ဒယ်အိုးဆရာတော် တရားဟော တနှစ်ပိတ်ခံရ

ပုိင္ေလးDecember 29, 20111min18314
uthumingala[1]

‘ခွေးကို အဖေခေါ်တဲ့သူ’ တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ

              ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို တရားဟောပြောခွင့် ပိတ်ပင်ခြင်းသည် ဗုဒ္ဓဘာသာ တရားတော်များအရ အလွန် အပြစ်ကြီးမားကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတော်တွင် ထည့်သွင်း ဟောပြောခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှ တရားဟောပြောခွင့် တနှစ်ပိတ်ပင်လိုက်သည်။

              ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ဒီဇင်္ဘာ ၉ ရက်နေ့က ကျင်းပသော မဟန အစည်းအဝေးမှ ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။မဟန မှ ဒယ်အိုးဆရာတော်သို့ ပေးပို့သည့် တရားဟောခွင့် ပိတ်ပင်သည့် လျှောက်ထား ပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရားဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။

14 comments

  • ဆူး

    December 29, 2011 at 10:14 am

    အဲဒီ တရား ဘယ်မှာ ရနိုင်လဲ နာကြည့်ချင်လို့။

  • ကြောင်ကြီး

    December 29, 2011 at 10:53 am

    အခြေအနေကတော့ တိုးတက်သောအမြင်ရှိ ဘုန်းတော်ကြီးများ၊ ဓမ္မကထိကများ အဖွဲ့တခု စုပေါင်းဖွဲ့ ခုခံဖို့ တောင်းဆိုနေပြီ။။။။။

    • kai

      December 29, 2011 at 12:52 pm

      ၂၀ဝရ အောက်တိုဘာ ၂ရ မှာ သာသနာ့မောဠိ – အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကြီး၏ ပဓာနစေရ ဆရာတော်ကြီး ဖြစ်တဲ့.. မစိုးရိမ်ဆရာတော်ကြီးဦးကောဝိဒါဘိဝံသ. နယူးယောက်မှာ.. ပျံလွန်တော်မူခဲ့တယ်..။
      ဆိုတော့…
      … ဆရာတော်ကြိးတချို့က.. အဲဒီမတိုင်ခင်ကတည်းက… သိတော်မူပါတယ်..။

  • ssa

    December 29, 2011 at 11:30 am

    အဲ့ဒိ တရားကိုနာကြည့်ချင်သေးတယ်..

  • etone

    December 29, 2011 at 1:17 pm

    ခေါင်းစဉ်ကြီးက အဖြတ်တောက် မတော်လျှင် အဓိပ္ပါယ်တမျိုးသက်ရောက်စေလို့ …ပြုပြင်ပေးဖို့ လေးလေးနက်နက်တောင်းဆိုပါတယ် … ။

    ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားကိုဟောသော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ … လို့ ပြင်သင့်ပါတယ် … ။

  • blackchaw

    December 29, 2011 at 5:30 pm

    ဟုတ်တယ်ဗျာ။
    ခေါင်းစဉ်ကိုတော့ အဓိပ်ပါယ်ကောက်မလွဲအောင်
    ရေးကြစေချင်ပါတယ်။

    • windtalker

      December 29, 2011 at 8:15 pm

      ဟုတ်တယ်ဗျာ
      ဖတ်ရတာ တစ်မျိုးကြီး ဖြစ်နေလား လို ့

  • zay

    December 29, 2011 at 9:56 pm

    အဲသလို တကယ်တရားခေါင်းစဉ်ဆိုရင် ရိုင်းမနေဘူးလား ခွေးကသူ့အဖေဝင်စားထားတာတော့မှန်ပါတယ် ဒါပေမဲ့ထဲဒဲ့ထိုးပြောထားတော့ ဘုရားသားတော်အနေနဲ့…..

  • ကြေးမလောင်

    December 30, 2011 at 4:46 pm

    သတင်းကြားတာတော့ မူဆလင် အကြောင်း ဟောလို့ အပိတ်ခံရတယ်ကြားတာ. တူတူပဲ ထင်တယ်။

  • kai

    December 30, 2011 at 4:56 pm

    @Burmese or Chinese
    ခေါင်းစည်းပြင်ပေးလိုက်ပါတယ်..။
    ကူးတင်တာဖြစ်လို့..Category > copy/paste ရွေးထားပေမဲ့.. မူရင်းသတင်းလင့်ခ်ကို ထည့်ပေးစေလိုပါတယ်..။
    ကူးတင်တဲ့အခါမှာ.. သတင်းနဲ့အတူူတူ… ကိုယ်ပိုင်မှတ်ချက်.. သုံးသတ်ချက်တခုခုထည့်ပေးစေလိုပါတယ်လို့..။

  • Big Bang

    December 31, 2011 at 2:43 pm

    တကယ်ပိတ်ရမှာက မြို့တိုင်းလိုလိုမှာ တစ်နေ့တစ်ခြားများများလာတဲ့
    ktv မာဆတ်များသာဖြစ်တယ်….
    နေပြညတော်မှာဆို ktv တွေဟီးထွက်နေတာပဲ
    အခုလို ကျောက်ပွဲတွင်းဆို တအားအလုပ်ဖြစ်တယ်…

  • ကိုရင်စည်သူ

    December 31, 2011 at 2:47 pm

    တကယ်ပိတ်ရမည့် မကောင်းမှုများကို တော့ မပိတ်…
    တရားဟောတာကိုတော့ ပိတ်တယ်တဲ့..
    ဒီဆရာတော်ကြီးတွေ အပင်ပန်းခံတရားဟောလို့
    မြန်မာတွေယဉ်းကျေးလာတယ်လို့
    ပြောရမယ်..
    တရားဟောခွင့်ကို ဗုဒ္ဓဘုရားကိုယ်တိုင်တောင်
    ပိတ်ပင်လို့မရဘူးလို့ မြင်တယ်…
    ပိတ်ပင်တဲ့လူတွေလည်း အဝီစိငရဲ့ ချိုးကပ်မှာမြင်ယောင်သေး.. 👿 👿

  • R Ga

    December 31, 2011 at 4:15 pm

    ခေတ်ပြောင်း စနစ်ပြောင်းနေပြီ မှတ်တယ်။ ခေတ်ဆိုး စနစ်ဆိုးက အကျင့်တွေကတော့ မပျောက်သေးသကွဲကိုး…။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံရမယ်ဆိုတာ ဒီခေတ်မှာ ပြောင်းပြန်ဖြစ်နေပြီ လားမသိ ၊ လူသားကောင်းကျိုးအတွက် ကောင်းတာလုပ်ရင် အပိတ်ခံရမယ်။ ထောင်ချခံရမယ်။ဖြစ်နေသပကိုး..။ ဪ…လောက ဪ လောက.။

Leave a Reply