2011-အယ်ဒီပြာ့ ချွိုက်စ် ပိုစ့် ကော်လက်ရှင်

ဂ်စ္စူDecember 28, 20112min40297

၂၀၁၁ ခုနှစ် အယ်ဒီပြာ့ချွိုက်စ် ပို ့စ် အဖြစ်ရွေးချယ်ခံရသော စာမူများမှာ –

 

  • အခုပဲစပါ မပျင်းပါနှင့် ဟူသော ခေါင်းစဉ်ဖြင့် ကိုသစ်မင်းက ၎င်း
  • ကင်မရာတစ်လုံး မန်းလေးအဆုံး ဟူသော ခေါင်းစဉ်ဖြင့် ကိုပေါက်(မန္တလေး)က ၎င်း
  • တံခါးစောင့်တာ ဂိတ်ဝင်ကြေး မရဘူး ဟူသောခေါင်းစဉ်ဖြင့် ဘလက်ချောက ၎င်း
  • ခါးပိုက်နှိုက်ကို ပြန်နှိုက်ခြင်း ဟူသောခေါင်းစဉ်ဖြင့် ဘလူးကြီးက ၎င်း
  • အတော်မိုက်တဲ့ သဗွိုက်စ် ဟူသောခေါင်းစဉ်ဖြင့် အဘဖောက ၎င်း
  • ငမွဲပေါတာ ဗုဒ္ဓနဲ ့မဆိုင် ဟူသောခေါင်းစဉ်ဖြင့် နေးချားက ၎င်း
  • ကျနော်ရယ် ဗိုလ်ချုပ်ရယ် အောင်ဆန်းရယ် ဟူသောခေါင်းစဉ်ဖြင့် Asiamasters က၎င်း
  • စမူဆာ စားရင် ဦးထုပ်ဆောင်းပါ ဟူသောခေါင်းစဉ်ဖြင့် cobra က ၎င်း
  • ကြိုးကြာကို ယုံတယ် ဟူသောခေါင်းစဉ်ဖြင့် khinmintatthu က ၎င်း
  • ဘယ်သူနဲ ့မှ မဆိုင်ဘူး ဟူသောခေါင်းစဉ်ဖြင့် နိဂိမိ၇ရက ၎င်း
  • တရုတ်ကြီး အဟုတ်တီး ဟူသောခေါင်းစဉ်ဖြင့် kyaemon က ၎င်း
  • ကာလနဂါးကြီးနဲ ့ တိုက်တိုက်ဆိုင်ဆိုင် ဟူသောခေါင်းစဉ်ဖြင့် ဦးဦးပါလေရာက ၎င်း
  • ကောင်းကောင်းရေးပါ ကပုန်းကျော်ရာ ဟူသောခေါင်းစဉ်ဖြင့် Konyeinchan က ၎င်း
  • ကျည်ဆန်ကုန်ရင် ငှက်ပျောသီးနဲ ့ပစ်မယ်  ဟူသောခေါင်းစဉ်ဖြင့် ဦးဖတ်တီးက ၎င်း
  • ကျောက်စိမ်းကို အရည်ညှစ်ရင် ဘီယာထွက်တယ် ဟူသောခေါင်းစဉ်ဖြင့် မစ္စတာပေက ၎င်း
  • ဥဩပေတဲ့ ခွစ္စမတ် ဟူသောခေါင်းစဉ်ဖြင့် အင်ဇာဂီက ၎င်း
  • ဆူရှီလိပ်ရာ လက်အိတ်မပါ ဟူသောခေါင်းစဉ်ဖြင့် ဆူးနဲ ့ဝေဝေက ၎င်း
  • ငရဲရောတဲ့အလှူ ဟူသောခေါင်းစဉ်ဖြင့် မမက ၎င်း
  • ပုဂံကို ဇလုံမလုပ်နဲ ့ ဟူသောခေါင်းစဉ်ဖြင့် pooch က၎င်း
  • ပြူးတူးပျဲတဲ မော်ဒယ်လ်ဂဲ ဟူသောခေါင်းစဉ်ဖြင့် intro က ၎င်း
  • မီးမီးစာမူတွေ တူတို ့မသွားတယ် ဟူသောခေါင်းစဉ်ဖြင့် ပဒုမ္မာက ၎င်း
  • ရင်ထဲမှာ ပုပဲရှိတယ် ဟူသောခေါင်းစဉ်ဖြင့် phyo က ၎င်း
  • မအားလို ့မပြောချင်ပမဲ့ မပြောတော့ပါဘူး ဟူသောခေါင်းစဉ်ဖြင့် ဆန်နီနေမင်းက ၎င်း
  • ကတိမတည်တဲ့ ပေါက်စီ ဟူသောခေါင်းစဉ်ဖြင့် hmee က ၎င်း
  • သတ္တိရှိရင် ရွာထဲဝင်ခဲ့ ဟူသောခေါင်းစဉ်ဖြင့် Etone က ၎င်း
  • ကြောင်သေရင်ပက်လက် ဟူသောခေါင်းစဉ်ဖြင့် ကြောင်ကြီးက ၎င်း
  • အသပြာမှိုမတက်အောင် မှိုစိုက်ပါမောင် ဟူသောခေါင်းစဉ်ဖြင့် နိုဇိုမိက ၎င်း
  • ငြိမ်နေတာ အကောင်းမထင်နဲ ့ ဟူသောခေါင်းစဉ်ဖြင့် သံတွဲမြို ့သူ၊သား များက ၎င်း
  • မဖောပါနဲ ့ ဦးဂျင်းရယ် ဟူသောခေါင်းစဉ်ဖြင့် maungmoenyo က ၎င်း
  • မီးမီးကို မဆော်ပါနဲ ့ ဟူသောခေါင်းစဉ်ဖြင့် မောင်သန်းထွဋ်ဦးက ၎င်း
  • ရှင်မနမ်းရင် ကျမနမ်းမယ် ဟူသောခေါင်းစဉ်ဖြင့် Nan Shin က ၎င်း
  • ဝတ်မနေပါနဲ ့ဝိုင်းစုရယ် ဟူသောခေါင်းစဉ်ဖြင့် ဘရုတ်က ၎င်း (Credit this မှော်ချာ)
  • ထမင်းမငတ်မဲ့ အလင်းဆက် ဟူသောခေါင်းစဉ်ဖြင့် alinsett က ၎င်း
  • အင်တာနက် တပ်တာ အပစ်လား မိန်းမရယ် ဟူသောခေါင်းစဉ်ဖြင့် ကြောင်လေးက ၎င်း
  • မခွဲချင်ဘူး မေမေကြောင်ရယ် ဟူသောခေါင်းစဉ်ဖြင့် ကြောင်လတ်က ၎င်း
  • တို ့ခြံထဲမှ ထိန်းသိမ်းသင့်သော ကြွက်ကြော်များ သို ့မဟုတ် ကြောင်ဝတုတ် ကြွက်မခုတ် ဟူသောခေါင်းစဉ်ဖြင့် FattyCat က ၎င်း
  • ဖြူးသူအရေ ဟူသောခေါင်းစဉ်ဖြင့် mr.lone က ၎င်း
  • စိတ်မမှန်ဘူး နှစ်သစ်ကူး ဟူသောခေါင်းစဉ်ဖြင့် phone kyaw က ၎င်း
  • အပင်ထိပ်က အသီး ဟူသောခေါင်းစဉ်ဖြင့် အေမီက ၎င်း
  • သွားလိုက်ကြစို ့ခလေးမြို ့ ဟူသောခေါင်းစဉ်ဖြင့် yaungchikha က ၎င်း
  • ဆိုင်ကယ်စီးရင် စကတ်ခါးတောင်းကျိုက်စီးပါ ဟူသောခေါင်းစဉ်ဖြင့် မိုးဇိက ၎င်း
  • သွားမှာပဲသွားမှာပဲ ငါ့ကို လာမတားနဲ ့ ဟူသောခေါင်းစဉ်ဖြင့် ပန်ပန်က ၎င်း
  • သစ်ခွချစ်တာ အပြစ်လား ဟူသောခေါင်းစဉ်ဖြင့် mandalarthu က ၎င်း
  • တစ်ပင်ထဲ ရင်ထဲကနွယ် ဟူသောခေါင်းစဉ်ဖြင့် အာဂက ၎င်း
  • တစ်ဂထဲ ရင်ထဲကအာ ဟူသောခေါင်းစဉ်ဖြင့် နွယ်ပင်က ၎င်း
  • ဂွင်ထဲဝင်ရင် ဆဲပါရစေ ဟူသောခေါင်းစဉ်ဖြင့် မိုက်ကယ်ပုက ၎င်း
  • မသွားပါနဲ ့မောင်ပုရယ် ချစ်လို ့ပါကွယ် ဟူသောခေါင်းစဉ်ဖြင့် ချစ်စ၊ဆရာက ၎င်း
  • စာကလေးအိမ်ဆိုရင်တောင် ဘတော့မှ မငှားတော့ဘူးဟဲ့ ဟူသောခေါင်းစဉ်ဖြင့် ရွှေတိုက်စိုးက ၎င်း
  • အေဘီစီဆိုတာ ဘီယာဟုတ်ဘူးဟဲ့  ဟူသောခေါင်းစဉ်ဖြင့် တီချယ် တီတီနုက ၎င်း
  • အငယ်အနှောင်းနဲ ့ကမ်းဂျိုယောင်း ဟူသောခေါင်းစဉ်ဖြင့် Comegyi က ၎င်း
  • မင်္ဂလာဦးညရဲ့ ဂေးရင်ခုန်သံ ဟူသောခေါင်းစဉ်ဖြင့် တောကကိုရင်က ၎င်း
  • အိမ်အိုရင် နှုတ်ခမ်းမွှေးနဲ ့ထောက် ဟူသောခေါင်းစဉ်ဖြင့် နေဝန်းနီက ၎င်း
  • ချစ်ချစ်အတွက် နှုတ်ခမ်းမွေးသပ် ဟူသောခေါင်းစဉ်ဖြင့် ရှုံးနိမ့်မှုများနဲ ့လူက ၎င်း
  • ကွန်ပျူတာကို လုံခြုံအောင် သော့ခတ်ထားပါ ဟူသောခေါင်းစဉ်ဖြင့် koyinmaung  က ၎င်း
  • အင်ထရိုကိုတွေ ့ရင် ဒတ်ရှင်းပေးပါ ဟူသောခေါင်းစဉ်ဖြင့် မရွှေတုတ်က ၎င်း
  • ဟက်ပီးဖြစ်ဖို ့.မန်းနီးလိုမယ် ဟူသောခေါင်းစဉ်ဖြင့် Khin Latt က ၎င်း
  • သမိုင်းဆိုတာ ဘုရင့်နောင်နားမှာ ဟူသောခေါင်းစဉ်ဖြင့် Zaw Wonna က ၎င်း
  • အပင်စိုက်ပါ တစ်ပင်ငါးရာ ဟူသောခေါင်းစဉ်ဖြင့် We R One က ၎င်း
  • ဂေဇက်ဝင်ဖတ် ကျည်းပေါင်းတက် ဟူသောခေါင်းစဉ်ဖြင့် အမတ်မင်းက ၎င်း
  • ဖွင့်လို ့ရတယ် ဈေးကြီးတယ် ဟူသောခေါင်းစဉ်ဖြင့် ကိုစိန်သော့က ၎င်း
  • လျှာရှည်တဲ့ ကျနော့် မိန်းမ ဟူသောခေါင်းစဉ်ဖြင့် Anzartone က  ၎င်း
  • စွာအုပ်စွာပေ လူ ့မိတ်ဆွေ ဟူသောခေါင်းစဉ်ဖြင့် ရင်ငြိမ်းနွေက ၎င်း
  • တာဝါပေါ်တက် ရှူရှူးထွက် ဟူသောခေါင်းစဉ်ဖြင့် King က ၎င်း
  • ကျမချစ်သူညမင်းသား ဟူသောခေါင်းစဉ်ဖြင့် မှော်ဆရာက ၎င်း
  • သန်လျင်မှာ ကောက်တဲ့ဖား ဟူသောခေါင်းစဉ်ဖြင့် တည်သားက ၎င်း
  • ရော်စမ်းပြီးရင် တောင်းပန်ပါ ဟူသောခေါင်းစဉ်ဖြင့် ရွှေဘိုသားက ၎င်း
  • ခေတ်မီလိုလျင် ဖော်ဖို ့ပြင် ဟူသောခေါင်းစဉ်ဖြင့် zaw min က ၎င်း
  • တရားရုံးကစောင့်နေမယ် ဟူသောခေါင်းစဉ်ဖြင့် htet way က ၎င်း
  • ကျနော်ချာတူး ကျားမဟုတ်ဘူး ဟူသောခေါင်းစဉ်ဖြင့် char too lan က ၎င်း
  • ယင်ကောင်နဲ ့ ကြက်ဆင် ဂျမ်းစိန်နဲ ့.ငါးရွှေ ဟူသောခေါင်းစဉ်ဖြင့် wow က ၎င်း
  • မပြတ်ဆောင်ထား ကိုးပါးဆေးလျက်ဆား ဟူသောခေါင်းစဉ်ဖြင့် whowho က ၎င်း
  • ကြုံရင်လာပါ ကျုံတိုင်းရွာ ဟူသောခေါင်းဉ်ဖြင့် moepwintphyu က ၎င်း
  • ဖျာလိပ်ထဲမှာ ပေါင်းတင်ပါ ဟူသောခေါင်းစဉ်ဖြင့် Novy က ၎င်း
  • ဂလုဂလု ရှလွတ်ရှလွတ် ဟူသော ခေါင်းစဉ်ဖြင့် koaung က ၎င်း
  • ကျမနှင့် ၂၄ နာရီလွမ်းခြင်း ခေါင်းစဉ်ဖြင့် မနောဖြူလေးက ၎င်း
  • သဂျီးချက်တဲ့ နှပ်ချေး ငပိချက် ဟူသောခေါင်းစဉ်ဖြင့် ကိုရင်စည်သူက ၎င်း
  • ဂြိုလ်ကမ္ဘာပေါ်က သင်္ဘောသီး ဟူသောခေါင်းစဉ်ဖြင့် E.T က ၎င်း
  • ဪ သုခ ဟူသောခေါင်းစဉ်ဖြင့် unclegyi1974 က ၎င်း
  • အဖွားဖြတ်မရတဲ့ သင်္ဘောသီး ဟူသောခေါင်းစဉ်ဖြင့် နီကီတာက ၎င်း
  • ဆန်နီဘုရင်ရီး အချစ်ကြီး ဟူသောခေါင်းစဉ်ဖြင့် Sonny က ၎င်း
  • ပျင်းတယ် ပျင်းတယ် ဟူသောခေါင်းစဉ်ဖြင့် မီးလေးက ၎င်း
  • ပြည်တော်ပြန်ချင်တယ် ပို ့ပေးပါ ဟူသောခေါင်းစဉ်ဖြင့် ရွှေအိမ်စည်က ၎င်း
  • စို ့ပါစေကွယ် ငမျောက်လေးရယ် ဟူသောခေါင်းစဉ်ဖြင့် NK က ၎င်း
  • ကိုင်စရာ တစ်ခုပေးပါ ဟူသောခေါင်းစဉ်ဖြင့် Big Bang က ၎င်း
  • ရေခဲသေတ္တာထဲက နှလုံးသား ဟူသောခေါင်းစဉ်ဖြင့် than lone က ၎င်း
  • အိပ်ပျော်တဲ့အခါ မေတ္တာပို ့ပါ ဟူသောခေါင်းစဉ်ဖြင့် aye.kk က ၎င်း
  • စမူဆာ ဟူသောခေါင်းစဉ်ဖြင့် မောင်ရေချမ်းက ၎င်း
  • မခင်ရွှေ နင်လေ အတော်သဘောကောင်း ဟူသောခေါင်းစဉ်ဖြင့် လင်းဝေက ၎င်း

 

စသဖြင့် အသီးသီးရရှိသွားကြပါကြောင်း.ဟောဟဲ..ဟောဟဲ..မော၏တာ..ရေတစ်ခွက်ဂလု.

ဆုရွေးချယ်ရာတွင် ဒိုင်လူဂျီး၊ဘာမသိညာမသိသဘာငပိ ၊ငှက္ကဋ္ဌအဖြစ် တစ်ဦးထဲ အာဏာရ ငပေါက်ဖော်မှ သာ

စိစစ်ရွေးချယ်၍ ရမ်းသန်းဆုံးဖြတ်၍ နံကြားထောက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါ၍ ဤရွေးချယ်မှုသည် လုံးဝဥသုံ

မဘုတ်ဆုံပင် မှန်ကန်ပါကြောင်း အယ်ဒီတာချုပ် သဂျီးအူးခိုင်မှ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့ပါသည်။

သို ့ပါ၍ ဤဆုများကို သံသယမရှိ လက်ခံယူကြပါကုန်။အထက်ပါ ဆုရစာရင်းထဲတွင် နာမည်ပါသော မပါသော

ခလေးလူဂျီးဘုန်းကြီးပါမကျန် တစ်ဦးစီအား အယ်ဒီတာချုပ် အူးခိုင်မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အဖြစ်

အိုင်ဖုန်း လိပ်တက်စ်ဗားရှင်း တစ်လုံးစီ ချီးမြင့်မည်ဖြစ်ပါ၍ ဆုလက်ခံလိုသောပုဂ္ဂိုလ်များသည်

ကျပ်ငွေဆယ်သိန်းထက်မနဲအား တာဝန်မခံအယ်ဒီပြာဖြစ်သော ငပေါက်ဖော်၏ ဘဏ်အကောင့်ထဲသို ့သွင်း၍

လူကိုယ်တိုင်ဖြစ်စေ..စာတိုက်မှဖြစ်စေ ထုတ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးရင်း တူးသောင်ဇင် အလဲဗင်း

အယ်ဒီပြာ့ချွိုက်စ် ပို ့စ် ဆုပေးပွဲအစီအစဉ်အား ခေတ္တရပ်နားလိုက်ပါကြောင်း။…………………..။

 

ပုံ၊

တာဝန်မခံ အယ်ဒီပြာ ငပေါက်ဖော် – အယ်ဒီတာချုပ်  အူးခိုင်(ကိုယ်စား.ခေါင်းစား.အမြီးစား..အကုန်စား)

ငပေါက်ဖော်@ဂေဇက်တီး ဒေါ့ကွမ်း

ရောက်တက်ရာရာမြို ့။

 

အောက်မှာ တီရှပ်တစ်ယောက်တစ်ထည်ယူသွား..မလုပ်ကြနဲ ့.ဒါဗျဲ

ဂေဇက် တီရှပ်
မလုနဲ ့..မရွေးနဲ ့...ဒါဘဲရှိလယ်..

 

ဂေဇက် တီရှပ်
အပေအတေခံအောင် အမဲဆောင်ဟဲ့

ကန်မလေးတွေအတွက် မေ့တွားလို ့.. အက်ဒစ်လုပ်ပြီး အင်္ကျ ီ ပြန်ဝယ်ပေးလိုယ်တယ်နော့..

ရော့..ရော့.ရော့…ကြိုက်သလောက်သာယူပေရော့..

ဂေဇက် တီရှပ်
တဂျီးက မေတ္တာလက်ဆောင်အနေနဲ ့ အရဂါး ပေးခိုင်းလိုက်ဒါပါ

*********************************** 😆 **********************************

 

ပေါက်ကရတော့ ရေးပြီးဘီ

ဂဲလုံးတွေမလာခင် ပြေးမှ

ဝှစ်..ဝှစ်…ဝှစ်…ဝှစ်..ဝှစ်…ဝှစ်…ဝှစ်..ဝှစ်…ဝှစ်…

 

97 comments

  • kai

    January 2, 2012 at 6:28 am

    အဲဒီအပေါ်က… ရွေးထားသူတွေထဲက….
    ရန်ကုန်မှာနေသူ ရယောက်ကို .. နှစ်ကူးလက်ဆောင် ပို့ထားတာ ပေးလိုက်ချင်ပါတယ်..။
    … မန္တလေးကရွာသူားတွေ.. လက်ဆောင်သွားယူရင် ခရီးစရိပ်က ပိုကြီးမှာမို့ ချန်ထားတာပါနော…။

    ဆိုတော့…
    poll တင်မှာမို့.. အမည် ၁၅ခု ရွေးပေးစေလိုပါကြောင်း…။

  • nigimi77

    January 2, 2012 at 8:52 am

    ရွေးလိုက်ပါပြီဗျား ။

    ရန်ကုန်မှ နိဂိမိ ။

    🙂

  • kai

    January 2, 2012 at 9:19 am

    ကိုယ်ထင်ပြထားသူများဖြစ်ပြီး.. ပလက်တီနမ်(ပွိုင့်၈သောင်းအထက်)အဆင့်မရဖူးသူများြဖစ်တဲ့..
    Nature
    MaMa
    padonma
    Blackchaw
    weiwei
    fatty
    နွယ်ပင်
    panpan
    Htetway
    RGa
    comegyi
    ကိုရင်စည်သူ
    မှော်ဆရာ
    Yin Nyine Nway
    nozomi
    ချာတူးလန်
    nigimi77

    တို့ကိုအပေါ်က ကိုရင်ပေါက်ဖေါ် စာရင်းနဲ့ ညှိပြီးရွေးချင်ပါတယ်..။
    သဘောတူရင် လက်ညိုးထောင်ပါ…။ 🙂

    • ငပေါက်ဖော်

      January 2, 2012 at 9:22 am

      ကတောင်ကတောင်
      အလျင်အမြန်ပြေးထောင်လိုက်၏

      • anewgenerationbone

        January 2, 2012 at 11:54 am

        အားလုံးကတော့ သူတို့ရဲ့ပင်ကိုယ်ရေးဟန်တွေ ရှိကြတာပါဘဲ
        ထောက်ခံပါကြောင်း ဘိန်းမောင်းကြီးပါ တီးပါတယ်ဗျို့

    • ကိုရင်စည်သူ

      January 2, 2012 at 12:14 pm

      ဘယ်သူရရ.. မရရ.. ကိုရင်တို့က ရတဲ့သူဆီက
      ဘီဘီ တောင်းသောက်မယ်… အဟီးး 😆 😆
      ကျနော်အပါအဝင် ရွာသူားတွေအားလုံး
      ဂေဇက်ထဲစာဝင်ရေးတာ ပွိုင့်တို့ဘာတို့ ညာတို့ရမှမဟုတ်ပါဘူး
      တစ်ဦးပေါ်တစ်ဦး ခင်မင်နွေးထွေးမှု မေတ္တာနဲ့
      ကွန့်မန့်တွေကို ဖတ်ရင်း ပီတီတွေစားပြီး ရေးဖို့ အားတွေထပ်ရှိလာတာပါ။
      ဒါပေမဲ့ ရွာအုပ်ချုပ်ရေးမှူး သမဒ ဦးခိုင် ပေးရင်တော့ ဘာဖြစ်ဖြစ်ယူပါဒယ်..
      အမှတ်တရပေါ့ဗျာ… ရတဲ့သူဆီကလည်း ဘီဘီသောက်ဖို့ ဆုံးဖြတ်ပြီးသားပါ… ဟီးး 😳 😳

    • pooch

      January 2, 2012 at 3:46 pm

      သဘောတူပါတယ်သူကြီး ….. 🙂

    • Khin Latt

      January 3, 2012 at 5:08 am

      သူကြီး – အပြည့်အဝ ထောက်ခံပါတယ်။ လက်ညိုးအစား လက်မထောင်ထားပေးပါတယ်။ 🙂

    • မှော်ဆရာ

      January 3, 2012 at 7:58 am

      အော် သူကြီးတို့များ နိုင်ငံရေးသမား ပီသပါပေ့
      လက်ဆောင်ပေးတာတောင်မှ ရန်တိုက်ပြီးပေးသွားတယ်
      အော် .. ဒါကြောင့်လဲ သူကြီးဖြစ်နေတာပေါ့လေ …

  • blackchaw

    January 2, 2012 at 9:37 am

    အသာလုပ်ပါ သူကြီးရေ။
    ကိုသစ်တို့ ဂီဂီတို့ အဘ FR တို့ မပါတဲ့ လူစာရင်းက
    ဘယ်လိုမှ သင့်တော်လိမ့်မယ် မဟုတ်ပါဗျာ။
    ကျွန်တော်က အရွေးခံ စာရင်းထဲ မပါသင့်ဘူးထင်ပါတယ်။
    ကျွန်တော်က ကိုယ်ပိုင်စာလည်း သိတ်မရေးဖြစ်ခဲ့တာလည်း ပါပါတယ်။
    လက်ခုတ်တီးပေးပါရစေဗျာ။

    • inz@ghi

      January 2, 2012 at 9:45 am

      ကျနော်မပါတာ အကြောင်းမဟုတ်ပါ …ဘဘ ဘလက်ရေ့…
      ကိုသစ် ကိုတော့ ပါစေချင်တာအမှန်…

      ကိုယ်ပိုင်စာ ကိစ္စနဲ့ လူပြောသူပြောကြောင့် ကျနော် ဘဘ ဘလက်ကို ပြောပြမိတာ
      စိတ်မခု ဘူး ယူဆပါသည်ဗျာ …

      ပိုခက်တဲ့အလုပ်ကို လုပ်နေတဲ့ …အများ ကိုယ်စားပြု ..ဘဘ ဘလက်ကိုလည်း ကျနော်
      သည်စာရင်းမှာ ထိပ်ဆုံးနီးပါးက ကိုပါစေချင်တာပါ ..(ထိပ်ဆုံးကတော့ ကျနော့်အမြင်နဲ့ ပေးဆို
      ကိုသစ်ပေါ့ဗျာ ….)

      ပြန်လည် ဆန်းစစ်ပါဦး
      မူပိုင်ရှင် အစ်ကိုဂျီး ဦးဘခိုင်ရေ့…

      ခင်တဲ့ ဂီ။

      • ငပေါက်ဖော်

        January 2, 2012 at 9:55 am

        လက်ဆောင်က ရန်ကုန်မှာပဲ ရှိလို ့
        နိုင်ဂျံဂါးတို ့..မန်းလေးသားတို ့ကို မဖော်ပြပေးတာပါကွယ်
        နိုင်ဂျဂါးက ဆရာတွေဆိုရင်တော့ ကိုသစ်တို ့..ကိုဂီတို ့..ကိုဖောတို ့က ထိပ်ဆုံးကပါခင်ည

        • kai

          January 2, 2012 at 10:19 am

          ဒီလက်ဆောင်တွေက.. ကိုရင်FR ရန်ကုန်ရောက်စဉ် ပွဲတက်ခဲ့သူတွေကို.. ရည်ရွယ်ပို့ပေးလိုက်တာခင်ဗျ…။
          တကယ်က မဲဖောက်ပြီး ပေးလိုက်ဖို့ပါ…။
          အဲဒါ.. လူကြုံက ချော်တောငေါ့ပြီး.. တခြားနိုင်ငံအရင်ရောက်သွားတာနဲ့.. အခုလဆန်းမှ..ရန်ကုန်ရောက်မယ်ဆိုလို့.. အခုလိုဖြစ်နေတာဖြစ်ကြောင်းနဲ့..။
          နိုင်ဂျံဂါးနဲ့.. မန္တလေးကရွာသူားတွေ.. ရန်ကုန်သွားယူဖြစ်မယ်ဆို.. စာရင်းထဲထည့်တို့လိုက်မယ်ဖြစ်ကြောင်း..။ 🙂
          (လေယဉ်ခတော့ မစိုက်နိုင်. ရန်ကုန်မြို့ထဲ.. တက်ခ်စီဖိုး စိုက်ပေးမယ်လေ… 👿 )

    • manawphyulay

      January 2, 2012 at 6:16 pm

      လက်ဆောင်က ရ ခု ပွဲတက်ခဲ့တာက ၁၈ ယောက် မတက်တဲ့သူကိုပါ ပေးရမယ်ဆိုရင်တော့ အတော့်ကို ကံထူးတဲ့သူမှ ရမယ်ထင်တယ်နော်။ ၁၈ ယောက်တောင် ကံကောင်းတဲ့သူတွေပဲရမှာဆိုတော့… အသာလုပ်ပါ ပေါက်ဖော်ရယ်… သဂျီးလက်မှတ်နဲ့ သဂျီးအိမ်ထမင်းသွားစားရမယ်ဆိုရင်တောင် လမ်းစရိတ် လေယာဉ်စရိတ်အသွားအပြန်မရှိလို့ လက်မှတ်ကို ဘောင်ခတ်ပြီး ချိတ်ထားရမလိုဖြစ်နေပြီ။

  • Moe Z

    January 2, 2012 at 10:26 am

    အခုမှဖတ်မိလို့ ဘဘပေါက်ဖော်နော်
    ဘာ…ဆိုင်ကယ်စီးရင်စကတ်ခါးတောင်းကျိုက်စီးပါလဲ..
    မန္တလေးသူတွေလိုက်ရိုက်လို့ ပြေးပေါက်မှားနေဦးမယ်
    မမpooch တို့ မmandalarthu တို့ရေ မိုးစက်အဲလိုမပြောဘူးနော် 😀 😀

  • မန်းလေးက လူပေးချင်ရင်သူကြီးရယ် ကိုယ်တိုင်လာယူဘို့မလိုဘူးလေ။
    ကိုယ်စာလှယ်နဲ့ထုတ်။
    မြတ်မန္တလာထွန်းနဲ့ပြန်ပို့ နောက်နေ့ရောက်ဘဲ။
    စာရိတ်ကြီးတာ မကြီးတာထက် အမှတ်တရက ပိုအရေးကြီးတာပါ။

    • windtalker

      January 2, 2012 at 1:31 pm

      ဟုတ်ဒလယ်
      ပြောပြလိုက်စမ်းဘာ
      အဟွန်း

      • MaMa

        January 2, 2012 at 4:23 pm

        သဂျီးက ဆုရွေးချယ်ရာမှ ဂိုဏ်းဂဏ ကင်းရှင်းရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားထားတယ်လို့ ပြောပါတယ် နှူးဘာပေ ရေ။

  • MaMa

    January 2, 2012 at 2:51 pm

    သဂျီးရေ- နိုင်ငံခြားကလူတွေအတွက်တော့ မသိဘူး။ မန္တလေးက လူတွေအတွက်ဆိုရင်တော့ မန္တလေးက တာဝန်ခံ (ကိုယ်စားလှယ်) တစ်ယောက်ဆီကိုတော့ အရောက်ပို့ဖို့ တာဝန်ယူနိုင်ပါတယ်။

  • koaung

    January 2, 2012 at 3:13 pm

    မန်းလေးကညီကိုမောင်နှစ်မများကလဲ နိန်ကမ်ဂျား ကလူတွေကို စားစရာတွေပို့ပေးစရာမလိုကြောင်း ဒုက်ခများမှာဆိုးလို့ပါ (ထိုးမုန့်တို့ဘာတို့ ဘာညာကွိကွ) 😀

    • kai

      January 3, 2012 at 6:54 am

      ကိုအောင်ရေ..
      ဟတ်ပီနယူးရီးယားပါ..
      မန္တလေးဂေဇက်ကို.. ၂၀၁၁ထဲ.. အလှူငွေအများဆုံးပေးပို့သူအဖြစ်.. မှတ်တမ်းတင်ထားပါတယ်နော…။
      =
      ဟုတ်ပါတယ်..
      နိုင်ဂံဂျားနေသူတွေဆီလည်း.. မုန့်ဟင်းခါးထုတ်လေး..ထိုးမုန့်လေး… ဘာလေး…. နှစ်ကူးလက်ဆောင်ပို့ဖို့ စိတ်ကူးထားကြပါလို့..။
      ဘိုတွေနှစ်ကူးမမှီတော့ရင်.. တရုတ်နှစ်ကူးနဲ့.. မြန်မာနှစ်ကူးကျန်သေးတယ်..။

      အာဟိ…။

      • koaung

        January 4, 2012 at 2:22 pm

        ဆရာခိုင်ရေ ကျေးဇူးပါ မြန်မာပြည်မှဘော်စိ များကလဲ ရည်ရွယ်ထားတာတွေ မပျက်စေလိုပါကြောင်း မန်းတလေးဂဇက်အစဉ်လန်းဆန်းရေးမှာ ပါဝင်ကြပါလို့ 😀

  • Anzartone

    January 2, 2012 at 3:58 pm

    ” လျှာရှည်တဲ့ ကျနော့် မိန်းမ ဟူသောခေါင်းစဉ်ဖြင့် Anzartone က ၎င်း ……”
    ကိုပေါက်ဖော်ကတော့ လုပ်ပြီ။ လျှာရှည်တဲ့ မိန်းမ ပါဗျ။ “မိန်းမ” ရှေ့မှာ “ကျနော်” မပါပါဘူး။ သူများတွေ အထင်မှားကုန်ပါဦးမယ်။ အနော်က အခုမှ လူဂျိုပဲ ရှိသေးတာ …. အဟီး ……

    • nature

      January 2, 2012 at 4:06 pm

      အံစာတုံး မှန်တာကို ဖုံးမထားနဲ့နော်။ 🙂

  • char too lan

    January 2, 2012 at 4:01 pm

    သဂျီးက စေတနာရှိရို့ပေးတာမှတ်လား ပိုစ့်ဒွေ ကော့မန့်ဒွေနဲ့ ဆိုင်ဘူးမှတ်ရား
    အဲ့ဒီဒေါ့ ဟိုလူရတင့်ဘာဒယ် ဒီလူရတင့်ဘာဒယ်လုပ်မနေတော့ဘူး ယူမယ့်လူမချိရင်
    အနော်ဘဲ အားလုံးမတွားလိုက်ဒေါ့မယ်။ (အရဂါးကြောဒါနော် ရရင်ဒေါ့ ကောင်းဒါဘော့) 😉
    ဘယ်ဒူဘဲရရ ရတဲ့လူဂ ငါဒေါ့ဘာလေးရတယ်ဟေ့!! ဆိုပီး အကြောင်းကြားပါအုံး
    အညှော်ခံဂျင်ရို့ (အဲ့ဆောဒီး) ဝမ်းသာဂျင်ရို့ဘာ ….. 🙂 🙂

    • kai

      January 2, 2012 at 4:35 pm

      ဟုတ်ပါတယ်.. လူကြုံလို့.. ပို့လိုက်တဲ့.. ဖလက်ရှ်မီမိုရီပိစိပေါက်စ..လက်ဆောင်လေးတွေပါ..။
      ပို့စ်တွေ.. ဘာညာတွေနဲ့..မဆိုင်ပါဘူး..။
      အဲဒီထဲ.. ကိုရင်ဘလက်ချောကို.. သူ့စာတွေရိုက်တင်ပေးတဲ့အတွက်တဲ့.. လေဒီခိုင်ကလက်ဆောင်ပေးတဲ့.. တီရှပ်ကို နှုတ်ရမယ်ဗျို့..။
      ဆိုတော့.. လက်ဆောင်၆ခုခင်ဗျ…။

      အဟမ်း..
      ယူအက်စ်ကပို့ရတာ..မချောင်ပါဘူး….. ပို့ခက ပိုဈေးကြီးနေပုံရတယ်..။ 🙁

      • nature

        January 2, 2012 at 5:45 pm

        ဒီမိုကရေစီနိုင်ငံဆိုတော့ တခုကောင်းတခုဆိုးပေါ့သူကြီးရယ်။ 🙂 ပို့ခချောင်ချင်ရင်တော့ အိုဘားမားကို ဆိုရှယ်လစ်စံနစ်ပြောင်းပေးပါလို့ပြောလိုက်လေ။ 🙂

  • koyinmaung

    January 2, 2012 at 5:05 pm

    သဂျီးရဲ့အစီအစဉ်ကိုသဘောတူပါတယ်….
    လက်ဆောင်ရမဲ့ရွာသားတွေအတွက်ဝမ်းသာတယ်ဗျို့
    ကိုပေါက်ဖေါ်လဲလက်ဆောင်စာရင်းထဲထည့်သင့်ပါတယ်သဂျီး……

  • MaMa

    January 2, 2012 at 6:14 pm

    ၂၀၁၁ မှသည် ၂၀၁၂ တိုင်အောင် လူကြိုက်အများဆုံး ဆုကို ပြာပြာဖော့်ကို ပေးသင့်ကြောင်း သဂျီးအား အဆိုတင်သွင်းပါသည်။

    • မှော်ဆရာ

      January 3, 2012 at 7:48 am

      ထောက်ခံလိုက်ပါ၏ ..

  • တညင်သား

    January 2, 2012 at 7:17 pm

    သူကြီးခင်ဗျားးးးးးးးးးးး နိုင်ဂျံဂါး နေသူတွေကို ပို့စ်တွေကွန်မန်းတွေ ရေးတဲ့ အဖနိုင်ငံတော်ကြီးတွင်း နေထိုင်သူများမှ သင့်တော်သော စားကောင်းသောက်ဖွယ်များကို ပို့ဆောင်းပေးရန် အဆိုတင်သွင်းပါတယ် ခင်ဗျားးးးးးးးးးး:P 😛 😛

  • ငပေါက်ဖော်

    January 3, 2012 at 10:45 am

    သများက နောက်ပြီး သဂျီးကိုကြပ်လိုက်တာ
    သဂျီးက တစ်ဂယ်လက်ဆောင်ပေးမယ်ဆိုတော့လဲ
    နောနော် သချင်းလို အတိုင်းထက်အလွန်ပါပဲချင်
    နှစ်သစ်မှာ သဂျီးလက်ဆောင်အား လိုချင်သူတိုင်းရကြပါစေခင်ဗျာ.အဲ..အဲ..ချင်
    ပုံ၊
    သများ

  • Onyx

    January 3, 2012 at 11:01 am

    စိတ်ညစ်တာတွေ ပျောက်သွားတာပဲ တစ်ကယ်ကို ရယ်ရတယ်ဗျာ
    တီရှပ်တော့ အနက်လေး ယူသွားပြီ ။
    နောက် MaMa ပြောတာကို ထောက်ခံ ပါကြောင်း……….
    မဟူရာ

  • Onyx

    January 3, 2012 at 11:05 am

    မမပေါက်ပြောတာကို ထောက်ခံပါတယ် ချင် အဲ သူနဲ့ရောပြီးရောင်ကုန်ပြီ
    ခင်ဗျာ့
    သဂျီးပေးသောလက်ဆောင်ကိုလဲ လိုချင်ပါကြောင်း

  • nigimi77

    January 3, 2012 at 1:23 pm

    ကိုရင်စည်သူကို Vote လိုက်ပါတယ် ။

    • ငပေါက်ဖော်

      January 3, 2012 at 10:05 pm

      အိုးစားဗစ် တပ်မဂျီးကို ဗုတ်လိုက်ပါတယ်ခင်ည

      😆

  • KING

    January 4, 2012 at 3:03 pm

    ချာ ချာ လေးကို
    ပုတ် … အဲလေ ဗုတ်လိုက်ပါတယ်ဂျ … 😛

  • wanwan

    January 4, 2012 at 5:17 pm

    အားလုံးကိုတွေ ့ရတာဝမ်းသာပါတယ် MG မှာဝင်ဖတ်နေတာကြာပါပြီ MEMBER ဝင်တာမကြာသေးပါဘူး ပေါက်ပေပု အသင်းကို vote လုပ်သွားပါတယ်

  • မှော်ဆရာ

    January 4, 2012 at 5:45 pm

    အနော့ကိုလဲ ဗုတ်ကျပါ …
    ရန်ကုန်ကို နယ်ကနေ တက်လာရတာ ခရီးစရိတ် ငါးသောင်းလောက်ကုန်သွားလို့ပါ ..
    အဟင့် အဟင့်

    • မှော်ဆရာ

      January 4, 2012 at 5:47 pm

      ကျွန်တော့ကို ဗုတ်တဲ့သူတွေကို မှတ်ထားပြီး သိန်း၃၀ဝ ထီပေါက်တဲ့နေ့
      ဘီဘီ အဝ ကပ်ပါ့မယ် …

  • kai

    January 6, 2012 at 4:42 pm

    Poll တင်ထားတာကို.. ယူအက်စ်-အယ်လ်အေရဲ့.. ရရက်နေ့.. ည၁၂နာရီ..ပိတ်ပါမယ်နော..။
    အဲဒါလေး သတိပေးတာပါ..။

    အဲဒီထဲ..AKKO က လက်ဆောင်သွားထုတ်ပေးရမဲ့သူမို့.. အမည်ထည့်ထားတာဖြစ်ပြီး. .ပေါက်ပေပု အသင်းကတော့ မန္တလေးကအသင်းကို ကိုယ်စားပြုထားတာလို့.. ကြေငြာပါကြောင်း…။
    (ကျန်တာကတော့ အသင်းငှက်ကထ သဘောပါ)
    ပလက်တီနန်ရွာသူားဖြစ်ဖူးသူတွေ.. မပါကြောင်း…
    နောက်တခါလက်ဆောင်ပို့ရင်.. အခုရပြီးသွားတဲ့သူတွေ.. မပါကြောင်း….။ 😆

    • ဆူး

      January 6, 2012 at 5:10 pm

      ပလက်တီနမ် ဆိုတော့ တိုင်တေနီယမ် ဘယ်လို လုပ်မလဲ တိုင်တေနီယမ်က ပိုမာတယ်နော်။
      သဂျီး ကတုံးတုံးပြီး လာရင် အဝါရေ နဲ့ ၈မျိုး စပွန်ဆာပေးမယ်။ (ဖားအောက်မှာ ၃လ နော်) မေ့သွားမှာ စိုလို့.. သဂျီး က လက်ဆောင်ပေးနေတော့ ကိုလည်း စပွန်ဆာ ပေးတာတွေ ရှိသေးကြောင်း အသိပေးတယ်နော်။

  • nature

    January 6, 2012 at 5:21 pm

    သူကြီး ပိတ်မှာ မြန်မာအချိန်ဘယ်အချိန်လဲ။
    ဒီတခါတော့ သူကြီးပေးတဲ့လက်ဆောင်ကို မယူတော့ဘူး။ နောက်မှပေးမဲ့ဟာ ဆိုတော့ နောက်မှ ပေါ်တဲ့ပစ္စည်းတွေကပိုကောင်းရင် ကောင်းနေမှာ။ 🙂
    အကောင်းဆုံးကို ရစေချင်လို့ကံကြမ္မာက မျက်နှာသာပေးတာဖြစ်မယ်။ 🙂

  • kai

    January 9, 2012 at 3:04 pm

    အောက်ကစာရင်းထဲက..ထိပ်ဆုံး ၆ယောက်ကို.. ရွေးလိုက်ပါတယ်…
    မရသူတွေစိတ်မပူပါနဲ့.. နောက်တခါအလှည့်ရောက်လာမှာပါ…။
    တန်ဖိုးရှိတာလည်းမဟုတ်.. အမှတ်တရဖြစ်ဖို့အတွက်ပါပဲ..။

    ==
    Poll Results
    သူကြီးမှ.. (?- ၆ယောက်)သို့…
    Answer Votes Percent
    ပေါက်ပေပုအသင်း 32 16%
    AKKO 31 15%
    မှော်ဆရာ 22 11%
    နွယ်ပင် 20 10%
    fatty 19 9%
    ကိုရင်စည်သူ 17 8%

    weiwei 16 8%
    MaMa 9 4%
    padonma 7 3%
    RGa 6 3%
    nozomi 5 2%
    ချာတူးလန် 5 2%
    nigimi77 4 2%
    panpan 4 2%
    comegyi 2 1%
    Htetway 2 1%
    Yin Nyine Nway 2 1%
    Nature 1 0%

    • MaMa

      January 9, 2012 at 7:45 pm

      အင်းးးးးးးးးး
      ထိပ်ဆုံးက ရေ လည်း မရနိုင် 🙁
      အောက်ဆုံးက ရေ လည်း မရနိုင်တာမို့ 🙂
      အားလုံးပဲ အမျှ အမျှ အမျှ ယူတော် မူကြပါလို့သာ….

  • ငပေါက်ဖော်

    January 9, 2012 at 6:51 pm

    ကဲဗျာ..
    ကျနော့်ရဲ့ အယ်ဒီပြာ့ တာဝန် အဆုံသတ်ပြီမို ့.လက်ဆောင်ရသူ..မရသူအားလုံး.ကျေနပ်နိုင်ကြပါစေဗျား..
    ကိုယ့်ရွာစားအချင်းချင်း သူရလဲ ကိုယ်မရသလ..ဟုတ်ပါဘူး..ကိုယ်ရသလိုပါပဲ..
    ဝမ်းသာပါ၏ဗျာ

    ဒီစာရင်းထဲ မထည့်မိတဲ့ ပုဂ္ဂိုလ်တွေကိုလဲ တောင်းပန်ပါတယ်
    လူသိပြီး တစ်ကယ်ရေးတဲ့အခါ မပါဖြစ်လိုက်တာပါ..
    AKKO တို ့..ကိုထွန်းဝင်းလတ်တို ့.ကိုသော်ဇင်တို ့ကိုထူးဆန်းတို ့..စသဖြင့်..ပေါ့ဗျာ 😆
    ရေးရင်း လျှမ်းသွားလို ့မပါဖြစ်တာ…နားလည်ပေးကြပါ

    ပြီးတော့..ထိပ်ဆုံးက မဲအများဆုံးချိတ်သွားတဲ့အသင်းက( လေးပေါက်၊ကိုပေ၊အန်တီပုချ်)တို ့ဟာလဲ သုံးယောက် တစ်အိပ်မက်မဲဗျ
    ရတဲ့လက်ဆောင်ကို ဘိုကျားသေနတ်ဆွဲပြီး နိုင်တဲ့လူယူရမယ်ထင်တာပဲ..
    အဲသလိုပါ..
    ဒါကြောင့်
    မရတဲ့လူတွေလဲ နောက်တစ်ကြိမ်ပေါ့ဗျာ..

    နိုင်ငံခြားက သဂျီးရဲ့ လက်ဆောင်ရပြီးကြပြီ..ဒါပေသိ
    သဂျီးတို ့လိုနိုင်ငံရပ်ခြားကပုဂ္ဂိလ်တွေကိုလဲ ကျနော်တို ့.ပြည်တွင်းကပုဂ္ဂိုလ်တွေက
    စုပြီးတော့ ပြည်တွင်းဖြစ်ကလေးတွေ..အစားအစာ.အသုံးအဆောင်လေးတွေ…တစ်ခုခုပြန်ပြီး လက်ဆောင်
    ပေးကြရင် ကောင်းမယ်ထင်မိတယ်
    အဲလိုအပို ့အယူတွေ..နားမလည်လို ့..ဖြစ်နိုင် မဖြစ်နိုင် မသိပါဘူး..ဆန္ဒရှိရင်တော့.. ?..?…?

    ကျနော်တို ့ပြည်တွင်းက လူအင်အားများတော့ စုပြီးပေးလိုက်ရင် တစ်နေ ့ဖြစ်လာမယ် ထင်မိပါတယ်..
    သဂျီးတို ့..ကိုအောင်တို ့ဆို လိုချင်လွန်းလို ့မျက်လုံးလေး ကလယ်ကလယ်နဲ ့.. 🙄
    ကဲ..ကဲ..
    အယ်ဒီပြာတော့ အစဆွဲထုတ်ပေးလိုက်ပါပြီ..ဆန္ဒရှိတဲ့လူကတော့ အကောင်အထည်ဖော်ပေးလိုက်ပါခင်ဗျာ 😆

    ဒါလောက်ပဲ အဆုံးသတ်..ပြန်အစေဖော်ပေးပြီး 2011-အယ်ဒီပြာ့ ချွိုက်စ် ပိုစ့် ကော်လက်ရှင် ပြီးဆုံးပါကြောင်းခင်ဗျား..

    ပုံ၊
    တာဝန်မခံ အယ်ဒီပြာ ပေါက်သိင်္ခ

  • nature

    January 9, 2012 at 9:57 pm

    ကဲ..ကဲ..ပြီးပြီဆိုတော့အပိတ်သီချင်းလေးနဲ့ပိတ်ပွဲလေးကျင်းပပေးလိုက်ရအောင်…
    မြနန္နာ………….။ 🙂

  • alinsett

    March 17, 2012 at 6:46 pm

    အလို..လေးလေး.။ ထမင်းမငတ်တဲ ့အလင်းဆက်တဲ ့။
    ကျွန်တော်..ရေးခဲ ့မိတာလား။ ရေးခဲ ့မိတယ်ဆိုရင်…စာလုံးပေါင်းမှားနေတယ် ..ဒေါ်စိန်ပေါက်ရေ..။
    ထမင်း..ငတ်တဲ့ လင်းဆက်…. ဖြစ်မှာလေ။

    အဟိ..။ ငတ်နေကြောင်း..အားလုံးရှေ့မှာ….ကြွားလိုက်ပြီ။

    တလောကတောင်..ကဗျာဆရာ..မောင်မွဲပြာ…ကြက်ရိုး စူးလို ့သေပြီ..ဆိုတဲ ့သတင်းကြားလိုက်ရသေး။
    စာရေးဆရာ ဖြစ်ချင်ရင်…ထမင်း ငတ်ဖို့သာပြင်…တဲ ့ ။
    မြန်မာနိုင်ငံမှာ..ပြောပါတယ် ။
    ဂျေကေ..ရိုလင်း..တို ့လိူ…စာရေးဆရာတွေ..ကို မပြောဘူးနော် ။..ဟိုမှာက စာရေးဆရာ..ဖြစ်ရင်..ဘီလျံနာ..ဖြစ်ပြီ။

    ဒီမှာသာ…

    ဒါပေမယ့်ပေါ့လေ..။

    ကိုယ်တွေ.ကလည်း..စာပေအနာပညာကို ချစ်တော့..ထမင်းလည်း အငတ်ခံနိုင်ပါရဲ ့ ။ ငတ်လို့ သေလည်း..မသေခင် အချိန်ထိ ရေးနေမယ့် လူစားတွေ..။

    ကဲ…ရင်ဖွင့်လိုက်ပြီ။

Leave a Reply