ပြုံးပျော်မြူး

WowDecember 28, 20112min20413

Cop: I’m sorry sir your wife has been involved in a car crash and we would like you to accompany us so you can identify the body.

Drunk Husband: I’m a bit busy right now.

Can’t you take a photo and tag me on facebook?

If it’s her, I will click the “like” button

ရဲဝန်ထမ်း

ကျနော်အကြောင်းကြားရတာဝမ်းနဲပါတယ်ခင်ဗျာ ဒါပေမဲ့ ခင်ဗျားမိန်းမ ယဉ်တိုက်မှုထဲပါသွားလို့ ကျနော်တို့နဲ့ ပူးပေါင်းပြီး သေသွားတဲ့ခန္ဒာကို စစ်ဆေး အတည်ပြုပေးပါလား၊

မူးနေသောခင်ပွန်း

အခုလောလောဆယ် ကျနော်အလုပ်များနေလို့ သေတဲ့သူရဲ့ပုံကို ဓာတ်ပုံရိုက်ပီး ကျနော့် Facebook မှာ Tag လုပ်ပေးပါလား။ ကျနော့်မိန်းမဆိုရင် ကျနော် “Like” button ကို ကလစ်လုပ်ပေးပါ့မယ်။

(အော် ရွာထဲက ကင်မလာမန်း ယောက်ကျားများလားမသိဘူးနော် … ခွစ်… ခွစ်)

When two People in Love Break up,

They can’t be Friends as they have Hurt Each other,

They can’t be Enemies as once they Loved Each other,

The Only thing they can be, Are the Most Familiar Strangers

ချစ်သူနှစ်ယောက်ကွဲကွာကြသောအခါ…

အသီးသီးနာကျင်နေကြရင်…. သူတို့ဘယ်တော့မှ သူငယ်ချင်းတွေ မဖြစ်နိုင်ကြတော့ပါ…

သူတို့ချစ်နေကြသေးရင်…. ဘယ်တော့မှ ရန်သူ မဖြစ်နိုင်ပါ….

တစ်ခုတည်းသောဖြစ်နိုင်ခြေကတော့ “အရင်းနှီးဆုံးသူစိမ်း” တွေပေါ့….

(အတဲကွဲနေကြသူများအတွက်)

What’s the difference

between women of various ages

8 – You take her to bed and tell her a story

18 – You tell her a story and take her to bed

28 – You don’t need to tell her any story and take her to bed

38 – She tells you a story and takes you to bed

48 – You tell her a story to avoid going to bed !

အသက်အရွယ်အလိုက်မိန်းမတွေမှာဘာတွေကွဲပြားခြားနားသလဲ…

၈ နှစ်… အိပ်ယာကိုခေါ်သွားပြီး ပုံပြောသိပ်တဲ့အရွယ်

၁၈ နှစ်… ပုံပြောပြီး အိပ်ယာကို ခေါ်သွားနိုင်တဲ့ အရွယ်

၂၈ နှစ်… ပုံပြောဖို့မလိုပဲ အိပ်ယာကိုခေါ်သွားနိုင်တဲ့ အရွယ်

၃၈ နှစ်… သူမကပုံပြောပြီး သင့်ကို အိပ်ယာကိုခေါ်သွားတဲ့ အရွယ်

၄၈ နှစ်… သင်က သူမကို ပုံပြောပြီး အိပ်ယာမသွားဖို့ ပြောတဲ့အရွယ်

(ကြည့်ရတာ ဝါသနာရှင်သုတေသီများ ပြုစုထားတာနဲ့တူဒယ် … )

13 comments

  • Wow

    December 28, 2011 at 2:02 pm

    လုပ်ကြပါဦးဗျို့…
    ဖိုရမ်မှာပုံတင်တာပိတ်ထားသလို ပို့စ်တွေမှာကောပိတ်ထားလား…
    ပို့စ် နှစ်ခုရှိဘီ ပုံတင်လို့မရဒါ….

  • inz@ghi

    December 28, 2011 at 2:11 pm

    အဲ့လာကြောင့် ပုံပြောကောင်းအောင် လေ့ကျင့်သင်ကြားနေတာပေါ့ကွယ်….ခိခိ
    the art of Storytelling အကြောင်း ရှာဖတ်ဦးမှ …ဟီး

    နောက်တာပါ .. အားပေးတွားဘာဒယ်ဂျ

    တော်သေးဘီ
    ခင်တဲ့ဂီ

    • Wow

      December 28, 2011 at 2:14 pm

      အပေါ်ဆုံးဟာသကမူးနေတဲ့ယောက်ကျားက ဂီဂီများလား မသိဘူးနော်
      😀

      • inz@ghi

        December 28, 2011 at 6:01 pm

        အင်. …
        အော်.. သာမန် မဟာဖေ့စဘုတ်တော်ကြီးက ဟာသပဲလေ ဆိုပီး ….မျက်စိရှမ်းသွားတာ..
        ခုလို ထောက်မှဘဲ သိဒေါ့တယ်ကွယ်….

        “ဟာ” သွားတာလေးကို “သ” မ တွားဒါကိုး

        😀

  • နီကီတာ

    December 28, 2011 at 2:27 pm

    အသက်အရွယ်အလိုက်ယောကျာ်းတွေမှာဘာတွေကွဲပြားခြားနားသလဲ…

    ၈ နှစ်… ပြောဆိုဆုံးမတာကို နာခံတတ်တဲ့ အရွယ်

    ၁၈ နှစ်… ပြောမရ၊ဆိုမရ မနာခံတတ်တဲ့ အရွယ်

    ၂၈ နှစ်… ကိုယ်သိ၊ကိုယ်တတ် လူတတ်ကြီးလုပ်တဲ့ အရွယ်

    ၃၈ နှစ်… ကိုယ်လုပ်သမျှကို မှားသွားပြီလို့ ထင်လာတဲ့ အရွယ်

    ၄၈ နှစ်… ဘဝဆိုတာ ၄ဝ ကျော်မှ စတာပဲဆိုပြီး…. ၈နှစ်သားပြန်ဖြစ်ရော…

    • Wow

      December 28, 2011 at 2:34 pm

      ဒါဆို ၄၈ နှစ် ဆိုဆုံးမတာပြန်နာခံဘီပေါ့….
      😉

    • inz@ghi

      December 28, 2011 at 6:08 pm

      ဝေါင်း ဆေးစ်
      >>၈ နှစ်… အိပ်ယာကိုခေါ်သွားပြီး ပုံပြောသိပ်တဲ့အရွယ်
      >>၁၈ နှစ်… ပုံပြောပြီး အိပ်ယာကို ခေါ်သွားနိုင်တဲ့ အရွယ်
      >>၂၈ နှစ်… ပုံပြောဖို့မလိုပဲ အိပ်ယာကိုခေါ်သွားနိုင်တဲ့ အရွယ်
      >>၃၈ နှစ်… သူမကပုံပြောပြီး သင့်ကို အိပ်ယာကိုခေါ်သွားတဲ့ အရွယ်
      >>၄၈ နှစ်… သင်က သူမကို ပုံပြောပြီး အိပ်ယာမသွားဖို့ ပြောတဲ့အရွယ်

      နီကီဆေးစ်…

      >>၈ နှစ်… ပြောဆိုဆုံးမတာကို နာခံတတ်တဲ့ အရွယ်
      >>၁၈ နှစ်… ပြောမရ၊ဆိုမရ မနာခံတတ်တဲ့ အရွယ်
      >>၂၈ နှစ်… ကိုယ်သိ၊ကိုယ်တတ် လူတတ်ကြီးလုပ်တဲ့ အရွယ်
      >>၃၈ နှစ်… ကိုယ်လုပ်သမျှကို မှားသွားပြီလို့ ထင်လာတဲ့ အရွယ်
      >>၄၈ နှစ်… ဘဝဆိုတာ ၄ဝ ကျော်မှ စတာပဲဆိုပြီး…. ၈နှစ်သားပြန်ဖြစ်ရော…

      ၂ယောက်စလုံးဟာ ကို ကောက်ချက်ဆွဲမယ် နော ….

      >>အသက်၁၈နှစ်မှာ ကောင်မလေးဟာ ကောင်လေးကို ပြောမနိုင်တဲ့အပြင် သူ့တော်ကီမှာ ကြွေပီး အာဟိ…
      >>အသက် ၂၈မှာတော့ လူတတ်ကြီး ဆိုတဲ့ ဂုဏ်နဲ့ …ကောင်လေးကို ကောင်မလေးက အထင်တွေကြီးပီး…ဘာမှပြောစရာမလိုဘဲ.. အာဟိ…
      >>အသက် ၃၈မှာတော့ အင်ဂျင်ပိုကောင်းပြီး မော်ဒယ်ပိုမြင့်တဲ့ ကားတွေကို မြင်ပီးသကာလ ..နောင်တ ကြီးကြီးရနေတဲ့ ကောင်လေးကို ကောင်မလေးက
      ကိုယ်ဇွမ်း ဉာဏ် စွမ်းရှိသမျှ တတ်စွမ်းသ၍ …ကြိုးဇားပမ်းဇား …အာဟိ…
      >>အသက် ၄၈မှာတော့ ကောင်လေးဟာ… အာမဟိ နိုင်တော့တဲ့ ကောင်မလေး ကြောင့် ..ပုံပြောသိပ်မယ် ့ စကီ ငယ်ငယ်လေးတွေကိုတဖန်ပြန်၍ …အာဟိ…

      အော် …. ကျုပ်ရေးတာမီဟုတ်ဝူးနော် …ကောက်ချက်ပဲချတာ…
      သိလား …
      အာဟိ …အဲ့လေ..
      ခစ်ခစ်….

      ခင်တဲ့ဂီ

      • Wow

        December 28, 2011 at 6:23 pm

        အချစ်သည် စတပ်ပလာပင် သကဲ့သို့
        တပ်ကောင်း ဖြုတ်ခက်
        အဆိုးဆုံးက ဒဏ်ရာများနဲ့ကျန်ခဲ့တဲ့ စာရွက်လို ကိုယ့်မှာ….နောက်ဆုံး….
        Love is like a stapler pin:
        Easy to attach but hard to detach.
        It’s worse when you are finally
        able to detach it because
        It leaves the paper Damaged.
        နင်အံဖတ်ကျုုံးရတဲ့ ခွစ်စမတ်နေ့လိုနေမှာပေါ့ ဂီဂီရယ်
        😀

        • inz@ghi

          December 28, 2011 at 6:40 pm

          အဲ့လာကြောင့် ခွေထားတဲ့ ပေပါကလစ် နဲ့ ညှပ် ကလစ် ပဲသုံးတာ …
          စတာပလာ အစား…

          😀

  • etone

    December 28, 2011 at 2:46 pm

    Can’t you take a photo and tag me on facebook?

    If it’s her, I will click the “like” button ဆိုတာ ဖတ်ပြီး ရယ်မိပါတယ် … ။

    • Wow

      December 28, 2011 at 5:54 pm

      အဲဒါသာကြည့် အီတုံးရေ ဒင်းတို့က မယုံရဘူး…
      အပျိုဂျီးပဲကောင်းဒယ်…
      😉

  • နီကီတာ

    December 28, 2011 at 3:11 pm

    ဒါပေါ့
    နောက်မီးလင်းရင်
    မယားငယ်စကား နားထောင်တော့မယ်လေ… 😀

    • Wow

      December 28, 2011 at 6:28 pm

      အင်းဟုတ်လောက်တယ်နီကီရေ ၄၈ နှစ်လောက်ရောက်ပီဆို သူငယ်ပြန်ပြီး “ခေး သဘော” ဖြစ်နေဒါတွေတွေ့ဘူးတယ်….
      ဝေးဝေးမကြည့်နဲ့ ရွာထဲတင် (ဘယ်သူမှလျောက်မပြောနဲ့နော် သူရို့ကစွာဒယ်)
      😀

Leave a Reply