ကိုပေါက် ထံမှ Idea (Copy Cat) :-)

မြစပဲရိုးDecember 28, 20111min16717

ကိုပေါက် ရဲ့ အသံပါ ဓာတ်ပုံလေးတွေကိုကြည့်ပြီး ကျွန်မ လဲ ပုံလေး တစ်ပုံ copy cat  လုပ်ပြီး တင်ချင်ပါတယ်။

၂၀၀၈ တုန်းက ပြည်မြို့ ကနေ အနီးရှိ မြို့လေး ကို သွားလည်တုန်း စီးခဲ့တဲ့ မော်တော် အသေးလေး ပေါ်မှာ ရေးထားတဲ့ သတိပေးစာတန်း လေးပါ။
ကျွန်မ မှာ ရီရမလို (ရီလဲ မရီရက်)၊ ငိုရမလိုနဲ့ (ငိုလဲမငိုသင့်)  …….. ရွာသူ/သား များ အတွေးတွေ ဆက်ပွါးစေဖို့။
မှတ်ချက် – အခုချိန်ဆိုရင်တော့ သူတို့ အတွေးအခေါ်များလဲ ပြောင်းလောက်ပြီလို့ မှန်းထားချင်ပါတယ်။

 

MyanmarPic00- 340

 

17 comments

  • မခင်လတ်ရေ
    လှေကလေးကကျဉ်းတော့ အမိူက်တွေရေထဲချမ အဆင်ပြေမယ်ထင်လို့ဖြစ်မှာပါ။
    ကျနော်က စာတန်းတွေကပ်ထားရင်စိတ်ဝင်စားတယ်။
    စာတန်းတွေကပ်ထားတာ ဆိုင်းဘုတ်တွေထောင်ထားတယ်ဆိုတာ ရင်ထဲကို အဲဒီစာမရောက်သေးလို့
    သတိပေးနေရတယ်လို့ခံစားရပါတယ်။

  • TTNU

    December 28, 2011 at 9:49 pm

    မလတ်ရေ…
    လှေနံရံပေါ်က စာလုံးလေး (၁၂)လုံးထဲမှာ အဓိပ္ပါယ်တွေမြင်နေရတယ်နော်။
    =မော်တော်လေး ထဲမှာ အမှိုက်ထည့်စရာပုံးမပါဘူး။
    =ခါတိုင်းစီးနေကျလူတွေ ကြည့်ရတာ မော်တော်လေးပေါ်မှာ အမှိုက်တွေချသွားပုံပေါ်တယ်။
    =ခရီးသည်တွေဟာ ကိုယ့်အမှိုက် ကိုယ် အိပ်လေးနဲ့ ထည့်ပြီးပြန်သယ်သွားတတ်သူတွေ
    ဖြစ်ပုံမရဘူး။
    =မော်တော်ဆရာအနေနဲ့ ရေထဲအမှိုက်ပစ်တာကို အရေးမကြီးဘူး ယူဆသူ ဖြစ်နှိုင်တယ်။

    အခု သူတို့ အတွေးအခေါ်များလဲ ပြောင်းသွားပြီလားဟင်။

  • MaMa

    December 28, 2011 at 9:55 pm

    ဟိုးးးး တုန်းက ဂျပန်ဧည့်သည်တစ်ယောက်နဲ့ ခရီးသွားတော့ လမ်းတလျှောက်လုံး စားပြီးသမျှ အခွံတွေကို လမ်းဘေးပစ်မချပဲ ကားထဲမှာချည်းထည့်ခဲ့လို့ နောက်နေ့ကျတော့ ရှင်းလိုက်ရတာ။
    အဲဒီတုန်းကတော့ ဧည့်သည်ကိုလည်း အမှိုက်တွေကို ကားထဲမှာချည်းထားခဲ့လို့ တော်တော်အံ့ဩမိခဲ့တယ် မလတ်ရေ။
    (သူက အံ့ဩစရာ မကောင်းပဲ။ အမှိုက်ကို ပစ်ချင်ရာ ပစ်တတ်တဲ့ ကိုယ့်ကအဆင့်မရှိဘူးဆိုတာကို နောက်ပိုင်းမှ သိတော့တာ။)

  • inz@ghi

    December 28, 2011 at 9:57 pm

    တီချယ်ကြီးပြောတဲ့အတိုင်းပါပဲ အစ်မတော်ရေ. ….

    စာဖတ်သူကိုတော့ …ကိုယ့်အမှိုက်ကိုယ် တာဝန်ယူပါလို့ ..ပဲ တိုက်တွန်းချင်ပါတယ်….
    ကျနော်တို့လည်း ပြင်ရမှာတွေ ဗလပွဖြစ်နေဦးမှာပါ…

    အတွေးပွားဇယာ ဒါ့ပုံလေး၁ပုံအတွက် ကျေးကျေးပါ..
    (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အတွက် အလွန်တန်ဖိုးရှိတဲ့
    physical evidence လေးပါဗျာ….သူတို့ မြင်ကြပါစေ လို့ ဆန္ဒပြုလျက်)

    ခင်တဲ့

  • pooch

    December 28, 2011 at 10:10 pm

    မလတ်ရေ ကျမတို့ ဒီလိုအသေးအမွှားတွေက အစ ပြင်ရမှာနော် … ဒိလိုရေးထားတာကိုက အဲ့ဒီဒေသရဲ့ ပညာရေး အသိ ကျန်းမာရေးအသိ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ် ဆိုတဲ့ အသိတွေ လုံးဝ မရှိတာကို ပြနေတာ….

    ဒါလေးက ပေါ့သေးသေးမဟုတ်တာတော့ သေချာတယ်….
    ခုချိန်ထိ အဲ့လို နေရာတွေ အများကြီးပဲ……

  • htoosan

    December 28, 2011 at 11:01 pm

    ထုံးစံအတိုင်း ပေါက်တတ်ကရတွေးလိုက်ဦးမယ် မလတ်ရေ.

    ရေးထားတာက “စားပြီးသော အမိုက် များကို ရေထဲသို့ ချပါ။” ဆိုတော့

    ရေးတဲ့သူက စာကောင်းကောင်းတော့ တတ်ပုံမရဘူး ..
    သူပြောချင်တာ “စားကြွင်း စားကျန်များ ရေထဲသို့ပစ်ပါ” လို့ ဆိုချင်တာများလားပေါ့။
    သဘောကတော့ သူ့လှေလည်း မနံ၊ ငါးတွေလည်း စားရပါစေလားပေါ့ ။
    ိနဲနဲ စိတ်သက်သာ ရအောင်တွေးပေးတာပါ .. 😀
    သို့သော် ကိုယ့်လူမျိုုး အကြောင်းကတော့ ကိုယ်အသိဆုံးပါ … 😥

  • kyawtheinmyint 23

    December 29, 2011 at 3:35 am

    အဲဒီစာရေးတဲ့သူဟာဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ့်အသိမရှိတာရယ်၊ပိုဆိုးတာက သူလုပ်ရမယ့် စက်လှေသန့်ရှင်းရေးအလုပ်ကို သူမလုပ်ချင်ဘူးဆိုတာကို တိုက်ရိုက်ပြောလိုက်သလိုပါပဲ။

  • Khin Latt

    December 29, 2011 at 5:34 am

    မဝေး တော့တဲ့ တစ်ချိန်ကျရင် ကျွန်မတို့ နိုင်ငံလဲ စည်းကမ်းရှိတဲ့၊ ပါတ်ဝန်းကျင် ရေမြေ ကို ထိမ်းသိမ်းတတ်တဲ့၊ စာတမ်းတွေ ကပ်ပြီး သတိပေးစရာ မလိုတော့ တဲ့ နိုင်ငံကြီးသား တွေနေတဲ့ နိုင်ငံ ဖြစ်လာဖို့ ဆုတောင်းပါတယ်။
    တတ်နိုင်သ၍ လဲ ကြယ်ငါး လေးတွေကို ရေထဲ ပြစ်ချပေးကြတာပေါ့။

  • ကြောင်ကြီး

    December 29, 2011 at 11:54 am

    အမှိုက်နဲ့ အမိုက် စာလုံးလွဲထားတာ သတိပြုဂျပါ။ သတ်ပုံမှားဒယ်ထင်လား၊ လောကမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး၊ ထူးဆန်းမှုဆိုတာပဲရှိဒယ်။ မဟုတ်မှလွဲရော အဲဒီပုဂ္ဂိုလ်ပြောချင်တာ မိုက်ပြီးရင် အပြစ်ကိုဆေးကြောပါ ဖြစ်ရမယ်။။။ ဂေါင်းလေးဘာလေး သုံးကြပါ၊ ဒီအတိုင်းရှာနေတော့ ပင်ပန်းတာပေါ့။။။။

    • Khin Latt

      December 29, 2011 at 9:08 pm

      တော်လိုက်တဲ့ မောင်ကြီး “ကြောင်” (ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ နယ်ဖက်တွေမှာ ” မောင်ကြီး” ဆိုတာ သုံးကြလို့)။
      ဒါကြောင့် လဲ ကြောင်ဂိုဏ်း ဖွဲ့နိုင်တာပါဘဲ။ 😉 jk

      • ကြောင်ကြီး

        December 30, 2011 at 12:16 pm

        မောင်ကြီး = မီးကြောင်ဆိုတော့ မီးမီးလေးရဲ့ကြောင်၊ firefox နဲ့အပြိုင် firecat လို့လည်း အဓိပ္ပါယ်ရဒယ်။ သိပ်ဟော့တယ်ပေါ့ဗျာ၊ အနားမကပ်နဲ့နော် လောင်သွားမယ်…မီး မီး..။။

    • MaMa

      December 30, 2011 at 7:27 am

      အခုလို မြင်တတ်တဲ့ မောင်ကြောင်ကြီးကို မြန်မာ့မီးရထားမှာ လက်ထောက်ခန့်ဖို့ စဉ်းစားပေးပါ့မယ်။ 😛

  • မြစပဲရိုး

    December 14, 2015 at 11:26 pm

    ရွာထဲမှာ အမိုက် ဖြစ်နေတာ ၄ နှစ် ကျော်သွားပါပေါ့လား။

    ပုံဟောင်းလေး သတိတရ နဲ့ ပြန်ရှာတင်ထားပါတယ်။
    တီချယ်ကြီး ရဲ့ စကားလေး ကို အရောင်ချယ်ပြီး ထားပါတယ်။
    မဝေးတော့ တဲ့ တစ်နေ့မှာ ရွှေပြည်ကြီး က အမိုက် တွေ ကို ရှင်းပြီးသွားလို့
    အမှိုက် ကင်း တဲ့ တစ်နေ့ ဒီ စာသားလေးက သမိုင်းဝင်ကျန်စေသား။

    ဒီ ပုံထဲက စာကြောင်းလေးကို ဒေါ်အောင်ဆန်းစုကြည် မြင်ရင် ဘာပြောချင်မယ်မသိ။ သိချင်သား။ :-)))))

    မလတ် ရေ
    ရှင်ပြောသလိုဘဲ “မဝေးတော့ တဲ့ တစ်ချိန်” ဆိုတာ အခု အစပျိုးနေပြီ လို့ ရှင်ထင်သလား။
    မြ :-)))

  • kai

    December 15, 2015 at 8:12 am

    ဒီလအယ်ဒီတာ့သင်ပုန်း.. အမှိုက်အကြောင်းရေးရမယ်ထင်တယ်..။
    ပဲ့ရွဲ့နေတဲ့လှေနံရံလေးရယ်..။
    စာတကြောင်းကို နံရံမှာစောင်းစောင်းကြီး စာလုံးပေါင်းမမှန်ရေးသွားသူရယ်..။

  • alinsett

    December 15, 2015 at 8:53 am

    အမေစုရဲ့ အမှိုက်ကောက်ပွဲတော်အပြီး
    -နောက်တစ်နေ့ကစပြီးးးးး
    ကျနော်နေ့တိုင်းဖြတ်လျှောက်နေတဲ့လမ်း အုတ်နံရံမှာ စာတန်းတွေ လာကပ်သွားတာ တွေ့ရတယ်—
    အမှိုက် မပစ်ရ ဆိုတဲ့ စာသားပါပဲ—
    ဆယ်ပေလောက်အကွာ ရောက်တိုင်း တစ်ခု တစ်ခု
    ကပ်ထားတာ
    အကုန်လုံး သတ်ပုံအမှားကြီးးး
    အမှိုက် မပြစ်ရ တဲ့

    -မြန်မာနိုင်ငံသားတွေ မြန်မာစာ မတတ်ကြတော့ဘူးလားလို့ မေးလည်း မေးချင်တယ် မေးလည်း မေးရဲဘူး

    • kai

      December 15, 2015 at 10:04 am

      ငါ့မာျးစောင်းပြောနေသလား… မသိ…။
      ဆိုတော့.. ဗမာတွေပွဲတော်တော်ကြိုက်တယ်နော…။
      အမှိုက်ကောက်ပွဲတော်………………………….. တဲ့.. ။ :k:

      • alinsett

        December 15, 2015 at 2:10 pm

        ဟီဟိ
        သဂျီးကိုလည်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတစ်အုပ်
        -ပေးလည်း ပေးချင်တယ် ပေးလည်း မပေးရဲဘူး

        တို့သဂျီး မြန်မာစာ တော်မှန်းသိပါတယ်
        တခါတလေ အကျအပျောက်လေးတွေ လိုက်ကောက်ပေးရတာတစ်ခုပဲ

        :k:

        အမှိုက်ကောက်ပွဲတော်တောင် ပျော်ပျော်ကြီး ဆင်နွှဲကြသေးတာ—

        😆

        ဗမာတွေ ပွဲကြိုက်လား မကြိုက်လားဆိုတာ—
        US ရောက် မြန်မာတွေတောင် အမြို့အမြို့မှာ အလလ အရက်ရက်
        ကျင်းပလိုက်တဲ့ ပွဲတွေမှ ခြိမ့်ခြိမ့်သဲ
        လုပ်စရာ မရှိ— တရားပွဲ ဆိုပြီး လုပ်ကြတာသာကြည့်—
        တရားတောင်မှ ပွဲတဲ့—

        :mrgreen:

Leave a Reply