ရန်ကုန်မြို့ဂိုဒေါင်ပေါက်ကွဲမှု

mashwetoteDecember 29, 20111min1934

ရန်ကုန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်တယ်ဆိုလို့ Facebook မှာကြည့်လိုက်တော့ သတင်းတွေတက်နေပါပြီ။ မင်္ဂလာတောင်ညွန့်ဘက်က ဂိုဒေါင်ပေါက်ကွဲတာလို့ကြားရပါတယ်။ ဒီနေ့မနက် ၂နာရီလောက်ကပေါက်တာပါ။ လူ ၁၅ယောက်လောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၂ယောက်ခန့်ရှိတယ်လို့ ကြားရပါတယ်။

သတင်းအတိအကျကိုဖတ်ချင်ရင်တော့ ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။

ဒီသတင်းကတော့ အဆစ်ပါ။ ပေါက်ကွဲမှု သတင်းအတွက် Facebook တက်တုန်း တွေ့လိုက်ရလို့ ရွာသားတွေစိတ်ဝင်စားမယ်ထင်လို့ပါ။

စိတ်ဝင်စားရင်တော့ ဒီမှာ ဖတ်ပေါ့နော်။

4 comments

  • YingLamp

    December 29, 2011 at 9:42 am

    ဆာလ်လဖြူ ရစ်အက်ဆစ် ထဲ ကို ရေ ထည့် ၍ မ ရ ပါ။ ရေ ထဲ ကို သာ ဆာလ်လဖြူ ရစ်အက်ဆစ် ဖြေ ညှင်း စွာ ထည့် ၍ ရ ပါ သည်။ ဆာလ်လဖြူ ရစ်အက်ဆစ် ထဲ ကို ရေ ထည့် ပါ က ဓါတုဗေဒ တုန့် ပြန် ခြင်း Chemical Reaction ကြောင့် ပေါက် ကွဲ မှု ဖြစ် ပေါ် သည် ဟု သင်ကြားခဲ့ ရ ဘူးပါသည်။

    ယ္ခု ဖြစ် ရပ် ကျွန် တော် အမြင် ပြော ရ လျှင် ၊ ရိုးရိုး တန်းတန်း မီး လောင် စဉ် ၊ မီးသတ် တပ် ဖွဲ့ ဝင် များ က အထဲ တွင် မည်သည့် ပစ္စည်း သို လှောင် ထား သည် ကို မသိ ရှိ သဖြင့် ဝင် ရောက် ရေ ပက် ဖြန်း ညိမ် သတ် ရာ၊ မှ ဆာလ်လဖြူ ရစ်အက်ဆစ် နှင့် ရေ ထိ တွေ့ ပြီး ပေါက် ကွဲ ပြီး ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ သေဆုံး ရ ခြင်း ဖြစ် နိုင် ပါသည်။ ပို ဆိုး သည်မှာ ယမ်းစိမ်းများ ပါ သို လှောင် ထား၍ ပေါက်ကွဲ မှု ပို မို ပြင်း ထန် ခြင်း ဖြစ် သွား ခြင်း ဖြစ် နိုင် ပါ သည်။

    အခြား တိုင်းပြည် များ တွင်၊ ဓါတုပစ္စည်း များ ကို လူ နေ ရပ်ကွက် အနီး သိုလှောင် သော ဂိုဒေါင် များ ထား ခွင့် မ ရှိ ဘဲ။ ဂို ဒေါင် များ အပြင် တွင် လည်း ၊ မည်သည့် ဓါတု ပစ္စည်း များ သို လှောင် ထားသည် ၊ ပေါက်ကွဲ နိုင် သော ပစ္စည်း များ ရှိ သည် ကို ၊ အပြည်ပြည် ဆိုင် ရာ အသိအမှတ် သင်္ကေတ များ ဖြင့် သိသာ ထင်ရှား အောင် ဆိုင်းဘုတ် ကြီး များ ကပ် ထား ရ ပါ သည်။ ၎င်း ကဲ့သို ဂိုဒေါင် မျိုး မီးလောင် ပါ က Co2 Foam များ ဖြင့် ငြိမ် သတ် ရ ပါ သည်။

    ကျွန် တော် တို့ တိုင်းပြည် မှာ တော့ ၊ အ ဆောက်အဦး ကြီး တွေ၊ လေယဉ်ကွင်း ကြီး များ စွတ် ဆောက် နေ ပြီး ၊ ဒီလို ကိစ္စ မျိုး အ တွက် လိုအပ် သော ပစ္စည်း အ ထောက် အပံ့ နှင့် စည်းစနစ်ကျသော ဥပဒေ တွေ ကြ တော့ ၊ မည်သူ မှ ဂရု မစိုက် ကြ ပါ။ မီးသတ် တပ် ဖွဲ့ ဝင် များ နှင့် ပြည်သူ လူထု မသေ သင့် ဘဲ သေ ရ သည် ဟု ထင် မြင် မိ ပါ သည်။
    ( Comment တခုမှ )

  • ငပေါက်ဖော်

    December 29, 2011 at 9:54 am

    ကျနော်လဲ မူးပြီး ရှူရှူးထိုင်ပေါက်နေတဲ့အချိန်
    ဗလုံး..ဗလုံးဆိုပြီး အသံကြီးနဲ ့ တုန်သွားတော့..မိုးကြိုးများပစ်သလား.
    မြောက်ကိုဒီးယားကပဲ စမ်းပြီး ထုလိုက်သလားလို ့..ဝှီး..
    တစ်ကယ်တော့..မင်္ဂလာတောင်ညွန် ့နဲ ့..ကျနော်တို ့နေရာ အဝေးကြီးဗျ
    ဖြစ်ရလေ

    • ကြောင်ကြီး

      December 29, 2011 at 11:06 am

      စိတ်ထိန်းပါ ငါ့ပေါက်ဖော်.. ဘေးလူ သွားစင်နေပါအုံးမယ်….။

  • Thel Nu Aye

    December 29, 2011 at 11:03 am

    ဒီလိုလူနေရပ်ကွက်ထဲမှာ ဒီလိုပေါက်ကွဲလွယ်တဲ့ဟာတွေထားတာအံ့ဩစရာပါ။ အန္တရာယ်အလွန် များမှန်း သိသင့်ပါတယ်။ ဆာလဖြူရစ်အက်ဆစ်နဲ့ယမ်းစိမ်း ဆိုတော့တော်တော်လွန်သွားပါပြီ။ ဆာလဖြူရစ်အက် ဆစ် မှန်းမသိပဲရေဖြန်းလိုက်တော့ပွဲပြတ်သွားပြီပေါ့။ တာဝန်ရှိသူတွေရဲ့ပေါ့ ဆမှု့ဟာ ကြေကွဲစရာဖြစ်ခဲ့ရ ပါပြီ။ ဘယ်လိုတာဝန်ယူဖြေရှင်းမလဲ။ ဂိုဒေါင်ပိုင်ရှင်ကလဲ ပိုက်ဆံရှိတာ ပဲလျှော်ကြေးပေးမယ်ဆိုတိုင်း လဲဒီအတိုင်းပြီး မသွားနိုင်ပါဘူး။ ပြီးမသွားသင့်ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လဲ တာဝန်ရှိ သူတွေကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။ နားလည်မှု့နဲ့ငွေပေး၊ လူစားထိုးပြီးလက်သိပ် ထိုးပြီးမသွားသင့်ပါဘူး။ တိတိကျကျအရေးယူသင့်ပါတယ်။

Leave a Reply