let it snow

နီကီတာDecember 29, 20111min1239

မင်္ဂလာပါ
ရွာသူ၊ ရွာသား အပေါင်းတို့
ချမ်းအေးတဲ့ ဒီဇင်ဘာလမှာ
google ကနေပြီးတော့ ပေးထားတဲ့ လက်ဆောင်လေး တစ်ခုပါ..။

အရင်ဆုံးးး google က update လုပ်ပြီး လက်ရှိ လောလောဆယ် ထပ်ပေါင်းထည့်ပေးထားတဲ့ let it snow ဆိုတဲ့ keyword လေးနဲ ့စပါမယ် … ။ ချမ်းအေးလှတဲ့ ဒီဇင်ဘာရဲ ့…. ဆီးနှင်းကျခြင်းရဲ ့အရသာကိုခံစားသိရှိလိုသူတွေ အတွက် … google က ပြုလုပ်ပေးထားတာ ဖြစ်ပါတယ် … ။

google ကို ဖွင့်လိုက်ပါ .. ။ပြီးရင် .. search box မှာ let it snow လို ့ရိုုက်လိုက်တာနဲ ့……..သင့်ရဲ ့မော်နီတာ Screen တစ်ခုလုံးကို ဖုံးလွှမ်းသွားမဲ့ .. ဆီးနှင်းတွေကို သင် မြင်တွေ ့ရမှာပါ …. ။ ဖုံးလွှမ်းသွားလို ့ဘာမှ မမြင်ရတော့ဘူးဆိုရင်တော့ .. mouse လေးကို Click ပြီး ဆီးနှင်းတွေကို ဖယ်ရှားပစ်နိုင်ပါတယ် .. ။ ပုံမှန်အတိုင်း ပြန်ဖြစ်ချင်ရင်တော့ .. Defrost ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်ရင် ရပါပြီ .. ။ ဒါပေမဲ့ .. ဆက်တိုက် ကျဆင်းနေတဲ့ .. နှင်းခဲလေးတွေကိုတော့ … ဆက်လက် မြင်တွေ ့ရဦးမှာ ဖြစ်ပါတယ် … ။

ကဲ ဆောင်းနှင်းလေးတွေကို ခံစားကြည့်လိုက်ကြပါဦး….။

9 comments

  • ငပေါက်ဖော်

    December 29, 2011 at 3:28 pm

    snow တွေကို ကောက်ပြီး အိမ်သယ်သွားလို ့ရပါသလားခင်ည

    • နီကီတာ

      December 29, 2011 at 3:35 pm

      ဆိုင်ကနေ မော်နီတာကြီး ဖြုတ်ပီး သယ်သွားလေ ဟယ်…
      ဒါမှ မရရင် တစ်ဆိုင်လုံး ဂေါ်ကြီးနဲ့ မ သွား…. ဟိ :mrgreen:
      (အမှုဖြစ်ရင် နာပါဝူးနော်…)

  • ကိုရင်စည်သူ

    December 29, 2011 at 3:33 pm

    let it snow ကို Google မှာရိုက်နိုင်သလို…
    lot it snap ကို Yahoo မှာ ရိုက်လိုက်လျှင်
    သင့်ရဲ့ ကွန်ပျူတာတစ်ခုလုံး ဘာဖြစ်သွားမည်ထင်သနည်း.. ????
    (မသိလျှင်ရိုက်ကြည့်ကြပါခင်ညာ…)

    • manawphyulay

      December 29, 2011 at 3:42 pm

      မရိုက်တော့ဘူး ဘယ်လိုဖြစ်လာမလဲဟင်… let it Snake ဆိုရင်ကော… 😛

    • windtalker

      December 29, 2011 at 6:49 pm

      ချစ်ကိုကို က စိတ်ဆိုးအောင် လုပ်လို ့ပုလဲတွေခပြီး ရွာထဲတောင် မဝင်တော့ဘူး ဆိုဘဲ ဘရာသာ ရေ

  • Khin Latt

    December 29, 2011 at 8:36 pm

    စနိုး ဆို ကြောက်ကြောက်။ 🙂

  • Thel Nu Aye

    December 29, 2011 at 11:04 pm

    snow ကျလိုက်တာမှမှုန်ဝါးပြီးဘာမှမမြင်ရအောင်ကျတာ။ ဒါပေမဲ့ချမ်းလဲမချမ်းဘူး။ အဲဒါဘယ်လိုလုပ်မလဲ။

  • comegyi

    December 30, 2011 at 12:54 am

    နှင်းတောထဲမှာ
    တစ်ယောက်တည်း
    ဖြစ်နေရပါပကော နီကီတာရေ့
    အဲဒါ ဘီလိုလုပ်ရမတုန်း……

Leave a Reply