ဂေဇတ် မန်ဘာအသစ်များကိုယ်စား အယ်ဒီတာ့ထံပေးစာ

pho zawDecember 28, 20111min15312

မင်္ဂလာပါ

ကျွန်တော်က ဂေဇတ်မန်ဘာအသစ်တစ်ယောက်ပါ

ဂေဇတ်ထဲရောက်ရောက်ခြင်း အခက်အခဲတွေ့တာနဲ့

နောက်ထပ်မန်ဘာအသစ်များလည်း ကျွန်တော့်လို အခက်အခဲတွေကြုံနိုင်တာမို့ တင်ပြရခြင်းဖြစ်ပါတယ်။

ကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲကတော့ မန်ဘာဝင်ပြီးပြီးချင်း ပို့စ်တစ်ခုတင်ကြည့်မိပါတယ်။

ကောင်းမှုတော်ဘုရားနဲ့ပက်သက်ပြီး ဓါတ်ပုံနှင့်စာသားတွေတင်ကြည့်မိပါတယ်။ စာတော့တင်လို့ရပြီး ဓါတ်ပုံတင်မရတဲ့အတွက် နည်းလမ်းလေးတွေ ဝေငှပေးစေချင်ပါတယ်။

ကျွန်တော့်လိုပဲ အခက်အခဲတွေ့နေသူတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် တောင်းဆိုမိတာပါ။

အခက်အခဲမရှိဘူးဆိုရင် သင်ပြပေးစေချင်ပါတယ်။

ကျေးဇူးတင်လျက်

မန္တလေးက ဖိုးဇော်

12 comments

  • မှော်ဆရာ

    December 28, 2011 at 6:30 pm

    ဟုတ်ပါ့ ကိုဖိုးဇော်ရေ
    သူကြီးက လမ်းညွှန်ချက်တွေ ၊ စည်းကမ်းတွေ ထုတ်ပြီးသားခင်ဗျ..
    ဆရာသစ် ရေးပြထားတဲ့ အပေါ်က လင့်လေးတွေကို နှိပ်ကြည့်လိုက်ပါနော်
    အသစ်တစ်ယောက်ဆိုတော့ ရွာသူားအားလုံး ကိုယ်စား ကြိုဆိုလိုက်ပါတယ်…။
    အကျိုးပြုစာများ အများကြီးရေးသားနှိုင်သောသူတစ်ယောက် ဖြစ်ပါစေ ။။။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 28, 2011 at 7:12 pm

    မန္တလေးကလား
    ကိုပေါက်မန္တလေးဆိုတာ သိလား
    ကိုပေ ဆိုတာသိလား ( ကျောက်ကုန်သည် )
    အန်ကယ်ကြီးကို သိလား
    မန္တလေးသားကို သိလား
    ကျုံးဘေးမှာ အတွဲသွားချောင်းဘူးလား
    လား
    လား
    လား
    လား
    လား
    လား
    လား
    လား
    လား
    မြို့ဟောင်းရှေ့က အမြှောက်ကြီးကို ပိဿာချိန်နဲ့ ရောင်းရင် ဘယ်လောက် ရမယ်လို့ထင်လဲ
    မန္တလေးသား ဖြစ်ကြောင်း အထောက်ထားပြောပြပါ
    မှတ်ပုံတင်ပြပါ
    မြို့တော်ဝန် သမီးအကြာင်း စာလုံး ငါးရာခန့်ရေးပြပါ

  • ကိုပု
    မန္တလာသူကို သိလား
    နန်းမတော်မယ်ပုသိလား
    ရွှေမင်းသားသိလား
    ဆက်မေးရမှာလေဗျာ။

  • nigimi77

    December 28, 2011 at 11:54 pm

    အို….ကြာတယ်ဗျာ

    နိဂိမိ ကို သိလား

    မသိရင် နန်းမတော် မယ် ” ဝက် ” ကိုမေး

    သူ အကုန် ပြောပြလိမ့်မယ် …..ခွိခွိ 🙂 🙂

    • etone

      December 29, 2011 at 4:41 pm

      အမ် ကဏန်းကြီးရှင်ကတော့ … ဘယ်သူ့ကို ရန်စပြန်ပြီလဲ … ။
      ကျောက်ဆည်မှာ ကဏန်းဖောက်သည်တွေရှိတယ် … ဟင်းအိုးနဲ့နီးနေပြီ 😆

      • nigimi77

        December 29, 2011 at 11:11 pm

        အိုက် အီးဒုံးကတော့

        ကျောက်ဆည် မဟုတ်ပါဘူး

        ကျောက်ဖြူပါ

        ရခိုင် အချင်းချင်းတောင် လက်ဖြားခါရတဲ့

        အတိုင်အတောထူတဲ့ သံတွဲ ပလူ တွေ ရဲ ့ ပြည်နယ် ဖြစ်တဲ့ ရခိုင်ပြည်နယ် အထဲက

        ဘင်္ဂလား ပင်လယ်အော်မှာပါ ။

        • မောင်သန်းထွဋ် ဦး

          December 29, 2011 at 11:20 pm

          ကိုနီဂိမိက တော့သံတွဲအကြောင်းမပါမပြီး သတိတရပြောသွားပါလား။ကိုဖိုးဇော်ရေ ကျနော်လဲဓါတ်ပုံတင်တဲ့ ကိစ္စကိုမကျွမ်းကျင်သေးတော့
          အဲမှာဘဲသွားဖတ်ရအုံးမှာပါ။

  • aye.kk

    December 29, 2011 at 5:55 am

    မသိကမေး..မစင်ဆေး
    ဆရာမပြ..ငပိဖုတ်တောင်နည်းမကျ
    ကိုသစ်ညွှန်းဆို..ကျေးဇူးထိုထိုတင်ပါသည် ။

  • Shwe Tike Soe

    December 29, 2011 at 10:22 am

    မန္တလေးသားလား အကယ်အစစ်ကြီးပေါ့… ဒါဆို တစ်ခုလောက်မေးပါရစေ.. မန္တလေးက ကျုံးရေ ဘယ်ကလာပြီး ဘယ်ကိုထွက်လဲ ပြောပြပါ……
    ကြိုဆိုပါတယ်နော်……… 😀

  • Novy

    December 29, 2011 at 4:52 pm

    အသစ်ကို အသစ်ကလေးက ကြိုဆိုပါတယ်
    မနိုတုန်းက ပိုတောင်ဆိုးသေး
    ကိုသစ်မင်းပေးတဲ့ link အတိုင်းလုပ်လိုက်ရင် အဆင်ပြေသွားမှာပါ

  • windtalker

    December 29, 2011 at 7:32 pm

    မင်္ဂလာဘာ
    မန်းတလေးသား ကဖိုးဇော် ရေ
    ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျာ

Leave a Reply