London Stock Exchange မှာ the Body Shop ရဲ့ ရှယ်ယာတွေကို အပြည့်အ၀ တင်ထားပြီးတဲ့ ကာလက စလို့ပေါ့ရှင်...
ကျမတို့ရဲ့ Share တွေကို ကမ္ဘာမြေဆွဲအား ကင်းလွတ်နေတဲ့ ရှယ်ယာတွေလို့ နာမည်ပြောင် ပေးခံရသပေါ့
ဘာကြောင့်လဲ ဆို share ဈေးနှုန်းက ၅၀၀% အထိ ကို တိုးတက် လာခဲ့တာကိုး ..

အတိအကျပြောရရင် တော့ 31 December 1990 မှာပေါ့ ...ကျမတို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု
ကိုချမှတ် နိုင်ခဲ့တယ်ရှင့်။ အဲ့ဒါကတော့ တရိစ္ဆာန်တွေနဲ့ စမ်းသပ်မှု ကို လုံးဝ စွန့်လွှတ်လိုက်တာပါပဲရှင်။

ကျမတို့ လှဖို့ ပဖို့ ရယ်မှာ သူတို့အသက်တွေ အရေပြား ..ခန္ဓာကိုယ် စတာတွေကို စတေးပစ်ရတယ်ဆိုတာ
လူသားဆန်တဲ့ အလုပ် တခုလို့တော့ ကျမ မထင်ထားဘူးရှင်။ သည်အချက်ဟာ The Body Shop အတွက်
ခိုင်မာတဲ့ ရပ်တည်မှု တစ်ရပ် အဖြစ် အမြဲတစေ စောင့်ထိန်းမယ် လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့တာပေါ့ရှင်။

လူသားမျိုးနွယ် အတွက်လည်း ကျမတို့ ဟာ မမေ့မလျော့ခဲ့ပါဘူးရှင် ။ The Body Shop ရဲ့ နှစ်စဉ် turnover
ထဲကနေ ၁% ကိုဆင်းရဲတဲ့ ကမ္ဘာ့ တတိယ နိုင်ငံတွေကို လှူဓါန်းနေတယ်လေ။
ကျမတို့ရဲ့ policy က "Trade Not Aid" ပါ. ..သည်တိုင်း လှူလိုက်တာ ပေးလိုက် ကမ်းလိုက်တာဟာ
တကယ်တန်းမှာ ထိရောက်တဲ့ ကယ်ဆယ်မှု မဖြစ်ဘူးဆိုတာ မှတ်တမ်းတွေ  ကပြောပြလိမ့်မယ်...
ကျမက ကွန်ချက်ပဲ ပြတော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။ သည်တော့ ကျမတို့ဟာ ဆင်းရဲတဲ့ တိုင်းပြည်
တွေက နေ ကုန်ကြမ်းတွေ ၀ယ်မယ် ..သင့်တင့် လျောက်ပါတ်တဲ့ ဈေးနဲ့ ပေါ့။ သူတို့တွေအတွက်
ပုံမှန် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ထုတ်ကုန်စွမ်းအား ကို ဖန်တီးပေးမလို့ပါပဲ ... ထုတ်ပိုးပစ္စည်းတွေ
စက္ကူ တွေ အပါအ၀င် အခြားသော သဘာဝထွက်ကုန် တွေကို ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံအနှံ့အပြားက ၀ယ်ယူ
ခဲ့တယ်ရှင့်။
အနှံ့ အပြား ဆိုတဲ့ စကားစု ကို ပြန်ရှင်းပြပါရစေနော်။ ဆင်းရဲတဲ့ တိုင်းပြည် တခုတည်းကနေ ကျမတို့
ဖြုန်းနိုင်စွမ်း ရှိသလောက် ဘာလို့ အကုန်မ၀ယ်သလဲ ...ဘာကြောင့်  ၄-၅နေရာ ခွဲဝယ် သလဲ
ဆိုတဲ့မေးခွန်းမျိုးပေါ့.... တခါတလေမှာ ကျမတို့ကို တချို့လူတွေ စွပ်စွဲတတ်ကြတယ်...
anti-capitalist တဲ့  globalization ဆန့်ကျင်ရေးသမား တဲ့ .... ကျမကြားဖူးတဲ့ ပုံပြင်လေးနဲ့ပဲ လွယ်လွယ် ရှင်းပြမယ်နော်.. ။

ကော်ဖီ ထုတ်လုပ်သူတယောက်ဟာ Brazil က ကော်ဖီစေ့တွေရဲ့ အရည်အသွေး ကိုနှစ်ခြိုက်ပြီး
အဲ့သည့်ကပဲ အမြောက်အများ ၀ယ်ယူတယ် ဆိုပါတော့ ။ ဖြုန်းအားကောင်းရင်ကောင်းလာသလို
Brazil က ကော်ဖီတောင်သူတွေ ပိုမို လာဘ်ရွှင်လာတယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် .....
သူတို့ ပိုမို တိုးချဲ့ စိုက်ပျိုးလာလို့ ..Amazon တောတွေ ပိုပြုံးတီးလာမယ် ..ဌာနေ တိုင်းပြည်ရဲ့
သဘာဝပတ်ဝန်းကျင် ပိုမို ထိခိုက်လာမယ် မဟုတ်လား ....
တချိန်တည်းမှာ အရည်အသွေး မကွာမယ့် ကမ္ဘာ့ တခြားသော နေရာတခုခုက ကော်ဖီစိုက်တောင်သူတွေ
ရောင်းမကောင်းလို့ ဆင်းရဲတွင်း ထဲက မထွက်နိုင်ဘဲ ရှိနေဦးမှာ မဟုတ်ပါလားရှင် .. သူတို့ကိုလည်း
အခွင့်အရေးမျှမျှတတ ပေးသင့်တာပေါ့..။ ..
ဒါဟာ ကျမတို့ လက်ခံကျင့်သုံးနေတဲ့ ...Community Fair Trade ပါပဲ ....အပေါ်မှာ ပြောခဲ့တဲ့ ...
Trade not Aid ရဲ့ ဆင့်ကဲ ဖြစ်စဉ်ပေါ့ရှင် ....။

ကျမဟာ အလှကုန်ရောင်းသူ ပါ. ... ခုထိ ကျမရဲ့ ထုတ်ကုန်တွေ အကြောင်း မပြောပါလား လို့ ...
အပြစ်တင် မစောပါနဲ့နော်....နောက်တပိုင်းကျမှ ကျမတို့ရဲ့ ထုတ်ကုန်တွေအကြောင်း မိတ်ဆက်ပေးတော့မယ် ...နော်

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011