မနက် အာရုံတက် ၂နာရီလောက်မှာ စက်ဆန်းဘက်မှာ ပေါက်ကွဲမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ် .. ဒိန်းခနဲ အသံကြီးနဲ့အတူ အိမ်တွေ သိမ့်သိမ့်တုန်သွားပြီး လူတွေ အားလုံး လန့်နိုးသွားရတဲ့အထိ ပြင်းထန်လွန်းခဲ့တာပါ။

အားလုံးသိကြတဲ့အတိုင်းပါပဲ … စက်ဆန်းဘက်ဆိုတာက စက်ရုံ သိုလှောင်ရုံတွေများတဲ့နေရာတစ်ခုပါ .. ရုံးလေးဘက်မှာလူနေအိမ်ခြေတွေကလဲ ခပ်စိတ်စိတ်ရှိပါတယ် …… ညကတော့ ဘုမသိဘမသိနဲ့ CNG ဆိုင်ပဲ ပေါက်ကွဲတာလိုလို … အတည်တကျ မရှိတဲ့ သတင်းတွေနဲ့ပေါ့ … မီးသတ်ကားတွေကလည်း တစ်စီးပြီး တစ်စီး ဥသြတွေဆွဲပြီး ဖြတ်သွားတာ ကြားရတာကလည်း ကြက်သီးထစရာပါ …

မနက်ရုံးရောက်တော့ အင်တာနက်က သတင်းတွေ ဖတ်ရတဲ့အထဲမှာ ဘယ်နှစ်ယောက် အသက်ဆုံးရှုံးပြီး ဘယ်နှစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရကြောင်း …. သေဆုံးသူတွေထဲမှာ အရပ်သားတွေအပြင် မီးသတ်ဝန်ထမ်းတွေပါ ပါသွားကြောင်း ဖတ်လိုက်ရပါတယ် ….

မီးသတ်ဝန်ထမ်းတွေဟာ တစ်ကယ့်ကို သနားစရာကောင်းလှပါတယ် ….. တစ်ကယ်တမ်း ဖြစ်လာပြီဆိုရင် အသက်နဲ့ရင်းပြီး သူတို့တာဝန်ကို ထမ်းကြရတာပါ …… အဲလို ကြိုးပမ်းတာကို ချီးကျူး ဂုဏ်ပြုပေးတဲ့သူ သိပ်မရှိပါဘူး …. မီးသတ်သမား မီးသတ်ရမှာ သူတို့တာဝန်ပဲဆိုတာ မှန်ပါတယ် ….. ဒါပေမဲ့ စဉ်းစားကြည့်ပါ .. တစ်ကယ်တမ်း မီးလောင်တဲ့နေရာတွေမှာ ပိတ်မိနေတဲ့သူတွေကို အန္တရာယ်ကြားထဲက ကြိုးစားကယ်တင်တာ မီးသတ်ဝန်ထမ်းတွေပါ …. ရန်သူမျိုး ငါးပါး တစ်ပါးအပါဖြစ်တဲ့ မီးဘေး ကြီး တစ်ကယ်တမ်း ကြုံလာရရင် အရမ်းကြောက်ဖို့ ကောင်းတယ်ဆိုတာ ကိုယ်တိုင် မကြုံဖူးလဲ သိကြမှာပါ …. တော်တော်များများက ပြောကြတယ် …. မီးသတ်ကားက လမ်းထဲတောင် မဝင်ဘူး … ရေမပါဘူး ..ဆိုတာမျိုးတွေပေါ့ …. တစ်ချို့လမ်းတွေဟာ မီးသတ်ကား ဝင်လို့မရအောင် ကျဉ်းပါတယ် … ဒါပေမဲ့ လူတွေက လမ်းကျဉ်းတာကို မမြင်ဘူး .. ကားမဝင်တာကိုပဲ မြင်တယ် ….. ပြီးတော့ မီးသတ်ကားထဲ ဆန့်တဲ့ရေ ပမာဏက တစ်ကယ်တမ်း ဖြန်းရပြီဆိုရင် မိနစ်ပိုင်းလောက်ပဲ သုံးလို့ရတာပါ … အဲဒီအကြောင်းတွေ တော်တော်များများက မသိကြပါဘူး …. မှန်ပါတယ် .. လူတွေပြောတဲ့အချို့အချက်တွေ မှန်တာလဲ ရှိမှာပါ …. ဒါပေမဲ့ တစ်ကယ်တမ်း အသက်စွန့်ပြီး ကယ်ရပြီ ထိခိုက်ပြီဆိုရင် မီးသတ်ဝန်ထမ်းတွေ ထိပ်ဆုံးက ပါပါတယ်။

မနေ့ကလို အဖြစ်အပျက်မျိုးမှာဆိုရင် အင်တာနက်သတင်းတွေအရ မီးသတ်သမား တွေ အသက် ဆုံးရှုံးသွားရတာ တွေ့ပါတယ် … သူတို့ မိသားစုအတွက် မဟုတ်ပဲ ပြည်သူတွေ ဆက်ပြီး ဒုက္ခမများစေဖို့ ပြည်သူတွေရဲ့ အိမ်တွေ ဆက်ပြီး မထိခိုက်စေဖို့ သူတို့ ကိုယ်ကျိုးကို စွန့်ပြီး တာဝန်ထမ်းဆောင်ရင်းနဲ့ အသက်ပေးသွားကြတာပါ … ဘယ်လောက်များ သနားဖို့ ကောင်းပါသလဲ …. သူတို့ဟာ စနစ် တကျ လေ့ကျင့်သင်ကြားခြင်း ခံထားရတဲ့ ရဲဘော်တွေပါ …. ဒီလိုအရှိန်ကောင်းနေတဲ့ မီး၊ အထူးသဖြင့် သိုလှောင်ရုံတွေ စက်ရုံတွေ ကို လောင်နေတဲ့မီးဟာ အချိန်မရွေး ထပြီး ပေါက်ကွဲနိုင်တယ်၊ အန္တရာယ်များတယ်ဆိုတာ သူတို့ မသိဘဲနေမှာ မဟုတ်ပါဘူး …သိရဲ့နဲ့ ဒီလောင်နေတဲ့မီး အရှိန်ကို အမြန်ဆုံး လျှော့ချပေးနိုင်အောင် သူတို့ ကြိုးစားကြတာပါ … သူတို့ အသက်ကို ပဓာနမထားပဲနဲ့ပေါ့ ….

ဒီမနက်မှာ မီးလောင်မှုဖြစ်ပွားရတဲ့ ဓါတ်ပုံတွေကို ကြည့် သတင်းတွေကို ဖတ်ပြီး ကျွန်မ ဒီစာရေးဖြစ်တာပါ … သေဆုံးသွားသူတွေအတွက်လဲ စိတ်မကောင်းဖြစ်မိသလို အသက်ပေးသွားတဲ့ မီးသတ်ရဲဘော်တွေအတွက်လဲ ဝမ်းနည်းမိပါတယ် …. ဒီစာလေးနဲ့ ကျဆုံးသွားတဲ့ မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုပါတယ်… နောက်ဆို လူတွေလဲ မီးသတ်ရဲဘော်တွေ ဘက်ကို စာနာနားလည်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ် ။ ကျေးဇူးတင်ပါတယ်။

About rabbit

Rabbit Rabbit has written 4 post in this Website..

simple & ever think positively