက်အတွက် အမြင့်ဆုံးအသံ ဖြစ်တဲ့ androgynous high tenor နဲ့..Hiccups
    တွေသုံးနေရင်းကို မြန်နေတာဖြစ်တယ်ဗျ…သူ့ သီချင်းအတော်များများမှာ တွေ့နိုင်ပါတယ်…

    တီချာလိုကြို ့ ထိုးတတ်တဲ့အမယ်အိုကြီးတစ်ယောက်အတွက် အနိမ့်ဆုံးအသံ ဖြစ်တဲ့
    Bass သံဝက်ရော Hiccups နဲ့စာသင်စားမယ်ဆိုရင် အောင်မြင်ပါ့မလားဟင်။ 😛

    • inz@ghi

      December 28, 2011 at 7:22 pm

      အမျိုးသမီး အသံတွေ က ဘေ့စ် အထိ နိမ့်တာ မရှိတတ်ပါဘူး တီချယ်ကြီးရယ်..
      Alto လောက် နော်မယ် ပြောလို့ရပီး Contralto က အနိမ့်ဆုံးပါ…..
      ဟစ်ကပ် နဲ့ …သင်ရင်တော့ ရေခနခန သွားသောက်ရမှာ ဖြစ်ပါကြောင်း ..

      စကားမစပ် … status က “အို” က ကျနော့်နာမည်ကို ရည်ညွှန်းတာမဟုတ်ပါဘူး …
      ဂျာပန်မှာ
      ရေကို mizu ယဉ်ကျေးချင် o-mizu
      ရေနွေးကြမ်းကို cha ယဉ်ကျေးချင် o-cha
      ဆိုတော့ … ဒီ သမ္မတ နာမည်ကိုသာ အသံထွက် ရွတ်ကြည့်ပါလေ…

      ခင်တဲ့ ဂီ

  • comegyi

    December 28, 2011 at 3:41 pm

    ကိုဂီရေ့……
    မိုက်ကယ်ရဲ့ အသံကို
    အစကတည်းက သူ့ရဲ့ အကနဲ့ သူ့ရဲ့
    ဝတ်စားဆင်ယင်မှုနဲ့အတူ သတိထားမိပေမဲ့
    ကိုဂီရေးပြမှသူ့ရဲ့ Vocal hiccups ကို
    နားလည်တယ်ဗျ
    စတီဗင်တိုင်လာ…..ကျတော့ကောဗျ
    Vocal hiccups ကောင်းတယ်လို့ ဆိုနိုင်မလား…..
    ……ခင်တဲ့….

    • inz@ghi

      December 28, 2011 at 7:17 pm

      စတီဗင် တိုင်လာ က ဟစ်ကပ် သမား မဟုတ်ဘူးဗျ…
      ဟစ်ကပ်ရဲ့ အသံကို ကျနော် ပေါ်လွင်အောင် မရေးပြနိုင်ဘူး ဖြစ်နေတယ်

      မိုက်ကယ် နဲ့ တခြားအဆိုတော်တွေ မတူတဲ့
      သူ့သီချင်းတွေမှာ ပါတဲ့ သူဆိုတတ်တဲ့ အပိုဆာဒါးလေးတွေ ဆိုပါတော့ဗျာ…

      • comegyi

        December 29, 2011 at 11:29 pm

        ဟုတ်ဗျာ အဲဒါဆို
        သေချာနားလည်အောင်
        သူ့သီချင်းသေချာပြန်နားထောင်ကြည့်ဦးမယ် …
        ကျေးကျေးဗျို့…..

  • ဆူး

    December 28, 2011 at 3:59 pm

    အဲလို အသံရအောင် အသံ တော်တော် ကျင့်ယူရမယ် ထင်တယ်။

  • blackchaw

    December 28, 2011 at 5:18 pm

    ဂီဂီ ရေ ။
    အဆိုပညာတွေပါ ပါလာပြီ ။
    ကိုစောနုသင်တန်းမှာ သင်တဲ့ သင်ခန်းစာတွေ အတိုင်းပဲ။
    ဂျို့ ထိုးတတ်ဘူးဗျာ။

    • inz@ghi

      December 28, 2011 at 6:36 pm

      ဘယ်ရီတုန်း တွေအကြောင်းက နက်နဲတယ်ဗျ…
      ကျနော်လည်း ဖျန်း ပီးလောက်ပဲသာ သိတာ ..
      ဒါကြောင့်မို့ ကြို့ထိုးတဲ့အဆင့်ပဲ ရေးထားတာပါ….
      ဗော်ကယ်လ် တိုက်ပ် တွေ ရိန့်တွေ ပြောရင် အရမ်းကျယ်တွားဘီ ….
      ပီး ..ကျနော်က ကိုယ်တိုင်လည်း မကျင့်တော့ …မတတ်ဘူးလေ. ..ဖတ်ဖူးရုံလောက်ရှိတာ ….

      ဘဘ ဘလက်က ဦးစောနုဆီလည်း လေ့လာဖူးတယ်လား…
      မျှပါဦးဗျ

  • kai

    December 28, 2011 at 5:28 pm

    ကိတ်မုန့်ကို.. ရေမပါပဲ..တလုံးလုံးကုန်အောင်စားပြီး.. နင်နေတုံး.. ကြက်ဥတလုံးမျိုချလိုက်ရင် ကြို့ထိုးချင်တထုးမပေါ့..
    နောက်တာပါ..။

    တကယ်တော့ အိုဘားမားက.. ဆေးလိပ်ဖြတ်လိုက်ပါပြီလို့..။ 🙂

    • inz@ghi

      December 28, 2011 at 9:42 pm

      ဟုတ်တယ်ဗျို့ ..အခု ဆပ်ကပ်စ် ထဲရောက်သွားဘီ…
      😀

  • ဆူး

    December 28, 2011 at 5:44 pm

    ကြို့ထိုးဖို့ မဆန့်ရင်ခံ လုပ်စရာ မလိုပါဘူး ရခိုင်မုန့်တီ ပူပူလေးသာ မြန်မြန်သောက်လိုက် ချက်ချင်း ထိုးတယ်။

    • inz@ghi

      December 28, 2011 at 6:37 pm

      မဆန့်ရင်ခံ မဟုတ်ဘူး . .ကြို့ထိုးတာကနောက်… ..လျှာ ကျတ်မယ့်ကိန်း ..

  • manawphyulay

    December 28, 2011 at 6:26 pm

    စာဖတ်တာနဲ့တင် ကြို့က ထိုးနေတယ် ဒုက္ခ…..

  • Wow

    December 28, 2011 at 7:07 pm

    အင်းစိတ်လှုပ်ရှားရင် မကောင်းတာလုပ်မိပြီး လူသိမှာစိုးရင် ကြို့ထိုးတတ်တာတော့သတိထားမိတယ်…
    LOL

    • inz@ghi

      December 28, 2011 at 7:12 pm

      မကြာခန ဖြစ်ဖူးတယ်ထင်ပါ့ …
      ဒါမျိုးက ကြုံဖူးမှသိတာနော…
      အာဟိ

  • water-melon

    December 28, 2011 at 7:33 pm

    ကုလားအော်ငရုတ်သီးအထောင့်လိုက် မျိုချလိုက်။

  • yaungchikha

    December 29, 2011 at 9:18 am

    ကျမကတော့ ရေဆာရင် ကြို့ထိုးတတ်တာတော့ သိတယ်……….. 😛

  • metallic

    May 6, 2012 at 6:21 pm

    Michael Jackson ကြိုက်ဘူး
    Bruno mars ပဲကြိုက်တာ

    • Inz@ghi

      May 6, 2012 at 7:11 pm

      ပိုစ့်အဟောင်းတခု ကို ပြန်ရှာဖတ်ပြီး အားပေးတဲ့အတွက် ကျေးကျေးပါ…

      ကျနော်လည်း MJ မကြိုက်ပါဘူးဗျ …သူ့ ပညာကို လေးစားလို့ ချရေးထားတာပါ..
      သူ့ vocal ပညာ ဟာ ကမာ္ဘ့ထိပ်တန်း အဆင့်ရှိပေမယ့် အများစုက အပေါ်ရံဖြစ်တဲ့
      ရုပ်ရည် ဖက်ရှင် နဲ့ အက နောက်ပြီး ဆက်တင်အပြင်အဆင် ကို သာ ချီးမွမ်းကြတတ်လွန်းတော့..
      အလွန်အင်မတန် ကောင်းလျက်နဲ့ မေ့လျော့ခံ vocal ပညာရှင်တယောက် အနေနဲ့ ဂုဏ်ပြုမိတာပါဗျာ

      အားပေးပါဦးဗျ

      ခင်တဲ့
      ဂီ

Leave a Reply