ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ဝန်းကျင်ခန့်တွင် မင်္ဂလာတောင်ညွန့်ဂက်စ်ဆိုင်တစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွား

Linn LettDecember 29, 20111min1679

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ…်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။

9 comments

  • koyinmaung

    December 29, 2011 at 5:41 am

    စိတ်မကောင်းစရာသတင်းပါလား….
    ခုလိုသတင်းတင်ပေးတဲ့အတွက်
    ကျေးဇူးပါ…..

  • small cat

    December 29, 2011 at 6:10 am

    မိုးမလင်းခင်ဖြစ်တဲ့ သတင်း မိုးမလင်းခင် တက်နေတယ် ၊တော်တော်မြန်တဲ့ ဂေဇက် သတင်းထောက်။

  • MaMa

    December 29, 2011 at 6:17 am

    ညက အသံကြားလိုက်ပြီး ခုမှ စုံစမ်းမေးမြန်းပြီး တင်မလို့ ဂေဇက်ဖွင့်လိုက်တော့ သတင်းက ရောက်နေပြီ။
    အချိန်နဲ့ တပြေးညီ သတင်းဦး သတင်းထူးတွေ တင်နိုင်တာ ဂေဇက်ရဲ့ ဂုဏ်ကို တက်စေလို့ ကျေးဇူးပါ။

  • Linn Lett

    December 29, 2011 at 6:18 am

    မြန်ဆို ကျွန်တော် အလုပ်လုပ်နေရင်းနဲ့ ဒုန်းဆိုတဲ့အသံနဲ့အတူ ကျွန်တော်ပါဝိဉာဉ်လွင့်မတတ်ဖြစ်သွားခဲ့တော့လည်း အကြောင်းအရာကိုစုံစမ်းရတော့တာပေါ့ဗျာ။
    အခုထိကို အဲဒီသတင်းကြောင့် တစ်ညလုံးမအိပ်ထားတာတောင် အိပ်ချင်စိတ်ပျောက်နေမိပါတယ်
    Ko Small Cat ရေ။

  • aye.kk

    December 29, 2011 at 6:30 am

    ကျေးဇူးဘဲလင်းလက်ရေ..
    အချိန်နဲ့တပြေးညီသိရလို့..။

  • Thel Nu Aye

    December 29, 2011 at 9:00 am

    ဘယ်နားလောက်လဲ။ ခန့်မှန်းကြည့်တာမသိလို့။ သိရင်နေရာလေးပြောပြပေးပါလား။ သာကေတနားမှာလား။ ဒေါပုံကလဲဒဏ်ရာရတယ်ကြားလို့။ ဘယ်နားလေးလဲ။

  • char too lan

    December 29, 2011 at 9:44 am

    သတင်းဦးအတွက် ကျေးဇူးတင်တယ်
    Gas ပေါက်ကွဲတာထက်ဆိုးတယ်
    တော်တော်ကျယ်လောင်ပီး တိုက်တွေကတုန်သွားတာ
    လူတွေကငလျှင်လှုပ်တယ် ထင်ပီးတိုက်ပေါ်ကနေဆင်းပြေးကုန်ကြတာလေ
    မနက်က MRTV 4 မှတော့ မီးသတ် ၄ ဦး၊ အမျိုးသား ၁ဝ ဦးနဲ့ အမျိုးသမီး ၅ ဦးသေတယ်။
    ၅၉ ဦးဒဏ်ရာအပြင်းအထန်ရပီး ရန်ကုန်ဆေးရုံကြီးမှာလို့ပြောတယ်။ Bus car ပေါ်ကလာအမျှလူတွေကလဲ
    အဲ့ဒီပေါက်ကွဲသံနဲ့ အိမ်တောင်တုန်သွားတယ်ဆိုတဲ့အကြောင်းပဲ ပြောနေကြတယ်။
    ရုံးရောက်တော့ လူ၈ဝကျော် ရန်ကုန်ဆေးရုံကြီးရောက်တယ်လို့ကြားတယ်
    ဘယ်အရာက အဲ့လောက်ပြင်းပြင်းထန်ထန်ပေါက်ကွဲတာလဲ မသိရသေးဘူး တဲ့ !!!

  • saiias.027

    December 29, 2011 at 6:11 pm

    လတ်လတ်ဆတ်ဆတ် သတင်းပါ…… ကျေးဇူးတင်ပါတယ်…

Leave a Reply