‘ခွေးကို အဖေခေါ်တဲ့သူ’ တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ

              ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို တရားဟောပြောခွင့် ပိတ်ပင်ခြင်းသည် ဗုဒ္ဓဘာသာ တရားတော်များအရ အလွန် အပြစ်ကြီးမားကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတော်တွင် ထည့်သွင်း ဟောပြောခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှ တရားဟောပြောခွင့် တနှစ်ပိတ်ပင်လိုက်သည်။

              ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ဒီဇင်္ဘာ ၉ ရက်နေ့က ကျင်းပသော မဟန အစည်းအဝေးမှ ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။မဟန မှ ဒယ်အိုးဆရာတော်သို့ ပေးပို့သည့် တရားဟောခွင့် ပိတ်ပင်သည့် လျှောက်ထား ပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရားဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။

About ပိုင်လေး

has written 60 post in this Website..

တရုတ် စစ်စစ် ပါ ဒါပေမဲ့ ………. မြန်မာပြည် မှာ မွေး၊ မြန်မာပြည် က ကျွေး၊ မြန်မာပြည် က ရေသောက်၊ ဒီ မြန်မာပြည် ကို ရင်နင့်အောင်ချစ်တဲ့တရုတ်ပါ။ ဒီ မြန်မာပြည်မြေ ကို ထိလာရင်တော့ လုံးဝ(လုံးဝ) လက်မခံတဲ့ တရုတ်ပါ။