WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

NKDecember 28, 20111min1388

ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရWiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာစာတမ်းတွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။ ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကိုထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

8 comments

  • chityimhtoo

    December 28, 2011 at 2:10 pm

    မဆိုးဘူးများများသေလေကောင်းလေဘဲ။သောင်းကျန်းလွန်းလို့….:P….ကိလေသာတဏှာကိုကုန်အောင်
    သုံးတာမကုန်နိုင်ဘူးဖြစ်နေဒယ်….:P

    • koyinmaung

      December 28, 2011 at 2:16 pm

      အမယ်..chityimhtoo ကလဲခလေးသာမရနိုင်တာဟိုစိတ်က
      ကုန်သွားတာမှမဟုတ်တာကို..

  • amatmin

    December 28, 2011 at 3:26 pm

    wireless လှိုင်းကြောင့်တော့မသိဘူး..
    လက်ပ်တော့ ကထွက်တဲ့ အပူချိန် ကြောင့်တင် ဒီသုတ်တွေ သေနိုင်တယ်.. 🙂

  • kai

    December 28, 2011 at 4:42 pm

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

  • ငပေါက်ဖော်

    December 28, 2011 at 5:13 pm

    ဒီအကြောင်း..ဆိုဒ်တော်တော်များများမှာ အနော်လဲ ဖတ်ပြီးပြီမို ့..
    ရုပ်တည်ကြီးနှင့် ကိုယ်ရေးထားသလို မတင်စေကြောင်းပါခင်ဗျား..

    • NK

      December 28, 2011 at 6:51 pm

      ကိုငပေါက်ဖော် ဆောရီးဗျာ..ဟုတ်ပါတယ် ကျွန်တော်လည်း မူရင်းလင့်မထဲ့မိလိုက်ဘူး ဗဟုရစေရန်အလိုငှာတင်ပေးလိုက်တာပါ ကိုယ်တိုင်လည်းရေးနိုင်ပါဘူးဗျာ…

  • ko gyi kyaw1

    December 28, 2011 at 8:32 pm

    ကျေးဇူးတင်ပါတယ် မသိတာတွေကိုပြောပြပေးလို့

Leave a Reply