မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ThuyazawDecember 29, 20113min1228
PDF Print
Thursday, 29 December 2011 03:36
AddThis Social Bookmark Button
b39_18_1

ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

b39_18_2

b39_18_5

ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅ဝ ဝန်းကျင်မှ ပြိုကျနေသည့် နေအိမ်များ

အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ – ၂၀၁၁ နံနက် ၃ နာရီ ၄ဝ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅ဝ ကျော်ရှိ နေအိမ်များ ပေ ၂၀ဝ ဝန်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

b39_18_11

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု

”ကျွန်တော်တို့ အိပ်နေတုန်း ဝုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ဝပ်နေရတယ်။  ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်” ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  လတ်တလော စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ သိရှိရသည်။

(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈ဝ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ကျား ၁ဝ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

 

b39_18_3

b39_18_4

b39_18_6

b39_18_7

b39_18_8

b39_18_9

b39_18_10

 

b39_18_12

ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။

8 comments

  • thuyazaw21451

    December 29, 2011 at 9:11 am

    Eleven မှ ကူးယူဖော်ပြပါသည်….. သတင်းဓါတ်ပုံများနှင့်အတူ ကြည့်ရှုနိုင်ရန်အတွက်

  • blackchaw

    December 29, 2011 at 9:16 am

    ကျေးဇူးဗျာ ကိုသူဇော်။

  • မှော်ဆရာ

    December 29, 2011 at 9:27 am

    ညအချိန်မတော်ဖြစ်တဲ့ မီးလောင်မှု ပေါက်ကွဲမှုမှာ အသက်ကို ပဓါန မထားပဲ ကြိုးစားမီးညှိမ်းသတ်ရင်း
    ပြည်သူအတွက် အသက်ပေးသွားသူ အာဇာနည် မီးသတ်ရဲဘော် ခြောက်ဦးအား ဤနေရာမှနေ၍ အလေးပြုလိုက်ပါသည် …။

  • thuyazaw21451

    December 29, 2011 at 9:44 am

    မဇ္ဈိမသတင်းဌာန ။ ။ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁ဝ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။

    မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်
    ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

    ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေ
    သော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။

    ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။

    ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများအပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။

    ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀၀၊ ၅၀ဝ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။

    အဆောက်အဦးပေါက်ပြီး ပြန့်ထွက်လာတဲ့ ခဲမှန်လို့ပင် ဒဏ်ရာရသူများကို တွေ့ရပြီး “သွေးသံရဲရဲနဲ့ လူအများ
    ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

    “ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။

    ဒဏ်ရာရသူများကို သယ်ထုတ်နေသည်မှာ မပြီးပြတ်နိုင်သေးဘဲဖြစ်ပြီး အသေအပျောက် ရှိလိမ့်မည်ဟု အခင်းဖြစ်ပွားရာ ရောက်နေသော လုံခြုံရေးတဦးက ပြောသည်။

  • Rose Minn

    December 29, 2011 at 12:09 pm

    မဟာဝိဇရာ ရာမ ကျောင်းတိုက် (ပုသိမ်ညွန် ့ ကျောင်းတိုက်) ဖုန်း 09 49100411 – 209019
    မီးဘေး ကယ်ဆယ်ရေး စခန်းဖွင့်ထားသည်။ ဆက်သွယ် ၍ သွားရောက် လှူဒါန်းနိုင်သည်။ .. From Aung Myin Oo

    လှူချင် တဲ့ သူ လှူ လို့ ရ အောင် မျှ လိုက်ပါတယ်။

  • water-melon

    December 29, 2011 at 1:59 pm

    မြန်မာနိုင်ငံက မီးသတ်ကားတွေကို အဆင့်မြင်တင်ပေးရေးနှင့် လုံလောက်သော ဘတ်ဂျက်ပေးရန်လိုအပ်ပါကြောင်း
    သေဆုံးသွားသော မီးသတ်ရဲဘော်များကိုလေးစားပါကြောင်း
    အိပ်ရေးပုတ်နေသော အလကားခေါင်းဆောင်များကို ရှုံချပါကြောင်း

  • “ဘီလူးကြီး”ogre

    December 29, 2011 at 7:55 pm

    ၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
    ၂။ မောင်မောင်ကြီး (၁၀)နှစ်
    ၃။ မောင်သိန်းဇော် (၉) နှစ်
    ၄။ မစဝ်ခွန်ချို (၅) လ
    ၅။ မပုံ့ပုံ့ (၂၁) နှစ်
    ၆။ မယုဇအောင် (၂၃) နှစ်
    ၇။ ဦးသိန်းစိုး (၅၀) နှစ်
    ၈။ ကိုသန်းလှိုင် (၃၆) နှစ်
    ၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
    ၁၀။ မရီလွင် (၃၃) နှစ်
    ၁၁။ မနွယ်လေးဟန်(၇) နှစ်
    ၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
    ၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
    ၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
    ၁၅။ ဦးပြည်ဇော်ဌေး( ၅၀) နှစ် (မီးသတ်)
    ၁၆။ မောင်သော်ဇင်မျိုးထက် (၂၁) နှစ်(မီးသတ်)
    ၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
    ၁၈။ PR (လူ့အသားစများ)
    အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။
    အမှတ်စဉ် ၁၃ မှ ၁ရ အထိ ၅ ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
    နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။
    လူနာစုစုပေါင်းမှာ ကျား- (၆၈) ဦး၊ မ- (၁၆) ဦး ဖြစ်ပြီး ယင်းလူနာများကို
    ရန်ကုန်ဆေးရုံကြီး အဆောင်(၅၊ ၆၊ ၇၊ ၈) ၊ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီးတို့တွင် တင်ပို့ ကုသလျှက်ရှိသည်။
    http://www.thithtoolwin.com
    ကရတဲ့သတင်းပါဗျာ..

  • Thel Nu Aye

    December 30, 2011 at 9:27 am

    အိုးစိတ်မကောင်းလိုက်တာ။ ကလေးတွေများတယ်နော်။ သနားလိုက်တာ။ နောင်ဘဝမှာဒီလိုအဖြစ်ဆိုးနဲ ့ဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply