၂၀၁၂ နှစ်သစ် မှာ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို အားလုံး လှုပ်ကြမယ်။

ဆူးDecember 29, 20111min42259

အားလုံး လှုပ်ကြမယ် ဆိုလို့ လန့်မသွားနဲ့နော်..
လူလှုပ်ခိုင်းတာ မဟုတ်ဘူး အကောင့်မှာ သုံးနေတဲ့ avator အရုပ်ကလေး လှုပ်စိ လှုပ်စိ လေးတွေ လှုပ်ပြီး တင်ကြဖို့ အကူအညီပေးချင်လို့ပါ။
ရွာထဲမှာ ပထမဆုံး လှုပ်တာ ပေါက်ဖော်ပါ.. သူလှုပ်တာကို ကြည့်ပြီး ကိုယ်ကျတော့ ဘာလို့ မရလဲ စဉ်းစားတယ် တင်တယ် ထပ်ခါ ထပ်ခါ တင်တယ် မလှုပ်ပဲ ပုံ အနောက်ခံက မဲမဲကြီး ဖြစ်ဖြစ်သွားတယ်။ စိတ်မကောင်းဖြစ်လိုက်တာ.. သူများ လုပ်နိုင်တာ ဘာလို့ မလုပ်နိုင်ပါသလဲလို့ တွေးနေတာ..
ပေါက်ဖော် ကို မေးတယ် ဘယ်လို လုပ်ရလဲ မေးတော့ မေးတယ်.. သူပြောတာ နားမလည်ဘူး သူကလည်း စိတ်ရှည်လက်ရှည်နဲ့ ၂ခါ ၃ခါလောက်ကို ရှင်းပြရှာတယ် နားကိုမလည်တာ.. နောက်မှ စမ်းရင်းနဲ့ သဘောပေါက်သွာတယ်။ သိပ်တော့ မခက်ပါဘူး။ နည်းသိသွားရင်တော့ အဆင်ပြေပါတယ်။

ပထမအဆင့် အနေနဲ့ အွန်လိုင်းမှနေပြီးတော့ ဖြစ်ဖြစ် ကိုယ်တိုင် ဖြစ်ဖြစ် လှုပ်စိ လှုပ်စိ အရုပ်တွေ ဖြစ်နေတဲ့ *.gif ဘာညာကွိကွ.gif စသဖြင့်ပေါ့.. ကိုယ်သဘောကျတဲ့ ပုံလေးကိုရှာလိုက်ပါ။

တွေ့ပြီဆိုလျှင် ပုံလေးကို.. သိမ်းလိုက်ပါ။

ပုံအရွယ်ကတော့ ကြီးနေအုန်းမယ်။ 50 x 50 pixel သာ တင်လို့ ရမှာ ဖြစ်တဲ့ အတွက် အရွယ်ကို လျော့ချရမှာ ဖြစ်ပါတယ်။

ပုံကိုတော့ Adobe ImageReady မှာ ဖွင့်ပြီးတော့ အရွယ်ကို လျော့ရမှာ ဖြစ်ပါတယ်။

ပုံမှာပြထားတဲ့ အတိုင်း Image size ဆိုတဲ့ နေရာကိုရွေးလိုက်ပါ။

ပြထားတဲ့ အတိုင်း ၅ဝ ကို ရွေးရမှာ ဖြစ်ပါတယ်။ တခါတလေ ၅ဝ ရွေးရင်တောင် အရုပ်က မလှုပ်တတ်ပါဘူး ဆိုဒ်အရွယ်အစား ၄၅လောက် ထားလိုက်တာ ပိုကောင်းပါတယ်။

ပုံမှာ ပြထားတဲ့ အတိုင်း သိမ်းရမှာ ဖြစ်ပါတယ်။

သိမ်းတဲ့ အခါမှာလည်း gif ဖြစ်ဖို့က အရေးကြီးပါတယ်။

ပုံလဲမယ် ဆိုရင်တော့

Browse ဆိုတဲ့ အကွက်ကလေးကို နိပ်လိုက်ပြီး စောစောက သိမ်းထားတဲ့ ဖိုင်ကလေး ကို ရွေးလိုက်ပါ။

ပြီးတဲ့ အခါမှာတော့ လှုပ်ရှား အသက်ဝင်နေတဲ့ ပုံလေး ရပါလိမ့်မယ်။

အင်တာနက်ပေါ်မှာတော့ အဲလို ပုံ အရွယ်ချုံ့တဲ့ ဆိုဒ်တွေ ရှိပါတယ်။ စမ်းကြည့်တာတော့ လိပ်နှုန်းနဲ့ သုံးလို့လား မသိဘူး အဆင်မပြေလှပါဘူး။ အဆင်ပြေပြေ ဆိုဒ်လျော့လို့ ရမဲ့ နည်းတွေကိုတော့ မေးထားတဲ့ လူများနေလို့ ပုံနဲ့ တကွ တင်ပြလိုက်ပါတယ် မရှင်းတာများရှိရင်တော့ မေးနိုင်ပါတယ်။

အခု တင်ပေးတဲ့ အရုပ်လှုပ်နည်းကို မသိသေးသူတွေ အတွက် ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။ နှစ်သစ်မှာ အားလုံး အသက်ဝင်စွာ လှုပ်နိုင်ကြပါစေ။

59 comments

  • nozomi

    December 29, 2011 at 4:22 pm

    ကျေးဇူးပါ
    လှုပ်ဘို့ ကျိုးစားလိုက်ပါဦးမယ်
    လှုပ်ချင်တဲ့ နေရာလေး ရွေးလှုပ်လို့ရရင်ကောင်းမယ်

  • ငပေါက်ဖော်

    December 29, 2011 at 4:23 pm

    ဝိုးလေး..လှုပ်ပါဝေ့..ဝိုးလေးလှုပ်ပါဝေ့..
    အိုးလေး လှုပ်ပါဝေ့…ဝိုးလေးလှုပ်ပါဝေ့..
    ရို ့..ရို ့

  • inz@ghi

    December 29, 2011 at 4:25 pm

    ကျေးကျေး
    ဖွားဖွား …

  • ငပေါက်ဖော်

    December 29, 2011 at 4:25 pm

    တစ်ကယ်တော့
    53px ပတ်လည်ရပါ၏

    • ဆူး

      December 29, 2011 at 4:28 pm

      တခါတရံ ၅ဝ ဆိုရင်တောင် မလှုပ်ဘူး အဲဒါ ကိုယ်တွေ့.. နော်.. 🙁

    • manawphyulay

      December 31, 2011 at 1:45 pm

      55 px ဆိုရင်ကော မရဘူးလား… လှုပ်တော့မလှုပ်ရှင်ပါဘူး။ ငြိမ်နေတာပဲကောင်းမလဲမသိ။ သူများ မျက်စိရှုပ်နေမှာစိုးလို့…

  • char too lan

    December 29, 2011 at 4:34 pm

    လှုပ်စရာ ဘာဘာညာညာမရှိဒေါ့ (အရုပ်လှလှတွေပြောပါဒယ်)
    လှုပ်ချင်စိတ်လဲမရှိဒေါ့ပါဘူး ဆြာဆူးရယ် …

  • MaMa

    December 29, 2011 at 4:35 pm

    အင်း ခေတ်မီအောင် လှုပ်ကြည့်ဦးမှ…

  • နွယ်ပင်

    December 29, 2011 at 4:37 pm

    ပုံတော့ မလှုပ်ဘူး နာမယ်ကပဲ လှုပ်နေတာ ဒါတောင် မလုပ်တက်လို့
    တစ်ယောက်သောသူကို အကူအညီတောင်းရတယ် ……..

    • ဆူး

      December 29, 2011 at 5:27 pm

      တယောက်သောသူကတော့ မပါမပြီး မပြီးရင် မပါဘူးပေါ့..
      ကြွားနိုင်သူတွေ ကြွားကြပါစေ။

  • hmee

    December 29, 2011 at 4:44 pm

    ကြွားပြီဗျို့ တယောက်သောသူ အကူအညီတဲ့။ 🙂 မလှုပ်တော့ပါဘူး ဆူးရယ်။ အရင်က ကိုပေါက်ဖေါ်ရဲ့ avator ပုံလေး လှုပ်တာကို ကြည့်လိုက်တိုင်း ကိုယ်ပါ မူးသွားသလိုပဲ။ အခု ဆူးရဲ့ ပုံလေးမြင်ရင် လန့်လန့်သွားတယ် ငါ့များ ပြစ်လိုက်မလားဟဲ့လို့။ 🙂

    • နွယ်ပင်

      December 29, 2011 at 4:55 pm

      တစ်မျိုးမထင်ပါနဲ့ မမှီရယ် ကြုံတုန်းလေးပါ ဟိ 😀

  • စုံ စုံ

    December 29, 2011 at 4:54 pm

    လှုပ်ချင်နေတာကြာပြီ
    လှုပ်နည်းလဲသိပြီဆိုတော့ စမ်းလှုပ်ကြည့်ဦးမယ်
    ရမရ တော့သိဘူး 🙂

  • Khin Latt

    December 29, 2011 at 6:11 pm

    ဆူး …. Thanks a lot for your excellent explanation. 🙂
    I got it. Thanks again.
    ခင်မင်စွာဖြင့်

  • yaungchikha

    December 29, 2011 at 6:29 pm

    အရုပ်လေးလှုပ်အောင် လုပ်ကြည့်လိုက်ဦးမယ်၊ ကျေးဇူးပါနော် ဆူး ………. 🙂

  • Wow

    December 29, 2011 at 6:35 pm

    ကျေးဇူးပါဆူး…လှုပ်ကြည့်လိုက်ဦးမယ်
    :LOL:

    • ကြေးမလောင်

      December 30, 2011 at 4:38 pm

      အန်တီက လှုပ်တောင် လှုပ်နေပြီနော်.. အကြီးကြီးပဲ..

  • windtalker

    December 29, 2011 at 7:05 pm

    ရေအိုးပုံ ရှာတင်မယ်
    ပြီးရင် အဖွားဂျီးဆူး ပြောသလို လုပ်မယ်
    အိုးလေး လှုပ်မယ်ဟေ့
    အိုးလေး လှုပ်မယ်ဟေ့…
    🙂

  • mihninlay

    December 29, 2011 at 7:24 pm

    ဆူးရေ..နောက်ဆိုရွာထဲဝင်ရင်ကျည်ကာအင်္ကျီဝတ်ပြီးဝင်ခဲ့တော့မယ်နော် ;P

  • amatmin

    December 29, 2011 at 10:55 pm

    ဒေါ်ဆူးရေ..
    ရမလားလို့ တညလုံးလှုပ်ကြည့်တာ ကြိုက်လို့ရှာထားတဲ့ ပုံလေးတောင်
    ပျောက်သွားပါပေါ့.. 🙁
    ရုံးရောက်မှ ထပ်လှုပ်ကြည့်ဦးမယ် အဆင်ပြေရင်နှစ်သစ်ကူးအတွက်..
    ငါးအရှင် တကောင်ဖမ်းပြီး ပို့ပေးမယ်.. 🙂

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 29, 2011 at 11:55 pm

    ဘာ !!!!!!!!!!!!!!!!!!
    အားလုံးလှုပ်ပါလဲ
    တော်တော်လှုပ်ခြင်ရင် ဓာတ်တိုင်ပေါ်တက်ခုန်
    သွား !!!!!!!!!!!!!!!!!!!!!!!!!!!!!
    လှုပ်ဘူး

    • ချစ်စ/ဆ ရာ

      December 30, 2011 at 12:10 am

      ဪ…………..
      အစ်ကိုကြီး အောင်ပုရယ်
      ဟိုက လှုပ်ပါဆိုတော့လည်း နည်းနည်းပါးပါး လှုပ်ပြလိုက်ပါဗျာ
      လှုပ်တယ်
      လှုပ်တယ်
      လှုပ်တယ် လှုပ်တယ်ဟေ့

  • comegyi

    December 30, 2011 at 12:52 am

    မဆူးရေ့ ………
    လှုပ်ဖို့အတွက်
    လှုပ်စရာ
    ရှာလိုက်ဦးမနော့…….

  • etone

    December 30, 2011 at 8:10 am

    လှုပ်လို့ရပြီ … လှုပ်လို့ရပြီ … လှုပ်လို့ရပြီ .. လှူလို့ရပြီ …
    လိမ်ဖယ် .. လိမ်ဖယ် … လိမ်ဖယ် …. အဲ …… လူတောင် လိမ်ရွဲ့ တွားဘီ ဟီး .. 😀

    အစ်မရေ … လုပ်နည်းလေးပြောပြတာရော .. လုပ်ပြီးသားလေး ပို့ပေးတာရောအတွက် ကျေးဇူးပါ …။
    အသစ်တွေလည်း များများ ထပ်ရေးနိုင်ပါစေနော် ။

  • ကြောင်ကြီး

    December 30, 2011 at 10:11 am

    Adobe ImageReady က ဘယ်မှာရှာရမှာလဲ။

    • ကြေးမလောင်

      December 30, 2011 at 4:44 pm

      ကြေးမလောင် ကူညီပေးမှာပေါ့.. ကိုကြောင်ကြီး ကြိုက်တဲ့ ပုံကိုပြော ဆိုဒ်ချုံ့ပြီးတော့ ပြန်ပို့ပေးမယ်နော်..

  • chityimhtoo

    December 30, 2011 at 10:48 am

    အဲ့ဒါလိုချင်ဝူး….ခေါင်းလောင်းနှစ်လုံးကိုလှုပ်တဲ့ animation ဘဲလိုချင်လို့။ခေါင်းလောင်းကိုလှုပ်ပြပါဗျို့..:P

  • nayminn

    December 30, 2011 at 10:49 am

    ဆူးဆူးရဲ့ကျေးဇူးကြောင့်….လူတိုင်းလှုပ်နိုင်ပြီ…လူတိုင်းလှုပ်နိုင်ပြီ…။

  • Burmese or Chinese

    December 30, 2011 at 1:44 pm

    အလ ို……………..

    • ကြေးမလောင်

      December 30, 2011 at 5:00 pm

      အလို…. မလှုပ်နိုင်ဘူး ဖြစ်နေတယ်.. အဲဒါ ဆိုဒ်ကြီးနေလို့ ဖြစ်မယ် ထပ်လျော့လိုက်အုန်း။

  • ကိုရင်စည်သူ

    December 30, 2011 at 2:24 pm

    လှုပ်လို့.. ရပီ.. လှုပ်လို့ရပီ…
    ငပေါက်ဖော်နဲ့ အားလုံးပေါင်းပြီး…:lol: 😆

  • ကြေးမလောင်

    December 30, 2011 at 4:41 pm

    အန်တီ ဆူးရေ ကြေးမလောင်က လှုပ်တတ်တာကြာပေါ့..

  • မှော်ဆရာ

    December 31, 2011 at 4:35 pm

    လှုပ်လို့ ရပြီ ….. လှုပ်လို့ ရပြီ …

    • ဆူး

      December 31, 2011 at 5:00 pm

      လှုပ်လည်း မလှုပ်ပဲနဲ့ လာကြွားနေတယ်။ ဆိုဒ် ထပ်လျော့လိုက်အုန်း ကြီးနေသေးတယ်။

  • naywoonni

    December 31, 2011 at 5:23 pm

    မလှုပ်ပါရစေနဲ့ ဆူးငယ်ရယ်
    ပြုတ်ကျကုန်မှာစိုးလို့ပါ……….။

    • ဆူး

      December 31, 2011 at 5:29 pm

      အဘနီ ဘာလို့ ပြုတ်ကျမှာ စိုးတာလဲ.. နတ်တွေ ချောင်နေလို့လား..

  • water-melon

    December 31, 2011 at 5:50 pm

    လှုပ်ပြီဗို့ ဒီလိုမှန်းသိရင် အစ်မဆူးရဲ့ ဒီပို့ကိုဖတ်ပါတယ်။
    မဖတ်မိလို့ သူကြီးကို အကူအညီတောင်းရတယ်။
    အခုတော့ လှုပ်နေပြီ
    တော်လိုက်တဲ့ ငါ့ကွ

    • ဆူး

      December 31, 2011 at 5:59 pm

      ကိုဖရဲသီး လှုပ်နိုင်တဲ့ အတွက် ဝမ်းသာပါတယ်။
      ဒါနဲ့ စကားမစပ် ဖရဲသီးလှုပ်တဲ့ ပုံမသုံးဘူးလား.. နာမည်နဲ့ လို်က်အောင်.. ဖရဲသီးပုံတွေ အများကြီး ရှိတယ်။
      http://yoursmiles.org/t-watermelon.php

  • water-melon

    December 31, 2011 at 6:08 pm

    ကျေးဇူး အစ်မဆူး ကြည့်ပြီး လှုပ်လိုက်အုန်းမယ်
    နှစ်သစ်မှာ ကျန်းမာချမ်းသာပါစေ အစ်မ

  • zaw min

    December 31, 2011 at 6:14 pm

    ဆူးရေ…တစ်ရွာလုံး လှုပ်ကုန်ကြပီ…(၂၀၁၂)မှာ ခေတ်မှီသူတိုင်း လှုပ်ကြပါသည်ပေါ့…အင်း…လှုပ်တော့လှုပ်ချင်သား ဒါပေမယ့် မလှုပ်ရဲဘူးဖြစ်နေတယ်..

    • ဆူး

      December 31, 2011 at 6:20 pm

      လှုပ်စိ လှုပ်စိ လေးတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
      ရွာထဲက ပေးထားတဲ့ ရုပ်ဆိုးဆိုးပုံတွေ အစား ကိုယ့်စိတ်ကြိုက် ကိုယ်ရွေးခွင့်ရတာ ပိုကောင်းတယ်လို့ ယူဆလို့ပါ။
      စိတ်ဝင်စားရင် လှုပ်ကြည့်ပါအုန်း။

  • weiwei

    January 1, 2012 at 10:19 am

    2011 ကထဲက လှုပ်ထားပြီးသား ..
    ၂၀၁၂ မှာ ပိုလှုပ်နိုင်အောင် ပြောင်းလိုက်အုန်းမယ် ….

  • E.T

    January 1, 2012 at 9:00 pm

    တားကတော့လှုပ်ဖူး။ ငြိမ်ငြိမ်လေးပဲနေမယ် 😛

  • KING

    January 1, 2012 at 9:09 pm

    လှုပ်လေ မြုပ်လေ ဖြစ်မှာစိုးလို့
    လှုပ်နေတာကိုပဲ ငေးကြည့်နေတော့မယ် … 😛
    (စာကြွင်း။ မလှုပ်ရဘူးတဲ့ … ဒါကြောင့် ငြိမ်ငြိမ်နေသည်) .. 😀

  • ကျနော်တို ့လဲလှုပ်လို ့ရပီပေါ့။အစက နည်းမသိလို ့။သိပ်စိတ်ဝင်စားတာပါ။ကျေးဇူးတင်ပါတယ်ဗျာ။

  • bigbird

    January 2, 2012 at 12:53 am

    သူများတွေလှုပ်တော့ ငှက်ကြီးလဲလှုပ်ချင်လာပြီး အန်တီဆူးရေ…

    • ဆူး

      January 2, 2012 at 9:10 am

      ပျောက်ချက်သားကောင်းနေတဲ့ မစ္စတာငှက် ကလေး မျက်နှာ မြင်ပြီးလောက်ရောပေါ့။
      မတွေ့တာ တော်တော် ကြာနေပြီနော်။
      လှုပ်နိုင်တဲ့ အတွက် ဝမ်းသာပါတယ်။

  • padonmar

    January 2, 2012 at 2:48 am

    ဆူးရေ အန်တီကို ကြာပန်းလေးတွေ ငုံရာက ပွင့်လာတာရှာပေးပါလား၊

    • ဆူး

      January 2, 2012 at 9:14 am

      ဆူး ရှာကြည့်လိုက်ပါအုန်းမယ်။ တွေ့ခဲ့ရင်တော့ အီးမေးကို ပို့ပေးမယ်နော်။ ရှာဖို့ ဖွေဖို့ အချိန်နည်းနည်းတော့ ပေးပါ။

  • ဆူး

    January 2, 2012 at 9:21 am

    @weiwei
    ပြောင်းလဲလိုက်တာကတော့ ရှယ်ပဲ ဘာလာလာ အကုန် ပုပ်ထုတ်မဲ့ သဘောပေါ့။
    နောက်တာနော်…

    @E.T
    ငြိမ်ငြိမ်လေးပဲ နေပါလို့ မှာထားတဲ့သူများ ရှိနေလား မသိဘူးနော်.. သိပ်တော့ မသင်္ကာဘူး။ 😀

    @KING
    မောင်ကင်းတော့ အရမ်းကြောက်ရတဲ့ သူ ရှိတယ်ထင်တယ်။ 😀

    @မောင်သန်းထွဋ် ဦး
    ပျော်ပျော်ရွင်ရွင်နဲ့ စိတ်တိုင်းကျသာ လှုပ်ပါ။ နှစ်သစ်ကူး အတွက် ဆူး က သူများနဲ့ မတူတဲ့ လက်ဆောင်လေး ပေးချင်လို့ ဒီပိုစ်လေး တင်လိုက်တာပါ။ ဆုတွေ တောင်းပေးနေကြတာ တယောက်နဲ့ တယောက် ထပ်နေကြပြီ ဆုတောင်းတဲ့ ပိုစ်တိုင်းမှာလည်း လိုက်ပြီး ဆုတောင်း ပေးရတာ မနည်းတော့ဘူး ဆိုတော့.. သူများ မပေးတဲ့ လက်ဆောင်ပေးချင်လို့ ဖန်တီးထားတာပါ။ ကြိုဆိုပါတယ်။

Leave a Reply